Thursday 29 September 2011

...သမထဝိပဿနာ နည်းနှစ်ဖြာဖြင့် တရားရှုမှတ်ခြင်းသည် ကိုယ်စိတ်ဒုက္ခ ခံစားရမှု့ များလျော့ပါးစေသည်...

Wake Forest တက္ကသိုလ်မှ သုတေသီတစ်စုသည် သမထနှင့် ၀ိပဿနာ နည်းနှစ်မျိုးဖြင့် တရား ရှုမှတ်၍ မခံရပ်နိုင်သော (သို့) ပြင်းထန်သော ဝေဒနာခံစားရမှု တို့အား လျော့ကျစေမှုကို ဦး နှောက်တွင်း ပုံရိပ်ဖော်စက် စကင် နာသုံးကာ စူးစမ်းလေ့လာခဲ့ကြ သည်။....................

Wednesday 28 September 2011

...လက်ရှိ NLD လမ်းစဉ် တရားသေမဟုတ်...

            NLD တည်ထောင်သည့် ၂၃ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်   အမှာစကား ပြောကြားနေစဉ်။ ဓာတ်ပုံ ASSOCIATED PRESS 

စက်တင်ဘာ ၂၇၊ ၂၀၁၁။
တွေ့ဆုံဆွေးနွေးရေးနဲ့ အကြမ်းမဖက်ရေး လမ်းစဉ်တွေဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ မူတွေဖြစ်ပြီး ဒီမူတွေပေါ်မှာ အခိုင်အမာ ရပ်တည်ပြီးတော့ ပြောင်းသာပြင်သာရှိတဲ့ အနေအထားနဲ့ ဆက်လုပ်သွားမယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ 

...ရွှေဝါရောင်နှစ်ပတ်လည် ချီတက်ဆုတောင်းပွဲ...

           

Monday 26 September 2011

...ဗြိတိန် Chatham House ၂၀၁၁ ဆု ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာရေးရာတွေမှာ ထင်ရှားတဲ့ အသင်းကြီးတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံက Chatham House က ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်ပါတယ်။.........

Friday 23 September 2011

...မြန်မာ့နိုင်ငံရေး ဒေါ်စု အပြုသဘော ရှုမြင်...


အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်တဲ့နေရာမှာ အပြန်အလှန် အပေးအယူ ညှိနှိုင်းရတာမို့ အလွန်ခက်ခဲသိမ်မွေ့ပြီး သိပ်မကြာခင်မှာတော့ မြန်မာနိုင်ငံ အခြေအနေဟာ အပြောင်းအလဲတွေ မြင်ရနိုင်တယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မနေ့က နယူးယောက်မှာ ကျင်းပတဲ့ Clinton Global Initiative နှစ်ပတ်လည်....................

Thursday 22 September 2011

...CGI ညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် စကားပြော...


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် သမ္မတဟောင်း ဘေလ် ကလင်တန် (Bill Clinton) ထူထောင်ထားတဲ့ Clinton Global Initiative ရဲ့ နှစ်ပတ်လည် ညီလာခံမှာ ရန်ကုန်မြို့ကနေ တိုက်ရိုက် စကားပြောကြားခဲ့ပါတယ်။

...ဧရာဝတီမြစ်ကိုအခြေခံ၍ပြည်ထောင်စုညီညွတ်ရေးဆောင်ရွက်ရန်ဒေါ်အောင်ဆန်းစုကြည်ပြောကြား...


“ဧရာဝတီကို ကယ်တင်ပါ” အမည်ရှိ အနုပညာရှင်များ၏ ပြပွဲ ဖွင့်ပွဲသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုခဲ့စဉ် ဧရာဝတီမြစ်ကို အခြေခံ၍ ပြည်ထောင်စု ညီညွတ်ရေးဆောင်ရွက်နိုင်ရန် ဆုတောင်းပေးခဲ့ကြောင်း သိရသည်။

News_Save_The_Irrawaddy_Sep__22__2011Yan_Pai
“ဧရာဝတီကို ကယ်တင်ပါ” အနုပညာပြပွဲသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ကြည့်ရှုစဉ် (ဓာတ်ပုံ - NLD facebook)
ရန်ကုန်တိုင်း ဒဂုံမြို့နယ် ယောမင်းကြီးလမ်း ရှိ Gallery 65 တွင် ယနေ့နံနက်က ဖွင့်လှစ်ခဲ့သည့် အဆိုပါပြပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က “ဧရာဝတီ မြစ်ကြီး တည်တံ့ရေးကို အားလုံးက စုစုစည်းစည်း လုပ်မယ်ဆိုရင် ညီညွတ်ရေး အတွက်လည်း ဖြစ်တယ်။ အားလုံး ယုံကြည်တဲ့ ကိစ္စတခုကို အခြေခံပြီး ညီညွတ်မှုယူနိုင်ရင် တဖြည်းဖြည်းနဲ့ ညီညွတ်ရေး ပိုဖြစ်လာနိုင်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း အဆိုပါ ပြပွဲသို့ သွားရောက်ခဲ့သည့် စာနယ်ဇင်း သမားတဦးက ဆိုသည်။.......................................

Monday 19 September 2011

...မြန်မာပြည်သွားမည့်ကားများ ရေတိမ်နစ် ...

တပတ်ရစ်ကား တင်သွင်းမှုကို မြ၀တီနယ်စပ်တွင် ပိတ်ပင်ထားသဖြင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ နယ်စပ်ကားဈေးတွင် စုဝေးနေရသော မော်တော်ယာဉ် အများအပြားသည် မကြာသေးမီက မြစ်ရေကြီးမှုဒဏ်ကို အပြင်းအထန် ခံလိုက်ရသည်။

Car_and_water_1
          သောင်တင်နေသော မော်တော်ယာဉ်များ ရေကြီးမှုဒဏ်ကို ခံခဲ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)

ယခုလ  ၁၁ ရက်နေ့က မိုးကြီးပြီးနောက်ပိုင်း မြ၀တီ နှင့် မဲဆောက်မြို့ကြားရှိ သောင်ရင်းမြစ်ရေ လျှံသဖြင့် မော်တော်ယာဉ် သုံးထောင်ဝန်းကျင်ရှိနေသော ကားဈေးအတွင်းသို့ ရေများ ၀င်ရောက်ခဲ့သည်။

...ဆန္ဒပြမယ့် သတင်းကြောင့် ရန်ကုန်ရှိ တရုတ်သံရုံး လုံခြုံရေး တင်းကျပ်...

မြန်မာနိုင်ငံမြောက်ဘက် ကချင်ပြည်နယ်ထဲမှာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ ကန့်ကွက် ဆန္ဒပြမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် ရန်ကုန်မြို့မှာရှိတဲ့ တရုတ်သံရုံးအနီး အာဏာပိုင်တွေက ဒီကနေ့ လုံခြုံရေးတွေ တိုးမြှင့် ချထားလိုက်ပါတယ်။ ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် ထုတ်လုပ်ရေး စီမံကိန်းနဲ့.................

Sunday 18 September 2011

...သက်ရှိမြစ် ဧရာဝတီ သီချင်းအက်ဆေး ၂၀၁၁ ( မြင့်မိုးအောင်စီစဉ်သည်)...

...ဗွီအိုအေနဲ့ နေပြည်တော် ဒီမိုကရေစီ...

           

...မြစ်ဆုံရေကာတာကိစ္စ လွှတ်တော်တင်မည်...

ဧရာဝတီမြစ်ပေါ်မှာတည်ဆောက်နေတဲ့ မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ဆက်ပြီး အကောင်ထည်ဖော်သင့် မဖော်သင့်ဆိုတာ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူသွားမယ်လို့ လျှပ်စစ်စွမ်းအင်ဝန်ကြီးက ပြောပါတယ်။ အကြီးဆုံး မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် တခြား ရေအားလျှပ်စစ်စီမံကိန်းတွေကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် .....................

...ဘင်္ဂလား မြန်မာ ရေပိုင်နက်ပြဿနာ နိုင်ငံတကာခုံရုံး ကြားနာ...

မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်အကြား ရေပိုင်နက်အငြင်းပွားမှု ဖြစ်နေတဲ့အမှုနဲ့ပတ်သက်လို့ ဂျာမဏီနိုင်ငံ ဟမ်ဘတ်မြို့က ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာတရားရုံးမှာ ကြားနာမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကတော့ ၁၉၇၄ ခုနှစ် နှစ်နိုင်ငံရေပိုင်နက်သတ်မှတ်မှု သဘောတူညီမှု ရရှိထားပြီးသားဖြစ်တယ်လို့ အခိုင်အမာပြောနေပေမဲ့လို့ မြန်မာဘက်ကတော့ ဒါဟာ မမှန်ကန်ဘဲ ဆွေးနွေးညှိနှိုင်းမှုအဆင့်တခုသာ ဖြစ်တယ်လို့ တရားရုံးမှာ.......................

Friday 16 September 2011

...မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ အခြေအနေ ရောက်ပြီ...

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC အချို့ ဒီမိုကရေစီနေ့ အခမ်းအနား တက်ရောက်နေစဉ်။
ဓာတ်ပုံ burmese.nldburma.org
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD CEC အချို့ ဒီမိုကရေစီနေ့ အခမ်းအနား တက်ရောက်နေစဉ်။ စက်တင်ဘာ ၁၅၊ ၂၀၁၁။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲ အလားအလာကို မြင်နေရပြီလို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ပထမဆုံး အကြိမ်အဖြစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှာ ဒီကနေ့ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို...........

...မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့...

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပသည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ။ စက်တင်ဘာ ၁၅၊ ၂၀၁၁။
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့ အထိမ်းအမှတ် အခြေအနေနဲ့ သတင်းမီဒီယာတွေကို ပထမဆုံး အကြိမ်အဖြစ်နဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ပြုတာနဲ့ ကြုံခဲ့ရတာပါ။ အရင်တုန်းကဆိုရင် အဲဒီကို တယ်လီဖုန်းတွေလည်း ယူခွင့်မပြုပါဘူး။ တယ်လီဖုန်းတွေ ယူလို့ရှိရင်လည်း ပိတ်ခိုင်းထားပါတယ်တဲ့။ ပြီးတော့ ၀င်သွားတဲ့သူတွေ အကုန်လုံးကိုလည်း စစ်ဆေးတာတွေ လုပ်တယ်၊ ပစ္စည်းတွေ ပါသွားရင် ကင်မရာတွေ ပြရတယ်။ ဒီနေ့ကတော့ ဘာမှလည်း ပြစရာ မလိုဘူး၊ တယ်လီဖုန်းလည်း ပိတ်စရာ မလိုဘူး။ အကုန်လုံးကို လွတ်လွတ်လပ်လပ် ယူခွင့်ပေးပါတယ်။

Saturday 10 September 2011

...ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ ပြန်လည် ဖော်ပြခွင့်ရ...

အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော် စာအုပ်မျက်နှာဖုံး။
                                      အောင်ဆန်းနော်၊ ဗိုလ်ချုပ်နော်၊ တေဇနော် စာအုပ်မျက်နှာဖုံး။
 
အများပြည်သူကြားထဲ နှစ်ပေါင်းများစွာ ပုံနှိပ်ဖြန့်ချိခွင့် မရခဲ့တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးပုံ ပါတဲ့ စာအုပ်တအုပ်ကို ဒီကနေ့ စက်တင်ဘာလ ၈ ရက်နေ့မှာ စတင် ဖြန့်ချိလိုက်ပါပြီ။ မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရေးသားထားတဲ့ စာအုပ်တအုပ်ထဲမှာ သမဂ္ဂ အဆောက်အဦးပုံကိုပါ ပုံနှိပ်ဖြန့်ချိခွင့် ရခဲ့တာပါ။ 

...မြန်မာ၊ ဘင်္ဂလား ရေပြင်ပိုက်နက် အငြင်းပွားမှု နိုင်ငံတကာခုံရုံး ကြားနာမှု စတင်...


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံအကြား သူပိုင်တယ်၊ ငါပိုင်တယ် အငြင်းပွားနေတဲ့ ဘင်္ဂလား ပင်လယ်အော် အတွင်းက ရေပိုင်နက် ပြဿနာကို ဂျာမဏီနိုင်ငံ ဟမ်းဘတ်ဂ်မြို့က ပင်လယ်ပြင် ဥပဒေဆိုင်ရာ နိုင်ငံတကာ တရားရုံး (ITLOS) မှာ မနေ့ကစပြီး ကြားနာစစ်ဆေးနေပါပြီ။

...အမေရိကန်အထူးကိုယ်စားလှယ် နေပြည်တော် ရောက်ရှိ...


အမေရိကန်ပြည်ထောင်စုရဲ့  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်ခ် မစ်ချဲလ် (Derek Mitchell) ဟာ ဒီကနေ့ပဲ မြန်မာနိုင်ငံကို ရောက်ရှိလာပြီး အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့သာမက ကျင်းပနေဆဲ လွှတ်တော်ထဲက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့ပါတယ်။ အစိုးရသစ်တက်လာပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် သွားရောက်ခဲ့တဲ့ ၅ ရက်ကြာ ခရီးစဉ်ရဲ့ ပထမနေ့အဖြစ် အခုလို တွေ့ဆုံခဲ့တာပါ။