Wednesday 30 March 2011

... (VOA) တီဗွီမဂ္ဂဇင်း...

           

...အစိုးရသစ် ကျမ်းသစ္စာဆို...


ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့သစ်ရဲ့ သမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ဟာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ ဒီလို ကျိန်ဆိုခဲ့ပြီးတဲ့နောက်မှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာအရပ်ရပ်ကို အစိုးရသစ်ကို လွှဲအပ်ကြောင်းနဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ............

(၂၉.၃.၂၀၁၁)နေ့  ဂျပန် ညူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအခြေအနေ..

ညူကလီးယားစွမ်းအင်သုံး ဖူကူရှီးမားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ နံပတ် ၂ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အဦရဲ့အပြင်ဘက် တာဘိုင်စက်ထားရှိတဲ့ မြေအောက်ခန်းက ရေထဲမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိနေပြီး အဲဒီလို မြင့်မားနေတာဟာ......

(၂၈.၃.၂၀၁၁)နေ့  ဂျပန် ညူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအခြေအနေ..

အကျပ်အတည်းတွေ့နေတဲ့ညူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့ပမာဏဟာ အအေးပေးစနစ်အတွင်းရှိတဲ့ ပုံမှန်ပျံ့နှံ့မှု ပမာဏ ထက် အဆပေါင်း ၁၀ သန်းများပြားနေတယ်လို့ မတ်လ ၂၇ ရက်နေ့မှာ TEPCO ၀န်ထမ်းတဦးက မှတ်တမ်းတင်ခဲ့တာကို အများက သိရှိခဲ့ပြီးတဲ့နောက် အဲဒီကိန်းဂဏန်းဟာ မဟုတ်ဘူးလို့ TEPCO အရာရှိ တွေက နောက်ပိုင်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

Friday 25 March 2011

...လေပြင်းဒဏ်ကြောင့် မြန်မာရေလုပ်သား အနည်းဆုံး ၁,၀၀၀ ပျောက်ဆုံးနေဆဲ...


မတ်လ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ဖျာပုံမြစ်ဝနဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းမှာ တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် ပင်လယ်ထဲ မျောပါသွားတဲ့ ရေလုပ်သား ၁၀,၀၀၀ ကျော်ထဲက ၁,၀၀၀ ကျော် ပျောက်ဆုံးနေဆဲလို့ မြန်မာနိုင်ငံ ငါးလုပ်သား အဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။ ကျန်နေသေးတဲ့ ရေလုပ်သားတွေရဲ့ အခြေအနေနဲ့ ဒီ ရေလုပ်သားတွေ ပင်လယ်ထဲ ဘယ်လို မျောပါသွားလဲဆိုတာ မသင်းသီရိက တင်ပြပေးထားပါတယ်။

...တိုကျိုသောက်ရေ နျူကလီးယား ဓာတ်ကြွမှု မြင့်မား...


တိုကျိုမြို့တော်ရဲ့ ရေပေးဝေရေးစနစ်မှာ ရေဒီယို
သတ္တိကြွတဲ့နှုန်း မြင့်တက်လာနေတဲ့အတွက် ရေပိုက်ကလာတဲ့ ရေတွေကို ကလေးငယ်တွေကို မတိုက်ဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

Wednesday 23 March 2011

...ဂျပန် ရောက် မြန်မာများအတွက် ဂုဏ်ပြုစကား ( လူထု ဦးစိန်ဝင်း )...


ဂျပန်ငလျင်ကြီးလှုပ်ပြီး သုံးရက်မြောက်နေ့မှာ တိုကျိုရောက် တပည့်မတယောက်က ဖုန်းဆက်ပြီး ဘေးမသီရန်မခ ရှိနေ တဲ့အကြောင်း သတင်းပေးတယ်။ တိုကျိုမှာနေကြတဲ့ သူငယ်ချင်းတွေ အားလုံးလည်း ဘာမှ မဖြစ်ကြဘူးလို့ ပြောကြ တယ်။
ဖုန်းလေးတဆက်ကြောင့်.............

...ကမ္ဘာပျက်မဲ့နေ့ နဲ့  ဥက္ကာပျံအန္တရာယ်...

ဓာတ်ပုံ AP
This image provided by NASA shows comet Tempel 1 at the moment of impact with NASA's Deep Impact probe as it smashed into its surface. The probe crashed between the two dark-rimmed craters near the center and bottom of the comet (File Photo - July 4, 2005)
သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။.................

...ဂျင်းရှ၊ မြန်မာ တော်လှန်ရေး မအောင်မြင်ရသေးသည့် အကြောင်း...

By SIMON ROUGHNEEN ( The Irrawaddy News Agency) CM. >. >. THAILAND
Translated By  Pyo Pone (facebook name)
ဂျင်းရှ ၏ မြန်မာ တော်လှန်ရေး မ အောင်မြင်ရသေးသည့် အကြောင်း ဘာသာပြန် ကို
Just Do It Against Military Dictatorship ၏ ဖေ့ဘွတ် လူစု လူဝေး စာမျက် နှာ မှ ရယူပါသည်။
မူရင်း အင်္ဂလိပ်ဘာသာ မှာ ဧရာဝတီ သတင်းဌာ န ၏ အင်္ဂလိပ်ဘာ သာဖြင့် ဖော်ပြထား သည့်
အင်တာဗျူး ကဏ္ဍတွင် ဖြစ်သည်။

သူဟာ မူဘာရက်ကို ဖြုတ်ချခဲ့သူလို့ တင်စားပြောဆိုခြင်း ခံရသူပါ။ အဲလို တင်စားပြောဆိုခြင်းဟာ အီဂျစ်ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးပြီး အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့အချက်ကို မျက်ကွယ်ပြုခြင်း ဖြစ်တယ်လို့ သူကဆိုပါတယ်။ အရင်တုန်းကတော့၊ သူဟာ ပြည်သူလူထုလှုပ်ရှားမှု မျက်နှာဖုံးစွပ်ပြီး အခြားနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေကို ဖြုတ်ချရေး လုပ်ဆောင်နေတဲ့ အမေရိကန်အစိုးရကိုကို ရှေ့ဆုံးကပါဝင်ကူညီနေသူ တစ်ယောက်အဖြစ် တိတ်တဆိတ် စွပ်စွဲခံ ရသူပါ။ အဲဒီ စွပ်စွဲချက်တွေဟာ “ပြက်လုံး တစ်ခု” သာဖြစ်တယ်လို့ဆိုပြီး သူဟာ....................

...လစ်ဗျားအပေါ် လေကြောင်းစစ်ဆင်ရေး နိုင်ငံစုံ ပိုမို ပါဝင်လာ...


ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ လစ်ဗျားနိုင်ငံအပေါ် လေယာဉ်မပျံသန်းရဇုန် သတ်မှတ် အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတဲ့ မဟာမိတ် တပ်ဖွဲ့တွေထဲမှာ နောက်ထပ် အနောက်နိုင်ငံတွေ ထပ်ပြီး ပူးပေါင်းပါဝင်လာသလို လစ်ဗျားမြို့တော် ထရီပိုလီ (Tripoli) မှာ လေယာဉ်ပစ် လက်နက်တွေနဲ့ ပစ်ခတ်မှုတွေ ရှိနေသလို မြို့တော်ကို တုန်ခါသွားစေတဲ့အထိ အနည်းဆုံး ပေါက်ကွဲမှုတခု တနင်္လာနေ့က ဖြစ်ခဲ့ပါတယ်။

...ဂျပန် နျူကလီးယားစက်ရုံ မီးခိုးတွေ ထပ်ထွက်လို့ ၀န်ထမ်းအချို့ ယာယီရုပ်သိမ်း...


ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီဒဏ်ကြောင့် ပျက်စီးခဲ့တဲ့ နျူကလီးယား စက်ရုံတွင်း ဓာတ်ပေါင်းဖိုတွေထဲက တခုမှာ မီးခိုးလုံးတွေ ထွက်လာခဲ့ပြီးတဲ့နောက် စက်ရုံထဲက ၀န်ထမ်းတွေကို ယာယီ နေရာ ရွှေ့ပြောင်းမှုတွေ လုပ်ခဲ့ရပါတယ်။

...သောက်သုံးရေ အရင်းအမြစ် မြန်မာနိုင်ငံမှာ အချိန်မီ ထိန်းသိမ်းဖို့လို...


ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သောက်သုံးရေနေ့မှာ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး 
လှုပ်ရှားသူတွေက မြန်မာနိုင်ငံက နေရာတော်တော်များများမှာ သောက်သုံးရေ ရှားပါးမှုကြောင့် မသန့်ရှင်းတဲ့ရေကို အသုံးပြုနေကြရတဲ့သူတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ 

...ပင်လယ်ထဲမျောပါသူ မြန်မာရေလုပ်သားတွေ ကယ်ဆယ်...

ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ပြီးခဲ့တဲ့အပတ်က......
တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်းဒဏ်ကြောင့် မြန်မာရေလုပ်သား အများအပြား ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။ ဒီအထဲက ပင်လယ်ပြင်ထဲက ပြန်လည်ကယ်ဆယ်နိုင်ခဲ့တဲ့ ရေလုပ်သား အများအပြားဟာလည်း ဒီကနေ့ထိ...................

Sunday 20 March 2011

...အနောက်နိုင်ငံတပ်တွေ လစ်ဗျားကို လေကြောင်းမှ တိုက်ခိုက်...


လစ်ဗျား လေယာဉ် ကွင်း များ ကို ဗုံးကြဲ ခဲ့သည့် ဘီ ၅၂ Stealth တိုက်လေယာဉ်များ

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Muammar Gaddafi) ရဲ့တပ်တွေကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ မဟာမိတ်တပ်တွေနဲ့အတူ ပူးပေါင်းပြီး အမေရိကန်တပ်တွေကလည်း လစ်ဗျားလေတပ်ကို 
ဒုံးကျည်တွေနဲ့ပစ်ခတ်ခဲ့ကြပါတယ်။ မြေထဲပင်လယ်ထဲမှာ နေရာယူထားတဲ့ အမေရိကန်နဲ့ ဗြိတိသျှ စစ်သင်္ဘောနဲ့ ရေငုပ်သင်္ဘောတွေက လစ်ဗျားတပ်တွေကို ပစ်မှတ်ထားပြီး စနေနေ့မှာ Tomahawk ဒုံးကျည် ၁၁၀ ကျော်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ပန်တဂွန် (Pentagon) စစ်ဌာနချုပ်အရာရှိတွေက ပြောပါတယ်။

...DVB - 17.03.2011 - Daily Burma News ...

...ဂျပန်နျူကလီးယား အခြေအနေ အလွန်စိုးရိမ်နေရဆဲ...

Mother and daughter receive radiation scanning in Fukushima, northern Japan, one week after a massive earthquake and tsunami.
                                           ဓာတ်ပုံ AP
လူပေါင်း ခြောက်ထောင်ငါးရာကျော် သေဆုံးခဲ့ရတဲ့အထိ ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသမှာ အကြီးအကျယ် ပျက်စီးဆုံးရှုံးမှုတွေဖြစ်ခဲ့တဲ့ ငလျင်နဲ့ဆူနာမီ ရေလှိုင်းဒဏ်သင့်ခဲ့တာ အခုဆိုရင် သီတင်းပတ်တပတ် ပြည့်သွားခဲ့ ပါပြီ..။ ဖူကူရှီးမား (Fukushima)အမှတ် (၁) နျူကလီးယားစက်ရုံ ထိခိုက်ပျက်စီးခဲ့တဲ့ကိစ္စအပေါ် လူတိုင်းက အဓိက အာရုံထားနေကြချိန်မှာ................

...ဖူကူရှီးမား ဓါတ်ပေါင်းဖိုကိစ္စ အင်္ဂလန်နိုင်ငံအမြင် အပြည့်အစုံဘာသာပြန် (မောင်မောင်လှကြိုင်)...

Situation at Fukushima nuclear plant
( email မှတဆင့်ပေးပို့ သူ ကိုလှစိုး အားကျေးဇူးအထူးပါ )

...ဖူကူရှီးမား အမှတ်-၁ (Fukushima daiichi) နူကလီးယား ဓါတ်ပေါင်းဖို မီးလောင်ပေါက်ကွဲမှု အခြေအနေအားသုံးသပ်တင်ပြခြင်း...


ငလျင်နှင့် ဆူနာမီဒါဏ်မခံရခင်က ဖူကူရှီးမား နူကလီးယား လျှပ်စစ်ဓါတ်အားထုတ်စက်ရုံ

မတ်လ ၁၁ ရက်နေ့ မှာ ဂျပန်နိုင်ငံ တနိုင်ငံလုံး (အထူးသဖြင့် အရှေ့၊မြောက် နှင့် အရှေ့မြောက်ခြမ်း) တုန်ခါသွားစေသည့် ပြင်းအား မဂ္ဂနီကျူ (magnitude) 9 ရှိသော Tohoku ငလျင်ကြီးကြောင့် ၄ထပ် အဆောက်အအုံအမြင့်လောက်ကြီးများသည့် ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်ပြီး အရှေ့ဖက် ကန်းရိုးတန်းတလျှောက်အား ကြီးမားလှသော ပျက်ဆီးဆုံးရှုံးမှုများ၊ အသေအပျောက်များဖြစ်ခဲ့သည်။ ထိုအပျက်အစီး အသေအပျောက်များအပေါ်မှာ ထပ်ဆင့်၍ စိုးရိမ်ပူပန်စရာနောက်ဆက်တွဲမှာ တိုကျို လျှပ်စစ်စွမ်းအားထုတ်လုပ်ရေး ကုမ္ပဏီ (Tokyo electric power company, TEPCO) ပိုင် ဖူကူရှီးမားဒေသ ရှိ နူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံ အမှတ်-၁ မီးလောင်ပျက်စီးကာ ရေဒီယို သတ္တိကြွရောင်ခြည်များ ထုတ်လွှင့်လာသည့်အန္တရယ်ကြီးဖြစ်လေသည်။ အားလုံးသိထားကြသည်မှာ နူကလီးယားရောင်ခြည်ဆိုသည်မှာအန္တရယ်ကြီးမားသည်၊ အဝေးကိုပျံ့လွင့်လာနိုင်သည်၊ထို့ကြောင့် ဝေးနိုင်သမျှဝေးဝေးကိုပြေးတာကောင်းသည် ဆိုတာပဲဖြစ်သည်။ ထိုစိုးရိမ်ပူပန်မှုနှင့် အဝေးသို့ ရှောင်ပြေးခြင်း တို့မှာ မမှားယွင်းသော်လည်း လိုတာထက်ပိုသော ထိတ်လန့်ကြောက်ရွံ့မှုများ၊ အလောသုံးဆယ် ပြုလုပ်မှုများသည် မလိုလားအပ်သော နောက်ဆက်တွဲများ ကိုဖြစ်စေနိုင်သဖြင့် မြန်မာနိုင်ငံသားများ အနေနှင့် ထိုဆိုးကျိုးများကို ရှောင်လွှားနိုင်ရန်အချိန်နှင့်တပြေးညီထုတ်ပြန်နေသော မှန်ကန်သောအချက်အလက်များ၊ နည်းပညာဆိုင်ရာ ရှုထောင့်မှ အမြင်များကို တတ်စွမ်းသရွေ့ စုစည်း တင်ပြပါသည်။ 

Thursday 17 March 2011

...ဂျပန်မှာ ရေဒီယို ဓာတ်သတ္တိကြွရောင်ခြည် အန္တရာယ် ပိုကြီးမားလာနိုင်...


ဂျပန်နိုင်ငံမှာ လောင်ကျွမ်းနေတဲ့ နျူကလီးယားစက်ရုံက ထွက်လာမယ့် ရေဒီယို ဓာတ်သတ္တိကြွမှု အဆင့်တွေက အလွန်ပြင်းထန်လိမ့်မယ်လို့ အမေရိကန် နျူကလီးယားရေး ကျွမ်းကျင်သူတွေက ပြောနေကြပါတယ်။

...တိုကျိုရှိ နိုင်ငံခြားသားများ ဘေးလွတ်ရာ စတင်တိမ်းရှောင်...


ဂျပန်နိုင်ငံမှာ နျူကလီးယား အကျပ်အတည်း ဆိုးဝါးလာပေမဲ့ နျူကလီးယား အန္တရာယ် ရှိတယ်လို့ သတ်မှတ်ထားတဲ့ ဇုန်အပြင်ဘက် ကင်းလွတ်ဇုန်တွေထဲမှာ ရှိနေသူတွေ အတွက်တော့ ရေဒီယို သတ္တိကြွမှု အန္တရာယ် မရှိပါဘူးလို့ ဂျပန်အစိုးရကတော့ အာမခံနေပါတယ်။ ဒါပေမဲ့..............

...ဂျပန် နျူကလီးယား ဓာတ်ရောင်ခြည် ပြဿနာ ပိုဆိုး...


ဂျပန်နိုင်ငံက ငလျင်ဒဏ်ခံခဲ့ရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံက ပြဿနာတွေဟာ ပိုမို ကြီးထွားလာနေပါတယ်။
ဖူကူရှီးမား ဓာတ်အားပေး စက်ရုံက ပျက်စီးသွားတဲ့ အမှတ် ၃ ဓာတ်ပေါင်းဖိုမှာ အပူချိန် မြင့်တက်လာနေတာကို လျှော့ချဖို့နဲ့ ...........

...Japan radiation health risks ...

...Race to save lives in Japan...

...Baby born in quake-devastated Japan ...

... ဒီနေ့  လစ်ဗျား က အခြေအနေ...

...ပြင်သစ် နှင့် အာရပ် နိုင်ငံများက လစ်ဗျား ကို ၀င်တိုက်တော့မည်...

France: Arab States Ready to Use Force in Libya
ကဒ်ါဖီ ရဲ့ တပ် တွေ က လစ်ဗျား ဒီမိုကရေစီ လိုလားသူတွေ ရဲ့ နောက်
ဆုံးခံတပ် မြို့ ဖြစ်တဲ့ ဘန်ဂါဇီ မြို့ ကို သိမ်းပိုက် ဖို့ ချီတက် လာချိန်မှာ အာရပ်လိဂ်
နဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင် ရွက်မှု နိုင်ငံများ အဖွဲ့ က လစ်ဗျား နိုင်ငံ ကို
ဝင်ရောက် တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့  ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက

...အထီးကျန် ဗိုလ်ချုပ်များ မြန်မာ ကို ကမ္ဘာ နှင့် အဆက် အသွယ် ဖြတ်...


                 ကောင်း ကင် အင်တာနက် မဂ္ဂဇင်းမှ ကာတွန်း
ဟိန်းခိုင်ထွန်း၊              ၊မြန်မာ နိုင်ငံ တွင်း ရှိ ပြည်သူများ နိုင်ငံ တကာ သို့ ဆက် သွယ် မှု ပြု
ရာတွင် အရေး ပါသည့်အင်တာနက် ဆက်သွယ်ရေး ၀န်ဆောင် မှု များ ဖြစ်သော Skype , Gtalk , Pfingo, VZO  စသည့် ၀န်ဆောင် မှု များ သည် မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း၏၀င်ငွေကိုထိခိုက်စေသောကြောင့် ကြီးကြပ် ကွပ် ကဲ ဆောင် ရွက် သွား မည် ဖြစ်ပြီး ဥပဒေ နှင့် အညီ လည်း အရေးယူမည် ဟု သတိပေး ပြောကြားထားသည်။ 

...လာနီညာကြောင့် မြန်မာရာသီဥတု ဖောက်ပြန်...

မြန်မာနိုင်ငံမှာ ဒီရက်ပိုင်းတွေအတွင်း ပုံမှန်မဟုတ်တဲ့ ရာသီဥတု ဖောက်ပြန်မှုတွေ ဖြစ်နေပါတယ်။ နိုင်ငံရဲ့ နေရာတော်တော်များများမှာ မိုးများ စိုစွတ်ပြီး အုံ့မှိုင်းတဲ့ ရာသီဥတုအပြင် အေးတဲ့ဒဏ်တွေကိုပါ ကြုံနေကြရပါတယ်။

...ဂျပန် နျူကလီးယား ဓာတ်ရောင်ခြည် ပြဿနာ ပိုဆိုး...

 ဗုဒ္ဓဟူး, 16 မတ် 2011

ဂျပန်နိုင်ငံက ငလျင်ဒဏ်ခံခဲ့ရတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံက ပြဿနာတွေဟာ ပိုမို ကြီးထွားလာနေပါတယ်။
ဖူကူရှီးမား ဓာတ်အားပေး စက်ရုံက ပျက်စီးသွားတဲ့ အမှတ် ၃ ဓာတ်ပေါင်းဖိုမှာ အပူချိန် မြင့်တက်လာနေတာကို လျှော့ချဖို့နဲ့ စက်ရုံထဲက နျူကလီးယား လောင်စာချောင်းတွေ ပျော်ကျ လောင်ကျွမ်းမှာကို တားဆီးနိုင်ဖို့အတွက် အပူတပြင်း ကြိုးပမ်းတဲ့ အနေနဲ့ ရေတွေသွင်းပေးဖို့ ရဟတ်ယာဉ်တွေနဲ့ ကြိုးပမ်းနေကြတာကိုလည်း နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြသခဲ့ပါတယ်။

...ဖူကူရှီးမား နျူကလီးယား ဓာတ်ပေါင်းဖို မီးလောင်မှု ထပ်ဖြစ်...

ဂျပန်နိုင်ငံမှာ ငလျင်ဒဏ်ခံရလို့ ပျက်စီးခဲ့ပြီးဖြစ်တဲ့ ဖူကူရှီးမားက နျူကလီးယားစက်ရုံ ဓာတ်ပေါင်းဖိုမှာ မီးလောင်မှုအသစ် ဖြစ်ပွားခဲ့ပါတယ်။ မီးက ဓာတ်ပေါင်းဖို နံပါတ် ၄ မှာ ဗုဒ္ဓဟူးနေ့ မနက်စောစောက စခဲ့တာပါလို့ စက်ရုံကိုလည်တဲ့ တိုကျို လျှပ်စစ်ဓာတ်အား ကုမ္ပဏီက ပြောပါတယ်။ ကနဦး မီးကိုတော့ ငြှိမ်းသတ်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

...ငလျင်အခြေအနေမှာ Information အတွက် အကောင်းဆုံး ကြိုးစားနိုင်တဲ့ Japan...

ငလျင်အခြေအနေမှာ Information အတွက် အကောင်းဆုံး ကြိုးစားနိုင်တဲ့ Japan လို့ ဒီ post ကို အမည်ပေးထားပါတယ်။ လက်ရှိအခြေအနေမှာ ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရုံးမှုတွေနဲ့ လူအသေအပျောက်များ တစ်သောင်းနီးပါးဖြစ်နေပါတယ်။ ဒီလို အခြေအနေမျိုးမှာ Information အတွက် ပိတ်မထားပါဖူး လုံးဝဖွင်ပေးထားပါတယ်။ အင်တာနက်ကို ဝါယာလက်စ်နဲ့ Free သုံးခွင့်နှင့် နိုင်ငံတကာသို့ ဂျပန်နိုင်ငံမှ Free ခေါ်ဆိုနိုင်ပါတယ်။ ဂျပန်ရောက် နိုင်ငံခြားသားများနှင့် နိုင်ငံတကာမှ မိတ်ဆွေများအတွက် ဂျပန်ရဲ့ ဝန်ဆောင်မှုတွေကို ဖော်ပြပေးလိုက်ပါတယ်။

...ဒုတိယအကြိမ် Fukushima နုကလီးယား ဓါက်ပေါင်းဖိုပေါက်ကွဲမှု့ သတင်း...


ဂျပန်နိုင်ငံ Fukushima နယူကလီးယား  ဓါတ်ပေါင်းဖို အမှတ်(၃)စက်ရုံမှာ ဆုနာမိ ဒီလှိုင်းဒဏ်ကြောင့် အအေးပေး စနစ်တွေ ပျက်စီးသွားတဲ့အတွက် ယနေ့ နေခင်းလောက်မှာ ထပ်မှန်ပြီး နောက်ထပ် ပေါက်ကွဲမှု တခု ဖြစ်ပွါးခဲ့ကြောင်းကို သတင်းဌာနမျာမှ ပြသသွားပါသည်။ 

...ဂျပန်ဆူနာမီရဲ့ နောက်ဆက်တွဲတွေ(ဝေဖန်သုးံသပ်ရန်)...

 ဂျပန်နိုင်ငံ၊ Miyagi Prefacture မှာရှိတဲ့ Fukushima Power Plant ရဲ့ ဒုတိယ Radiation Reactor ဟာ မနေ့ည (၁၄-၃-၂၀၁၁)ည က ထပ်ပြီးပေါက်ကွဲ သွားပြန် ပါတယ်။ အခြေအနေတွေကတော့ ထိန်းမနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး တိုကျိုမြို့ရဲ့မြောက်ဖက်ဒေသတွေမှာ ရေဒီယိုသတ္တိကြွမှု level တွေ မြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒီကနေ့ (၁၅-၃-၂၀၁၁)ရက်နေ့ မနက် အစောကြီးသတင်းတွေမှာ ကြေငြာသွားခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မနေ့ညကဘဲ ဂျပန်နိုင်ငံ၊ အနုမြူထိန်းသိမ်းရေးအေဂျင်စီဧဂျင်စီအကြီးအကဲက နိုင်ငံတကာအနုမြူ ဧဂျင်စီအဖွဲ့ IAEA  နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ကျွမ်းကျင်မှု အကူအညီ တွေပေးဖို့ တရားဝင် တောင်းဆိုကြောင်း ကြေငြာသွားပြန်ပါတယ်။ 

...Please relay to all LDB members...

Please relay to all LDB members.
မတ်လ ၁၅ ရက် မနက် ၁၁း၀၀ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအို့တိုခန်း က ပြည်သူပြည်သားများထံအသိ ပေးမိန့်ခွန်းပြောခဲ့ပါတယ်။
မနက်စောစောပိုင်းတွင်ပေါက်ခဲ့သော  ဖူကူရှီးမားဓာတ်အားထုတ်စက်ရုံ အမှတ် ၁ က နံပတ် ၂ ညူကလီယားဓာတ်ပေါင်းဖိုအဖြစ်အပျက်ကြောင့် ရေဒီယိုသတ္တိကြွမှုဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက် နိုင်တဲ့အဆင့်အထိဖြစ်လာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ ဒီအချက်ကို အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို ကလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။
ဒီအတောအတွင်း နံပတ် ၄ ညူကလီယားဓာတ်ပေါင်းဖိုမှာ မီးလောင်မှုဖြစ်ပွားတယ်လို့လည်း တီဘီအက်စ် ရေဒီယိုမှာ နေ့လယ် ၁၂ နာရီလောက်က ကြေညာသွားပါတယ်။ ၀န်ကြီးချုပ်ခန်း ကလည်း အဲဒီလိုပဲ ပြော ပါတယ်။ ဖူကူရှီမားစက်ရုံကနေ အချင်းဝက် ကီလို ၂၀ မီတာအတွင်းရှိပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့ပြီ ဆိုတာနဲ့ အချင်းဝက်ကီလိုမီတာ ၃၀ အတွင်းမှာရှိတဲ့သူတွေအနေနဲ့ နေအိမ်တွင်း ရုံးအဆောက်အဦတွင်း မှာနေကြဖို့ သတိပေးထားပါတယ်။
ရုပ်မြင်သံကြားအစီအစဉ်တွေထဲမှာလည်း အဲဒီဧရိယာပတ်ဝန်းကျင်ကလူတွေအနေနဲ့ အိမ်အပြင်ဘက်ကို တတ်နိုင်သမျှမထွက်ကြဖို့နဲ့ ထွက်ရလို့ရှိရင်လည်း အပေါ်ကအ၀တ်အစားကိုချွတ်ပါ အပြင်မှာသန့်စင်ပြီး ထားခဲ့ဖို့အကြံပေးပါတယ်။
ကျနော့်အနေနဲ့အကြံပေးလိုတာက တိုကျိုနဲ့ ဖူကူရှီမားက ကီလိုမီတာ ၂၅၀ လောက်ဝေးပေမဲ့ သတိ ဆိုတာပိုတယ်မရှိပါ။ ရေဒီယိုသတ္တိကြွမှုဆိုတာ မျက်စိနဲ့မြင်ရတဲ့အရာမဟုတ်တဲ့အတွက် မမြင်ရတဲ့အရာက ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။ မြင်ရတဲ့အရာက အန္တရာယ်မခံရအောင် တတ်နိုင်သမျှ ရှောင်တိမ်း လို့ရပါတယ်။
ကျော်ကျော်စိုး
၁၂း၅၀ နာရီ
မတ်လ ၁၅ ရက်။ ၂၀၁၁ ခုနှစ်
( From Email )

...Please Relay this message to all LDB members....


Please Relay this message to all LDB members.
လျှပ်စစ်ပြတ်သွားရင် ရေကို စုပ်တင်နိုင်တာမလုပ်နိုင်တာကြောင့် ရေပြတ်သွားနိုင်ပါတယ်။
အိမ်မှာရှိတဲ့ ရေချိုးကန်ထဲမှာ ရေအပြည့်ထည့်ထားပါ။ သောက်ရေဘူးတွေပြင်ဆင်ထားပါ။
အိမ်မှာ စားစရာအခြောက်အခြမ်းတွေ အသင့်ဝယ်ထားပါ။ (အရေးပေါ်လျှင် အသင့်ဖောက်စားနိုင်ရန်)
 
ကျောပိုးအိတ်တလုံးထဲမှာ ရေဘူး။ အသင့်စားနိုင်တဲ့စားစရာအခြောက်များ။ အ၀တ်ပိုတစုံ။ လက်အိပ်။ ဦးထုပ်။ ၀ီစီ။ ဓာတ်ခဲ။ လက်နှိပ်ဓာတ်မီး။ မိုဘိုင်းတယ်လီဖုန်း(ဓာတ်အားဖြည့်ထားပါ)။ ဘောလ်ပင်။ မှတ်စုစာအုပ်။ ဓာတ်ခဲရေဒီယို။ ပိုက်ဆံ။ နိုင်ငံခြားသားကဒ်။ နေထိုင်ခွင့်အသိအမှတ်ပြုလက်မှတ်။ ဒုက သည်အသိအမှတ်ပြုလက်မှတ်။ ဘဏ်ကဒ်။ ကလေးရှိသူများ ကလေးမွေးစာရင်း။ ကျောင်းတက်နေ သူများ ကျောင်းသားကဒ်။ နာရီ။ -------
အခုလောလောဆယ်မှာ ကျောပိုးအိတ်ကို ကိုယ်သွားလေရာ တပါတည်းအမြဲယူသွားပါ။ ဆိုလိုတာက ကိုယ်နဲ့မကွာအမြဲရှိနေရမယ်ဆိုတာပါပဲ။

Best Regards,
Kyaw Kyaw Soe
( From Email )

...ဂျပန်နိုင်ငံရှိမြန်မာများအတွက်...

၃-လပိုင်း ၁၁-ရက်နေ့ကလူပ်သွားတဲ့ ငလျင်ပြင်းအား (၉)အဆင့်ရှိသည့် ငလျင်သည့် ၁၃-ရက်နေ့မှ ၁၆-ရက်နေ့အတွင်း ထပ်မံလူပ်နိုင်ဖွယ် ၇၀-ရာခိုင်နုံန်းရှိသည်။ ၁၆-ရက်ကျော်လျှင် ၅၀-ရာခိုင်နူံန်းရှိသည်ဟု ဂျပန်သတင်းဌာနက ကြေညာထားပါသည်။

...နောက်တကြိမ် ဂျပန်ငလျင်ကြီးလှုပ်ခတ်သွားနိုင်ကြောင်းကြေညာ...

(၃)ရက် အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်သွားနိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သ ဌာန ငလျင် ပညာရှင်များမှ ထုတ်ပြန် ကြေငြာသွားပါတယ်။ ငလျင်ဖြစ်ပေါ်ရန် ၇၀% ဟု တရားဝင် ထုတ်ဖေါ် ပြောကြားသွားပြီး လက်ရှိ ခန့်မှန်း ထားကတော့ ယခင် ငလျင်လှုပ်ခတ်သွားသော ဧရိယာ အတွင်းမှာ ဗဟိုပြုပြီး ဖြစ်ပေါ်လာမယ် အနည်းဆုံး အင်အား M 7.0 ကျော် ဖြစ်နိုင်ကြောင်း ပြောကြားသွားပါတယ်။

...EU aid commissioner visits refugee camp...

ဥရောပသမဂ္ဂရဲ့ လူသားချင်းစာနာမှု ကူညီပေးရေးဆိုင်ရာ မဟာမင်းကြီး ခရစ်တာလီနာ ဂေါ်ဂျီဗာဟာ ထိုင်းမြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းအပါအ၀င် မြန်မာနိုင်ငံက ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ မေးမြန်းပြီး မတ်လ ၁၄ ရက်နေ့မှာတော့ ဗန်ကောက်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
( RFA VIDEO NEWS )

...Burma's Next Uprising can be anytime, said U Win Tin (part-1)...

...Burma's Next Uprising can be anytime, said U Win Tin (part-2 )...

...Burma's Human rights day...

...ဂျပန်နိုင်ငံက စူနာမိ...