အန်အယ်လ်ဒီသည် ပါတီအဖြစ် ထပ်မံမှတ်ပုံတင်မည်မဟုတ်ကြောင်း ကြေညာ
NEJ/ ၂၉ မတ် ၂ဝ၁ဝ
၂၀၁၀ ခုနှစ် နအဖကောင်စီက ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများသည် တရားမျှတမှု လုံးဝမရှိသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) သည် ပါတီအဖြစ် ထပ်မံ မှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။
အန်အယ်လ်ဒီရုံးချုပ်တွင် ယနေ့ပြုလုပ်သည့် ဗဟိုဦးစီးအဖွဲ့ဝင်များ၏ ဆွေးနွေးချက်အရ ကန့်ကွက်သူမရှိ အများသဘောတူ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
အစည်းအဝေးကို ဥက္ကဋ္ဌ ဦးအောင်ရွှေက ကျန်းမာရေးမကောင်းသဖြင့် မတက်ရောက်နိုင်သည့်အတွက် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိဆောင်ရွက်ပြီး ပြည်နယ်တိုင်းအသီးသီးမှ တက်ရောက်ရန်ရှိသည့် ဗဟိုဦးစီးအဖွဲ့ဝင် (၁၂၈) ဦးအနက် ထောင်ကျနေသည့် သူများမှအပ၊ ကျန်းမာရေးမကောင်း၍ မလာရောက်နိုင်သူများမှအပ စုစုပေါင်း (၁၁၃) ဦး အစည်းအဝေးတက်ရောက်ကြကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။
“ဥက္ကဋ္ဌက ကျန်းမာရေးမကောင်းလို့ သူမလာနိုင်ဘူးတဲ့။ သူ့သဘောထားကို စာပေးလိုက်ပါတယ်။ ဦးတင်ဦးက ဖတ်ကြားပါတယ်။ သူ့သဘောထားက ဒေါ်အောင်ဆန်းစုကြည်က ပါတီမှတ်ပုံတင်ဖို့ နည်းဥပဒေတွေနဲ့ တရားမျှတမှု မရှိတဲ့ အတွက်ကြောင့်မို့ ပါတီမှတ်ပုံတင်တော့မှာ မဟုတ်ဘူးလို့ သူသဘောထားကြောင်း ဦးဉာဏ်ဝင်းကတဆင့် သိရတယ်တဲ့။ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ရဲ့ခေါင်းဆောင်ဖြစ်တယ်တဲ့၊ ဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် သဘောထားအတိုင်းပဲ သူလည်းရပ်တည်တယ်တဲ့” ဟု ဦးအောင်ရွှေ၏ စာပါအကြောင်းအရာများကို ဦးအုန်းကြိုင်က ပြန်လည်ပြောကြားသည်။
အစည်းအဝေးကို နေ့လယ် (၁၂) နာရီနှင့် မွန်းလွဲ (၂) နာရီတွင် နှစ်ပိုင်းခွဲလုပ်ပြီး ပထမပိုင်းအစည်းအဝေးတွင်ပင် အစည်းအဝေးတက်ရောက်သူများက ပါတီမှတ်ပုံမတင်ရေးအတွက် တသံတည်း သဘောထားဆန္ဒပေးကြသည့်အတွက်
မဲခွဲဆုံးဖြတ်စရာမလိုဘဲ အားလုံးတညီတညွတ်တည်း သဘောတူ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်ကြောင်း၊ အစည်းအဝေးအပြီး ညနေပိုင်းတွင် အစည်းအဝေးဆုံးဖြတ်ချက်များကို သတင်းစာရှင်းလင်းပွဲပြုလုပ်ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုကြောင်း ဆုံးဖြတ်ကြသည်ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။
အန်အယ်လ်ဒီအနေဖြင့် ပါတီမှတ်ပုံမတင်ရန် ဆုံးဖြတ်လိုက်သော်လည်း ပါတီကြီး ပျက်စီးသွားမည်မဟုတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အဖွဲ့ချုပ်ဆိုတာဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားပြီး ကိုယ်ကျိုးစွန့် တက်ကြွစွာ လုပ်ကိုင်ဆောင်ရွက်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ကြီးဖြစ်တဲ့အတွက် ဥပဒေနဲ့ဖျက်လို့တော့ အဖွဲ့ချုပ်ကြီးက ပျက်သွားမယ်လို့ မယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါကြောင့် ကျနော်တို့က ဆက်လက်လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။
ပြီးခဲ့သည့်မတ်လ (၂၃) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က “မတရားတဲ့ ဥပဒေနဲ့ မှတ်ပုံတင်ခြင်းကို ကျမ ဘယ်တော့မှ လက်မခံဘူး။ ဒါပေမယ့် ဒီလိုပြောတာဟာ အဖွဲ့ချုပ်ကို အမိန့်ပေးတာလည်း မဟုတ်ဘူး၊ ညွှန်ကြားတာလည်း မဟုတ်ဘူး။ အဖွဲ့ချုပ်အနေနဲ့ကတော့ ဒီမိုကရေစီ နည်းလမ်းနဲ့အညီ ဆုံးဖြတ်ကြပါ” ဟု အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းမှတဆင့် ပြောကြားခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ပါတီမှတ်ပုံတင်တော့မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လ (၈) ရက်တွင် ထုတ်ပြန်ခဲ့သည့် စစ်အစိုးရ၏ ရွေးကောက်ပွဲဥပဒေများမှ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရ၊ ထောင်ဒဏ်ကျခံနေရသူများသည်လည်း ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။
(ခေတ်ပြိုင်) သတင်း
Tuesday, 30 March 2010
Wednesday, 24 March 2010
Monday, 22 March 2010
...ဆန္ဒပြသူများ နယူးဒေလီ မြန်မာသံရုံးကို တိုက်ခိုက်...
မတ်လ ၁၉ ရက်နေ့က အိန္ဒိယနိုင်ငံ (India) နယူးဒေလီမြို့ (New Delhi) မှာရှိတဲ့ မြန်မာသံရုံးကို မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူတွေက ဆန္ဒပြရင်း သံရုံးဝန်းတံခါးနဲ့ နံရံတွေကို ဆေးသုတ်ပြီး ဖျက်ဆီးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ရုတ်သိမ်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။ မြန်မာသံရုံးကို တိုက်ခိုက်ခဲ့တဲ့အတွက် ဆန္ဒပြသူ လူငယ် (၇၀) နီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိမ်းသိမ်းခဲ့ပါတယ်။ (V.O.A NEWS)
Sunday, 21 March 2010
Saturday, 20 March 2010
...NLD က လူကြီးမင်းများ ခုဘာလုပ်မလည်းတဲ့ဗျား...
NLD က လူကြီးမင်းများ ခုဘာလုပ်မလည်း
မင်းမော်စိုး|ဟိုအရင်တစ်ချိန်ကတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အခိုင်အမာ ရပ်တည်ပြီးတော့ အမျိုးသားညီလာခံကနေသပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်လို့ များ ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေငြာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။
ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။
ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ ပြည်သူက ယုံကြည်ပြီး အပြည့်အဝ ဘဝတွေ ကို ပုံအပ်ခဲ့တာ အနှစ် ၂၀ ကျော် ပြည်သူနဲ့ ပါတီ ကေဒါတွေ ထောင်ကျ မွဲပြာပုဆိုး ဖြစ်တာတွေ အဖတ်တင်ယုံသာရှိပါသည်။အချိန်တွေ အများကြီးရခဲ့ပါတယ် လူကြီးမင်းများ လက်ဖက်ရည်ကြမ်းဝိုင်းမှာပဲ နိုင်ငံရေး လေကန်ပြီး ပြည်သူလူထုကို မလေးမစား လုပ်ပြီး မေ့ထားခဲ့ကြတာ အင်မတန်အပြစ်ကြီးပါတယ်။လူကြီးမင်းများရဲ့  သိက္ခာ သမာဓိ၊ပါတီရဲ့  လမ်းစဉ် တွေကို ပြည်သူလူထုက ယုံကြည်ခဲ့ပြီး မဲပေးခဲ့တာကို သတိတရနှင့် လူကြီးမင်းများ ပြည်သူ့ ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာပါ။မြေပေါ် ပါတီ အနေနှင့် မရရင် မြေအောက်လှုပ်ရှားမှု ကို မရရအောင် အကောင်အထည်ဖော်ပြီး တော်လှန်ရေးကို ဦးဆောင်ရမှာပါ။ ၈၈ ဟာ လူမှုဘဝတစ်ရပ်လုံး ပြောင်းလည်းဖို့ စခဲ့တဲ့ တော်လှန်ရေးကြီးပါ။၈၈ မှာ သွေးတွေချွေးတွေ ရင်းပြီးမှ ၁၉၉၀ ရွေးကောက်ပွဲ ဆိုတဲ့ ရလဒ်ဖြစ်လာရတာပါ။ဘယ်ပါတီပဲဖြစ်ဖြစ် ရပ်တည်မှု အကျပ်အတည်းတွေရှိမှာပါ ဒါပေမဲ့ မိမိပါတီရဲ့ ရပ်တည်မှု၊ယုံကြည်ချက် တွေကိုတော့ မြဲမြံစွာရပ်တည်သင့် ပါသည်။ပြည်သူလူထု ကိုတော့ ကြေငြာချက်တွေ ထုတ်ပြန်ပြီးမှ လူကြီးမင်းတို့ ဘုတ်တေးဆိုပြီး ခလေးကစား သလို လုပ်နေတာတွေ ရပ်ပြီး တော်လှန်ရေးကို ဦးစီးပြီး အကောင်အထည်ဖော်ပါ လို့ ပြောလိုပါသည်။ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။
မင်းမော်စိုး
( ပေးပို့ သူ ကိုမင်းမော်စိုး အားကျေးဇူးတင်ရှိပါတယ် )
( ပေးပို့ သူ ကိုမင်းမော်စိုး အားကျေးဇူးတင်ရှိပါတယ် )
Friday, 19 March 2010
...မန္တလေးသား စစ်စစ်ကြီး တခန်းရပ်ပြဇာတ် ...
မန္တလေး နှစ် ၁၅၀ ပြည့် ပွဲတော် အထိမ်းအမှတ်ပွဲတွင် တစ်ခန်းရပ်ပြဇာတ်အဖြစ် တင်ဆက်ခဲ့သော မန္တလေးသား စစ်စစ်ကြီး တခန်းရပ်ပြဇာတ်
Real Mandalay Thar from chanmyasoe on Vimeo.
http://vimeo.com/9943839 မှ
Tuesday, 16 March 2010
..ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ကလူ့ အခွင့်အရေးနေ့ လှုပ်ရှားမှု...
(၁၄.၀၃.၂၀၁၀)နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌ဒေါ်အောင်ဆန်စုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်
မြောက်ရေးအတွက် Sign Campaign အားပြုလုပ်ခဲ့ရာဂျပန်လူမျိုးများကပါတက်ကြွစွာပါဝင်ဆင်နွဲခဲ့ကြပါသည်။
မှတ်ချက်..(လက်မှတ်ရေးထိုးရရှိထားသည်များကိုဂျပန်အစိုးရနှင့်(U.N)သို့ ဆက်လက်ပေးပို့ မည်ဖြစ်ပါသည်..)
Sunday, 14 March 2010
Tuesday, 2 March 2010
...ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း သားများလွတ်မြောက်ရေး...
ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ( ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်း
သားများလွတ်မြောက်ရေးအတွက်) တောင်းဆိုချီတက်ဆန္နပြပွဲအား (၂၈.၀၂.၂၀၁၀) နေ့ တွင်
ဂျပန်နိုင်ငံနာဂိုယာမြို့ ၌ဂျပန်ကျောင်းသားများကပါပူးပေါင်းပါဝင်၍
အောင်မြင်စွာကျင်းပခဲ့ကြပါသည်...(AAPP)နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(မြန်မာနိုင်ငံ)
မှ ပေးပို့ သောဿဝဏ်လွှာကိုလဲဖတ်ကြားခဲ့ပါသည်..။
Friday, 19 February 2010
Tuesday, 16 February 2010
(၆၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား.ဂျပန်(နာဂိုယာ)
မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်(နာဂိုယာ)နယ်မြေမှဦးစီး၍(၆၃)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနားအား
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)နာဂိုယာစည်းရုံးရေးဒေသမှတာဝန်ခံနှင့်အဖွဲ့ ဝင်များ ဂျပန်နိုင်ငံရောက်မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများ ၊ ဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ မြန်မာ့
ဒီမိုကရေစီအရေးအားစိတ်ဝင်စားသော ဂျပန် နှင့် ဘရာဇီးလူမျိုးများ တို့ မှ တက်ရောက်ပါဝင်၍
အောင်မြင်စွာကျင်းပခဲ့ကြပါသည်..။
Saturday, 30 January 2010
...ရန်ပွဲကြောင့် ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ်...
ရန်ပွဲကြောင့် ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ်29 January 2010
မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားက နယ်စပ်ကုန်သွယ်ဂိတ်တခုမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ပိတ်လိုက်ပြီလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။ မြန်မာကုန်သည်တချို့နဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံတချို့ ခိုက်ရန်ဖြစ်ပွားရာက နှစ်နိုင်ငံနယ်ခြား တာ့ခ်နာ့ဖ် (Teknaf) မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဇန်န၀ါရီ ၂၇ ရက်နေ့ ညပိုင်းက စပြီးတော့ ပိတ်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် အခြေစိုက် သတင်းထောက် ကိုအောင်စံမင်း ကို ဗွီအိုအေကနေ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဘင်္ဂလားဒေ့ရှ် နယ်စပ်က နယ်စပ်ကုန်သွယ်ရေးစခန်းတခု ပိတ်ထားတယ်လို့ ကြားပါတယ်ခင်ဗျ။ ဘာကြောင့် ပိတ်ရတာလဲ။ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ ရှင်းပြပါဦးခင်ဗျ။ -
"ဟုတ်ကဲ့ပါခင်ဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာ့ခ်နာ့ဖ် မြို့အနီးက နယ်စပ်ကုန်သွယ်ရေးကို မနေ့ကစပြီးတော့ ပိတ်တာဖြစ်ပါတယ်ခင်ဗျ။ ပိတ်ရခြင်းအကြောင်းရင်းကတော့ မြန်မာနိုင်ငံက အဲဒီကုန်သွယ်ရေးစခန်းကို ကုန်တွေနဲ့လာကြတဲ့ ကုန်သည်တွေနဲ့ အနီးအနားက ဒေသခံ မူစလင်တချို့နဲ့ စကားများပြီး ရန်ဖြစ်ကြရာကနေ စ ဖြစ်ခဲ့တာပါခင်ဗျ။ ၂၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီလောက်မှာတော့ အဲဒီဒေသခံ မူစလင်ပေါင်း ၂၀၀ လောက်က ဒေသခံလုံခြုံရေးစခန်းကို တံခါးတွေ ပိတ်ထားတဲ့ကြားထဲက သူတို့ အတင်းဝင်ရောက်ပြီးတော့ မြန်မာနိုင်ငံဘက်က ကုန်သည်တွေကို ရိုက်ပါတယ်။ မြန်မာဘက်က ကုန်သည်တွေကလည်း ပြန်ပြီးတော့ ရိုက်ပါတယ်။ အဲဒီလို ၀ရုန်းသုန်းကား ဖြစ်ပြီးတော့ မြန်မာနိုင်ငံဘက်က ကုန်သွယ်တွေဟာ သူတို့ရဲ့ နဂိုပစ္စည်း အပြည့်နဲ့ စက်လှေတွေကို အဲဒီဆိပ်ကမ်းမှာ မနေရဲတော့ဘဲ နတ်မြစ်အလယ်ကောင်အထိ ထွက်ပြေးပြီးတော့ နတ်မြစ်အလယ်ကောင်မှာ ကျောက်ချပြီးတော့ ရပ်နားနေကြရပါတယ်။ အဲဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် ကုန်တင်ကုန်ချလည်း လုံးဝမရှိတော့ပါဘူး။ အဲဒါကြောင့် အာဏာပိုင်တွေက လောလောဆယ်မှာ အဲဒီဒေသက ကုန်သွယ်ရေးစခန်းကို မနေ့ကစပြီးတော့ လုံးဝ ပိတ်ပင်ထားလိုက်တဲ့ အခြေအနေမျိုး ရှိနေပါတယ်ခင်ဗျ။"
မနေ့က ပိတ်တယ်ဆိုတော့ ဒီနေ့ဆိုရင် တရက်ရှိပြီ။ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျ။ -
"ဒီနေ့ညနေပိုင်းလောက်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက အာဏာပိုင်တချို့ရယ်၊ ဒေသကုန်သွယ်ရေးစခန်းက အာဏာပိုင်တွေရယ်၊ နောက်ပြီးတော့ ကုန်သည်တွေရယ်၊ ရန်ဖြစ်ခဲ့ကြတဲ့ ဒေသခံတွေရော၊ မြန်မာဘက်က ကုန်သည်တွေရော ညှိပြီးတော့ ဆွေးနွေးနေကြပါတယ်။ ပြေလည်မှုတော့ မရသေးပါဘူး။ လောလောဆယ်မှာလည်း ကုန်သွယ်ရေးတံခါးကို ပိတ်ထားရဆဲပဲ ဖြစ်နေပါတယ်ခင်ဗျ။"
ဒီလို နယ်စပ်ဂိတ်တခု ပိတ်လိုက်တာဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စမှာ တော်တော်လေး ထိခိုက်တဲ့ အခြေအနေ ရှိပါသလားခင်ဗျ။ -
"ရှိပါတယ်ခင်ဗျာ။ ဥပမာပြောရရင် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကပဲ အဲဒီဒေသဆိုင်ရာ ကုန်သည်ကြီးတချို့နဲ့ မူစလင် ကုန်သည်ကြီးတွေပေါ့ခင်ဗျာ။ သူတို့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းက အကောက်ခွံဌာနက အရာရှိတွေ အခြေအတင် စကားများကြတယ်ခင်ဗျ။ အဲဒါကြောင့်လည်းပဲ ကုန်တင်ကုန်ချကို လုံးဝပိတ်လိုက်တာ ၆ ရက်လောက် ကြာပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံဘက်က ကုန်သည်ပေါင်း ၁၀ ကျော်လောက်ဟာ တယောက်ကို တာကာ သုံးသိန်းလေးသိန်းလောက်၊ မြန်မာငွေနဲ့တွက်ရင် သိန်း ရာနဲ့ချီပြီးတော့ အရှုံးခံသွားကြရတဲ့ အခြေအနေတွေ ရှိပါတယ်။ အခုအခြေအနေမှာလည်းပဲ တနေ့တနေ့ကို တာကာ သိန်း ၄၀၊ ၅၀ ပတ်ဝန်းကျင်နီးပါးလောက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားမယ်လို့ ကုန်သည်တွေ ပြောပြချက်အရ သိရပါတယ်။"
ကိုအောင်စံမင်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Subscribe to:
Posts (Atom)