Tuesday, 19 July 2011

...အမျိုးသမီး ကမ္ဘာ့ဖလား ဂျပန်အသင်း ဗိုလ်စွဲ...

အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသွားသည့် ဂျပန်အသင်း အောင်ပွဲခံနေစဉ်။ ဇူလိုင် ၁၇၊ ၂၀၁၁။
 
ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဂျပန်နိုင်ငံက အမေရိကန်ကို အနိုင်ကန်ပြီး ဗိုလ်စွဲသွားပါတယ်။ တဘက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပယ်နယ်တီဂိုးသွင်းပြီး ဂျပန်နိုင်ငံက ချန်ပီယံဆု ဆွတ်ခူးသွားတာပါ။

...ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနား တက်ရောက်မည်...


ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ၉ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အာဇာနည်ဗိမာန်ကို ၂ ကြိမ် သွားရောက် ဂါဝရပြုဖို့ ရှိပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က အာဇာနည်နေ့ တက်ရောက်ဖို့ တရားဝင် ဖိတ်ကြားခဲ့တာပါ။ အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ နိုင်ငံရေး ပါတီဝင်တွေသာ မကဘဲ ၀ါရင့် နိုင်ငံရေးသမားကြီးတွေလည်း အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုဖို့ ရှိနေပါတယ်။ 

Monday, 18 July 2011

...(၆၄)နှစ်မြောက်အာဇာနည်နေ့ အခမ်းအနား JAPAN ( NAGOYA )...

မြန်မာ့ဒီမိုကရေစီအဖွဲ့ ချူပ် (JAPAN) မှ ( NAGOYA  - TOKYO ) ပူးပေါင်း၍ (၆၄) နှစ်မြောက်
အာဇာနည်နေ့ အခမ်းအနားအား JAPAN နိုင်ငံ SHIZUOKA( Hamamatsu) မြို့ ရှိ ဂျပန်ဗိုလ်မှူးကြီး စူဇူကီး နှင့် ဗိုလ်ချူပ်အောင်ဆန်း တို့  တွေ့ ဆုံခဲ့ သော ဂျပန်မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်ကျောက်တိုင်နေရာတွင် အောင်မြင်စွာကျင်းပခဲ့ကြသည်...။

Sunday, 17 July 2011

...ဂျပန်အမဲသား ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်...

ဂျပန်နိုင်ငံက အမဲသားတွေမှာ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေလို့ ဂျပန်နိုင်ငံတ၀န်းမှာ အမဲသား မစားရဲဘဲ ဖြစ်နေကြပါတယ်။.................................                                      

...Eleven Media Group ၏(၁၁)နှစ်ပြည့် အခမ်းအနား၌ EMG ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်၏ ပြောကြားချက်...

          Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင် မှ ကျေးဇူးတင်        စကားနှင့် ရှေ့ဆက်မည့် မူဝါဒ လမ်းစဉ်များအား ရှင်းလင်းပြောကြားစဉ်...။

Eleven Media Group ၏(၁၁)နှစ်ပြည့် အခမ်းအနား၌ EMG ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်၏ ပြောကြားချက် (အသံဖိုင်)
   Ceo-speech.mp3 (audio mpeg Object) by KSOE
( Eleven Media News ) 

...ဧရာဝတီကိုကယ်တင်ကြ...( Save Irrawaddy )

                                         
                                        ဧရာဝတီ 
ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့ကို  လွှမ်းခြုံနေပြီး မြန်မာနိုင်ငံတခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာ နဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာ နဲ့ မြေပြန့်ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါ တယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေ ၅၇ သန်း (၂၀၀၈ ခု ခန့်မှန်းချက်) ရဲ့ ၅၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအနေနဲ့ဆိုရင် တနိုင်ငံလုံးရဲ့အထွက် ၇၀% အထိ အဓိကကျနိုင်ပါတယ်။ 

Sunday, 10 July 2011

...Atlantis လွန်းပျံယာဉ် နောက်ဆုံးခရီးစဉ် စတင်...


နှစ်ပေါင်းသုံးဆယ်အတွင်း အာကာသထဲမှာ (၁၃၅) ကြိမ်မြောက် နောက်ဆုံးအခေါက်အဖြစ်  နိုင်ငံတကာ အာကာ သစခန်းကို ပျံသန်းသွားတဲ့ အမေရိကန် အာကာသလွန်းပျံယာဉ် အတ္တလန္တစ္စ (Atlantis) ဟာ မနေ့က ဇူလိုင်လ ၈ ရက်နေ့မှာ ကမ္ဘာပတ်လမ်းကြောင်းထဲကို ၀င်ရောက်သွားခဲ့ပါတယ်။................               

...အစိုးရဆန့်ကျင်ရေးဆန္ဒပြသူ ထောင်ကျော် မလေးရှားအာဏာပိုင်များ ဖမ်းဆီး...


မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲက အများစုကို နာရီပိုင်းအတွင်း ပြန်လွှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေ ကွာလာလမ်ပူမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်တွေနဲ့ရိုက်၊ မီးသတ်ပိုက်တွေနဲ့ပက်၊ မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကလည်း နောက်မဆုတ်ဘဲ တင်းခံခဲ့ကြတာပါ။......................... 

Tuesday, 5 July 2011

...ဒေါ်စု ပုဂံဘုရားဖူး ခရီးထွက်...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။ ဇူလိုင် ၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် နယ်ခရီးစဉ် အဖြစ်နဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုဂံ၊ ညောင်ဦးကို သွားရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေအတွင်း အသက်အန္တရာယ် ရှိမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက..................

...မြန်မာသံရုံး အကြီးတန်း သံတမန် အမေရိကန်မှာ နိုင်ငံရေးခိုလှုံ...

အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည့် မြန်မာသံရုံး အကြီးတန်သံတမန် ဦးကျော်ဝင်း။
ဓာတ်ပုံ ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည့် မြန်မာသံရုံး အကြီးတန်သံတမန် ဦးကျော်ဝင်း။
ဝါရှင်တန်မြို့ မြန်မာသံရုံး ဒုတိယအကြီးအကဲ သံမှူးကြီး ဦးကျော်ဝင်းက မြန်မာအစိုးရခေါင်းဆောင်တွေ အနေနဲ့ မကြာမီကာလ အတော အတွင်း ဒီမိုကရေစီအပြောင်းအလဲ ဖေါ်ဆောင်နိုင်ဖို့ မျှော်လင့်ချက် ကင်းမဲ့နေတာကြောင့် ရာထူးကနှုတ်.ထွက်ပြီး အေ.မရိကန်ပြည်ထောင်.စုမှာ ခိုလှုံဖို့ဆုံးဖြတ်လိုက်ပါတယ်။.......     

...မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံမှုအပေါ် သံတမန်ဟောင်းအချို့ အမြင်...

မြန်မာအစိုးရသစ်ရဲ့ သက်တမ်း ရက်ပေါင်း ၁၀၀ မပြည့်သေးခင်မှာပဲ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်း အရာရှိကြီး တဦးဟာ မိသားစုနဲ့တကွ အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးက သံမှူးကြီး ဦးကျော်ဝင်းဟာ သူ ဘာကြောင့် အခုလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံရတယ် ဆိုတာကို..................

Tuesday, 28 June 2011

...တရုတ်၊ မြန်မာ ကျောက်ကုန်သည်တွေ ပြဿနာဖြစ်...

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရဟိုင်းဈေး အနီးက ကျောက်ဝိုင်းမှာ တရုတ်ကုန်သည်နဲ့ မြန်မာပွဲစားအကြား ကျောက်အရောင်းအ၀ယ် ကိစ္စကနေ စတင် အချင်းများရာက တရုတ်ကျောက်ကုန်သည်နဲ့ မြန်မာတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင် အင်အား ၁၀၀ လောက်နဲ့ ၀င်ရောက် ထိန်းသိမ်းခဲ့ရပြီး ကျောက်ဝိုင်းကို ပိတ်ခဲ့ရပါတယ်။ ဒီဖြစ်ရပ်မှာ တရုတ်ကုန်သည်တွေဘက်က ကိုယ်ထိလက်ရောက်.......................

Tuesday, 21 June 2011

...(၆၆) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့  အခမ်းအနား ဂျပန် (နဂိုယာ)...


 (၆၆) နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပွဲအား ဂျပန်နိုင်ငံ(နဂိုယာ) မြို့ ရှိ     မြန်မာ့ဒီမိုကရေစီအင်အားစုများမှ စည်ကားအောင်မြင်စွာ 
ကျင်းပခဲ့ကြပါသည်..။

...ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်...

ဒီကနေ့နားဆင်ကြရမယ့် အမေးအဖြေတွေထဲမှာ စစ်သည်ဟောင်းတွေရဲ့ အကျပ်အတည်း၊ အကြမ်းဖက် နှိမ်နင်းခံရလို့ သေဆုံးဒဏ်ရာရသူတွေစာရင်း ပြုစုထားတာ ရှိ-မရှိ၊ အဖြစ်အပျက် အမှန်အတိုင်းသိအောင် ဘယ်လိုလုပ်နေတယ်၊ ဒီမိုကရေစီ အင်အားစုတွေ မကွဲမပြားဘဲ တစည်းတလုံးထဲ ရပ်တည်ရေး၊ လူမှုရေး အကူအညီပေးကိစ္စ၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရာမှာ လူထုရဲ့အခန်းကဏ္ဍ စတဲ့မေးခွန်းတွေအပြင် ဒေါ်အောင်ဆန်းစုကြည် အတွက် ဂုဏ်ပြုကဗျာတပုဒ်လည်း ပါဝင်ပါတယ်။

... ဗွီအိုအေ တီဗီမဂ္ဂဇင်း ...

           

Monday, 6 June 2011

...လက်ရှိ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူးတံတားအဖြစ် တရုတ်တို့က တည်ဆောက်ပြနိုင်ခဲ့ ...

...အန္တရာယ်ရှိနေဆဲ ဖြစ်သော ချာနိုဘိုင်းလ်နျူဓာတ်အားပေးစက်ရုံ...


လွန်ခဲ့သည့် ၂၅နှစ်ခန့်က  ပေါက်ကွဲပျက်စီးခဲ့သော  ယူကရိန်းနိုင်ငံရှိ ချာနိုဘိုင်းလ် စက်ရုံဧ။် အကြီးအကဲ အီဂေါ်ဂရာမော့ကင်၏  ဧပြီ ၂၁ရက် နေ့ ပြောကြားချက်များအရ နျူးကလီးယားဓာတ်ပေါင်းဖို  အပျက်အစီးများအောက်တွင်  ကျန်ရစ်နေဆဲဖြစ်သည့် လောင်စာတောင့်များသည် ..................

...တေးရေးဆရာ မောင်သစ်မင်း ကွယ်လွန်...


တေးရေးဆရာ မောင်သစ်မင်းဟာ တနင်္ဂနွေနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဆေးကုသမှု ခံယူရင်း ကွယ်လွန်သွားပါတယ်။ စတီရီယို ဂီတလောက ခေတ်ဦးကတည်းကနေ အခုချိန်ထိ အောင်မြင်ဆဲ တေးရေးဆရာ မောင်သစ်မင်း ..........

Tuesday, 31 May 2011

...တစ်လနှစ်လအတွင်း ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့အပြင်ဖက် ခရီးထွက်ရန် အစီအစဉ်ရှိနေ၊ သူမ၏ လုံခြုံရေးအတွက် ပြည်သူများ စိုးရိမ်နေကြ (Some Photos Included) ...

မေလ ၁၉ ရက်နေ့က အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဂျိုးဇက်ယွန်းက ဒေါ်အောင်ဆန်းစုကြည်အား ရန်ကုန်မြို့ တက္ကသိုလ် ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံခဲ့ပြီးနောက် လာရောက် သတင်းယူသော ပြည်တွင်း သတင်းထောက်များကို သူမသည် လာမည့် တစ်လ နှစ်လအတွင်း ရန်ကုန်မြို့အပြင်ဖက်သို့ ခရီးထွက်ရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။