Wednesday, 24 June 2009

အာရှ..မိစ္ဆာဝင်ရိုးတန်းနိုင်ငံများ..၏ စိန်ခေါ်အန်တုခြင်း ။


Wednesday, 24 June 2009 အောင်ဇော်။ ။ဧရာဝတီ
ခေတ်သစ် ဒုံးပျံ ဆိုင်ရာ နည်းပညာများ ရရှိရန် နှင့် သမားရိုးကျ လက်နက်များကို အဆင့်မြှင့်ရန် အသည်း အသန် ကြိုးပမ်းနေသည့် မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်ချက်များမှာ လျှို့ဝှက် ကိစ္စ တခု မဟုတ်တော့ပါ။ သို့သော်လည်း သည်အတိုင်း လွှတ်ထားပါက ဒေသဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်လာဖွယ် ရှိနေသည်ဟု သုံးသပ်ရပေလိမ့်မည်။
ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ ပြုံယမ်းရှိ ကာကွယ်ရေး ဝန်ကြီးဌာန ရုံးတွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေကြပုံ
သမိုင်းကြောင်းအရ အဓိက ရန်သူ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံမှ တပ်မတော် ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံတွင် တာတို နှင့် တာလတ်ပစ် ဒုံးပျံများ ပိုင်ဆိုင်လာသည်ကို မြင်လိုဖွယ် မရှိကြပေ။ သို့ဆိုလျှင်တော့ သူတင်း၊ ကိုယ်တင်း ဒေသတွင်း လက်နက် အင်အား ဖြည့်တင်း ပြိုင်ဆိုင်ပွဲများလည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ထို့အပြင် မြန်မာစစ်ဗိုလ်ချုပ်များက အနောက်နိုင်ငံများကို စိုးရိမ် ကြောက်ရွံ့နေစိတ်ကလည်း နာတာရှည် ရောဂါသဖွယ် ရှိနေရာ၊ ပြီးခဲ့သည့်နှစ်က ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် လေဘေးသင့် ဒုက္ခသည်များကို အကူ အညီများ ပေးပို့နိုင်ရေးအတွက် မြန်မာ့ ရေပိုင်နက်အနီးတွင် နိုင်ငံခြား ရေတပ် စစ်သင်္ဘောများ ဆိုက်ရောက်လာသည်မှ စ၍ ပို၍ အဖြစ်သည်းလာခဲ့သည်။

ထိုအချိန်မှ စ၍ မြန်မာ စစ်ခေါင်းဆောင်များက ပြင်ပ ခြိမ်းခြောက်မှု ရန်ကို ကာကွယ်နိုင်ရေးအတွက် တာလတ်ပစ် ဒုံးပျံများ၊ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၊ ရေဒါစနစ်များ ရရှိရန် ကြိုးပမ်းလာခဲ့ကြသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည်ပင် မြောက်ကိုရီးယား နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလတွင် လျှို့ဝှက် ခရီး သွားရောက်ခဲ့သည်။ အထက်ဖော်ပြပါ ခေတ်ပေါ် လက်နက်များသည် သူ၏ ဝယ်ယူရမည့် ပစ္စည်း စာရင်းတွင် ပါဝင်နေမည်ကတော့ အသေအချာပင်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်းက တရုတ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာခရီး သွားရောက်ခဲ့သည်။

အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး၊ တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြသည်။

ဗိုလ်ချုပ်ရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ အခြား အဆင့်မြင့် အရာရှိများ ပါဝင်ကြသည်။ သေချာသည်မှာ ဤကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပို၍ ခိုင်မာစွာ ဆက်ဆံပြီး မဟာမိတ်ဖွဲ့ရန်ပင် ဖြစ်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြပြီး၊ မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့တည်းမဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးပျံများ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်။

အနာဂတ်တွင် မြန်မာ့တပ်မတော်ကို ဆက်လက် ဦးဆောင်မည့်သူဟု သတင်း ထွက်နေသည့် ဗိုလ်ချုပ်ရွှေမန်းက ၇ ရက်ကြာ ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

ဤကိုယ်စားလှယ်အဖွဲ့က ပြုံးယမ်းမြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ ဒုံးကျည် ထုတ်လုပ်နေမှုများကိုလည်း လေ့လာကြသေးသည်။ ၁၉၈ဝ ပြည့်နှစ်များ နှောင်းပိုင်းမှစ၍ မြောက်ကိုရီးယားက အီရန်၊ ဆီးရီးယားနှင့် အီဂျစ်နိုင်ငံများသို့ စကဒ် ဒုံးကျည်များ၊ ဒုံးကျည် ထုတ်လုပ်သည့် နည်းပညာများကို ပေးပို့ရောင်းချခဲ့သည်ဟု ယူဆရပေသည်။

D အမျိုးအစား စကဒ်ဒုံးကျည် (SCUD-D) က ကီလိုမီတာ ၇ဝဝ အကွာအဝေးသို့ ပစ်ခတ်နိုင်ပြီး၊ E အမျိုးအစား စကဒ်ဒုံး (SCUD-E) က ကီလိုမီတာ ၁၅ဝဝ အထိ ပစ်ခတ်နိုင်သည်။ သို့ဆိုလျှင် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို မြန်မာစစ်အစိုးရက ကောင်းစွာ ခြိမ်းခြောက်ထားနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ယခုအခါ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်း အနည်းဆုံး ၆ ခု တပ်ဆင် နေရာချထားပြီး ဖြစ်သည် ဟုလည်း ယုံကြည်ရသည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်များက တာတိုပစ် ၁ဝ၇ မမ နှင့် ၂၄ဝ မမ ဒုံး အများအပြားကို တပြိုင်နက် ပစ်လွှတ်နိုင်သည့် ပစ်စင်များ၊ နိုင်ငံရပ်ခြားမှ ကျူးကျော်လာပါက ခုခံနိုင်မည့် အထွေထွေသုံး ဒုံးကာကွယ်ရေး စနစ်များကိုလည်း စိတ်ဝင်တစား လေ့လာမှု ပြုခဲ့ကြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။

ထို့အပြင် ၎င်းတို့ အထူး စိတ်ဝင်စားခဲ့ကြသည်မှာ ခြေလျင်တပ်ရင်းများတွင် တွဲဖက်သုံးနိုင်သော တင့်ကားဖျက် လေဆာ ပဲ့ထိန်း နည်းပညာသုံး နောက်ဆုံးပေါ် ဒုံးကျည်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို ကုန်ဖလှယ်သည့်စနစ်ဖြင့် ဝယ်ယူခဲ့ကြပြီး ဖြစ်သည်ဟုလည်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဆိုင်ရာ လေ့လာသုံးသပ်သူများက ဆိုနေကြသည်။

စစ်အစိုးရခေါင်းဆောင်များက D အမျိုးအစား စကဒ် ဒုံးကျည်များ၊ သို့မဟုတ် ၎င်းထက် ပြင်းအား များပြီး ကီလိုမီတာ ၃ဝဝဝ မျှ ပြေးနိုင်သည့် F အမျိုးအစား စကဒ် ဒုံးကျည်(SCUD-F) များ မှာယူထားခြင်း ရှိမရှိကိုမူ အတိအကျ မသိနိုင်ပါ။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် ဆိုပါက ဤမျှ အဆင့်မြင့်သည့် လက်နက်များ မလိုအပ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက ဒုံးကျည်များ၊ ရေဒါများ၊ လေကြောင်း ကာကွယ်ရေး အေဝက် AWAC စနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဟန့်တား နှောင့်ယှက်သည့် စက်များ (GPS communication jammers)၊ ရှာဖွေ ရေး ရေဒါများ ရလိုသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ခံစစ်အတွက်ရော၊ ထိုးစစ်အတွက်ပါ ပြင်ဆင်နေသည်မှာ သိသာပါသည်။

သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြန်မာနိုင်ငံက အနောက်နိုင်ငံများမှ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟော်လန် အပါအဝင် ဥရောပနိုင်ငံ တချို့ ထံမှ လက်နက်ငယ်များ၊ ဂျက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ ဝယ်ယူ ဖြည့်တင်းခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုအပေါ် အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရပြီး၊ စစ်တပ်ကို ခေတ်မီစေရန် ပြုပြင်ရေးအတွက် လက်နက်၊ ခဲယမ်းများကို တခြား ရနိုင်သည့် နေရာများမှ အငမ်းမရ ရှာဖွေ စုဆောင်းခဲ့သည်။ တရုတ်နိုင်ငံမှ ဂျက်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူခဲ့သော်လည်း၊ အရည် အသွေး နိမ့်ခြင်း နှင့် ဝယ်ယူပြီး နောက်ပိုင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်း တို့ကြောင့် အခြား လက်နက်များ ဝယ်ရန် ဈေးကွက်ကိုလည်း ရှာဖွေနေခဲ့သည်။

ယခင်က ရုရှားနိုင်ငံလုပ် "ပီချိုရာ" (Pechora) လေကြောင်းရန် ကာကွယ်ရေးစနစ်မျိုး ဝယ်ယူခဲ့ဖူးပြီး၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်များလည်း ဝယ်ယူခဲ့သည်။ လေ့လာသူများအဆိုအရ ရုရှားနိုင်ငံက မြန်မာစက်မှု ပညာရှင်များကို နည်းပညာဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ ဘာသာစကား သင်တန်းများ ပို့ချခဲ့သည်။

စစ်အစိုးရက ၎င်း၏ စစ်ရေးစွမ်းရည် ပိုမို တိုးတက်လာစေရန် ဆက်လက် ဖြည့်တင်းနေပြီး၊ နိုင်ငံ၏ အဖိုးတန်သည့် နိုင်ငံခြား အရံငွေများကို သုံးပြီး တပ်မတော်ကို ခေတ်မီ တိုးတက်စေရန် ကြံဆောင်နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ခေတ်ပေါ်လက်နက် အသစ် အဆန်းများကို ပို၍ ဝယ်ယူ ဖြည့်တင်းနေသည်။

ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက ၂ဝဝ၆ ခုနှစ်၊ ဧပြီလအတွင်း မော်စကိုသို့ သွားခဲ့ရာတွင် သူက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် မစ်ခေးလ် ဖရက်ကော့ဖ် (Mikhail Fradkov) ကို ရုရှားလုပ် မစ်၂၉ (MiG-29) ဂျက်တိုက်လေယာဉ်များ ပိုမို ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပြောခဲ့သေးသည်။ (ယခင်ဝယ်ယူပြီး မစ် ၂၉ လေယာဉ် ၁၂ စီးအပြင် ထပ်၍ ဝယ်ရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။) ထို့အပြင် တပတ်ရစ် အမ်အိုင် ၁၇ (MI-17) ရဟတ်ယာဉ်များလည်း ဝယ်ယူလိုသည်ဟု ပြောခဲ့သေးသည်။

မော်စကို ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးမောင်အေးက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးစနစ်ကို ရုရှားနိုင်ငံ၏ အကူအညီနှင့် တည်ဆောက်လိုသည်ဟု ဆိုခဲ့သည်။

စိတ်ဝင်စားဖွယ်အချက်မှာ တချို့သော လေ့လာသူများ အဆို အရ ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်ရှိ မြေအောက်ရထားစနစ်ကိုလည်း လေ့လာခဲ့သည်။ သဘောတရားအရ ပြောမည်ဆိုလျှင် မြေအောက်ရထား စနစ်က မြို့ပြဒေသများတွင် ပဋိပက္ခ စစ်ပွဲ ကာလအတွင်း တပ်များကို ထိထိရောက်ရောက် ရွှေ့ပြောင်း နေရာချနိုင်သော စနစ်လည်း ဖြစ်သည်။

၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံက မြေအောက်ဥမင်များ နှင့် ဂူများ စတင်ဖောက်လုပ်ခဲ့ပြီး၊ လေယာဉ်များနှင့် လက်နက်များကို ဖုန်းကွယ် သိမ်းဆည်းထားခဲ့သည်။ ထိုမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေးစနစ်များကို ဖုံးကွယ် ထားရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံရပ်ခြား လေ့လာသူများ၏ အဆိုအရမူ ၂ဝဝ၁-၂ဝဝ၂ ခုနှစ် ကာလများအတွင်းက ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ် ပဋိပက္ခများတွင် ရှက်ဖွယ်လိလိ အရေးနိမ့်ခဲ့ရသည့်အပေါ် စစ်အစိုးရက အခဲမကျေ ဖြစ်နေသည်ဟုလည်း ဆိုသည်။ ထိုင်းနိုင်ငံက ဤ တိုက်ပွဲများတွင် အက်ဖ် ၁၆ ဂျက်တိုက်လေယာဉ်များကို နယ်စပ် တလျှောက် အသုံးပြုခဲ့ပြီး၊ မြန်မာ စစ်တပ်များ၏ ရှေ့တန်း တပ်ဖွဲ့များနှင့် ဗဟိုထိန်းချုပ်မှုစနစ် အကြား ဆက်သွယ်ရေးကို ကောင်းစွာ ဟန့်တား နှောင့်ယှက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်တကြိမ် ကြုံရလျှင် ပို၍ သာလွန်သောတပ် မဟုတ်လျှင်သော်မှ အင်အားတူ ဆင်နွှဲနိုင်ရန် မြန်မာ စစ်ဗိုလ်ချုပ်များက ကြံစည်ထားကြဟန် ရှိနေသည်။

အောင်ဇော် ရေးသားသည့် Asia’s ‘Axis of Evil’ Flexes Its Muscles ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ ပေးပို့ သူ(မင်းမော်စိုး)..
Sent at 9:50 PM on Wednesday

Friday, 12 June 2009

BURMA VJ -သတင်းရုပ်ရှင် (၀၉)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၈)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၇)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၆)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၅)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၄)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၃)

BURMA VJ -သတင်းရုပ်ရှင် (၀၂)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၁)

...သမိုင်းမှန်ကိုသိခြင်ယင်ဒါကိုကြည့်ပါ...

Tuesday, 9 June 2009

Tuesday, 2 June 2009

ပျားအုံခံစားမှု..



ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။

လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။

ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။

ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။

ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။

ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။

ဒီအချိန်မှာ
အင်းစိန်ထောင်ဟာ ငါတို့ အိမ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံး ပိတ်လှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင် ချုပ်နှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ် မြေမြှုပ်ခံရတော့မယ်။

သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်

ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ

အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။

ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကို ဆက်ပစ်နေရမယ်။

ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်းကို ခံရမယ်။

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

(အောင်ဝေး - မေ ၂၅ ၊ ၂၀၀၉)

Thursday, 21 May 2009

ဆန္နပြပွဲဖိတ်ကြားလွှာ...



(ဂျပန်နိုင်ငံနာဂိုယာမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှဦးစီး၍)
ဒို့ ခေါင်းဆောင်ကိုချက်ခြင်လွှတ်......
စစ်အာဏာရှင်ကိုတော်လှန်ကြ....
စီတန်းလှည့်လည်ဆန္နပွဲ....
(၃၁.မေ.၂၀၀၉) ဂျပန်နိုင်ငံ (နာဂိုယာမြို့ )
SAKAE - ပန်းခြံ -(Chanel One TV station ဘေး)
စုရပ်-နေ့ လည်(၁၂း၀၀)..(မျိုးချစ်မြန်မာများအားကြိုဆိုပါသည်။ ။)
ဆက်သွယ်ရန်။ ။
ကိုအောင်အေးဝင်း(၀၉၀-၅၁၀၆-၆၃၉၃)
ကိုရဲတင် (၀၈၀-၃၆၂၈-၉၉၇၉)
ကိုမျိုးသီဟန် (၀၉၀-၄၁၆၂-၁၉၇၀)..

Saturday, 16 May 2009