Thursday, 13 August 2009

Saturday, 1 August 2009

ဗမာ့စောင်း...(၁၁)..ဇတ်သိမ်းပိုင်း...



Type rest of the post here

ဗမာ့စောင်း...(၁၀)



Type rest of the post here

ဗမာ့စောင်း...(၀၉)



Type rest of the post here

ဗမာ့စောင်း...(၀၈)



Type rest of the post here

ဗမာ့စောင်း...(၀၇)



Type rest of the post here

ဗမာ့စောင်း...(၀၆)



Type rest of the post here

ဗမာ့စောင်း...(၀၅)



Type rest of the post here

ဗမာ့စောင်း...(၀၄)



Type rest of the post here

ဗမာ့စောင်း...(၀၃)



Type rest of the post here

ဗမာ့စောင်း...(၀၂)



Type rest of the post here

ဗမာ့စောင်း...(ဒါရိုက်တာ-အိုင်ဝိုဂျီးမား)


ဗမာ့စောင်း(၀၁)...


ဒီဇတ်ကားဟာဂျပန်မြန်မာချစ်ကြည်ရေးဇာတ်ကား ဆိုရင်မှန်ပါတယ်။ စစ်အတွင်းက မြန်မာပြည်နဲ့ ဂျပန်စစ်သားတွေ အကြောင်း . အထူးသဖြင့် ဂီတကိုမြတ်နိုးလွန်းတဲ့ ဂျပန်တပ်စုလေးတစ်စုအကြောင်းဇာတ်အိမ်ဖွဲ့ထားတာပါ.
မြန်မာ့စောင်း (Biruma No Tategoto) ဇာတ်ကားပါ။ ဒီရုပ် ရှင် က..ဒုတိယ ကမ္ဘာစစ် အပြီး..စစ်ဆန့်ကျင်ရေး လှုပ်ရှား မူ တွေ ..အုံးအုံးကြွက် ကြွက် ဖြစ် နေတဲ့ အချိန် မှာ.. နံမယ်ကြီး ဂျပန် ဒါရိုက်တာ ကြီး အိုင်ချီကာဝါ က ဖန်တီး ခဲ့ပြီင်္း..၁၉၅၄ ခုနှစ် မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင် ထူးချွန် ဆု ကို ရရှိခဲ့ပါတယ်။
ဇာတ်လမ်း အကျဉ်းက..မကေသွယ်ရဲ့ blog က ကူးယူဖော်ပြတာပါ။
(ဗမာ့ စောင်း) ဇာတ်လမ်းအကျဉ်း...

ဒုတိယ ကမ္ဘာစစ် အတွင်း က..ဗမာ ပြည် မှာ တာဝန် ကျ တဲ့.. ဖျော်ဖြေ ရေး တပ်ခွဲ လေး တခု မှာ..ကြောရိုး တည် ထား တာပါ။ ထုံးစံ အတိုင်း..ဒီတပ် ခွဲက.. ဂျပန် တပ်သား တွေ..စိတ်ဓါတ် မကျ ရ အောင်.. စစ်သီချင်း တွေ အမျိုး မျိုး နဲ့ တာဝန် ယူ ဖျော်ဖြေ ရတယ်။ တပ် မှူးကိုယ် တိုင် က.. ဂျပန် ပြည်မှာ..သံစုံ တီး ၀ိုင်း ခေါင်းဆောင် ကနေ..စစ်ထဲကို ဆင့် ခေါ် ပါ လာ သူ။ အဲဒီ အထဲက.. တပ်သား လေး မစ်ဆူ အီ ဆို တာကလည်း..နဂို ထဲက..ဂီ တ ပါရမီ ထက်သန် သူ ဆိုတော့.. သူတို့ တပ်စခန်း ချ ရာ ကျေး ရွာ သား တွေ နဲ့..ရင်းနှီး ခင် မင် ရင်း..ဗမာ စောင်း ကို ..ခုံခုံ မင် မင် တီးခတ် လာ ခဲ့ တယ်။ ဒီ နေ ရာ မှာ..ဆရာ တင် မိုး ပြော ပြတဲ့.. သူငယ် စဉ်က.. ရွာမှာ..ဂျပန် စစ်သား တွေ နဲ့..ခင်မင်..ပြီး..တယော ထိုး လေ့ ရှိ ကြ တယ် ဆို တာ လေး ကို တောင်..သတိ ရ မိ တော့တယ်။
ဂျပန် တွေ စစ်ရှုံး ပြီး ..ဒုတိယ ကမ္ဘာ စစ် ကြီး ပြီး သွား ခဲ့ ပေမဲ့.. ကျဲ ပြန့် နေတဲ့..အဆက်အသွယ် မရ တဲ့..တပ်စု အတော် များ များ ကတော့..ဒီ သတင်း ကို မသိ ကြ ဘူး ။ ဒီ အထဲ မှာ..မစ်ဆူအီ တို့ ဖျော်ဖြေရေး တပ် ခွဲ လေး လည်း ပါ တာပေါ့။ နောက်တော့..အလွယ် တကူ ပဲ..အင်္ဂလိပ် ( မဟာ မိတ်) တွေ ဆီ လက်နက် ချ ပြီး.. စစ်စခန်း တခု မှာ..သုံ့ပန်း အဖြစ်..ဂျပန် ပြန်ဖို့ စောင့် နေ တဲ့ အချိန်... တောင်ကုန်း ကြီး တခု ပေါ် မှာ တပ် စွဲ ပြီး..ခံ ပစ် နေ တဲ့.. ဂျပန် တပ် စိတ် တခု ကို.. လက်နက် ချ ဖို့..သွား ပြော ဖို့.. တာဝန် ပေး တဲ့ အခါ..မစ်ဆူ အီ ကပဲ..တာဝန် ယူ လိုက် တယ်။

သူ တောင်ကုန်း ကြီး ပေါ် ကို တက် လာ ပြီး..စစ် ရှုံး နေပီ ဖြစ် ကြောင်း..လက်နက်ချ ဖို့ ပြော တဲ့ အခါ.. အပေါ်မှာ ရှိနေ တဲ့..တပ်စု ကြီး က ..လုံး ၀ လက်မ ခံ ပါဘူး။ ခက် တာက..သူ့မှာ..မိနစ် ၃၀ ပဲ အချိန် ရ တယ်။ ဒီဖက် မှာ လည်း..ဘယ်လို မှ ညှိ လို့ မရ။ သူ- ဒီလူ တွေကို အဓိပ္ပါယ် မဲ့ မသေ စေ ချင် ဘူး။ နောက်ဆုံး..အင်္ဂလိပ် တွေ ကို၊ သူ့ကို အချိန် ထပ်ပေး ဖို့..အချက် ပြ တာကို..အထင် လွဲ ပြီး..၀ိုင်းဝန်း ရိုက်နှက် ကြ လို့..သူ လည်း..ဂူ ထဲ မှာ မေ့မျော နေ တုန်း.. အချိန် စေ့လို့..ဒီတောင်ကုန်း ကြီး ကို မိုင်း ခွဲ ဖြို ခွင်း ခံ လိုက် ရ ပါတော့တယ်။ သူ သတိ ရ လာ တော့.. ပျံ့ကျဲ နေ တဲ့ အလောင်း တွေ။ သူ စခန်း ကို ပြန် မသွား တော့ဘူး။ နီးရာ ဘုန်းကြီး ကျောင်း တခု မှာ..သင်္ဃန်း ၀တ် အကူ အညီ တောင်း ပြီး .. သူ လျှောက် သွား ကြည့် တယ်။ နေ ရာ တိုင်း မှာ.. .စစ်ရှုံးခြင်း ..ဆုတ်ခွါ ခြင်းတွေ.. ရောဂါ တွေ .. အလောင်း တွေ.. ပင် လယ် ကမ်းစပ် တွေ မှာ လည်း..လှိုင်း ပုတ် လို့..အပုံ လိုက်..အထပ် လိုက်..ဂျပန် စစ်သား တွေ..အိမ်မပြန် နိုင် ကြ တော့ဘူး။ အဲဒီ အချိန် မှာ..သူ့နှလုံး သား ကို စေ့ ဆော် နေ တာက..ဒီ ခန္ဓာ ကိုယ် တွေ မှာ.. မိသားစု တွေ..ဘ၀ တွေ.. ဂုဏ်သိက္ခာ တွေ ရှိ ခဲ့ တယ်။ ဒီ လူတွေ ကို.. ဂုဏ် သိက္ခာ ရှိ ရှိ မြုပ် နှံ သဂြိုဟ် ပေး ရမယ်... ဗုဒ္ဓ ဘာသာ အရ.. ဘ၀ ကူး ကောင်း အောင်.. သရဏ ဂုံ တင် ပေး ရမယ်.. ဆို တဲ့ အသိ ပဲ။ တကယ် ကို..သူ လုပ် ခဲ့တယ်။ တယောက် တည်း.. ပေါက်တူး တလက် နဲ့..အလောင်း တွေ မြုပ် တယ်။ တနေ ရာ ပြီး တနေ ရာ လိုက်ရှာ တယ်။

အဲဒီ အချိန် မှာ..မစ်ဆူ အီ သေပီ လို့..ထင်ထား ကြ တဲ့...သုံ့ပန်းစခန်း ထဲ က..ဂျပန် တွေ ဆီ ကို... မစ်ဆူ အီ နဲ့တူ တဲ့..ဘုန်းကြီး တယောက် ရဲ့ သတင်း က.. ဒေသခံ..ဈေး သည် တွေ ဆီ က တဆင့် ရောက် လာခဲ့တယ်။ တပ်ရင်း မှူး က.. ကြက် တူ ရွေး လေး တကောင်ကို.. ` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့ သင်ပေး ပြီး.. အဲဒီ ဘုန်း ကြီး ဆီ ကို ရောက် အောင် ..ဈေး သည် တွေ က တဆင့် ပို့လိုက် တယ်။ ဒီ ရုပ်ရှင် ရဲ့..အထွတ် အထိပ်..ရင်ကို ဖမ်းဆုပ် နိုင် တဲ့ အခန်း လေး ကတော့.. မစ်ဆူ အီ က..သူ့ရဲဘော် တွေ ရှိရာ..သုံ့ပန်းစခန်း နား ကို ရောက် လာပီး..မလှမ်းမကမ်း မှာ ရပ် ပြီး..သူတီးနေ ကျ..စောင်း လေး ကို တီး ပြ ရင်း.. သူ- မစ်ဆူအီ ဖြစ်ကြောင်း လာ ပြ တဲ့ အခန်း လေးပါ။ သံဆူး ကြိုး တွေ နောက် က..ရဲဘော် တွေ က.. ပြုံ တိုး ပြီး ကြည့်ကြ။ အော်တဲ့ သူ က..အော် ကြ.. ငိုတဲ့သူ က..ငိုကြ။ ကြက်တူ ရွေး လေး ကလည်း..
` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့..ထပ် ကာ ထပ် ကာ အော် လို့။ မစ်ဆူ အီ ကတော့..စကား တခွန်း မှ မပြောပဲ..ကြက်တူ ရွေး လေး ကို ပခုံးပေါ် တင် ပြီး..စောင်း ကိုသာ..တွင် တွင် တီး နေ ခဲ့တယ်။ တကယ်ပဲ..မစ် ဆူ အီ တယောက်..ဂျပန် စစ်သား တွေ ကို..သရဏ ဂုဏ် တင် သဂြို င်္ဟ် ဖို့.. ဗမာ ပြည် မှာ..ကျန် နေ ရစ် ခဲ့ ပါ တော့ တယ်။
http://kthwe.blogspot.com/2008/06/blog-post.html ကျေးဇူးတင်ပါတယ် K.

အာဇာနည် မှ .. မျှဝေပါသည်..
Type rest of the post here

Friday, 31 July 2009

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ထုတ်ပြန်ကြေညာချက်



Type rest of the post here

Thursday, 30 July 2009

...၂၀၁၀...



၂၀၁၀ ရွေးကောက်ပွဲ ပျော်ပျော်ရွှင်ရွှင် တို့ဆင်နွှဲ..
(ကာတွန်းဟန်လေး၏လက်ရာ)

Type rest of the post here

...ငါတို့အမေ...

...ငါတို့အမေ...
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး
(တေးရေး တေးဆို - AK နှင့် နိုင် KT)
သီချင်း - ကိုရယူရန် (MP3)audio clip
သီချင်းနားဆင်ရန်

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး
ပေးပို့ သူ-မင်းမော်စိုး အားကျေးဇူးတင်ရှိပါသည်။

Type rest of the post here

Saturday, 11 July 2009


Type your summary her


Type rest of the post here

Saturday, 4 July 2009

..အဖွင့်သစွာ...


ကျောင်းသားဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ "အာဇာနည် သူရဲကောင်း" တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့  ကျောင်းသားတွေ ဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ပြဿနာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ ၊ ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့်  ကျင် ကန့် ကွက် ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့ မှာ (ဗကသ)၊ (တကသ) နဲ့  (ရကသ) တို့  ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်း ခြင်းကို ကန့်  ကွက်လိုက်ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့  ဆုံးဖြတ် ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့် ကွက်ခဲ့ကြလို့  ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့  စီမံခန့် ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့  တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေ မှာ ပါတဲ့ လုပ်ပိုင်ခွင့်အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့  ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့  တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်းလိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့  ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။

မေလ (၂၇) ရက်နေ့  တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့  ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့  သာ ဖွဲ့ စည်း ထားလို့  ကျောင်းသားများ ပေါက်ကွဲ ခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့  မှာ ကျောင်းသားတွေနဲ့  ပြေလည်မှု ရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့  ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့် အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။ အမှန် မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ ရ အသင်းဝင်တွေ လျှို့ ဝှက် မဲပေးကာ ရွေးကောက်တင်မြောက်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ်တွေဟာလည်း လူ့ အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက် တွေ များစွာ ပါရှိလို့  ကျောင်းသားတွေက ထောက်ပြပြီး ကန့် ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့ မှ ပါမောက္ခချုပ် ရုံးကို တရားဝင် စာပေးပို့ ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခု မှ မရခဲ့လို့  အုပ်ချုပ်ရေး အပိုင်း နဲ့  ကျောင်းသားများအကြား တင်းမာ မှု ပြင်းထန်လာခဲ့ပါတယ်။
ပေးပို့ သု(ကိုညို)