Monday 27 September 2010

...ကိုယ်သေရင်မငိုနဲ့ ...(ကိုမိုးဟိန်း-သားဂျာနယ်ဂျော်ရဲ့ ကဗျာလေးပါ)



ကိုယ်သေရင် မငိုနဲ့
(၁)

ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။

(၂) ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။


ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)
(ပေးပို့ သူ - ကိုကိုလူအေး အားကျေးဇူး အထူး တင်ရှိပါတယ်..)

...(၃)နှစ်မြောက်ရွှေဝါရောင်တော်လှန်ရေးအခမ်းအနား...


မြန်မာ့ဒီမိုကရေစီအဖွဲ့ ချူပ်(နာဂိုယာ)ဂျပန်မှ(၃)နှစ်မြောက်ရွှေဝါရောင်တော်လှန်ရေးအခမ်းအနားအား ယနေ့ 
(၂၆.၀၉.၂၀၁၀) နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌အောင်မြင်စွာကျင်းပခဲ့ကြပါသည်..။

Sunday 19 September 2010

...JAPAN (NAGOYA) ၏ လှုပ်ရှားမှု့ ...


JAPAN
နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်(နာဂိုယာ)မှဦးစီး၍
အာဏာသိမ်းနှစ်ပါတ်လည်နှင့် ၂၀၁၀ ရွေးကောက်
ပွဲအားဆန့် ကျင်သည့် SignCampaign အား (၁၉.၉.၂၀၁၀) နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေကြသော မြန်မာလူမျိုးများနှင့်ဂျပန်လူမျိုးများကပါပူးပေါင်းပါဝင်၍အောင်မြင်စွာ
ကျင်းပခဲ့ကြပါသည်...။

Monday 13 September 2010

Sunday 12 September 2010

...သီးလေးသီးအငြိမ့် ၏ ရွှေဝါရောင်တော်လှန်ရေးနှစ်ပါတ်လည်...



(အာဇာနည်မှတဆင့်မျှဝေပါသည်)

...VIRUS သတိပေးချက်...

URGENT……..WARNING !!!!!!!! WARNING !!!!!!!! WARNING!!!!!!!!!!!!

ဒီသတင်းဟာယနေ့မနက်တွင် Microsoft နှင့် Norton တို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။
ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ ။ သင်တို့ဆီသို့

(Power PointPresentation, Life is beautiful) ဆိုပြီး မေးလ်တစ်ခုဝင်လာပါခဲ့လျှင်မဖွင့်ပါနှင့်

ချက်ချင်း delete လုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင်သင်၏computer screen တွင်

It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏ PC မှအရာအားလုံးပျောက်ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail နှင့် password
အားလုံးရောက်ရှိသွားပါလိမ့်မယ်။

သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချူက်ချင်းလက်ဆင့်ကမ်းပေးကြပါ……….

(သတင်းပေးပို့ ပေးသော ကိုလှစိုး အားကျေးဇူးအထူးတင်ရှိပါတယ်)



Saturday 11 September 2010

Saturday 4 September 2010

...Pegu flood 28 August 2010 ...