Tuesday 31 May 2011

...တစ်လနှစ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့အပြင်ဖက် ခရီးထွက်ရန် အစီအစဉ်ရှိနေ၊ သူမ၏ လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ (Some Photos Included) ...

မေလ ၁၉ ရက်နေ့က အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းက ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် လာရောက် သတင်းယူသော ပြည်တွင်း သတင်းထောက်များကို သူမသည် လာမည့် တစ်လ နှစ်လအတွင်း ရန်ကုန်မြို့အပြင်ဖက်သို့ ခရီးထွက်ရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။

...မန်မိုရီစတစ်ပင် အသုံးမပြုရတော့ စသော တင်းကြပ်လွန်းသော စည်းကမ်းများကို မလိုက်နာလျှင် လိုင်စင်ပိတ်သိမ်းမည်ဟု အင်တာနက်ဆိုင်များကို အမိန့်ထုတ်ပြန်...


အများပြည်သူ အသုံးပြုရန် ဖွင့်လှစ်ထားသော အင်တာနက်ကဖေးများတွင် ...................

Monday 30 May 2011

...ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်...

ဗွီအိုအေပရိသတ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဒီသီတင်းပတ် အမေးအဖြေ အစီအစဉ်ထဲမှာ စင်္ကာပူရောက် မြန်မာပြည်သားတွေ နှစ်ထပ်ကွမ်း အခွန်ဆောင်နေရတာနဲ့ ပတ်သက်တဲ့ မေးခွန်း၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအကြောင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံတခုရဲ့ ..........................

...သမ္မတ ဦးသိန်းစိန်နဲ့ တရုတ်သမ္မတ ဟူကျင်တောင်း တွေ့ဆုံ...

နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တွေ့ရသည့် မြန်မာသမ္မတ ဦးသိန်းစိန်(၀ဲ) နှင့် တရုတ်သမ္မတ ဟူကျင်တောင်း။ 
နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် တွေ့ရသည့် မြန်မာသမ္မတ ဦးသိန်းစိန်(၀ဲ) နှင့် တရုတ်သမ္မတ ဟူကျင်တောင်း။
ဓာတ်ပုံ ASSOCIATED PRESS

တရုတ်နိုင်ငံဟာ ယုံကြည် စိတ်ချရပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အားထားရတဲ့ အိမ်နီးချင်းကောင်း ဖြစ်တယ်လို့ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားဘောင် (Wen Jiabao) နဲ့ တွေ့ဆုံရာမှာ မြန်မာသမ္မတသစ် ဦးသိန်းစိန်က ပြောဆိုလိုက်တယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြား ဌာနတွေက သတင်းထုတ်ပြန်ကြပါတယ်။

...Burma Soldier မြန်မာစစ်သား မှတ်တမ်းရုပ်ရှင်ကား...

Friday 20 May 2011

... (VOA) တီဗွီမဂ္ဂဇင်း...

           

Tuesday 3 May 2011

...ဒီမိုကရေစီနဲ့ အစ္စလာမ်မစ်ကမ္ဘာ... ( လာရီဒိုင်းမွန်း )

၁၉၉ဝနှစ်ကာလတွေမှာ ဒီမိုက ရေစီလှိုင်း တစ်ကမ္ဘာလုံးကို ရိုက်ခတ် တော့ အာဏာပိုင်မင်းတွေ အုပ်ချုပ် နေတဲ့ အစ္စလာမ်မစ် ကမ္ဘာကြီးက မလှုပ်မရှား ငြိမ်သက်နေခဲ့ ပါတယ်။ဒါကြောင့် ကမ္ဘာ့ပညာကျော်တွေက အံ့အားသင့်ခဲ့ကြပြီး အဲဒီဒေသကြီးက ခြွင်းချက် အဖြစ် သတ်မှတ်ခဲ့ကြပါတယ်။

...Nano Technology အကြောင်းတစေ့တစောင်း...


၂၁ ရာစု ကမ္ဘာ့နည်းပညာလောကမှာ နျူကလီးယား နည်းပညာနဲ့ အပြိုင် နာမည်ကြီးလာတဲ့ နည်းပညာ ဆန်းတခု ကတော့ နာနိုနည်းပညာ (Nanotechnology) ပဲ ဖြစ်ပါတယ်။ ဒီနည်းပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပတ်သက်ပြီး၊ ကမ္ဘာ့ကြီးနိုင်ငံတွေမှာ အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာကြပါတယ်။ Venture Capital Investor ဖြစ်တဲ့ Steve Jurvetson က နာနိုနည်းပညာဟာ စက်မှုတော်လှန်ရေးလှိုင်းလုံးတခု ဖြစ်လာနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆို လာခဲ့ပါတယ်။


နာနိုနည်းပညာ ဆိုရာဝယ်..................

...ဘင်လာဒင် အမေရိကန် အသေဖမ်းဆီးရမိ...

၁၉၉၈ ခုနှစ်က အာဖဂနစ္စတန်နိုင်ငံ တနေရာမှ အိုစမာ ဘင်လာဒင် မိန့်ခွန်းပြောကြားစဉ်။
ဓာတ်ပုံ AP
၁၉၉၈ ခုနှစ်က အာဖဂနစ္စတန်နိုင်ငံ တနေရာမှ အိုစမာ ဘင်လာဒင် မိန့်ခွန်းပြောကြားစဉ်။

ကမ္ဘာပေါ်မှာ အလိုအရှိဆုံး အကြမ်းဖက်သမား အယ်လ်ခိုင်းဒါး (al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama bin Laden) သေဆုံးသွားပြီလို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ကြေညာလိုက်ပါတယ်။

...ဘင်လာဒင် သေပြီးနောက် အမေရိကန် လုံခြုံရေး သတိပေး...

အယ်လ်ခိုင်းဒါး (Al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးသွားပေမဲ့ အယ်လ်ခိုင်းဒါး အဖွဲ့နဲ့ အလားတူ အကြမ်းဖက် အဖွဲ့တွေအပေါ် ချေမှုန်းမှုတွေကတော့ ရပ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

...ပြန်လည်ထူထောင်ရေး ဂျပန်လွှတ်တော် ဒေါ်လာ ၄၉ ဘီလီယံ သုံးမည်...

ဂျပန်နိုင်ငံမှာ ငလျင်နဲ့ ဆူနာမီကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည် တည်ဆောက်ရေးအတွက် အရေးပေါ်ဘဏ္ဍာ ဒေါ်လာ ၄၉ ဘီလီယံ သုံးစွဲဖို့ ဂျပန်လွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။
အခြေခံ အဆေက်အအုံတွေ ပြန်လည်တည်ဆောက်ရေး၊ ဒုက္ခသည်တွေအတွက် ယာယီနေအိမ်တွေ ဆောက်လုပ်ရေးနဲ့ အပျက်အစီးတွေကို ရှင်းလင်းရေးအတွက် ဘဏ္ဍာငွေကို သုံးစွဲမှာ ဖြစ်ပါတယ်။

...မြန်မာနိုင်ငံတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးများလာ...

ဒီနှစ်ထဲ မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၂ ဆကျော် မြင့်တက်လာတယ်ဆိုတဲ့ အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စီးပွားရေး ပညာရှင်တချို့က သူတို့ရဲ့ အမြင်တွေကို ပြောပြပါတယ်။ 

...ဂြိုဟ်တုဆက်သွယ်ရေး အရှိန်မြှင့်ဖို့ မြန်မာအစိုးရ ပြင်ဆင်...

ဆက်သွယ်ရေးဂြိုဟ်တု လွှတ်တင်နိုင်ရေး ကြိုးပမ်းဖို့အတွက် ဗဟိုကော်မတီနဲ့ လုပ်ငန်းအဖွဲ့တို့ကို မြန်မာအာဏာပိုင်တွေက ဖွဲ့စည်းလိုက်ပါတယ်။ ၅ ဦးပါ ဗဟိုကော်မတီကိုတော့ ပို့ဆောင်ရေးနဲ့ စာတိုက်၊ ကြေးနန်းနဲ့ ဆက်သွယ်ရေးဝန်ကြီး အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းထွန်းက ဦးဆောင်မှာဖြစ်ပြီး ၇ ဦးပါ လုပ်ငန်းအဖွဲ့ကိုတော့ ကာကွယ်ရေး ၀န်ကြီးဌာန ဆက်သွယ်ရေး ညွှန်ကြားရေးမှူးလည်းဖြစ်၊ ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ် ကျော်ညွန့်က ဦးဆောင်မှာ ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ ကိုးကား ဖော်ပြထားပါတယ်။