Tuesday, 26 October 2010

...ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်  ပေါင်းအစိုးရအလံအား...????????




... ပခုက္ကူအနီး ရေနံပိုက်လိုင်းပေါက်၊ အနည်းဆုံး ၁၄ ဦး သေဆုံး ...

မကွေးတိုင်း ပခုက္ကူမြို့အနီးတွင် ရေနံပိုက်လိုင်းပေါက်ပြီး မီးလောင်သောကြောင့် အနည်းဆုံး ဒေသခံ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော် ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ယခု သေဆုံး ဒဏ်ရာရသူများမှာ
capt

အနည်းဆုံး လူ ၁၄ ဦး သေဆုံး၍ ၁၀၀ ကျော်ဒဏ်ရာ ရသည့် ရေနံပိုက်လိုင်း ပေါက်ကွဲမှုဖြစ်ပွားစဉ်(ဓာတ်ပုံ - AFP)
ရေနံပိုက်လိုင်းမှ   ယိုစိမ့်နေသော          ရေနံများကို ခံယူနေသည့် ဒေသခံ  ရွာသားများဖြစ်ပြီး တနင်္ဂနွေနေ့က  မတော်တဆ ပိုက်လိုင်းပေါက် မီးလောင်မှုကြောင့် ဖြစ်ကြောင်း အစိုးရ အရာရှိ တဦးကို ကိုးကား၍ AFP သတင်းတွင် ယနေ့ ဖော်ပြထားသည်။  

ရေနံပိုက်လိုင်းပေါက်သည့်နေရာမှာ ပခုက္ကူခရိုင် မြစ်ခြေတိုက်နယ် ညောင်လှရွာနှင့် ၄ မိုင်အကွာရှိ ကျောက်ခွက်နှင့်အရာတော် ကို ဆက်သွယ်ထားသော ပိုက်လိုင်းတွင် ဖြစ်ကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။

Sunday, 24 October 2010

...ဂျပန်နိုင်ငံ (နာဂိုယာ) မြို့ မှ လှုပ်ရှာမှု့ ...



ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေး /ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများအမြန်ဆုံးလွှတ်ပေးရေးနှင့်
မြန်မာနိုင်ငံအတွင်းလူ့ အခွင့်အရေးချိုးဖောက်မှု့ များအားဖော်ထုတ်ရေး၌ဂျပန်အစိုးရမှပါဝင်ဆောင်ရွက်ပေးရန်
တောင်းဆိုသော Sign Campaign အား ၂၄.၁၀.၂၀၁၀ နေ့ တွင် ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်ခဲ့သော
ဆရာတော် အရှင်ထာဝရ ပါ ပူးပေါင်းပါဝင်တက်ရောက်၍ အောင်မြင်စွာကျင်းပခဲ့ကြပါသည်..။

Monday, 4 October 2010

“ မဲထည့်စရာ အကြောင်းမရှိ “


No Reason To Vote by Myo Chit Myanmar

“ မဲထည့်စရာ အကြောင်းမရှိ “

သံစဉ် - မိုးမိုး
စာသား / တီးခတ် / သီဆို / Harmony / Accompany & Arrangement - မျိုးချစ်မြန်မာ
Strings & Sax - ဖိုးတာ
Recording Engineered & Mixed Down @ Myo Chit Myanmar Studio, California, U.S.A
Produced By - Myo Chit Myanmar HD Media Production

TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့ အတင့်ရဲ ဗြောင်ပေါရဲတယ်
နိုင်ငံတော် ကယ်တင်ရှင်တွေ သူတော်စင်တွေ စောင့်ရှောက်မှဘဲ တစ်ခါထဲ အကုန်မွဲသွားတယ်

အားလုံးက ရတဲ့ပိုက်ဆံ ဗျောင်ခိုးနေကြတယ်
အိမ်ကြီးတွေ ခြံကြီးတွေ ကားသစ်ကြီးတွေနဲ့
မဆလ ခေတ်ကထက်တောင် ပိုဆိုးနေသေးတယ်
ဗမာတစ်ခေတ်မှာ ဖာဖြစ်တာ နအဖ ကျေးဇူးဘဲ

CHO: မဲထည့်စရာ အကြောင်းလဲမရှိ
အာဏာရှင်လူရွှင်တော်တွေ လုပ်ကြံဇာတ်လမ်းကြီး
မဲထည့်စရာ ဘာအကြောင်းမှမရှိ
ဒီလိုသာ ငြိမ်ခံနေရင် တို့အကုန် ကျွန်ဖြစ်လိမ့်မယ် / တို့အကုန်ကျွန်ဖြစ်မယ်

ဒီမိုကရေစီလိုချင်တယ် အော်မယ်ကြံရင် လိုက်ခဲ့ ဘယ်လဲ… ထောင်ထဲ… နှစ်လေးငါးဆယ်
ပြည်သူကိုကူညီပြန်ရင် ရန်သူတွေလို သတ်မှတ်နေခဲ့ တမင်လဲ ငြိုးထားတယ်

အားလုံးကချစ်တဲ့ခေါင်းဆောင်ကို အကျဉ်းချထားတယ်
ပြန်မလွှတ်ပါ ရန်စွတ်ရှာ ကောက်ကျစ်တဲ့စိတ်တွေနဲ့
အားလုံးချစ်တဲ့မင်းသားကို ပိတ်ပင်ကာချုပ်ချယ်
ဟိုလဲမပါ ဒီလဲမလာ တားမြစ်လို့ဖိနှိပ်ထားတယ်
CHO:
SOLO
TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့
ဒီမိုကရေစီဆို ဘယ်လိုဖြစ်ရတာလဲ
CHO
CHO:
TV မှာ ရေဒီယိုမှာ လိမ်ညာ စကားလုံးတွေနဲ့
ဒီမိုကရေစီဆို ဘယ်လိုဖြစ်ရတာလဲ

မဲထည့်စရာ…. အကြောင်းလဲမရှိဘူး မင်းသိသင့်တယ်
မဲထည့်စရာ…. ဘာအကြောင်းမှမရှိဘူး ဒါမင်းသိသင့်တယ်
မဲထည့်စရာ… ဘာအကြောင်းမှမရှိ…..

Special Thanks to,
Moe Moe, Wyine Suu, Phoe Tar, my lovely wife Snow, USCB & all Hollywood celebrities that participated in this campaign for Burma and most importantly, ALL MY WONDERFUL FANS that supported me all along.

Myo Chit Myanmar HD Media Production.
California, USA
Phone - (310)734-8310

( ပေးပို့ သူ ကိုမျိုးချစ် အားကျေးဇူးအထူးတင်ရှိပါတယ် )

Sunday, 3 October 2010

...ဂျပန်နိုင်ငံ (နာဂိုယာ) မြို့ မှ လှုပ်ရှာမှု့ ...


ယနေ့  (၀၃.၁၀.၂၀၁၀)နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ရှိမြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားကြသူများမှ၂၀၁၀ ရွေး
ကောက်ပွဲဆန့် ကျင်ရေး / ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ဆိုင်းကမ်းပိန်း
အားအောင်မြင်စွာလှုပ်ရှားခဲ့ကြပါသည်..။

...ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ မှ ပညာဒါနအတွက် လှုပ်ရှားကြသူများ...

Hitakari Group Poster
ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ မှ ပညာဒါနအတွက် လှုပ်ရှားကြသူများ.....(ဆန္နရှိသူများဆက်သွယ်လှူဒါန်းနိုင်ကြပါကြောင်းနိုးဆော်လိုက်ပါတယ် )

Saturday, 2 October 2010

...ဂျပန်သို့အခြေချခွင့်ရသည့် ထိုင်းနယ်စပ်မှမြန်မာဒုက္ခသည်မိသားစု ၃ စုသာရောက်ရှိ...

ဂျပန်နိုင်ငံသို့လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ (ဓါတ်ပုံ-မျိုးမြင့်ဆွေ)

ဂျပန်အစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့ (IOM)တို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တတိယနိုင်ငံ(ဂျပန်)တွင် အခြေချနေထိုင်ခွင့်ရသော ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းမှ မိသားစု ၅ စု (လူဦးရေစုစုပေါင်း ၂၇ ဦး) အနက် အိမ်ထောင်စု ၃ စု (လူဦးရေ ၁၈ ဦးသာ)ဂျပန်နိုင်ငံသို့ ပထမဦးဆုံးအသုတ်အနေဖြင့် ယနေ့နံနက် ၇:၁၀ မိနစ်တွင် JAL လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီ် ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသို့လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ (ဓါတ်ပုံ-မျိုးမြင့်ဆွေ)

မူလအစီအစဉ်အရ မိသားစု ၅ စုစလုံး လာရောက်ဖို့စီစဉ်ထားသော်လည်း၊ မိသားစု ၂ စုမှာ နေထိုင်မကောင်းဖြစ်နေသောကြောင့် တပါတည်းလိုက်ပါလာနိုင်ခြင်းမရှိပဲ ကျန်ရှိခဲ့ခြင်း ဖြစ်ကြောင်း သွားရောက်ကြိုဆိုရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုမျိုးမြင့်ဆွေ၏ ပြောပြချက်အရသိရှိရသည်။
ဂျပန်သို့လာရောက်အခြေချသည့်သူများမှာ မယ်လဒုက္ခသည်စခန်းမှ ကရင်မိသားစုများဖြစ်ပြီး၊ အဆိုပါ မိသားစုများကို ဂျပန်အစိုးရပိုင်းမှ တာဝန်ရှိသူများကလည်း ကြိုဆိုကြပြီး ကြိုဆိုရေးအဖွဲ့ တာဝန်ခံများ စီစဉ်ထားသည့်နေရာတွင် နေထိုင်ကြမည်ဖြစ်သည်။ အခြေချနေထိုင်ခွင့်ရသည့် ကရင်ဒုက္ခသည် မိသားစုများ၏ စားဝတ်နေရေးအတွက် ဂျပန်အစိုးရမှ (၆လ သာ တာဝန်ယူမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်သွားပါက မိမိအစီအစဉ်ဖြင့်ဂျပန်တွင်ရပ်တည်သွားကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ကရင်ဒုက္ခသည် မိသားဝင်တွေနဲ့ကိုမျိုးမြင့်ဆွေ(အင်္ကျီပန်းရောင်နှင့်အိတ်ကိုင်ထားသူ)

မိုးသောက်ကြယ်မှတဆင့်မျှဝေပါသည်..။

...Waihnin Pwint Thon Speaks About Burma at Labour Party Conference ...

...My Burma, My Voice: Waihnin's Story ...


Monday, 27 September 2010

...ကိုယ်သေရင်မငိုနဲ့ ...(ကိုမိုးဟိန်း-သားဂျာနယ်ဂျော်ရဲ့ ကဗျာလေးပါ)



ကိုယ်သေရင် မငိုနဲ့
(၁)

ပါးစိုရုံ ရှိမှာပေါ့။
သပိတ်မသွတ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။

ထမင်းမထုပ်နဲ့
သိုးစာ၊ ပုပ်စာ၊ ဖြုန်းတီးစာ။

အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။

အပွင့်အခက် ယူမသွားနဲ့
ပြန်လိုက်ရမယ့်အစား မဟုတ်ဘူး။

ရက်လည်၊ လလည်၊ နှစ်လည်
ဘာကိုမှ မလည်နဲ့
သံသရာကြီးမှာ လည်ခဲ့သူ။

(၂) ကိုယ်သေရင် မငိုနဲ့

ကြိုကြိုပြီး သေထားသူ။
“ဘုရားရှင်ရဲ့ ဂုဏ်တော်”ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။


ပြီးတော့ ဆက်ပြောပါရစေ...
သာသနာ၊ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီ ချစ်ရတဲ့ မိခင်မြေကို
ပြန်လာခဲ့မယ် မုချ။

ဒီတော့ ကိုယ်သေရင် မငိုနဲ့

ဖြေသာစမ်းပါ၊ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာ မရှုံးဘူး
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်၊ ဒါပါပဲ။

မိုးဟိန်း (သားဂျာနယ်ကျော်) (၁၉၄၂-၂၀၁၀)

၁၃၇၂ ခုနှစ် ၀ါဆိုလပြည့် ဓမ္မစကြာနေ့မှာ နောက်ဆုံးရေးခဲ့တဲ့ ကဗျာ

(၂၀၁၀ပြည့်နှစ် သြဂုတ် ၂၀ ရက်ထုတ် Bi Weekly Eleven ဂျာနယ်၊ အတွဲ ၃ အမှတ် ၂၁ ဖော်ပြပါရှိခဲ့ပါတယ်။)
(ပေးပို့ သူ - ကိုကိုလူအေး အားကျေးဇူး အထူး တင်ရှိပါတယ်..)

...(၃)နှစ်မြောက်ရွှေဝါရောင်တော်လှန်ရေးအခမ်းအနား...


မြန်မာ့ဒီမိုကရေစီအဖွဲ့ ချူပ်(နာဂိုယာ)ဂျပန်မှ(၃)နှစ်မြောက်ရွှေဝါရောင်တော်လှန်ရေးအခမ်းအနားအား ယနေ့ 
(၂၆.၀၉.၂၀၁၀) နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌အောင်မြင်စွာကျင်းပခဲ့ကြပါသည်..။

Sunday, 19 September 2010

...JAPAN (NAGOYA) ၏ လှုပ်ရှားမှု့ ...


JAPAN
နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအဖွဲ့ ချုပ်(နာဂိုယာ)မှဦးစီး၍
အာဏာသိမ်းနှစ်ပါတ်လည်နှင့် ၂၀၁၀ ရွေးကောက်
ပွဲအားဆန့် ကျင်သည့် SignCampaign အား (၁၉.၉.၂၀၁၀) နေ့ တွင်ဂျပန်နိုင်ငံ(နာဂိုယာ)မြို့ ၌ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေကြသော မြန်မာလူမျိုးများနှင့်ဂျပန်လူမျိုးများကပါပူးပေါင်းပါဝင်၍အောင်မြင်စွာ
ကျင်းပခဲ့ကြပါသည်...။

Monday, 13 September 2010

Sunday, 12 September 2010

...သီးလေးသီးအငြိမ့် ၏ ရွှေဝါရောင်တော်လှန်ရေးနှစ်ပါတ်လည်...



(အာဇာနည်မှတဆင့်မျှဝေပါသည်)

...VIRUS သတိပေးချက်...

URGENT……..WARNING !!!!!!!! WARNING !!!!!!!! WARNING!!!!!!!!!!!!

ဒီသတင်းဟာယနေ့မနက်တွင် Microsoft နှင့် Norton တို့မှပေးပို့လိုက်သောသတင်းဖြစ်ပါသည်။
ကျေးဇူးပြုပြီး ဒီသတင်းကိုလက်ဆင့်ကမ်းပေးကြပါ ။ သင်တို့ဆီသို့

(Power PointPresentation, Life is beautiful) ဆိုပြီး မေးလ်တစ်ခုဝင်လာပါခဲ့လျှင်မဖွင့်ပါနှင့်

ချက်ချင်း delete လုပ်ပစ်ပါ။ သင်ထိုမေးကိုဖွင့်ခဲ့မိလျှင်သင်၏computer screen တွင်

It is too late now, your life is no longer beautiful ဆိုသည့်စာပေါ်လာပါလိမ့်မယ်။ ထိုအခါသင်၏ PC မှအရာအားလုံးပျောက်ဆုံးသွားပြီး ဒီမေးလ်ကိုပို့သူထံ သင်၏ အမည်၊ e-mail နှင့် password
အားလုံးရောက်ရှိသွားပါလိမ့်မယ်။

သည်အရာသည် အင်္ဂါနေ့ နေ့လည်က စတင်ခဲ့သော virus အသစ်ဖြစ်ပါသည်။Virus ဖန်တီးသူကတော့ life owner ဟု မိမိကိုယ်ကိုအမည်ပေးထားသူတစ်ဦးဖြစ်ပါသည်။
သည်မေးလ်ကိုချူက်ချင်းလက်ဆင့်ကမ်းပေးကြပါ……….

(သတင်းပေးပို့ ပေးသော ကိုလှစိုး အားကျေးဇူးအထူးတင်ရှိပါတယ်)



Saturday, 11 September 2010

Saturday, 4 September 2010

...Pegu flood 28 August 2010 ...