Monday 30 August 2010

...ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ အဖွဲ့  ပေါင်းစုံ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ...

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအဖွဲ့ပေါင်းစုံ၏ဒုတိယအကြိမ်မြောက်
ညှိနှိုင်းအစည်းဝေးပွဲကိုယနေ့(၂၀၁၀ခု၊သြဂုတ်လ၊၂၉ရက်)၌Tokyoမြို့ရှိ
Takadanobaba,RecycleCenterတွင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင်အောက်ပါအချက်များကိုဆွေးနွေးဆုံးဖြတ်အတည်ပြု
ခဲ့ကြပါသည်။
“၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး” ဟူသော တိကျသည့်ရည်ရွယ်ချက်ကို အဆိုပါ ရွေးကောက်ပွဲ ပြီးသည့်အချိန်ထိ အချိန်အကန့်အသတ်ဖြင့် အကောင်အထည်ဖော် လှုပ်ရှားရန်အတွက် “၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)”၊ အင်္ဂလိပ်ဘာသာဖြင့် 2010 Election Boycott Committee (Japan) ကို အောက်ပါအဖွဲ့အစည်းများဖြင့် စတင် ဖွဲ့စည်းလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ NLD-LA (JB)
မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ်၊ LDB
Burma Democratic Action Group BDA
Democratic Federation of Burma DFB
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ နိုင်ငံခြားရေးရာ ကော်မတီ ABFSU
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဂျပန်ဌာနခွဲ DPNS
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း BRSA
Save Burma
Peaceful Burma
ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း AUN
မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်) FWUBC
SCI
အလင်းအိမ်(မဂ္ဂဇင်း)
နောက်ထပ်ပူးပေါင်းပါဝင်လာမည့် အဖွဲ့များကိုလည်း လက်ခံမည် ဖြစ်ကြောင်းသိရပါသည်။

လမ်းပြကြယ်မှတဆင့်မျှဝေပါသည်..။

...မျိုးဆက်လှိုင်းတို့ ရဲ့ သီချင်းတပုဒ်...


အာဇာနည်မှတဆင့်မျှဝေပါတယ်..။

Thursday 26 August 2010

...ချီဂွေဗားရား နှင့် FOCO သီအိုရီ...


Che Guevara and the Guerrilla FOCO

ကိုရဲရင့်မှပေးပို့ ပါသည်..။

...(24) Aug Yeyintnge Diary...

24 August 2010 Yeyintnge's Diary
ကိုရဲရင့်မှပေးပို့ ပါသည်..။

Monday 23 August 2010

.မြန်မာအရေးနှင့်ပတ်သက်၍ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော ကြား.

ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(နိုင်ငံခြားသတင်းမှ)
ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(ပြည်တွင်းသတင်းမှ)

ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိသော နအဖကကျင်းပမည့် နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ OKADA KATSUYAက၂၀၁၀ခုနှစ်၊သြဂုတ်လ၊(၂၀)ရက်-သောကြာနေ့တွင် ပြောကြားလိုက်ပါသည်။
ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် နအဖကပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပါတ်သက်၍......
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသော ရွေးကောက်ပွဲအား ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း စစ်မှန်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုလိမ့်မယ်မဟုတ်ကြောင်းကို မြန်မာအရေးနှင့်ပါတ်သက်၍ ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးသို့ တိုက်ရိုက်စာပို့အကြောင်းကြားခဲ့ကြောင်းကိုလည်းဝန်ကြီးက ပြောကြားခဲ့ပါသည်.

ဤအချက်ကိုထောက်ရှူ့ခြင်းဖြင့် ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော မြန်မာလူမျိုးတို့၏
ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၊နေ့စဉ်နေ့တိုင်း လိုလိုတောင်းဆိုဆန္ဒပြမှုများကို ဂျပန်အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်းထင်ရှားပါသည်။သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် ယခုကဲ့သို့ ဆက်လက်၍ စည်းလုံးညီညွတ်စွာဖြင့် ပြည်တွင်းပြည်ပ ချိတ်ဆက်၍ နအဖ၏ နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲအား နည်းမျိုးစုံဖြင့်ဆန့်ကျင်တိုက်ဖျက်ကြပါစို့....လို့ တိုက်တွန်းရေးသားလိုက်ရပါသည်။
လေးစားစွာဖြင့်

အေးနန္ဒာအောင်
http://www.lanpyakye.org
http://www.lanpyakye.com

Thursday 19 August 2010

...17 August 2010 Diary ...

17 August 2010 yeyintnge's Diary
ကိုရဲရင့်မှမျှဝေပေးပါသည်..။

Wednesday 11 August 2010

...Lay Phyu - The Godness Of Legends ...

...iNTERNATi0NAL ARTiSTs with LAY PHYU ...

Tuesday 10 August 2010

...ဂျပန်(နာဂိုယာ)၏(၂၂)နှစ်မြောက်(၈၈၈၈)နှစ်ပါတ်လည်ချီတက်ပွဲ...


(၂၂)နှစ်မြောက်(၈၈၈၈)နှစ်ပါတ်လည်အထိမ်းအမှတ်အဖြစ်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ တွင်(၈.၈.၂၀၁၀)နေ့ ၌
(အာဏာရှင်နှင့်ညူကလီးယားလက်နက်ထုတ်လုပ်မှုကိုဆန့်ကျင်ကြ ) ခေါင်းစဉ်ဖြင့်ချီတက်ဆန္နပြပွဲအား
မြန်မာ့ဒီမိုကရေစီအဖွဲ့ ချူပ်၏ (နာဂိုယာ) နှင့်(တိုကျို)တို့ မှအဖွဲ့ ဝင်များ ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအရေး
လှုပ်ရှားသူများ နှင့် ဂျပန်လူမျိုးများကပါတက်ကြွစွာဖြင့်ပါဝင်၍အင်အား(၇၀)ကျော်ခန့် ဖြင့်အောင်မြင်စွာ
ကျင်းပခဲ့ကြပါသည်...။