Tuesday 27 December 2011

...ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနဲ့တွေ့...

       ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘာ        နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှုအပြီး သတင်းထောက်များကို ပြန်လည် ရှင်းလင်းနေစဉ်။ (ဒီဇင်ဘာလ ၂၆၊ ၂၀၁၁)
မြန်မာပြည်သူတွေ တိုက်ရိုက်အကျိုးရှိစေမယ့် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်သွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရို ဂမ်ဘာ (Koichiro Gemba) က ပြောလိုက်ပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ခုလို ပြောခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုရင်..............

Monday 26 December 2011

...Voice Of Burma...

VOB846KK
...ပေးပို့ သူ ဦးကိုကို အားကျေးဇူးအထူးတင်ရှိပါတယ်...



...မြန်မာနဲ့ စီးပွားရေးတိုးမြှင့်ဖို့ ဂျပန်အကြံပြုမည်...

မြန်မာတာဝန်ရှိသူတွေနဲ့ စကားပြောတဲ့အခါ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်တရပ် ရရှိရေးအတွက် ဆွေးနွေးဖို့ အကြံပြုမယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဂျပန် နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ နှစ်နိုင်ငံကြား အပြန်အလှန် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ပြီး ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေကို နိုင်ငံတကာ မူတွေအရ ဖြေရှင်းနိုင်ဖို့ ဒီသဘောတူညီချက်က ရည်ရွယ်ပါတယ်။

...ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်...


ဆယ်နှစ်နီးပါးကြာ ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်တဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ခရီးစဉ်ကို ဒီကနေ့မှာ စတင်လိုက်ပါပြီ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားဖို့ရှိသလို မြန်မာနိုင်ငံကို အကူအညီ ပေးရေးကိစ္စတွေနဲ့ နှစ်နိုင်ငံကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။

Wednesday 21 December 2011

...ထိုင်းဝန်ကြီးချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ...


မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ ညနေပိုင်းက ရန်ကုန်မြို့ ထိုင်းသံအမတ်ကြီး နေအိမ်မှာ တွေ့ဆုံပါတယ်။

Tuesday 20 December 2011

...Ban That Scene... တဲ့ဗျား...

...ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံ သွားမည်...

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘ (၀ဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) အမေရိကန်နိုင်ငံခြားရေးဌာနတွင် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၁၉၊ ၂၀၁၁)
ဓာတ်ပုံ AP
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘ (၀ဲ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (ယာ) အမေရိကန်နိုင်ငံခြားရေးဌာနတွင် သတင်းထောက်များနှင့် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၁၉၊ ၂၀၁၁)
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီရိုဂမ်ဘ (Koichiro Gemba) ဟာ ရှေ့သီတင်းပတ်ထဲမှာ မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ကြောင်း တနင်္လာနေ့က ၀ါရှင်တန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

...တက်ဆင် မြန်မာစစ်အစိုးရ ခေါင်းဆောင်ဟောင်းနဲ့တွေ့...


ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ လက်ရှိသမ္မတ ဦးသိန်းစိန်နဲ့ အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံက ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုလိုက်ပါတယ်။

...မြောက်ကိုရီးယား အနာဂတ်အရေး ကမ္ဘာ့ခေါင်းဆောင်တွေ ဆွေးနွေး...


မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီလ် ကွယ်လွန်အနိစ္စ ရောက်သွားပြီးတဲ့နောက် တသီးတခြား နေထိုင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံက ပြည်သူတွေရဲ့ အရေးနဲ့ပတ်သက်ပြီး ပစိဖိတ်ဒေတွင်း အင်အားကြီး နိုင်ငံတွေက ခေါင်းဆောင်တွေအတွင်း တိတ်တဆိတ် ပြောဆို တိုင်ပင်မှုတွေရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။

...နိုင်ငံတကာလေဆိပ်သစ် နေပြည်တော်မှာ စတင်ဖွင့်လှစ်...


မြန်မာမြို့တော်သစ် နေပြည်တော်မှာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီကနေ့ တနင်္လာနေ့မှာ ဖွင့်လှစ် လိုက်ပါတယ်။ တရုတ်ဆီက ချေးငွေနဲ့ Asia World ကုမ္ပဏီက ဆောက်လုပ်ခဲ့တဲ့ လေဆိပ်ဟာ နိုင်ငံတကာ အဆင့်မီဖြစ်တယ်လို့ လေဆိပ်ကို မြင်တွေ့ခဲ့ရသူတွေက ပြောကြပါတယ်။ ဒါပေမဲ့..............

...မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် ကွယ်လွန်...


လျှို့ဝှက်မှုတွေနဲ့ပြည့်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် (Kim Jong Il) ဟာ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လက်ကျန် အာဏာရှင်တွေထဲက တဦးဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ရုတ်တရက် ကွယ်လွန်သွားတဲ့အပေါ်..............

Tuesday 13 December 2011

...Voice Of Burma...

VOB844KK
...ပေးပို့ သူ ဦးကိုကို အားကျေးဇူးအထူးတင်ရှိပါတယ်...

Monday 12 December 2011

...ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးစေတီက မြန်မာသံဃာတော်တွေကို ဂျပန်ဂေါပက ဖယ်ရှားခိုင်း...


ဂျပန်နိုင်ငံ ကီတကျူရှုးမြို့က မိုဂျိ ငြိမ်းချမ်းရေးစေတီနဲ့ မြန်မာ သံဃာတော်တွေ သီတင်းသုံး နေထိုင် နေတဲ့ ဘုန်းတော်ကြီးကျောင်းကို ဖျက်သိမ်းတော့မှာ ဖြစ်တဲ့အတွက် သံဃာတော်တွေကို ကျောင်းတော်က ထွက်ခွာဖို့ ဂျပန် ဂေါပကအဖွဲ့က အကြောင်းကြားထားပါတယ်။

...မြန်မာနိုင်ငံ ငြိမ်းချမ်းချိန် ဒေါ်စုမျှော်မှန်း...



ဓာတ်ပုံ ASSOCIATED PRESS
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆုရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနား အမှတ်တရဓါတ်ပုံ။ (ဒီဇင်ဘာလ ၁၀၊ ၂၀၁၁)
ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ နှစ် (၂၀) မြောက် ဂုဏ်ပြု အခမ်းအနားတရပ်ကို ဒီကနေ့ ရန်ကုန်မြို့ ကြည့်မြင်တိုင် နတ်စင်လမ်း၊ သာဓုပရိယတ္တိ စာသင်တိုက်ထဲက ရွှေည၀ါ ပညာဗိမ္မာန် ဘုန်းကြီးကျောင်းမှာ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ရရှိနေတဲ့အခွင့်အရေးတွေကို ဆုပ်ကိုင်ပြီးတော့ ငြိမ်းချမ်းရေး ရရှိအောင်ကြိုးစားဖို့အတွက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ 

Saturday 10 December 2011

...မြန်မာအပေါ် အမေရိကန် ခြေလှမ်း တရုတ်၊ ဂျပန်တို့ကို အသိပေးညှိနှိုင်းမည်...


မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရှေ့ဆက် ဘယ်လို တုံ့ပြန်ခြေလှမ်း လှမ်းသွားမလဲ ဆိုတာတွေကို မြန်မာ့အိမ်နီးချင်း မိတ်ဆွေနိုင်ငံတွေကို ရှင်းပြဖို့အတွက် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်ဟာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို သွားရောက်တာဖြစ်ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအတွက်...........

...ပညာရေးရန်ပုံငွေပွဲ ခွင့်ပြုချက်မရ...

လာမယ့် ဒီဇင်ဘာလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စု တိုင်းရင်းသားများ ဒေသတွေ အတွက် ပညာရေး ရန်ပုံငွေရှာပွဲကို ကျင်းပခွင့်မပေးနိုင်ဘူးလို့  အာဏာပိုင်တွေက အကြောင်းကြားလာပါတယ်။ ဒီပညာရေး ရန်ပုံငွေရှာဖို့ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ရန်ကုန် သုဝဏ္ဏအားကစာကွင်းမှာ ကျင်းပဖို့ သဘောတူညီချက်ရပြီးမှ ၁၆ ရက်နေ့မှာ အမျိုးသမီး အားကစားပွဲတစ်ခု ရှိနေတဲ့အတွက်  ဒီရက်ကို လုပ်ခွင့်မပေးနိုင်တော့ဘူးလို့ ပြောဆိုလာတာပါ။ 

...မြန်မာ့အရေးဆွေးနွေးဖို့ အမေရိကန်အထူးကိုယ်စားလှယ် ဂျပန်ခရီးဆက်...


မြန်မာ့နိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှုတွေ ရှိလာအောင် ဒေသတွင်း မဟာမိတ်နိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရနိုင်ဖို့ အာရှ  ၃ နိုင်ငံခရီး စတင်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်၊ ဒဲရက်ခ် မစ်ချဲလ်ဟာ တောင်ကိုရီးယားမှာရောက်နေရာကနေ ဒီကနေ့ သောကြာနေ့မှာတော့ ဂျပန်နိုင်ငံကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အရင်က................

Wednesday 7 December 2011

...ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော် ကျင်းပမယ်...

          ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်း ယုဒသန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက်  ရန်ပုံငွေ ဈေးရောင်းပွဲတော်ကို ဒေါ်အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်။

 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ကြီးမှူးကျင်းပမယ့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်အကြောင်း သတင်းစာရှင်းလင်းပွဲ တစ်ရပ် ဒီကနေ့ မနက် ၁၀ နာရီက Sakura tower အပေါ်ထပ် အစည်းအဝေးခန်းမမှာ ကျင်းပခဲ့ရာမှာ ပရိသတ် တစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။

...အမေရိကန်အထူးကိုယ်စားလှယ် မြန်မာ့အရေး တရုတ်နဲ့ ညှိနှိုင်းမည်....

                     အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှိနှိုင်းရေးမှူး Derek Mitchell

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဟာ ဒေသတွင်းက တရုတ် အပါအဝင် နိုင်ငံသုံးနိုင်ငံကို သွားရောက်ဖို့ ရှိပြီး မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲမှု ကိစ္စတွေအတွက် တူညီတဲ့ အခြေခံအမြင်တွေအပေါ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးတိုင်ပင်ဖို့ ရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

...NLD အတွင်းရေးမှူးဦးလွင် ကွယ်လွန်...


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး တာဝန်ယူခဲ့သူ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက်က နိုင်ငံတော် ဒုတိယ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးလွင်ဟာ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေက ကွယ်လွန်သွားခဲ့ပါတယ်။ ဦးလွင်ရဲ့ နိုင်ငံရေး ဖြတ်သန်းမှု တချို့အကြောင်းကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

...Voice Of Burma...

VOB8423KK
...ပေးပို့ သူ ဦးကိုကို အားကျေးဇူးအထူးတင်ရှိပါသည်...







Monday 5 December 2011

...The Political Ideology of Democratic General Reformation...( ဒီမိုကရေစီအထွေထွေပြုပြင်ပြောင်းလဲရေးသဘောတရား).... ရေးသူ ( ရဲကျော်စွာ ) ရန်ကုန်...

Email မှ တဆင့်ရောက်လာသည်ကိုဖေါ်ပြပေးခြင်းဖြစ်ပါသည်...




Sunday 4 December 2011

...ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ရိုက်ကူးရေး ပဏာမညှိနှိုင်း...


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် အနုပညာရှင်များနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၃၊ ၂၀၁၁)
မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားရိုက်နိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က နံမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဂီတပညာရှင်တွေနဲ့ ဒီကနေ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီနေ့တွေ့ဆုံမှုဟာ..............

...ဗွီအိုအေ တီဗွီမဂ္ဂဇင်း ...

...ခိုင်မာတဲ့ အပြောင်းအလဲတွေ ဖြစ်ဖို့ အမေရိကန်လိုလား...

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ မြင်နေရပေမဲ့လည်း ပြီးခဲ့တဲ့သင်ခန်းစာအရ အချိန်မရွေး နောက်ပြန် လှည့်သွားနိုင်တာမျိုးကို သတိထားနေရတယ်လို့ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ပြောပါတယ်။ ဒါကြောင့် ရလဒ်ကောင်းထွက်မယ့် အပြောင်းအလဲတွေ ခိုင်ခိုင်မာမာရှိနေဖို့နဲ့ ဒီလို ပြောင်းလဲမယ်ဆိုရင် အမေရိကန်ဘက်ကလည်း...............   

...အမေရိကန်ရဲ့ထိစပ်ရေးမူဝါဒ မြန်မာ့ဒီမိုကရေစီအတွက် အကူအညီဖြစ်...


မြန်မာနိုင်ငံနဲ့ စေ့စပ်ဆွေးနွေးရေးလုပ်နေတဲ့ အမေရိကန်အစိုးရ မူဝါဒတွေဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲတွေ ဖြစ်လာအောင်.............

...ကုလ အတွင်းရေးမှူးချုပ် နောက်နှစ်ဆန်း မြန်မာပြည်လာရောက်မည်...


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ မကြာခင်လပိုင်းတွေအတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိပြီး အဲဒီအတွက် မြန်မာအာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအကြား ညှိနှိုင်းပြင်ဆင်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရေးမှာ တိုးတက်ပြောင်းလဲမှုအချို့  မြင်လာရတာကြောင့် နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ ပူးပေါင်း ဆက်ဆံမှုတွေ၊ ထောက်ခံအားပေးမှုတွေ လုပ်လာချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာပြည်ကို သွားရောက်ဖို့ ဖြစ်လာတာပါ။.....................

...ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀န်ကြီးကလင်တန် ပူးတွဲသတင်းစာရှင်းလင်းပွဲ...


ရန်ကုန်မြို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည် (ယာ) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (၀ဲ) တို့ သောကြာနေ့က တွေ့ဆုံခဲ့ကြစဉ်။ (ဒီဇင်ဘာလ ၂ ရက်၊ ၂၀၁၁)
ဒီကနေ့မနက်ပိုင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ပြုလုပ်ခဲ့တဲ့ ၀န်ကြီးဟီလာရီကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ သတင်းစာရှင်းလင်းပွဲကို သတင်းသွားယူခဲ့တဲ့ ရန်ကုန်မြို့ရောက် ဗွီအိုအေ မြန်မာပိုင်း ၀ိုင်းတော်သူ မစုမြတ်မွန်ကို ဦးရော်နီညိမ်းက တိုက်ရိုက် မေးမြန်းထားပါတယ်။................

...မြန်မာအစိုးရလုပ်ရပ်ပေါ် မူတည်ပြီး အမေရိကန်တုံ့ပြန်မည်...


မြန်မာအစိုးရရဲ့ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုတွေ ခိုင်ခိုင်မာမာရှိလာတာကို မြင်ရရင် အမေရိကန် ပြည်ထောင်စုဘက်ကလည်း မြန်မာပြည်ကို အရေးယူပိတ်ဆို့ထားတာတွေကို လျှော့ပေါ့ဖို့ စဉ်းစားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက်ပါတယ်။ ၂ ရက်ကြာ ခရီးစဉ်နဲ့ မြန်မာပြည်မှာရောက်နေတဲ့ ၀န်ကြီးကလင်တန်က မနေ့ကပဲ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ၀န်ကြီးကလင်တန်ဟာ သမ္မတဦးသိန်းစိန်နဲ့ မနေ့ကတွေ့ ဆုံခဲ့ပါတယ်။

...ဝန်ကြီးကလင်တန် ဒေါ်စုနဲ့တွေ့ဆုံ...


ဒီဇင်ဘာလ ၁ ရက်နေ့ ညဘက်မှာ ဝန်ကြီးကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ညစာအတူစားခဲ့ကြပါတယ်။ ဒီနေ့ ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ ညဘက်မှာ..............

....ဟီလာရီ ကလင်တန်နဲ့ ဦးသိန်းစိန် တွေ့ဆုံ ...


မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာ သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်တွင် တွေ့ဆုံနေစဉ်။ (ဓါတ်ပုံ - အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်ဟာ ဒီကနေ့ မနက်ပိုင်းက နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ...........

...ဟီလာရီ ကလင်တန် ရန်ကုန်ကို ရောက်ပြီ...


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ေ၇ွှတိဂုံဘုရားကို သွားရောက် ဖူးမျှော်ခဲ့သည်။ (ဓါတ်ပုံ - RFA)

ဟီလာရီ ကလင်တန်ဟာ နေပြည်တော်ကနေ ရန်ကုန်ကို ရောက်ရောက်ချင်း ညနေ ၅ နာရီ မိနစ် ၄၀ လောက်မှာ ရွှေတိဂုံဘုရားကို သွားပြီး လှည့်လည် ဖူးမြော်ခဲ့ကြောင်း သတင်းရရှိပါတယ်။
တနင်္ဂနွေသမီး ဟီလာရီ ကလင်တန်ဟာ တနင်္ဂနွေထောင့်မှာ ရေသပ္ပါယ် ခေါင်းလောင်းထိုး၊ ဂေါပက အဖွဲ့မှာ လှူဒါန်းပြီး တည်းခိုမယ့် ဟိုတယ်ကို ပြန်သွားပါတယ်။ ဘုရားမှာ ၁၅ မိနစ် မိနစ်........

Friday 25 November 2011

,,,သီလ၀ါမြို့ပြစီမံကိန်းကြောင့် သံလျင် မြေဈေးတက်...


ရန်ကုန်တိုင်း၊ သံလျင် သီလဝါဆိပ်ကမ်းနဲ့ ဆက်နေတဲ့နေရာမှာ တောင်ကိုရီးယားနိုင်ငံက ဒေါ်လာ သန်း ၅,၀၀၀ ဖိုးလာရောက်ရင်းနှီးမယ့် စီမံကိန်းတွေကြောင့် အဲဒီနေရာတွေမှာ မြေဈေးတွေ အရင်ကထက် ၁၀ ဆလောက် တက်သွားပါတယ်။ ဈေးတွေ ခေါင်ခိုက်နေပေမဲ့ မြေကွက်ဝယ်ဖို့ စိတ်ဝင်စားသူတွေကလည်း အများအပြားရှိနေတယ်လို့ လုပ်ငန်းရှင်တယောက်က ပြောပြပါတယ်။ ဒီတော့ ..................

Thursday 24 November 2011

...Alin Thit Pwe taw....

၁၉၉၈ခုမန္တလေးထောင်တွင်းကာလမှာ ဒီသီချင်းကိုရေးသားဖြစ်ခဲ့ပြီး ၂၀၀ရခုနှစ်မှာ ဧရာဝတီကိုရဲနည် က ဒီသီချင်းကိုပဲ သူ့စီးရီးခေါင်းစဉ်အဖြစ်သူ့မိတ်ဆွေဂီတသမားများနှင့် တီးခတ်သီဆိုပြီးထုတ်ဝေခဲ့ဘူးပါတယ်။ခုနိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်လာမှု­အပေါ် ဂုဏ်ပြုကြိုဆိုသောအားဖြင့် အားလုံးခံစားနိုင်ရန် ကျွန်တော့်ပန်းချီကားများနှင့် တေးစာသားစကားလုံးများရဲ့အလှကိုပါ တွဲဖက်ခံစားနိုင်အောင်ပါ စီစဉ်ပြီး ဗီဒီယို သီချင်းအဖြစ် ပြန်လည်ဝေမျှလိုက်ရပါတယ်။
( Artist Hteinlin )

နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်ကြောင်းကို ငလျင် ပညာရှင်များမှ ထုတ်ပြန်ကြေငြာ။

 

၂၀၁၁ ခုနှစ် နိုဝင်ဘာလ (၂၄)ရက်။


ရက် ၃၀ အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်နိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သဌာန ငလျင် ပညာရှင်များမှ ၁၈ ရက်မှာ တရားဝင် ထုတ်ပြန် ကြေငြာသွားပါတယ်။

ပညာရှင်များ၏ ငလျင်တိုင်းထွာချက်အရ နိုဝင်ဘာလ ၁၅ ရက်ကနေ ဒီဇင်ဘာလ ၁၄ ရကအထိ ရက်ပေါင်း ၃၀  အတွင်းမှာ အင်အား M 7.0 ထက် ကြီးမားတဲ ငလျင်လှုပ်နိုင်တယ် လွန်ခဲ့သည့် မတ်လ ၁၁ ရက်နေ့က ငလျင်ကြီး လှုပ်ခတ်သွားသော Miyagi ခရိုင် ပင်လယ်ပြင်ကနေ ဗဟိုပြုပြီး လှုပ်ခတ်နိုင်ကြောင်း ငလျင်ဖြစ်ပေါ်ရန် 15.1% ဟု ထုတ်ဖေါ် ပြောကြား သွားပါတယ်။ ဂျပန်နိုင်ငံဟာ ငလျင်ကြောပေါ်မှာ တည်ရှိသည့်အတွက် နေ့စဉ်လိုလို ငလျင်ငယ် ကြိမ်ဖန်များစွာ လှုပ်ခတ်နေပြီး ထုတ်ပြန်ကြေငြာထားတဲ ရက်အတွင်းမှာ သတိဝိရိယ နှင့်သာ သွားလာသင့်ကြောင်း အကြံပြုလိုပါတယ်။

http://www.pnsjapan.org/

Saturday 19 November 2011

...NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်...


ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ပါတီဝင်များကို မိန့်ခွန်းစကားပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဒီကနေ့ NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ခုလို NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျန်တဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားပါသလဲ။

...၀န်ကြီးကလင်တန် မြန်မာပြည်သွားမည်...

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကို မြန်မာပြည်စေလွှတ်မည့်အကြောင်း အမေရိကန်သမ္မတ အိုဘားမား ကြေညာနေစဉ်။ (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက အရှေ့အာရှထိပ်သီးညီလာခံကို တက်ရောက်နေတဲ့ အမေရိကန်သမ္မတ ဘရက် အိုဘားမား(Barack Obama) က ရှေ့လ ဒီဇင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) ကို မြန်မာနိုင်ငံကို စေလွှတ်မယ်လို့ ဒီကနေ့ ကြေညာလိုက်ပါတယ်။
အခုအချိန်ထိ စစ်ဘက်က ကြီးစိုးထားတဲ့ မြန်မာအစိုးရဆီကနေ တိုးတက်မှုတွေ မှိန်ပျပျ မြင်တွေ့လာရတာကို တုံ့ပြန်တဲ့အနေနဲ့ အခုလို ၀န်ကြီး ကလင်တန်ကို စေလွှတ်တာလို့ သမ္မတအိုဘားမားက ပြောပါတယ်။

...မြန်မာကို အာဆီယံဥက္ကဋ္ဌတာဝန် ပေးရေး ထိပ်သီးများ အတည်ပြု...


အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကို တာဝန်ပေးအပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေ ဆုံးဖြတ်လိုက်ကြပါပြီ။ ဒါပေမယ့်လည်း ဒီတာဝန်ပေးအပ်ရတဲ့ တိုင်းပြည်တခုအနေနဲ့ နိုင်ငံရေးအရတိုးတက်မှုလိုမျိုး တာဝန်ယူမှုတွေလည်း ရှိရမှာဖြစ်တယ်လို့ လက်ရှိဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက သတိပေးလိုက်ပါတယ်။ ဒီတော့ ၂၀၁၄ ခုနှစ်မှာ အာဆီယံရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကရော၊ မြန်မာပြည်တွင်းကပါ စိတ်ဝင်တစား
စောင့်ကြည့်နေကြတဲ့ မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ပေးရေး ကိစ္စ ဒီကနေ့ အောင်စာရင်းထွက်တဲ့နေ့လို့ ပြောရမှာပါ။ 

Thursday 10 November 2011

...Face to Face (The Irrawaddy). ...

Monday 31 October 2011

...တရုတ် သင်္ဘောသား ၁၃ ဦးသတ်ဖြတ်သူ ထိုင်းစစ်သားများ အဖမ်းခံ ...

တရုတ်သံရုံး အရာရှိများ နှင့် ထိုင်းရဲတပ်ဖွဲ့တို့ တရုတ်ကုန်သင်္ဘောများပစ်ခတ်ခံရသည့် နေရာကို သွားရောက် စစ်ဆေးနေပုံ

Reuters သတင်းဌာန (အောက်တိုဘာ ၃၀၊ ၂ဝ၁၁)

ထိုင်းမြန်မာနယ်စပ်အနီး မဲခေါင်မြစ်အတွင်း တရုတ်သဘောင်္သား ၁၃ ဦးကို သတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသော ထိုင်းစစ်သား ၉ ဦးက ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ယနေ့ တနင်္ဂနွေနေ့တွင် ပြောလိုက်သည်။


...အစ္စရေးလ်နဲ့ ပါလက်စတိုင်းတို့ ဒုတိယနေ့ ဆက်လက်တိုက်ခိုက်...

ဂါဇာကမ်းမြှောင်က ပါလက်စတိုင်း စစ်သွေးကြွတွေက အစ္စရေးလ်တောင်ပိုင်းကို ဒုံးကျည်တွေနဲ့ ဒုတိယနေ့မြောက်အဖြစ် ဒီကနေ့ ဆက်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးလ်က အီဂျစ်နဲ့နယ်စပ် ဂါဇာကမ်းမြှောင်တောင်ပိုင်းမှာ စစ်သွေးကြွအုပ်စုတစ်စုကို လေကြောင်းက တုံ့ပြန်တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

...ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည် ထပ်မံ တွေ့ဆုံ...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာမြန်မာအစိုးရ၀န်ကြီး ဦးအောင်ကြည်နဲ့ 

ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ စိမ်းလဲ့ကန်သာဧည့်ဂေဟာမှာ တစ်နာရီ နီးပါးကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို နိုင်ငံရေးပါတီအဖြစ် တရားဝင် မှတ်ပုံပြန်တင်ရေးကိစ္စကို နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပြန်ထွက်လာပြီးမှပဲ NLD အနေနဲ့ ဆုံးဖြတ်မယ်လို့ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

Friday 28 October 2011

...ပြည်တော်ပြန် အစီအစဉ် ရေပန်းမစား...

သမ္မတ ဦးသိန်းစိန်က ပြည်ပရောက်များ ပြန်လာနိုင်ကြောင်း ဖိတ်ခေါ်သော်လည်း ပြည်ပတွင် အခြေချနေထိုင်သူများ၊ ခိုလှုံခွင့် တောင်းခံသူများ အကြား ပြည်တော်ပြန်ရေးအစီအစဉ်မှာ ရေပန်းမစားလှဘဲ ပြန်သည့် အရေအတွက် နည်းပါးလျက် ရှိသည်။

...အလွဲများနဲ့ မျဉ်းပြိုင် (အပိုင်း ၁)...

မျဉ်းပြိုင်က ချော်ထွက်သွားတာလား အလွဲတွေက ၀င်တိုက်သွားတာလား ..။ အလုပ်ကြီး အကိုင်ကြီးရဖို့ ထိုင်းနိုင်ငံကို အိုးနင်း ခွက်နင်း ရောက်လာခဲ့ပါတယ်၊အသိပညာ မစုံ့တစုံနဲ့၊ ဘွဲ့ရပြီးသော်လည်း ပညာတွေက ခေါင်းထဲ ဗလာကျင်းနဲ့ပေါ့။  ဇာတ် တိုက်မထားပေမယ့် ဇာတ်လမ်းက ဒီမှာ ချပြရတော့မှာ။ 

...လယ်ယာမြေဥပဒေမူကြမ်းသစ် လယ်သမား ရပိုင်ခွင့်ဆုံးရှုံး...


မြန်မာနိုင်ငံမှာ အသစ်ပြဌာန်းဖို့ မကြာခင်ကမှ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ “၂၀၁၁ ခုနှစ် လယ်ယာမြေ ဥပဒေမူကြမ်း” ကို မကျေနပ်ကြတာကြောင့် ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့မှာ စုစုပေါင်း လယ်မြေဧက ၁၀,၀၀၀ လောက် အသိမ်းခံထားရတဲ့ လယ်သမား ၆၀ ကျော်လောက်က ကြာသပတေးနေ့က ထိုင်သပိတ်မှောက်ပြီး ကန့်ကွက်ခဲ့ကြပါတယ်။

...ဘန်ကောက်မြို့ ရေလျှံ...


ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ကတော့ အစိုးရအာဏာပိုင်တွေအနေနဲ့ အပျက်အစီး အနည်းဆုံးဖြစ်နိုင်သမျှဖြစ်အောင် ကြိုးစားနေပေမယ့် သဘာဝဘေးဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ အားလျော့နေတယ်လို့ ကြာသာပတေးနေ့က သတိပေးလိုက်ပါတယ်။

Friday 21 October 2011

...ဘန်ကောက်မြို့ထဲ ရေမ၀င်အောင် တားမရတော့...


ထိုင်းနိုင်ငံ ဘန်ကော်မြို့တော်ထဲကို ဝင်လာနေတဲ့ ရေတွေကို ဆက်ပြီးမတားနိုင်တော့ဘူးလို့ ထိုင်းတာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။ တစ တစတက်လာနေတဲ့ ရေတွေကို ဘန်ကောက် မြို့မှာရှိတဲ့ တူးမြောင်းတွေကနေ ပင်လယ်ထဲကို စီးဝင်သွားနိုင်ဖို့ ရေတံခါးတွေကို ဖွင့်ဖို့ ဝန်ကြီးချုပ် Yin Yingluck Shinawatra က တာဝန်ရှိသူတွေကို ဒီကနေ့ ကြာသပတေးနေ့မှာ အမိန့်ပေးလိုက်ပါတယ်။

...ဒုသမ္မတ ဦးတင်အောင်မြင့်ဦး တရုတ်နိုင်ငံရောက်...

မြန်မာ ဒု သမ္မတ ဦးတင်အောင်မြင့်ဦးဟာ ဒီကနေ့မှာ ၈ ရက်ကြာ တရုတ်နိုင်ငံခရီးစဉ်ကို စတင်လိုက်ပါပြီ။ ဒီခရီးစဉ်အတွင်း မြန်မာနဲ့တရုတ်ကြား ကိစ္စရပ်မျိုးစုံကို ဆွေးနွေးကြမှာဖြစ်ပေမဲ့ ထိပ်တန်းက ပါမှာကတော့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရက ရပ်ဆိုင်းခဲ့တဲ့ ကိစ္စဖြစ်မှာပါ။ 

...မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံရောက်...


ဂျပန်နိုင်ငံကို ၃ ရက်ကြာ ခရီးရောက်ရှိနေတဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က  ဒီခရီးစဉ်ဟာ ၂ နိုင်ငံကြား နှစ်နိုင်ငံအကြား ဆက်ဆံရေးနဲ့ပူးပေါင်ဆောင်ရွက်ရေးတို့အတွက် တွန်းအားတရပ်ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။ ဂျပန်အစိုးရဝန်ကြီးအဖွဲ့ ဝန်ကြီးအိုစာမုဖူဂျီမုရနဲ့ ဒီကနေ့ တွေ့ဆုံခဲ့ရာမှာ .................

...လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီသေဆုံး...


လစ်ဗျားနိုင်ငံမှာ ယာယီအစိုးရတပ်တွေက ခေါင်းဆောင်ဟောင်း မိုမာ ကဒါဖီကို သုတ်သင်ခဲ့တယ်လို့ ယာယီအစိုးရ ထိပ်တန်း တာဝန်ရှိသူတွေက ပြောပါတယ်။

...မြန်မာဘက်က တိဘက်ကို လက်နက်မှောင်ခို တင်သွင်းသူ တရုတ် ဖမ်းဆီး...

        မူဆယ်မြို့အနီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စိုက်ထူထားသည့် သတိပေးဆိုင်းဘုတ်။ (Photo: AFP)

တရုတ်နိုင်ငံ တိဘက်ဒေသကို မြန်မာနိုင်ငံဘက်ကနေ လက်နက် ခိုးသွင်းသူ ၁၇ ဦးကို တရုတ် အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဝါသတင်းဌာနက ဖေါ်ပြပါတယ်။

Tuesday 18 October 2011

...မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်အကူအညီ ပြန်ရရေး ဆွေးနွေးမည်...

ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်လို့ ကတိပေးပြီး ဒီနှစ်ဆန်းပိုင်းမှာပဲ တက်လာတဲ့ မြန်မာအစိုးရသစ်ကို နှစ်အတော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ (ODA) ခေါ် ပင်လယ်ရပ်ခြား ဖွံ့ဖြိုးမှုအထောက်အပံ့တွေ ပြန်လည်ပေးအပ်သွားမယ်လို့ ဂျပန်အစိုးရက ပြောပါတယ်။ 

Sunday 16 October 2011

...မြန်မာနိုင်ငံခြားရေးဝန်ကြီး ဂျပန်သွားမည်...

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ ရှေ့အပတ်မှာ ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် သွားရောက်ဖို့ ရှိနေပါတယ်။ ဒီခရီးစဉ်ဟာ ပြီးခဲ့တဲ့ ၁၆ နှစ်အတွင်းမှာ မြန်မာနိုင်ငံခြားရေးဝန်ကြီး အနေနဲ့ နှစ်နိုင်ငံကိစ္စ ဆွေးနွေးဖို့အတွက် ပထမဆုံးသွားတဲ့ခရီးစဉ် ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

Thursday 13 October 2011

...ဇာဂနာ ပြန်ပေးသမားတွေလက်က လွတ်လာသတဲ့...

                     အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာတဲ့ ကိုဇာဂနာ။ (ဓါတ်ပုံ၊ အေပီ)

ဒီကနေ့ လွတ်ပေးခဲ့တဲ့အထဲ အများစုက သာမှန် အကျဉ်းသားတွေသာ ဖြစ်ပြီးတော့ နိုင်ငံရေးအကျဉ်းသား အနဲစုသာ ပါဝင်ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နှစ်ယောက် ပါတယ်ဆိုတာ လောလောဆယ် အတိအကျ မသိရသေးပေမယ့် ၁၈၀ ကျော်လောက် ရှိမယ်လို့တော့ လောလောဆယ် သိထားရပါတယ်။ ဒီအထဲမှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသား ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတချို့ ပါဝင်လာတာကိုတော့ တွေ့နေရပါတယ်။

...ကိုဇာဂနာ လွတ်ပြီ...



     “အခုမနက်ကစပြီး မယုံတော့ဘူး”

        ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ရန်ကုန်လေဆိပ်မှအထွက် ကိုဇာဂနာကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)

ကိုဇာဂနာသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဒုက္ခသည် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်နေစဉ် ဇွန် လဆန်းပိုင်း၌စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရသည်။ ၎င်းကို စစ်အစိုးရက နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက် ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ရသည်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက် ထရွန်နစ် အမှု တမှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။ ၎င်းသည် ယမန်နေ့ကအထိ ကချင်ပြည်နယ် မြစ်ကြီးနားထောင် တွင် ရှိနေခဲ့သည်။

...လွတ်မြောက်သူတွေထဲ နိုင်ငံရေးအကျဉ်းသားတချို့ ပါဝင်...

    အောက်တိုဘာ ၁၂ ရက်နေ့က ပြန်လွတ်လာမည့် နိုင်ငံရေးအကျဉ်းသားများကို စောင့်နေကြသည့်                      မိသားစုဝင်တွေနဲ့ ထောက်ခံအားပေးသူများ။ (AP Photo/Khin Maung Win)
မြန်မာအစိုးရက ဒီကနေ့ နိုင်ငံအနှံမှာ အကျဉ်းသားတွေကို ပြန်လွှတ်ပေးတဲ့ နေရာမှာ နိုင်ငံကျော် လူရွှင်တော် ကိုဇာဂနာ ခေါ် ကိုသူရအပါအ၀င် ဒါဇင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်တယ်လို့ အတိုက်အခံ နိုင်ငံရေးပါတီနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့  အပြောအရ လွတ်မြောက်လာသူတွေထဲမှာ နိုင်ငံရေးအကျဉ်းသား တရာကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

Friday 7 October 2011

...မြန်မာပြည်ကို လွမ်းနေတဲ့ မော်ဒန်ပန်းချီ ...

 
Crimson Spirit (ဓာတ်ပုံ - ကိုစိုး)



အနုပညာဆိုတာ
စိတ်ကူးရဖို့ ပုံသဏ္ဌာန် ဖြစ်အောင် ဖော်ယူဖို့သာ ဖြစ်တယ်...။
ပစ္စည်းတခုဖြစ်အောင် လုပ်တာ အနုပညာ မဟုတ်...။

လီယိုနာဒို ဒါ ဗင်ချီ (၁၄၅၂ - ၁၅၁၉)

...မြန်မာ့နိုင်ငံရေးနှင့် ဂုရုများ ...


သို့

နိုင်ငံရေးဂုရုများ


...ကားခိုးသွင်းမှု အရှုပ်တော်ပုံ အခုထိမရှင်းနိုင်သေး ...

            စက်မှုဇုန်ထုတ်ကားဟု အမည်ခံထားသော ဂျပန်နိုင်ငံလုပ် Hi Ace ကားများကို ရန်ကုန်မြို့လယ်တွင်  ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
အာဏာပိုင် အဆင့်ဆင့် ပါဝင်ပတ်သက်နေသည်ဟု နာမည်ကြီးနေသည့် လိုင်စင်မဲ့ကားများ ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းသည်ကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနတို့က စုံစမ်းစစ်ဆေးလျက် ရှိသော်လည်း အမှုမှန်ပေါ်ပေါက်ရေး အလှမ်းဝေးနေကြောင်း သတင်းရရှိသည်။

Thursday 6 October 2011

...ဇုန်ထုတ်ယာဉ်အဖြစ် အသွင်ပြောင်းရေး သိန်းထောင်ချီပေးရ ...


စီးပွားရေးသမားတချို့က နိုင်ငံခြားဖြစ် မော်တော်ကားများကို ဆိပ်ကမ်းများမှတဆင့် တရားမ၀င် တင်သွင်းကာ စက်မှုဇုန်ထုတ် ကားအဖြစ် အသွင်ပြောင်း၍ ဈေးကွက်တွင် ထုတ်ရောင်းနိုင်ရန်အတွက် သက်ဆိုင်ရာ အာဏာပိုင်များကို ကျပ်သိန်း ထောင်နှင့်ချီကာ လာဘ်ငွေပေးရကြောင်း သတင်းရရှိသည်။

...တရားမဝင်ကားလုပ်ငန်း ထိပ်တန်းအာဏာပိုင်များ ပတ်သက်နေ ...

မြန်မာပြည်ဘက်သို့ တင်သွင်းမည့် လိုင်စင်မဲ့ကားများအား ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့တွင်      ဤသို့ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

တရားမ၀င် လိုင်စင်မဲ့ ကားများတင်သွင်းပြီး တရားဝင်ကားအဖြစ် လိုင်စင်ချထားပေးသော လုပ်ငန်းအဆင့်ဆင့်တွင် စစ်ဗိုလ်ချုပ်များ၏ ဆွေမျိုးများ၊ အစိုးရ၀န်ကြီးများနှင့် ဌာနဆိုင်ရာ ညွှန်ချုပ်များ အထိ ပါဝင်ပတ်သက်နေကြောင်း သတင်း ရရှိသည်။

...မြစ်ဆုံကပေးသော သင်ခန်းစာ ...


သမ္မတ ဦးသိန်းစိန်က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းထားမည် ဆိုသည့် အသံ ပေါ်ထွက်လာခဲ့ပြီးနောက် တရုတ်အစိုးရနှင့် တရုတ်ကုမ္ပဏီ China Power Investment (CPI) တို့ဘက်က တုန့်ပြန်သံများ ထွက်လာခဲ့သည်။

... မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မှု တရုတ် - မြန်မာဆက်ဆံရေး ထိခိုက်နိုင် ...

       မြန်မာသမ္မတ ဦးသိန်းစိန်နှင့် တရုတ်သမ္မတ ဟူကျင်းတောင်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံစဉ်

ဧရာဝတီမြစ်ဆုံစီမံကိန်း ဆိုင်းငံ့ လိုက်ခြင်းကြောင့် တရုတ်-မြန်မာဆက်ဆံရေးကို ထိခိုက်မှုရှိလာနိုင်ကြောင်း နိုင်ငံတကာ ပဋိပက္ခ လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (ICG) က ဆိုသည်။

Thursday 29 September 2011

...သမထဝိပဿနာ နည်းနှစ်ဖြာဖြင့် တရားရှုမှတ်ခြင်းသည် ကိုယ်စိတ်ဒုက္ခ ခံစားရမှု့ များလျော့ပါးစေသည်...

Wake Forest တက္ကသိုလ်မှ သုတေသီတစ်စုသည် သမထနှင့် ၀ိပဿနာ နည်းနှစ်မျိုးဖြင့် တရား ရှုမှတ်၍ မခံရပ်နိုင်သော (သို့) ပြင်းထန်သော ဝေဒနာခံစားရမှု တို့အား လျော့ကျစေမှုကို ဦး နှောက်တွင်း ပုံရိပ်ဖော်စက် စကင် နာသုံးကာ စူးစမ်းလေ့လာခဲ့ကြ သည်။....................

Wednesday 28 September 2011

...လက်ရှိ NLD လမ်းစဉ် တရားသေမဟုတ်...

            NLD တည်ထောင်သည့် ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်   အမှာစကား ပြောကြားနေစဉ်။ ဓာတ်ပုံ ASSOCIATED PRESS 

စက်တင်ဘာ ၂၇၊ ၂၀၁၁။
တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေး လမ်းစဉ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မူတွေဖြစ်ပြီး ဒီမူတွေပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ ပြောင်းသာပြင်သာရှိတဲ့ အနေအထားနဲ့ ဆက်လုပ်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ 

...ရွှေဝါရောင်နှစ်ပတ်လည် ချီတက်ဆုတောင်းပွဲ...

           

Monday 26 September 2011

...ဗြိတိန် Chatham House ၂၀၁၁ ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရေးရာတွေမှာ ထင်ရှားတဲ့ အသင်းကြီးတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံက Chatham House က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။.........

Friday 23 September 2011

...မြန်မာ့နိုင်ငံရေး ဒေါ်စု အပြုသဘော ရှုမြင်...


အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်တဲ့နေရာမှာ အပြန်အလှန် အပေးအယူ ညှိနှိုင်းရတာမို့ အလွန်ခက်ခဲသိမ်မွေ့ပြီး သိပ်မကြာခင်မှာတော့ မြန်မာနိုင်ငံ အခြေအနေဟာ အပြောင်းအလဲတွေ မြင်ရနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က နယူးယောက်မှာ ကျင်းပတဲ့ Clinton Global Initiative နှစ်ပတ်လည်....................

Thursday 22 September 2011

...CGI ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စကားပြော...


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရန်ကုန်မြို့ကနေ တိုက်ရိုက် စကားပြောကြားခဲ့ပါတယ်။

...ဧရာဝတီမြစ်ကိုအခြေခံ၍ပြည်ထောင်စုညီညွတ်ရေးဆောင်ရွက်ရန်ဒေါ်အောင်ဆန်းစုကြည်ပြောကြား...


“ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ အနုပညာရှင်များ၏ ပြပွဲ ဖွင့်ပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့စဉ် ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်နိုင်ရန် ဆုတောင်းပေးခဲ့ကြောင်း သိရသည်။

News_Save_The_Irrawaddy_Sep__22__2011Yan_Pai
“ဧရာဝတီကို ကယ်တင်ပါ” အနုပညာပြပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ - NLD facebook)
ရန်ကုန်တိုင်း ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရှိ Gallery 65 တွင် ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည့် အဆိုပါပြပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီ မြစ်ကြီး တည်တံ့ရေးကို အားလုံးက စုစုစည်းစည်း လုပ်မယ်ဆိုရင် ညီညွတ်ရေး အတွက်လည်း ဖြစ်တယ်။ အားလုံး ယုံကြည်တဲ့ ကိစ္စတခုကို အခြေခံပြီး ညီညွတ်မှုယူနိုင်ရင် တဖြည်းဖြည်းနဲ့ ညီညွတ်ရေး ပိုဖြစ်လာနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အဆိုပါ ပြပွဲသို့ သွားရောက်ခဲ့သည့် စာနယ်ဇင်း သမားတဦးက ဆိုသည်။.......................................