Friday 29 April 2011

... (VOA) တီဗွီမဂ္ဂဇင်း...

           

Wednesday 13 April 2011

...( မြန်မာ့နှစ်ကူး ) အတာကြူးသော လတန်ခူးတွင် မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း ရွှင်လန်းချမ်းမြေ့ကြပါ စေကြောင်းဗျား...

...လူသားတွေရဲ့ အာကာသခရီး နှစ် ၅၀ ပြည့်ပြီ...



အာကာသထဲကို ပထမဆုံးအကြိမ် လူသားတွေ ခြေချနိုင်ခဲ့တဲ့ အနှစ် (၅၀) မြောက် အထိမ်းအမှတ်အဖြစ် ရုရှားနိုင်ငံသားတွေနဲ့ ကမ္ဘာတ၀န်းက အာကာသသိပ္ပံပညာကို စိတ်ဝင်စားသူတွေ ဆင်နွှဲနေကြပါတယ်။ ပထမဆုံး အာကာသထဲ ရောက်ရှိခဲ့ပြီး ကမ္ဘာကို ၁၀၈ မိနစ်ကြာ လှည့်ပတ်ခဲ့တဲ့ အဲဒီအချိန်တုန်းက အသက် ၂၇ နှစ် အရွယ်သာရှိတဲ့ ရုရှားအာကာသယာဉ်မှူး ယူရီ ဂါဂါရင် (Yuri Gagarin) ကို ဂုဏ်ပြုတဲ့ အခမ်းအနားတွေကိုတော့ မော်စကိုမြို့တော် ကရင်မလင်နန်းတော်မှာ ကျင်းပနေကြတာပါ။


...ဒုက္ခသည်တွေ နေရပ်ပြန်ရေး မဖြစ်နိုင်သေး...


ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းတွေကို ပိတ်လိုက်ပြီးတော့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့ဖို့ လိုကြောင်း ထိုင်းတာဝန်ရှိသူတဦးရဲ့ ပြောဆိုလိုက်တဲ့အပေါ် စိုးရိမ်မကင်းဖြစ်သံတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည် ပြန်နိုင်လောက်အောင် မြန်မာနိုင်ငံက အဆင်သင့်မဖြစ်သေးဘူးလို့ ..............

...ဂျပန် နျူကလီးယားစက်ရုံ အန္တရာယ် အဆင့်အမြင့်ဆုံး သတ်မှတ်...


ဂျပန်နိုင်ငံက ပျက်စီးသွားတဲ့ ဖူကူရှီးမား နျူကလီးယား ဓာတ်အားပေးစက်ရုံမှာ ကြုံနေရတဲ့ ပြဿနာတွေဟာ နိုင်ငံတကာ စံနှုန်းတွေအရ အန္တရာယ်အရှိဆုံးအဖြစ် အဆင့်တိုးမြင့် သတ်မှတ်လိုက်ကြောင်း ကြေညာခဲ့ ပေမဲ့လို့ အခြေအနေတွေကို ထိန်းချုပ်လာနိုင်ပြီလို့ ဂျပန်ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။

Tuesday 12 April 2011

...ကပ်ဘေးဒဏ်သင့် တလပြည့်နေ့ ဂျပန်မှာ ငလျင်ထပ်လှုပ်...


ဂျပန်နိုင်ငံ အရှေ့မြောက်ဘက်မှာ အင်အားပြင်း ငလျင်တခုဒီကနေ့ထပ်မံလှုပ်ခတ်ခဲ့လို့ဂျပန်တာဝန်ရှိသူတွေက ဆူနာမီသတိပေးချက် ယာယီထုတ်ပြန်ခဲ့ရပါတယ်။ ငလျင်ပြင်းအား ၇ ဒဿမ ၁ ရှိတယ်လို့ အမေရိကန်.................

...နိုင်ငံရေးဆွေးနွေးဖို့ အစိုးရသစ် တံခါးဖွင့်ထားမည်...

နိုင်ငံရေး ဆွေးနွေးမှုတွေအတွက် တံခါးဖွင့်ထားတဲ့အကြောင်း မြန်မာနိုင်ငံခြားရေး ၀န်ကြီးသစ်က အာဆီယံ အစည်းအဝေးပွဲမှာ ပြောလိုက်ပါတယ်။

Monday 4 April 2011

...ရေဒီယို သတ္တိကြွမှု လနဲ့ချီ ပျံ့နှံ့နိုင်ကြောင်း ဂျပန်သတိပေး...


ဂျပန်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ငလျင်ဒဏ်နဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းဒဏ်တွေ အကြီးအကျယ် ခံခဲ့ရတဲ့ နျူကလီးယား ဓာတ်ပေါင်းဖိုက ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်တွေ သမုဒ္ဒယာထဲ စိမ့်ဝင်နေတာတွေကို ထိန်းချုပ်နိုင်ဖို့ လပေါင်းများစွာ ကြာနိုင်တယ်လို့ ဂျပန်နိုင်ငံက တနင်္ဂနွေနေ့မှာ သတိပေး ပြောကြားလိုက်ပါတယ်။