Monday, 7 December 2009


ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဝင်မတိုက်မီ နှစ်အနည်းငယ် အချိန်က အမေရိကန် ပြည်ထောင်စု ယူထပြည်နယ် တောင်ပိုင်း ဘုရားကျောင်း တောင်တန်း တဝိုက်မှာ ဂျပန်ကုမ္မဏီ တခု သတ္တု ရှာဖွေရေး လုပ်ခဲ့ကြကြောင်းကို မှေးမှိန်နေတဲ့ ဂျပန်စာများ ရေးထားသော သစ်သားအပိုင်း အစ တချို့က သက်သေခံလျှက် ရှိနေပေသည်။

အကယ်လို့များ အဲဒီ တောင်တန်းအောက်မှာ ဘာတွေ ရှိတယ်ဆိုတာ ဂျပန်တွေ သိသွားခဲ့ရင် စစ်ပွဲအဖြေက တမျိုးတဖုံများ ပြောင်းလဲ သွားလေမလား မသိတော့ချေ။

ယူရေနီယံကို ၁၇၈၉ ခုနှစ်အတွင်း ဂျာမန် ဓာတုဗေဒပညာရှင် မာတင် ဟိန်းနရစ် ကလပ်ရု က ရှာဖွေ တွေ့ရှိခဲ့သည်၊ ထုံးစံအရ တွေ့ရှိသူ၏ နာမည်ပေးရမှာကို ငြင်းဆန် ခဲ့သည့်နောက် လွန်ခဲ့တဲ့ ၈နှစ်က ရှာဖွေ တွေ့ရှိခဲ့တဲ့ ယူရေးနပ်ဂြိုလ်ကို အစွဲပြုပြီး ယူရေနီယံလို့ အမည်ပေးခဲ့သည် ၊ ဒီလိုဘဲ ၁၉၄၁ ခုနှစ်က ကာလီဖိုးနီးယား တက္ကသိုလ်က ပညာရှင် ဂလန်းဆီးဘော့ ပလူတိုနီယံ ကို စတင်ခွဲထုတ် နိုင်ချိန်မှာလည်း ပလူတိုဂြိုလ်ကို အစွဲပြုပြီး ပလူတိုနီယံလို့ နာမည်ပေးခဲ့သည်၊ မည်သို့ပင် ဆိုစေကာမူ ဂျပန်နိုင်ငံကို ကြဲချခဲ့တဲ့ အနုမြူဗုံးတွေမှာ အသုံးပြုခဲ့သော ယူရေနီယံ အများစုကို ထုတ်လုပ်ပေးခဲ့တဲ့ အာဖရိက တိုက်က ဒီအာ ကွန်ဂိုနိုင်ငံ (အခြားသော ကွန်ဂိုနိုင်ငံ တခုနှင့် ကွဲပြားစေရန် ဒီမိုကရက်တစ် ရီပတ်ပလစ် အော့ ကွန်ဂို (သို့) ဒီအာဂွန်ဂို ဟုခေါ်သည်) က ဇာတ်လမ်း အစလို့ ပြောရပေမည်။

ဥရောပ နိုင်ငံတွေ အာဖရိက တိုက်ကို ခွဲဝေယူတော့ သတင်းသမားဟောင်း၊ စာရေးဆရာ၊ လူစွန့်စား ဟင်နရီ မောတင် စတန်လေ ရဲ့ အကူအညီနဲ့ ဘယ်လ်ဂျီယံ ဘုရင် ကင်း လီယိုပို့ ၂ ဟာ ဘယ်လ်ဂျီယံ နိုင်ငံထက် အဆပေါင်းများစွာ ကျယ်တဲ့ အာဖရိကတိုက် အလယ်က ကွန်ဂိုနိုင်ငံကို ရလိုက်သည်၊ ဒေသခံတွေရဲ့ အကျိုးအတွက်လို့ ဆိုခဲ့ပေမယ့် ကွန်ဂိုဟာ အတင်း အဓမ္မကျေးကျွန် အဖြစ် စေခိုင်းရာ ချွေးတပ်စခန်းကြီးပဲ ဖြစ်လာခဲ့ရသည်၊ အဲဒီခေတ်က သူ့ တပ်သားတွေ ကလည်း အလုပ်သမားတွေကို ထုတ်လုပ်မှု တိုးတက် လာစေဖို့ အတွက် သတ်မှတ်တဲ့ ဆင်စွယ်တို့ သစ်တို့ မရခဲ့ရင် လက်ဖြတ်၊ ခေါင်းဖြတ်ပြီး အရေးယူတယ်တဲ့၊ ဥရောပမှာ စက်မှုလုပ်ငန်းတွေ ထွန်းကားလာတဲ့ အချိန်မှာတော့ လိုအပ်တဲ့ ရာဘာတွေ အများအပြား ထုတ်လုပ်ခဲ့ ပြန်ပါတယ်၊ ရာဘာတွေ အလျှုံအပါယ် ထွက်သလို မြေအောက်သတ္ထု တွေလည်း အများအပြား ထွက်တော့ ဘယ်လ်ဂျီယံ ကုမ္မဏီ ယူနီယံမိုင်နရယ်၊ ဒူဟန့် ကာတန်ဂါ နဲ့ ဘစ်စမတ်တို့က ကိုဘော့၊ တင်၊ ဇင့် သတ္တု စတာတွေကို အလွယ်တကူနဲ့ တူးဖေါ်ရယူ ခဲ့ကြပါတယ်၊ ၁၉၁၅ မှာတော့ အကောင်းစား ယူရေနီယံ သတ္တုသိုက်ကို ရှင်ကိုလိုဘွေး ဒေသမှာ တွေ့ခဲ့ပြန်ပါတယ်၊ အဲ့ဒီအချိန်က ယူရေနီယံ ကနေ ထုတ်ယူရတဲ့ ကင်ဆာရောဂါ ပျောက်အောင် ကုလို့ရတဲ့ ရေဒီယံ ဟာ ကမ္ဘာမှာ အဖိုးအတန်ဆုံး သတ္တုဖြစ်ပြီး တစ်-ဂရမ်ကို ဒေါ်လာ ၁၇၅၀၀၀ အထိ ဈေးရှိခဲ့ပါတယ်၊ တောင်တွေကို ဖောက်ခွဲပြီး ယူရေနီယံတွေ ထုတ်ယူကာ ဘယ်လ်ဂျီယံ နိုင်ငံကို တင်ပို့ခဲ့ကြတော့သည်၊ ဒီတော့ ရေဒီယံ ထုတ်ယူပြီးကျန်ခဲ့တဲ့ အဝါရောင် ယူရေနီယံတွေ အများအပြား ဘယ်လ်ဂျီယံနဲ့ ကွန်ဂိုမှာ ရှိနေခဲ့ကြတော့သည်။

၁၉၄၀ ခုနှစ်မှာ နာဇီဂျာမန်တွေ ဘယ်လ်ဂျီယံကို ဝင်တိုက်တော့ ယူနီယံမိုင်နရယ် ကုမ္မဏီလည်း ရုံးချုပ်ကို နယူးယောက်ကို ပြောင်းရွေ့ခဲ့ရသည်၊ ဂျာမန်တွေလည်း ဘယ်လ်ဂျီယံ ကနေ ယူရေနီယံတွေ အများအပြား ရလိုက်တယ်၊ ဒါပေမယ့် ဘယ်သူမှ ဘာသုံးရမှန်း အသေအခြာ မသိနိုင်ကြသေး၊ စမ်းသပ်နေကြဆဲ အဆင့်သာ ရှိသေးသည်၊ နောက်ပိုင်း အမေရိကန် ကတော့ ကမ္ဘာမှာ လေယာဉ်အင်ဂျင်တွေ ထုတ်လုပ်တဲ့ နေရာမှာ အရေးပါတဲ့ ကိုဘော့သတ္ထုကို အများဆုံး သုံးတဲ့နိုင်ငံ ဖြစ်လာခဲ့သည်၊ ဒါပေမယ့် ၁၉၄၂ ခုနှစ် စက်တင်ဘာလ အတွင်းမှာ အမေရိကန်တပ်မှ ကာနယ် ကက်နက် ဒီ နီကိုလပ်(စ်) တယောက် ယူနီယံမိုင်နရယ် ကုမ္မဏီရုံးခန်းကို ရောက်ခဲ့လာပြီး အချိန်မှာတော့ အနုမြူဗုံး ထုတ်လုပ်ရန် မန်ဟက်တန် ပရောဂျက်ကြီးကို စတင် အကောင်အထည် ဖေါ်ခဲ့လေတော့သည်၊ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့တဲ့ ယူရေနီယံ ဘေ့(စ်) ဗုံးမှာ ကွန်ဂိုက ယူရေနီယံတွေ သုံးပုံ၊ နှစ်ပုံပါသည်ဟု ယူဆရပြီး၊ ပလူတိုနီယံ တွေကိုတော့ ဂျပန်နိုင်ငံရဲ့ ဆန်ဖရန်စစ္စကို လို့ တင်စားရတဲ့ နာဂါစါကီမြို့ကို ကြဲချခဲ့တဲ့ နောက်ဗုံးတလုံးမှာ သုံးခဲ့ကြသည်။

ကွန်ဂိုနိုင်ငံ ကလည်း အကောင်းစား စိန်တွေက အစ သယံဇာတ များစွာ ထွက်ရှိသလို ပြဿနာ အလွန်များတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်၊ အမေရိကန် ထောက်ခံတဲ့ ဂျိုးဇက် မိုဘူတူ သမ္မတ ဖြစ်လာပြီး ဇိုင်ယာ နိုင်ငံဆိုပြီး အမည်ပြောင်းခဲ့ သေးသည်၊ နောက်တော့ လူရန့် ကာဘီလာ က ရဝမ်ဒါ၊ ယူဂန်ဒါ နိုင်ငံတွေ အကူအညီနဲ့ အာဏာသိမ်းပြီးတော့ ဒီအာကွန်ဂို ဆိုပြီး ပြန်ပြောင်းခဲ့သည်၊ နောက်တော့ ရဝမ်ဒါ နဲ့ ယူဂမ်ဒါ တို့နဲ့ ပြဿနာ ဖြစ်ကြပြန်ပြီး အာဖရိကရဲ့ ကမ္ဘာစစ်ကြီးလို့ ပြောရမယ့် နိုင်ငံများစွာ ပါဝင်တဲ့ စစ်ကြီးဖြစ်ပြီး လူပေါင်း ၅.၄ သန်းကျော် သေကြေ ခဲ့ကြပြန်သည်၊ ဒုတိယ ကွန်ဂိုစစ်သာ တရားဝင်ပြီး သွားတယ် ပြဿနာ သောင်းခြောက်ထောင်က ကတော့ အခုထိ တအုံနွေးနွေးနဲ့ မပြီးနိုင်သေးဖူး၊ ကွန်ကရစ်နဲ့ ပိတ်ထားတဲ့ ယူရေနီယံ မိုင်းတွေကလည်း ဖောက်ပြီး ခိုးယူ ခံနေရသေးတယ်၊ ကွန်ဂို တက္ကသိုလ်ကို ထူထောင်ခဲ့တဲ့ ဘုန်းကြီး လု(စ်) ဂူလီယံ အကူအညီနဲ့ အာဖရိကရဲ့ ပထမဆုံး အနုမြူ ဓာတ်ပေါင်းဖိုကို ၁ မီဂါဝပ်နဲ့ တည်ထောင်နိုင်ခဲ့တယ်၊ အဲဒီအချိန်မှာ အမေရိကန်မှာ ၂၀၀၀ မီဂါဝပ် ဓာတ်ပေါင်းဖိုတွေနဲ့ စာရင်တော့ ခလေး ကစားစရာ အဆင့်ဘဲ ရှိတာပေါ့၊ နောက်ပိုင်း ပြုပြင်ထိမ်းသိမ်းမှုလည်း ကောင်းကောင်း မလုပ်နိုင် လုံခြုံရေးလည်း မကောင်းနဲ့ အခြေအနေ အတော်ဆိုးလာတယ်၊ အဆိုးဆုံးကတော့ သန့်စင် ယူရေနီယံချောင်း နှစ်ချောင်း ၁၉၇၀မှာ အခိုး ခံလိုက်ရပါပဲ၊ တချောင်းကိုတော့ အီတလီ မာဖီးယား ဂိုဏ်းတဂိုဏ်း က အရှေ့အလည်ပိုင်းက မိတ်ဆွေတွေကို ရောင်းဖို့ ကြိုးစားနေတုန်း လျှို့ဝှက်ရဲ က ပြန်ဖမ်းမိ လိုက်ကြတယ်၊ နောက်တချောင်း ကတော့ ကနေ့အထိ အစအန ပျောက်သွားတော့သည်၊ ဒီအခိုးခံ ယူရေနီယံတွေကို များသော အားဖြင့် ဇမ်ဘီယားက တဆင့် ခိုးထုတ်ကြသည်၊ ကွန်ဂိုမှာက လာဘ်ပေး လာဘ်ယူ အလွန်များသည်၊ သူတို့က လာဘ်ပေးတာကို "သကြားရေ" လို့ တင်စား ခေါ်ဝေါ်ကြသည်၊ ၂၀၀၅ ခုနှစ် အောက်တိုဘာလ အတွင်းမှာ တန်ဇန်းနီးယား နိုင်ငံမှာ ဖမ်းမိတဲ့ ယူရေနီယံ တွေကလည်း ဇမ်ဘီယာ ကနေတဆင့် ကွန်ဂိုကနေ ခိုးထုတ်လာတာ ဖြစ်တယ်၊ လက်(ပ်)တော့(ပ်)နဲ့ ဆဲလ်ဖုန်းတွေ ထုတ်ရာမှာသုံးရတဲ့ ကိုလ်တန် သတ္ထုစည်တွေ နောက်မှာ ဖွက်လာတာဟု ဆိုကြသည်။

၁၅ရာစုမှ စတင်ပြီး ဘိုဟီးမီးယား တောင်တန်းဒေသ တနေရာမှ (ချက်ကိုစလိုဘက်ကီးယား) စိန့် ဂျို့ချင်စသယ် ဒေသမှာ ငွေတွေ အမြောက်အများ ရှာဖွေတွေ့ရှိ တူးဖော်ခဲ့ကြသည်၊ ဒါပေမယ့် ငွေတွေနဲ့အတူ ရှိနေတဲ့ လေးလံတဲ့ ကျောက်ခဲတွေကိုတော့ အသုံးမလို လွင့်ပစ်ခဲ့ကြသည်၊ နောက်မှ (ဘတ်လပ်ရော့) ကံဆိုးကျောက်များလို့ ခေါ်တဲ့ ဒီကျောက်ခဲတွေမှာ ယူရေနီယံ ပါဝင်တဲ့ ကျောက်တွေမှန်း သိလာကြတယ်၊ သို့ဖြင့် ရေဒီယံကို ထုတ်ယူ အသုံးပြုတတ်ချိန်မှ စပြီး ဒီကံဆိုး ကျောက်ခဲတွေ ကံကောင်းပြီး အဖိုးတန် လာတော့သည်၊ ဒီလိုနဲ့ ကိန်းဘရစ် တက္ကသိုလ်ထုတ် ရေဒီယံကို အဓိပ္ပါယ် ဖွင့်ဆိုခြင်းဆိုတဲ့ စာစောင်ကို ကာလ ယန္တယားဝတ္ထုနဲ့ နာမည်ကြီးလာတဲ့ စာရေဆရာ ဟားဘတ် ဂျော့ ဝဲလ် (အိပ်ခ်ျ ဂျီ ဝဲလ်) ဖတ်မိပြီးတဲ့ အခါမှာ "The world set free" ဆိုတဲ့စာအုပ်ကို ရေးသားခဲ့ပြီး ယူရေနီယံရဲ့ အနာဂတ်ကို စတင် လူအတော်များများ သတိပြုမိစေခဲ့သည်၊ နောက်တော့ သြစတီးယန်း ပရော်ဖက်ဆာ အော်တို ဖရစ် က ဟမ်းဘတ် ဓာတ်ခွဲခန်းမှနေ အင်္ဂလန်သို့ ပြောင်းရွေ့လာပြီး ၁၉၃၈ ခုနှစ်မှာ နေချားလ် ဆိုတဲ့ သုတေသန စာစောင်ကို ထုတ်ဝေခဲ့ပြီး နောက် ပညာရှင်များ အကြား လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်၊ အဲ့ဒီမှာ ယူရေနီယံ ယူ၂၃၅ ထုတ်လုပ်ပုံ ချိန်းဂ်ျ ရီအက်ရှင် စတာတွေကို ပြည့်ပြည့်စုံစုံ ရေးသားဖေါ်ပြ ထားလို့ပါပဲ၊ ယူ၂၃၅ ထုတ်ဖို့ဆိုတာက တကယ်တော့ အလွယ်လေး ယူရေနီယံတွေ အများကြီးပဲ လိုတာပါ။

အဲ့ဒီ စာစောင်ကို ဖတ်ပြီးတဲ့ အခါမှာ အမေရိကန်မှ ဟန်ဂေရီယမ် လူမျိုးပညာရှင် လီယို ဇစ်လာ့ တယောက် ပြာပြာသလဲ ဖြစ်သွားပြီး အိုင်စတိုင်း ဆီကို အပြေးသွားဖို့ ပြင်ပါတော့တယ်၊ ဒါပေမယ့် ကားမမောင်း တတ်တဲ့သူက နောက်တယောက် အီဂွန်နစ် ဝတ်ဂနာ ကိုခေါ်ပြီး အိုင်စတိုင်း အနားယူနေရာ လောင်းအိုင်လန် ဆီကို သွားခဲ့ကြလေသည်၊ အခြေအနေ အရပ်ရပ်ကို အိုင်စတိုင်းနဲ့ ဆွေးနွေးပြီးနောက် ပထမ အိုင်စတိုင်းက ဘယ်လ်ဂျီယံကို စာရေး အကြောင်းကြားဖို့ ပြင်သည်၊ နောက်တော့ အကောင်းဆုံးအနေနဲ့ အမေရိကန် သမ္မတ ဖရန်ကလင် ဒီ ရုစဘဲ့ ဆီကို ၁၉၃၉ ခု အောက်တိုဘာလမှာ စာရေးလိုက်သည်၊ ထိုစာပါ အကြောင်းအရာက ရှင်ကိုလိုဘွေး လို့ ဖော်မပြ ထားပေမယ့် ကွန်ဂိုမှ ယူရေနီယံတွေကို ထိမ်းချုပ်ထားဖို့ အကြံပေး ထားပါတယ်၊ နောက် အရေးယူ ဆောင်ရွက်ရန် ညွှန်ကြားပြီး ကော်မတီတခု ဖွဲ့ခဲ့ကြသည်၊ ဒါပေမယ့် ထိုအချိန်အထိ ထိထိရောက်ရောက် ဘာမှ မလုပ်နိုင်ကြသေးပေ။

တခါက ဘယ်လ်ဂျီယံ ကုမ္မဏီ ယူနီယံမိုင်နရယ် ရဲ့ ဒါရိုက်တာ အက်ဂါ ဆန်ဂီရာ ကို ပြင်သစ်အဖွဲ့ တဖွဲ့က ဆာဟာရ သဲကန္တာရမှာ ယူရေနီယံနဲ့ ပတ်သက်ပြီး စမ်းသပ်မှုတွေလုပ်ဖို့ လာတိုင်ပင် ခဲ့ဖူးသည်၊ နောက်ပြီး ၁၉၄၀ မေလမှာ ဂျာမန်တွေ ဘယ်လ်ဂျီယံကို ဝင်သိမ်းတော့ ဟစ်တလာ အတွက် ယူရေနီယံတွေ အများအပြား ရသွားကြသည်၊ သူတို့ ဘာလုပ်မလဲ ဆိုတာတော့ ဘယ်သူမှ မသိနိုင်သေး၊ ဘယ်လ်ဂျီယံကို ဂျာမန်တွေ မသိမ်းခင်မှာဘဲ ယူရေနီယံမိုင်နရယ် က နယူးယောက်ကို ပြောင်းရွှေ့နေပြီး ဖြစ်သည်၊ အက်ဂါ ဆန်ဂီရာ လို အလွန်လျင်သော စီးပွားရေးသမား တယောက်အနေနဲ့ သူ့ရဲ့ ယူရေနီယံတွေကို မမေ့၊ ရှင်ကိုလိုဘွေးမှ ယူရေနီယံ တန်ချိန် ၁၂၅၀ ကို ဘယ်သူမှ မသိအောင် နယူးယောက်ကို သယ်ယူလာခဲ့ပြီး သုံးထပ်ဂိုဒေါင်ထဲမှာ သိမ်းထားလိုက်သည်၊ ပထမတော့ သူ့ဆီက ယူရေနီယံတွေကို ဝယ်ဖို့ အမေရိကန်က စိတ်မဝင်စားခဲ့။

ဒီလိုနဲ့ ပညာရှင်တွေကြားမှာ ရေဒီယို သတ္တိကြွမှုကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာ လာကြပြီး ဒီကိစ္စက ထိုအချိန်က လျှို့ဝှက် မဟုတ်တော့ချေ၊ ၁၉၄၁ ခုနှစ်မှာ ဂျပန်က ပညာရှင် တိုကုတာရို ဟာဂီဝါယာ က ယူ၂၃၅ အကြောင်းကို လေ့လာသင်ကြား ပေးနေပြီး၊ ဂျပန်အဖွဲ့တွေက ကိုရီးယား ရေလက်ကြား တဝိုက်မှာ ယူရေနီယံ ရှာဖွေနေကြသည်၊ ဂျာမနီ မှာတော့ ပညာရှင် ဝါနာ ဟယ်ဆင်ဘာ့ဂ် အဖွဲ့က ထိရောက်တဲ့ နျူထရွန်ကို နှေးအောင်လုပ်နည်း ရှာဖွေနေကြသည်၊ ပြင်သစ် ပညာရှင်တွေကိုတော့ ဂျိုလော့ကူရီ ဦးဆောင်ပြီး အာဖရိကမှ ရတဲ့ ယူရေနီယံ နဲ့ အက်တွန်မစ် လက်နက်ကို သုတေသန လုပ်ပြီး ဆာဟာရမှာ စမ်းဖို့ လုပ်နေကြသည်၊ ရုရှားမှ အိုင်ဂွာ ကရှက်ရှာတော့ ကလည်း ဖရစ် ရဲ့ နေချားလ် စာစောင်ကို ဖတ်ပြီးတော့ ယူ၂၃၅ ကို ခွဲထုတ်ဖို့ အဖွဲ့ ဖွဲ့ပြီး လေ့လာနေသည်၊ နောက်ပြီး ယူရေနီယံတွေကို ဂျာမန် နဲ့ အမေရိကန်တွေ ရသွားမှာ ကို ရုရှားတွေက သိပ်စိုးရိမ်နေခဲ့ သတဲ့။

အမေရိကန်တွေ လက်နှေးနေလို့ မရတော့တဲ့ အချိန်ရောက်လာသည်၊ ဒီလိုနဲ့ ၁၉၄၂ ခုနှစ် တရက်မှာတော့ ယူနီယံမိုင်နရယ် ဒါရိုက်တာ ဆန်ဂီရာ ရဲ့ နယူးယောက် ရုံးခန်းကို အမေရိကန် ကာနယ် နီကိုလပ်(စ်) တယောက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့တော့သည်၊ ဆန်ဂီရာ ကသူ့ ယူရေနီယံတွေကို ရောင်းတုတ်ဖို့ ၂နှစ် စောင့်ခဲ့ရသည်၊ ဆန်ဂီရာ က နီကိုလပ်(စ်) ရဲ့ ရာထူး အမှတ်တံဆိပ်တွေ နဲ့ ဝယ်ဖို့ အမှန်တကယ် အာဏာရှိသူ ဟုတ်မဟုတ် စစ်ဆေးလိုက်သေးပြီး ဘာအတွက် ဒါတွေ သုံးမှာလည်းလို့ မေးလိုက်သေး သတဲ့၊ နီကိုလပ်(စ်) တယောက်ဖြေဖို့ ခက်နေစဉ်မှာဘဲ ဆန်ဂီရာ စိတ်ပြောင်းပြီး ဖြေဖို့ မလိုပါဘူးလို့ ပြောလိုက်ရင်း ဈေးစကားပြော ဖြစ်ကြသည်၊ ဆန်ဂီရာ သူ့ရဲ့ ယူရေနီယံတွေ အတွက် ဒေါ်လာ ၃၇.၅သန်း ရလိုက်သည်၊ ဘယ်တော့ စ ရနိုင်မလည်းလို့ နီကိုလပ်(စ်) က သူ့ကိုမေးတော့ ဘယ်တော့လိုချင်လည်း ပြန်မေးလိုက်သည်၊ နီကိုလပ်(စ်)က အမြန်ဆုံး လိုချင်တယ် ဖြစ်နိုင်ရင် မနက်ဖြန် လိုချင်တယ် ဆိုတော့ သူက ဒီနေရာကနေ ၈မိုင် ဝေးတဲ့နေရာက ဂိုဒေါင်ထဲမှာ ဘာအစောင့်မှ မရှိဘဲ သိမ်းထားတဲ့ ယူရေနီယံတွေကို သွားယူ ယုံဘဲဆိုလိုက်တော့ ဒီတင် နီကိုလပ်(စ်) အတော့ကို တုန်လှုပ်အံ့အားသင့် သွားခဲ့ရတယ်၊ ဒါပေမယ့် နယူးယောက်မှာ ရှိနေတဲ့ ယူရေနီယံတွေက ဗုံးလုပ်ဖို့ ဘယ်လိုမှမလောက် နောက်ထပ် အများကြီး လိုချင်သေးတယ်၊ ဒီတော့ ရှင်ကိုလိုဘွေးမှာ ပိတ်ထားတဲ့ ယူရေနီယံမိုင်းကို ပြန်တူးပြီး တနှစ် ယူရေနီယံ ပျမ်းမျှ တန်၄၀၀ ပို့ပေးဖို့ နီကိုလပ်(စ်) ရဲ့ ဆရာ စစ်ဗိုလ်ချုပ် ဂရုဒ် က တောင်းဆိုတော့ ဆန်ဂီရာ က မဖြစ်နိုင်ကြောင်း အကြောင်းပြန်လိုက်သည်၊ အလုပ်သမား ရှာရမည်၊ ရပ်ထားတဲ့ မိုင်းထဲမှ ရေတွေကို စုပ်ထုတ်ဖို့က မလွယ်၊ ဒီလိုနဲ့ အမေရိကန် အင်္ဂျင်နီယာတပ်က အခမဲ့ ရေတွေစုတ်ထုတ်ပြီး မိုင်းကို ပြုပြင်ပေးဖို့ ကမ်းလှမ်း ရတော့သည်၊ ရောင်းသူတဦး ဝယ်သူတဦး ထဲပေမယ့် လိုချင်သူက အလျှော့ပေး ရတော့သည်၊ ဒီနေရာမှာ နှစ်ဖက် သူလျှိုတွေလည်း ခြေခြင်းလိမ်နေကြမှာ သေခြာသည်၊ ဒါပေမယ့် အမေရိကန်ကလည်း အဲ့ဒီ ယူရေနီယံမိုင်းကို လက်ဝါးကြီး အုပ်ထားချင်နေသည်။

ဒီကာလ များဆီက အမေရိကန် ယူရေနီယံတွေ ဝယ်နေသလို အခြားရရှိနိုင်မယ့် နေရာတွေကို ပိုက်စိပ်တိုက်ပြီး စုံစမ်း သုတေသန လုပ်နေကြရသည်၊ နိုင်ငံ ၂၀ မှာ စမ်းသပ် ရှာဖွေပြီးတော့ ရလဒ် ထွက်လာသည်၊ ကွန်ဂိုက အဆင့်အမြင့်ဆုံး ယူရေနီယံတွေ ရှိနေပြီး၊ အမေရိကန်၊ ကနေဒါ၊ ဆွီဒင်နိုင်ငံ တွေမှာတော့ အသင့်အတင့် စွမ်းအား ကောင်းတာတွေရှိသည်၊ ချက်ကိုစလိုဘက်ကီးယား၊ ပေါ်တူဂီ နဲ့ တောင်အာဖရိက တို့မှာတော့ သင့်တော်ရုံ အဆင့် ယူရေနီယံတွေ ရှိကြောင်း တွက်ချက်တွေ့ရှိ လာကြရသည်၊ ရုရှား နဲ့ ဘူဂေးရီးယား နိုင်ငံတွေမှာတော့ မသိရှိရသေး၊ အမေရိကန် အနေနဲ့ ရှိသမျှ ယူရေနီယံတွေကို လက်ဝါးကြီး အုပ်ထားဖို့ လိုသည်၊ ရုရှား မရစေရ၊ ရုရှား အနေနဲ့ အနည်းဆုံး နောင်အနှစ် ၂၀ ကြာမှသာ လုံလောက်တဲ့ ယူရေနီယံတွေ ရနိုင်မယ်လို့ ခန့်မှန်း တွက်ချက်ခဲ့ကြသည်၊ နောက်တော့မှ တွက်တာ လုံးလုံးမှားမှန်း သိရတော့သည် …. ဘုရားရေ ! ကမ္ဘာပေါ်မှာ ယူရေနီယံတွေက သံဖြူထက်တောင် ပိုများသည်တဲ့၊ ရွှေထက် အဆအများကြီး ပိုရှိနေသည်၊ အနည်းဆုံး မတူးရသေးတဲ့ ယူရေနီယံ ပမာဏ က တန်ချိန် ၁၀၀ ဘီလီယံ အထက်မှာ ရှိနေသည်။

အမေရိကန်ရဲ့ မန်ဟက်တန် ပရောဂျက်ကြီးကို တက်နဆီပြည်နယ် ကလင့်(စ်) မြစ်အနီးမှ ဘလက်အုပ်ရစ် အရပ်မှာ စတင်တော့သည်၊ မြို့အသေး နှစ်မြို့ကို ဖယ်ရှားခဲ့ပြီး၊ အဆောက်အဦး အအုံကြီးကို ယူ-ပုံသဏ္ဍာန် ဆောက်လုပ်ထားပြီး အလုပ်သမားပေါင်း တသောင်း၊ နှစ်ထောင်ကျော်နဲ့ အဆက်မပြတ် နေ့မီး ညမီးကူးကာ လုပ်ဆောင်ခဲ့သည်၊ အလုပ်သမားတွေ မပြောနဲ့ အုပ်ချုပ်သူတွေတောင် သူတို့ ဘာလုပ်နေတယ် ဆိုတာ မသိစေရ၊ ကိုယ့်အလုပ် ကိုယ်လုပ်ဖို့နှင့် တဖွဲ့နှင့် တဖွဲ့ အဆက်အသွယ် မလုပ်ဖို့ ကန့်သတ်ထားသည်၊ နောက်ပြီးအားလုံးကို စကားဝှက်တွေနှင့် ပြောင်းပေးထားသည်၊ အချိန်နှင့်အညီ အမြန်လုပ်နေရတော့ လူအား ပစ္စည်းအား အများကြီး စိုက်ထုတ်ခဲ့ကြရသည်၊ ပရောဂျက် အကျယ်က ရိုဒီကျွန်း တဝက်မျှ ကျယ်ပြီး အဆောက်အဦးပေါင်း ၅၄၀ ကျော်ရှိပြီး အလုပ်သမား ဦးရေက ပနားမားတူးမြောင်းကို တူးခဲ့တဲ့ လူထက် ပိုများသေးသည်၊ အဲ့ဒီအထဲမှ အုတ်ဂူပုံစံ ဘလက်ဘန်းလို့ အမည်ဝှက် ပေးထားတာ ကတော့ ပထမဆုံး အခိုင်အခံ့ ဓာတ်ပေါင်းဖိုပင် ဖြစ်တော့သည်၊ ချီကာဂိုမှ သုတေသန လုပ်ထားသော ဓာတ်ပေါင်းဖို ပုံစံကိုယူပြီး ဆောက်လုပ်ထားခြင်း ဖြစ်သည်။

၁၉၄၅ ခုနှစ်မှာ ဂျပန်က စစ်ရှုံးဖို့ သေခြာသလောက် ဖြစ်နေပြီ၊ အမေရိကန်မှာက အဏုမြူ ဗုံးထုတ်ဖို့ လုံလောက်တဲ့ သန့်စင် ယူရေနီယံ ယူ၂၃၅ က မရသေး၊ စစ်မပြီးခင် ဗုံးထုတ် ပြီးနိုင်ဖို့ အရေးတကြီး လိုအပ်နေသည်၊ အဲ့ဒီအချိန်မှာဘဲ မမျှော်လင့်တဲ့ အံ့သြစရာတွေ ဖြစ်လာခဲ့ရသည်၊ အဒေါ့(ဖ်) ဟစ်တလာ တယောက် နောက်ဆုံး စပက်ကတီကို စားပြီး ဘန်ကာထဲမှာ သူ့ကိုယ်သူ သတ်မသေမီ တလကျော် အလို တရက်မှာ အန်တာဆီးဘု ၂၃၄ အမည်ရှိတဲ့ သာမန် ယူဘုတ်တွေထက် သုံးဆကြီးတဲ့ ရေငုတ်သင်္ဘောကြီး တစီးဟာ အလွန် စိတ်ဝင်စားဖွယ်ရာ ကုန်ပစ္စည်းတွေ တင်ဆောင်ပြီး ဂျာမန်ဆိပ်ကမ်း ကီရယ် မှ ရေတပ်သား ၆၀ နဲ့ တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာလာခဲ့သည်၊ ထိုစဉ် ရုရှားရဲ့ တပ်နီတော်က ဘာလင်မြို့နားကို ရောက်လာနေပြီး အမေရိကန် ဗိုလ်ချုပ် အိုင်စင်ဟောင်းဝါးရဲ့ တပ်တွေကလည်း မိုဆယ်လီ မြစ်ကိုဖြတ်ကူး ပြီးကြနေပြီ၊ ရှိသမျှ ယူဘုတ် ၄စီးမှာ ၃စီး က တိုက်ပွဲမှာ ကုန်ပြီ၊ ဒီတော့ ဒီရေငုတ် သင်္ဘောကြီးက ဘာလုပ်မှာပါလိမ့် တွေးထင် စရာတွေပေါ့။

ဂျာမန်ရေငုတ် သင်္ဘောကြီးက ဂျပန်နိုင်ငံကို ဦးတည်နေတာ ဖြစ်ပြီး၊ သင်္ဘောပေါ်မှာ ပါလာတာတွေ ကတော့ ဂျာမန်တို့ရဲ့ ဗွီတူး ဒုံးကျည် ဘလူးပရင့် အပြည့်အစုံ၊ ဓာတုလက်နှက် များနှင့် ထုတ်လုပ်ပုံစံများ၊ စံနစ်တကျ ဖြုတ်သိမ်းထားတဲ့ နောက်ဆုံးထုတ် တိုက်လေယာဉ်နှစ်စီး၊ စတဲ့ ပစ္စည်းတွေအပြင် နောက်ဆုံး အထူးသေတ္တာကြီး ၁၀လုံးထဲမှာ ပါလာတာတွေ ကတော့ ယူရေနီယံ များပင် ဖြစ်တော့သည်၊ စုစုပေါင်း ၁၂၃၅ ပေါင်ပါရှိသည်၊ ဘယ်လ်ဂျီယံ က ရတာတွေ ပါနိုင်သလို ချက်ကိုစလိုဘက်ကီးယား (ယခု ချက် နိုင်ငံ) မှ တူးဖော် ရတာတွေလည်း ဖြစ်နိုင်သည်၊ နောက်ထပ်ပါလာတဲ့ အထူး ခရီးသည် ၁၄ ယောက်ကတော့ နာဇီပါတီမှ ပညာရှင် နဲ့ ဗိုလ်ချုပ် များပင်ဖြစ်သည်၊ လေကြောင်း ကာကွယ်ရေး ကျွမ်းကျင်သူ၊ ဗွီတူးဒုံးပျံ ပညာရှင် စတဲ့ သူတွေဖြစ်ပြီး ဂျပန် အဆင့်မြင့် အရာရှိ နှစ်ယောက်လည်း ပါလာခဲ့သည်၊ ရေငုတ်သင်္ဘောကြီးက အာဖရိက တိုက်ကိုပတ်ပြီး အရှေ့တောင်အာရှမှ ကွေ့ကာ ရန်သူကို ရှောင်ပြီး သွားရမည် ဖြစ်သည်၊ ဂျာမန်တို့ အနေနဲ့ မိတ်ဆွေ ဂျပန်တို့ကို စစ်မရှုံးစေရန် အကောင်းဆုံး အကူညီပေးခြင်း ဖြစ်ချေသည်။

ရေငုတ်သင်္ဘောကြီး အာဖရိကကို ဖြတ်နေစဉ်မှာဘဲ ဂျာမန်ရေဒီယိုမှ လက်နက်ချကြောင်း ကြေငြာသည်၊ ရေငုတ် သင်္ဘောတွေ အနေနဲ့ အဆင်ပြေတဲ့ နေရာတွေမှာ လက်နက်ချဖို့ပါ ညွှန်ကြားထားသည်၊ ကဲ..ဘယ်လို လုပ်ကြမလဲ၊ ထိုသင်္ဘောမှ သဘောထား အမျိုးမျိုး ပေးကြသည်၊ တချို့ကလည်း အာဂျင်တီးနား ဘက်မှာ သွားရှောင်နေပြီး သူတို့မှာပါတဲ့ ကုန်ပစ္စည်းတွေနဲ့ အပေးအယူ လုပ်လို့ ရနိုင်တာတွေ ရှိသည်ဟု အဆိုပြုကြသည်၊ လက်နက်ချမည် ဆိုရင်လည်း ဘယ်မှာ သွား လက်နက်ချကြမလဲ၊ ဆိုဗီယက်တွေဆီတော့ သွားလို့မဖြစ် အပြင်းအထန် တိုက်ခဲ့ရတဲ့ ရန်သူတော်တွေ၊ အင်္ဂလိပ်ကိုလည်း သူတို့တွေ အကြီးအကျယ် ဗုံးကြဲထားခဲ့သည်၊ နောက်ဆုံးတော့ အမေရိကန်မှာ လက်နက်ချဖို့ ဆုံးဖြတ် လိုက်တော့သည်၊ ပါလာတဲ့ ဂျပန် အဆင့်မြင့် အရာရှိ ၂ဦးကတော့ သူတို့ ဂျပန်က လက်နက်မချသေးတော့ သူတို့ ကိုယ်သူတို့ ခါမီခါဇေ လုပ်ကာသတ်သေ လိုက်ကြရတော့သည်၊ သူတို့နဲ့အတူ ပါလာတဲ့ ယူရေနီယံတွေ ဘယ်ရောက်သွားသည် ကိုတော့ ဘယ်သူမှမသိ၊ သိလည်း ပြောကြမည်မထင်၊ ပြောဝံ့မည် မထင်၊ ဘာဘဲဖြစ်ဖြစ် ယူရေနီယံဘေ့(စ်) အဏုမြူဗုံးကို ၁၉၄၅ သြဂုတ်လ ၆ရက်မှာ ဟီရိုရှီးမားမြို့ကို ကြဲချခဲ့ပြီး၊ ၃ ရက်ခန့် အကြာမှာတော့ ပလူတိုနီယံ ဗုံးကို နာဂါစါကီမြို့မှာ သွန်ဖြိုး ကြဲလိုက်ပြန်တော့သည်။

လုံလောက်တဲ့ ယူရေနီယံ အလွယ်တကူ ဆိုဗီယက်တို့ မရနိုင် ဟု အမေရိကန်တို့ ထင်ထားခဲ့သည်၊ သို့ပေမယ့် ဘိုဟီးမီးယား က စိန့်ဂျိုချင်စသယ် မိုင်းကနေ ယူရေနီယံတွေ တူးဖော်နိုင်ကြသည်၊ အရှေ့ဂျာမဏီရှိ မိုင်းကလည်း ရုရှားတွေ အများအပြား ရလိုက်ကြသေးသည်၊ ဒီတော့ နောင်အနှစ်၂၀ မှ အဏုမြူဗုံး ပိုင်နိုင်မယ်လို့ အမေရိကန်တို့က တွက်ခဲ့ကြပေမယ့် ဂျပန်ကိုဗုံးကြဲ အပြီး ၄ နှစ်အကြာ ၁၉၄၉ သြဂုတ်လ မှာဘဲ ဂျိုး ဝမ်း လို့ အမည်ဝှက် ပေးထားတဲ့ အနုမြူဗုံးကို ဆိုဗီယက်တို့ အောင်မြင်စွာ စမ်းသပ်ဖောက်ခွဲ နိုင်ခဲ့ကြတော့သည်။

၁၉၆၉ ခုနှစ် အတွင်းက ရက်တရက်မှာ သြစတေးလျ နိုင်ငံမြောက်ပိုင်းက အဘောရီးဂျင်း တိုင်းရင်းသားတို့ အထွတ်အမြတ် ထားရာ မောင့်ဘရော့မန်း တောင်ထွတ်နားကို ဖြတ်ပြီး အလူမီနီယံ ကုမ္မဏီတခုမှ ရေဒီယို မက်ထရစ်ဆာဗေး တိုင်းတဲ့လေယာဉ် တစင်း ဖြတ်ပျံသွားပြီး နောက်ပိုင်းမှာတော့ အလွန်ကောင်းမွန်တဲ့ ယူရေနီယံ သတ္ထုတွေ အမြောက်အများ သြစတေးလျ နိုင်ငံမှာ စတင် တွေ့ရှိလေတော့သည်၊ ရှင်ကိုလိုဘွေး အဆင့်မှီ ယူရေနီယံများ ဖြစ်သည်၊ နောက်တော့ သြစတေးလျတိုက်နိုင်ငံမှာ ကမ္ဘာ့ မတူးဖော် ရသေးတဲ့ ယူရေနီယံ စုစုပေါင်းရဲ့ ၄၀ ရာခိုင်နှုန်း ( အခြားတနေရာမှာ ၂၆ ရာခိုင်နှုန်းလို့ ဖော်ပြထား၊ ခုနှစ်အလိုက် ပြောင်းလဲမှု ရှိနိုင်ပါသည် ) ရှိကြောင်း တွေ့ရှိလာရသည်။

၁၉၇၀ ခုနှစ် မှာတော့ ပိုကြီးမားတဲ့ သတ္ထုသိုက် ဂျဘီလူကာ ကို ထပ်တွေ့ကြပြန်သည်၊ နာမည်ကြီး သြစတေးလျ ကုမ္မဏီ ရိန်းဂျား၊ မယ်ရီ ကတ်သလင်း နှင့် အိုလံပစ် ဒန် တို့က အဓိကထား တူးဖော်နေကြပြီး၊ ကနေဒါကလည်း လာရောက် ရင်းနှီးမြုတ်နှံကြသည်၊ ဘာဘဲပြောပြော အိန္ဒိယရဲ့ ပထမဆုံး အနုမြူစမ်းသပ်မှု အတွက်ရတဲ့ ယူရေနီယံတွေက သြစတေလျက လာသည်ဟု သိရှိရသည်၊ သြစတေးလျ ကတော့ တနှစ်ကို ယူရေနီယံ ရဲလိုးကိတ် ( ယူရေနီယံကို ရောင်းချရာတွင် ရဲလိုးကိတ် အဆင့်ပြုလုပ်ပြီး သယ်ယူပို့ဆောင် ရောင်းချရသည် ) တန်ချိန် ၉၀၀၀ ကျော် ပုံမှန် တင်ပို့နေခဲ့သည်၊ နောက်ထပ် ဟောနီမွန်း လို့ ခေါ်တဲ့ ပရောဂျက် တခုကလည်း ၂၀၀၈ မေလမှ စတင်ဖို့ ပြင်ဆင်ခဲ့ပြီး၊ ဝန်ကြီးချုပ် ဂျွန် ဟိုးဝှပ် ကလည်း တရုတ်အစိုးရဲ့ ဓာတ်ပေါင်းဖို အသစ် ၄၀ ကျော်အတွက် တနှစ်ကို ရဲလိုးကိတ် တန်ချိန် နှစ်သောင်းနှစ်ထောင် တင်ပို့ရန် ၂၀၀၆ ခုနှစ်ထဲက သဘောတူစာချုပ် ချုပ်ဆို ထားခဲ့သည်၊ ၂၀၀၇ ခုနှစ် မှာတုန်းကတော့ ရဲလိုးကိတ် တပေါင်ကို ဒေါ်လာ ၁၂၀ အထိ ဈေးတက် သွားခဲ့သေးသည်၊ ရဲလိုးကိတ် ပေါက်ဈေးက လက်ရှိ တပေါင်ကို ဒေါ်လာ ၅၀ ခန့် ပျမ်းမျှရှိသည်။

တကယ်တန်းတွင့် သြစတေးလျ နိုင်ငံသည် ယူရေနီယံများ တင်ပို့နေနေသော်လည်း ၄င်းနိုင်ငံတွင် အနုမြူ ဓာတ်ပေါင်းဖို မထားရှိပေ ( နျူ ကင်းလွတ် တိုင်းပြည် ဖြစ်သည်။ )၊ ၁ ကီလိုဝပ် သာရှိသော သုတေသနအတွက် သက်သက်ရှိတယ် ဆိုယုံလေး စက်ရုံအသေးလေး တခုသာ ဆစ်ဒနီမြို့ အပြင်ဖက်နားမှာ ရှိသည်။

အာဖရိကနိုင်ငံ နိုင်ဂျာနိုင်ငံ က ကမ္ဘာ့အကြီးဆုံး ယူရေနီယံမိုင်းကြီး ကို သွားရာလမ်းက သိပ်မကောင်းပါ၊ နိုင်ဂျာနိုင်ငံရဲ့ ဧရိယာ အများစုကလည်း ဆာဟာရ သဲကန္တာရ ရဲ့အစိတ်အပိုင်း သက်သက်သာ၊ ကမ္ဘာ့ စတုထ္တ ယူရေနီယံ အများဆုံးတင်ပို့သော နိုင်ငံဖြစ်ပေမယ့် အဆင်းရဲဆုံး နိုင်ငံတခုလည်း ဖြစ်သည်၊ ၄င်းမှ ယူရေနီယံ မိုင်းကြီးကို တူးဖော် နေသူတွေ ကတော့ ပြင်သစ်နိုင်ငံ ပဲရစ်အခြေစိုက် အာရီဗာ ကုမ္မဏီ ဖြစ်ပြီး နှစ်ရှည် စာချုပ် ချုပ်ထားကာ အလွန်သက်သာတဲ့ အခွန်သာ နိုင်ဂျာ အစိုးရကို ပေးဆောင်ရပေသည်၊ ဒီလိုနှင့် အနောက် နိုင်ငံကုမ္မဏီ တွေက သယံဇာတ တွေကို လက်ဝါးကြီး အုပ်ထားပြီး ထိုနိုင်ငံ ပြည်သူတွေ ကတော့ ဆင်းရဲမြဲ ဆင်းရဲသာ ဖြစ်သည်၊ သို့ပေမဲ့ ဘာမှမတတ်နိုင် နိုင်ဂျာနိုင်ငံကလည်း တင်ပို့ ရောင်းချစရာဆိုလို့ ယူရေနီယံနှင့် ကြက်သွန်နီသာ ရှိသည်၊ လက်ရှိသမ္မတ မာမက်ဒို တန်းဂ်ျ ကလည်း ယခုဆို တတိယအကြိမ် သမ္မတအဖြစ် ထပ်မံ ရွေးချယ်ခံရ ပြန်သည် တိုင်းပြည်က နာလံမထူနိုင်သေး၊ ဟိုးတချိန်က နိုင်ဂျာမှာ အာဏာသိမ်းခဲ့တဲ့ သမ္မတ ဆီးနီ ကောင့်ချီ က (တိုင်းပြည် တိုးတက်ဖို့ရန်) လိုအပ်ရင် မကောင်းဆိုးဝါး ဖြစ်ပစေ ယူရေနီယံကို ရောင်းရမှာဘဲ ပြောခဲ့ဖူးသည်၊ ပြောခဲ့တာ ကြာခဲ့ပြီ ဆိုပေမယ့် အနောက်နိုင်ငံ ထောက်လှမ်းရေးတွေက ဒီစကားကို ဥပါယ်တမြည်ဖြင့် မမေ့ကြ။

၂၀၀၂ ခုနှစ် အောက်တိုဘာလ ရက်တရက်က ရောမမြို့ တနေရာမှာ အသက်၆၀ အရွယ်ခန့် ရှိတဲ့ ရီကိုမာတီနို ဆိုတဲ့ လူကြီးက အမျိုးသမီး တယောက်ကို နေ့လည်စာ စားဖို့ အလွန်ကောင်းမွန်တဲ့ စားသောက်ဆိုင် တဆိုင်သို့ ခေါ်လာခဲ့သည်၊ ကိစ္စကတော့ တခြားမဟုတ် မာတီနိုဆိုတဲ့ လူကြီးက အရေးကြီး သတင်းတခုကို ရောင်းဖို့ ကြိုးစားနေခြင်း ဖြစ်သည်၊ အမျိုးသမီးကတော့ သတင်းထောက် တယောက်ဖြစ်ပြီး၊ လူကြီးက သူမကို ယူရေနီယံ အမြောက်အများ ရောင်းချတဲ့ နိုင်ငံသိလားဟု မေးလိုက် ပြီးနောက် ဖိုင်တခုကို လှမ်းပေးလိုက်သည်၊ လူကြီး လှမ်းပေးလိုက်တဲ့ ဖိုင်ကို ဖွင့်ကြည့်လိုက်တဲ့ အခါမှာတော့ အမျိုးသမီး မျက်လုံးပြူး သွားခဲ့ရသည် နိုင်ဂျာသမ္မတ တန်းဂ်ျ က အီရတ်နိုင်ငံကို ယူရေနီယံ တနှစ်ကို တန်၅၀၀ ရောင်းဖို့ သဘောတူထားတဲ့ စာချုပ် မိတ္တူဖြစ်နေသည်၊ အီတလီ ထောက်လှမ်းရေး စစ်စမီ လို အဖွဲ့တွေက အစ အဆက်အသွယ် အလွန်ကောင်းတဲ့ လူကြီးက ဘယ်လို ရလာသည်ကို မပြော၊ သူလိုချင်တာ ကတော့ ဒီဖိုင်အတွက် ဒေါ်လာ တသောင်းနှစ်ထောင်သာ၊ ဒီလိုနဲ့ သူ့အထက် အယ်ဒီတာကို တင်ပြလိုက်သည်၊ အယ်ဒီတာ ကနေတဆင့် အီတလီ ဝန်ကြီးချုပ် ဘာလူစကိုနီ ဆီကို ရောက်သွားတော့သည်၊ အမေရိကန်နဲ့ အထူးရင်းနှီးသူ မဟာမိတ်တွေဆိုတော့ အီရန်မှာ အထူးဖျက်အား ကောင်းတဲ့ လက်နက်တွေကို အသဲအသန်ရှာနေတဲ့ အမေရိကန်သမ္မတ ဂျော့ ဒလျူ ဘုရှ် ဆီကို ထိုဖိုင် အမြန်ရောက်သွား လေတော့သည်၊ သံသယတွေ ပိုမိုခိုင်မာ လာလေတော့သည်၊ အခြား ထောက်လှမ်းရေးအဖွဲ့တွေ ဆီကလည်း သတင်းက ရပြီးသား ဖြစ်နေသည်၊ နဂိုရ်က ရထားတဲ့ သတင်းတွေထဲမှာ ဒီသတင်းက ပိုခိုင်မာအောင် လုပ်ပေးသလို ဖြစ်သွားတော့သည်။

တကယ်တော့ ဒီသတင်းက သတင်းအမှားသာ ဖြစ်သည်၊ မာတီနိုက သက်သက်လူလည် လုပ်ပြီး သတင်းရောင်းတာ ဖြစ်သည်၊ နိုင်ဂျာသမ္မတ လက်မှတ်ကို တနေရာကနေ ကတ်ကျေးနဲ့ကိုက်ပြီး မိတ္တူ ပြန်ဆွဲထားတဲ့ စာချုပ်အတုကြီးသာ၊ ဒါမှမဟုတ်လည်း ရမယ်ရှာနေတဲ့ အမေရိကန်ကို မိတ်ဆွေ အီတလီ က ကူညီလိုက်တာလည်း ဖြစ်နိုင်သည်။

အီရန်ပြည်က လှပတဲ့ နေတန် လို့ခေါ်တဲ့ တောင်တန်းမြို့နားမှာ မြေအောက်ဥမှင် တခုရှိသည် အဲဒီဥမှင် အတွင်းမှာတော့ လျို့ဝှက် တည်ဆောက်ထားတဲ့ နျူကလီးယား ဓာတ်ပေါင်းဖို တခုရှိနေတယ်လို့ တိကျတဲ့ ထောက်လှမ်းရေး သတင်းတွေက ဆိုကြတယ်၊ အဲ့ဒီ ဓာတ်ပေါင်းဖို ကတော့ အစ္စရေးရဲ့ ဒိုင်မိုနာ ဓာတ်ပေါင်းဖို လိုဘဲ မြေအောက်မှာ တည်ထားပြီး၊ အလွယ်တကူ ဝေဟင် ကနေ မမြင်နိုင် ဗုံးမကြဲ နိုင်အောင်လုပ်ထား လေသည်၊ နေတန် ဓာတ်ပေါင်းဖိုက ဘတ်စကတ် ဘောကွင်းသာသာ အခန်းထဲမှာ စင်ထရယ်ဖြု့(စ်) ၃၀၀၀ တပ်ဆင်ထားပြီး အဲဒီကနေ လည်ပတ်ပြီး ယူရေနီယံ ၂၃၅ ကို ဖမ်းယူနိုင်သည်၊ ဒီဇိုင်း ကတော့ အေကျူ ခန်း ၏ ဒီဇိုင်းဖြစ်သည်ဟု ဆိုကာ အေကျူ ခန်း ကလည်း ဘယ်လို ခိုးလာတာလည်း ဆိုတာ ဇါတ်လမ်းက ရှိပြန်သေးသည်၊ ဘာဘဲပြောပြော အီရန်ကလည်း ခေသူမဟုတ် ကိုယ်ပိုင် ဒီဇိုင်း အိုင်အာ-တူး ကို စမ်းသပ် ထုတ်လုပ်ထားသည်၊ အဲဒီ အီရန်ရဲ့ ဒီဇိုင်းက အေကျူ ခန်းရဲ့ ပုံစံထက် ထက်ဝက် ပိုငယ်ပြီး လေးဆ ပိုထုတ်လုပ်နိုင်အား ရှိသည်ဟု ဆိုသည်၊ ဆံပင်ညှပ်သမား၊ ပန်းပဲဆရာ သားကနေ သမ္မတ ဖြစ်လာတဲ့ မာမွတ် အာမက် ဒီနီဂျက် ကြည့်ရတာတော့ ကမ္ဘာကြီး ဘာပြောပြော အေးအေးဆေးဆေးပင်.. စစ်ဆေးမဲ့သူတွေ စစ်ချင်လည်း ငြင်းတဲ့ သူတွေကတော့ ငြင်းနေဆဲပင်.. နောက်ထပ် နိုင်ငံတွေ အများကြီး ရှိပါသေးသည်၊ တချို့ကတော့ နျူကလီးယား ဆိုင်ရာ သဘောတူညီချက် လက်မှတ် ရေးထိုးထားကြပြီး၊ တချို့ နိုင်ငံတွေကတော့ မထိုးထားကြ၊ နောက်ပိုင်း ရုရှား က နိုင်ငံတွေ ကွဲထွက်သွားပြီး နောက်မှာ ဂျော်ဂျီယာ၊ ယူကရိန်း စတဲ့ နိုင်ငံတွေက သူ့တို့ ဆီမှာထားတဲ့ နျူကလီးယား လက်နက်တွေကို ဖျက်သိမ်းပြီး ရုရှားကို ပြန်ပို့ လိုက်ကြရသည်။

အဲ့ဒီ နျူကလီးယား ထိပ်ဖူးပေါင်း သောင်းကျော်ထဲက တချို့ကို အမေရိကန်ကို ယူရေနီယံ လောင်စာ အဖြစ် ပြောင်းလဲ တင်ပို့ခဲ့ပြီး၊ အဲဒီ လောင်စာတွေကို ဓာတ်ပေါင်းဖိုတွေမှာ သုံးကာ အမေရိကန်နိုင်ငံရဲ့ လျှပ်စစ်သုံးစွဲမှု ၂၀ ရာခိုင်နှုန်းကို ၂၀၁၃ ခုနှစ် အထိ မီးပေး ထားနိုင်သည် တဲ့၊ ဒီတော့ မီး ၁၀ခါဖွင့်လျှင် ၂ခါက ရုရှား ကလာတဲ့ နျူကလီးယား ထိပ်ဖူးတွေက ဖြစ်သည်ဟု ဆိုနိုင်သည်၊ ယခု စာရေးနေရင်း စာရေးသူ မီးဖွင့်တာ ၁၀ခါလောက်တော့ ရှိလောက်ပြီ၊ စိတ်ဝင်စားစရာတွေ ဆက်ရေးလျှင် ကမ္ဘာအနှံ့က နျူထိပ်ဖူးတွေ များလာမည် ကမ္ဘာကြီးပေါ်၌ အင်အားပြိုင်ဆိုင်ရာ သုံးသော ဘယ်အချိန် ပြီးနိုင်မည် မသိသော ယူရေနီယံ ဇာတ်လမ်းကို ဒီမျှသာ ရပ်နား လိုက်ရသည်။

ရန်မျိုး

Type rest of the post here

Saturday, 22 August 2009

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး

ဗမာပြည်ရဲ့ ယက်တောလွန်နိုင်ငံရေး

ရဲဘော်ဖိုးသံချောင်း
၂၁ သြဂုတ် ၂၀၀၉



ဗီယက်နမ်စစ်ဒဏ်ကြောင့် ကြောင်တောင်တောင်ဖြစ်နေတယ်လို့ ယူဆရတဲ့ ဂျွန်ယက်တောဟာ ဗမာပြည်နိုင်ငံရေးကို ရှုပ်ထွေးမှုတွေ တပြုံတခေါင်းကြီး သယ်လာခဲ့တယ်လို့ဆိုရင် မမှားပါဘူး။ ဗမာပြည်ရဲ့မျက်မှောက်ကာလနိုင်ငံရေးကို ယက်တောလွန်/ဝက်ဘ်လွန်နိုင်ငံရေးလို့တောင် နာမည်ပေးရင်ရမလားပါပဲ။ အပေါ်ယံကြည့်လိုက်ရင်တော့ အခုအချိန်မှာ အမေရိကန်ကလာတဲ့ ယက်တောလည်း အမေရိကန်ကိုပြန်သွား၊ အိမ်ချုပ်ထဲကဆွဲထုတ်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အိမ်ချုပ်ထဲပြန်ထည့်၊ အဆင့် (၁) ကို ပြန်ရောက်သွားပြန်ပြီလို့ ပြောနိုင်ပါတယ်။

ဈေးတွက်တွက်ပြောရရင်တော့ ဒီတခါဝက်ဘ်လာတဲ့ခရီးစဉ်မှာ ဝက်ဘ်နဲ့နအဖတို့ပဲ အမြတ်ရလိုက်ကြပါတယ်။ ဝက်ဘ်ဟာ သူ့အတွက် အိမ်ပြန်လှတဲ့ ဆုလာဘ်ရသွားပါတယ်။ အမေရိကန်နိုင်ငံသားတယောက်ကို လူဆိုးတွေလက်က ကယ်တင်နိုင်သူ သူရဲကောင်းဖြစ်သွားပါတယ်။ သူ့ရှေ့တက်လမ်းအတွက် အမှတ်တော်တော်ရသွားတယ် လို့တောင် တချို့ကပြောပါတယ်။ နောက်ပြီး နအဖအစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း သူ(တို့) ပြောချင်တာ ပြောခွင့်ရသွားပါတယ်။ ဒါဟာအရင်လို မျက်ရိပ်-စကားရိပ်နဲ့ စောင်းပါးရိပ်ခြေ အသိပေးနေရတာတွေနဲ့စာရင် အများကြီးပိုတာသွားပါတယ်။ တခါ နအဖဗိုလ်ချုပ်တွေ အဖို့ဆိုရင်လည်း အမေရိကန်နဲ့ ရွှေလမ်း၊ ငွေလမ်းဖောက်ဖို့ လမ်းစတစ ရသွားပါတယ်။ သူများက ယုံတာမယုံတာအပထား ဝါရှင်တန်ကို သူတို့ဟာ လူစိတ်ရှိသူတွေဖြစ်ပါတယ်လို့ ပြသခွင့်ရသွားပါတယ်။ ဒါ့အပြင် ယက်တောတောင်မှ သူလုပ်ချင်တဲ့ ကြောင်တောင်တောင် အလုပ်ကို လုပ်ခွင့်ရသွားပါတယ်။ သူက နာမည်ကြီးချင်လို့လုပ်တာဆိုရင် ပိုတောင်အောင်မြင်သေး တယ်လို့ ပြောရပါမယ်။

ဒီလိုအခါမှာ ဂျွန်ဝက်ဘ်ရဲ့ခရီးဟာ ဗမာပြည်နိုင်ငံရေးအပေါ် ဘယ်လိုအကျိုးသက်ရောက်နိုင်တယ်ဆိုတာကို ပြောဆိုဆွေးနွေး သံတွေ အတော်ပေါ်ထွက်နေပါတယ်။ မဆန်းပါဘူး။ ဒီလိုစဉ်းစားတွေးတောစရာတွေ ဖြစ်လာရတဲ့အကြောင်းကတော့ ဂျွန်ဝက်ဘ်ဆိုတဲ့လူက သာမန်လူမဟုတ်ဘဲ အမေရိကန်နိုင်ငံက ဆီနိတ်တာအမတ်တယောက်ဖြစ်နေလို့ပါပဲ။

တကယ်ကျတော့ ဂျွန်ဝက်ဘ်ရဲ့ဒီခရီးစဉ်မှာ လျှို့ဝှက်မှုတွေလွှမ်းမိုးနေပါတယ်။ ဝက်ဘ်ဘက်ကလည်း အများကြီးထိန်ချန်ထား၊ နအဖဘက်ကလည်း အများကြီးထိန်ချန်ထားတာမို့ တကယ့်အခြေအနေကို မှန်းဆရတာဟာ အလွန်ခက်ပါတယ်။ စောလည်းစောလွန်းနေပါသေးတယ်။ ဒါပေမယ့် မကြာမီမှာပဲ ဝါရှင်တန်နဲ့ ကြပ်ပြေးအကြား အသွားအလာ၊ အပေးအယူတွေ များလာတာကို မြင်လာရစရာရှိပါတယ်။ ဒီလိုအခါမှာ ဒါဟာ ဗမာပြည် ပြည်သူတွေရဲ့ကံကြမ္မာအပေါ် ဘယ်လိုများ အကျိုးသက်ရောက်မှု ရှိလေမလဲလို့ စဉ်းစားသူ၊ တွေးတောသူ၊ ရေးသားသူ၊ ပြောဆိုသူတွေ အခုထက် ပိုများလာကောင်းလာစရာလည်း ရှိပါတယ်။

ဒါတွေနဲ့ဆက်နေတဲ့ကိစ္စတခုက ဝက်ဘ်ရဲ့ခရီးစဉ်ဟာ အမျိုးသားရင်ကြားစေ့ရေးဆီကို တွန်းပို့ရာကျမကျဆိုတဲ့ မေးခွန်း ဖြစ်ပါတယ်။ ဒီမေးခွန်းထုတ်၊ ဒီစကားကို ပြောသူတွေထဲမှာ သဘောထားအမျိုးမျိုးနဲ့ ပြောကြသူတွေပါပါတယ်။ တချို့ကလည်း အဲဒီလိုဖြစ်စေချင်လို့၊ တချို့ကလည်း ကိုယ်လုပ်ချင်တာတခုအတွက် အကြောင်းပြစရာရချင်လို့ စသဖြင့်ပါ။ ဒါပေမယ့် နအဖနဲ့ သူ့ဆောင်းပါးရှင်တွေကတော့ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို တခွန်းမှမဟကြောင်း အသေအချာထောက်ပြဖို့လိုပါတယ်။ ဒီနေရာမှာ စဉ်းစားရမှာက တကမ္ဘာလုံး၊ တပြည်လုံးကပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးဟာ ဗမာပြည်မှာ ဘာကြောင့် အကောင်အထည်မပေါ်တာလဲ ဆိုတာဖြစ်ပါတယ်။ အမှန်မှာ အဓိကပြဿနာဟာ နအဖရဲ့သဘောထားဖြစ်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ပေါ်ပေါက်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ တင်းမာမှုတွေ၊ ဖိနှိပ်မှုတွေဟာ နအဖစစ်အုပ်စုက အာဏာကို လက်မလွှတ်ချင်လို့ ဖြစ်နေတာဆိုတာ လူတိုင်းသိပါတယ်။ ဒီတော့ ဂျွန်ဝက်ဘ်ဟာ နအဖဗိုလ်ချုပ်တွေကို အာဏာခွဲဝေယူချင် အောင်၊ အာဏာကို လက်လွှတ်ချင်အောင် ပြောနိုင်မလား။ တကယ်က နအဖကို တရုတ်ကနားချဖူးပါတယ်။ မရပါဘူး။ အမေရိကန်နဲ့ တခြားနိုင်ငံတွေကလည်း အကျပ်ကိုင်ဖူးပါတယ်။ မရပါဘူး။

ကိစ္စတွေဟာ အဲဒီလောက်လွယ်ရင် ဗမာပြည်ရဲ့ဒီမိုကရေစီအရေးတော်ပုံဟာ ဒါလောက်ကြာမနေပါဘူး။ ဒီနေ့ဗမာပြည် ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်အာဏာရှင်တွေဟာ ကမ္ဘာ့သမိုင်းမှာ စံချိန်တင်လောက်တဲ့ အာဏာမက်သူတွေဖြစ်ပါတယ်။ သူတို့ဟာ သူတို့ဘဝ သူတို့အာဏာနဲ့ အသေတွဲချည်ထားသူတွေပါ။ အာဏာမရှိရင် သူတို့ကိုယ်တိုင်ပါ ရပ်တည်လို့မရအောင် သူတို့ဘာသာ လုပ်ထား-လုပ်နေပါတယ်။ နအဖကို ကြမ်းပြင်ပေါ် တုတ်ကလေးတချက်ရိုက်ပြရုံနဲ့ လန့်လိမ့်မယ်၊ မုန်လာဥလေးတဥ ပြလိုက်ရုံနဲ့ ဟပ်တပ်ဆွဲလာမယ်လို့ထင်ရင် စိတ်ကူးယဉ်တာပဲဖြစ်ပါလိမ့်မယ်။ နအဖနဲ့ရင်ဆိုင်ရာမှာ ဇာတ်ဓား၊ နတ်ဓားလောက်နဲ့ မရဘူးဆိုတာ ဗမာပြည်ပြည်သူတွေ အသိဆုံးဖြစ်ပါတယ်။ နအဖက ယက်တောကို လွှတ်လိုက်တာဟာ အမေရိကန်အစိုးရကို အချက်ပြတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ထပ်ချလိုက်တာဟာ ဗမာပြည်သားတွေကို အချက်ပြတာဖြစ်တယ်ဆိုတာ မေ့လို့မဖြစ်ပါဘူး။ ဗမာပြည်သူတွေအပေါ်မှာ ပြတ်သားမြဲပြတ်သားတယ်၊ အာခံဝံ့ရင်ခံကြည့်လို့ ပြောတာပဲဖြစ်ပါတယ်။

သတိထားသင့်တဲ့နောက်တချက်က တကယ်လို့များ နအဖက ဟန်ပြစာပွဲဝိုင်းထိုင်တာမျိုးလုပ်လာရင် ဒါကို အမျိုးသား ရင်ကြားစေ့ရေးလုပ်တယ်လို့ မဆိုမိဖို့ပါပဲ။ နအဖဟာ ဒီလိုဟန်ပြမျိုးတွေ လုပ်ခဲ့လှပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကို ဦးအောင်ကြည်ဆိုသူနဲ့ စကားပြောစေတယ်ဆိုတာမျိုးနဲ့ မဗေဒါရေခပ်ခိုင်းထားခဲ့တဲ့ ကိစ္စကို မှတ်မိကြမယ်ထင်ပါတယ်။ အခုအခါမှာ ဒီလိုလုပ်တာတွေနဲ့ ပြည်သူတွေကို မျက်စိလည်စေ၊ ကိုယ့်ကိုယ်ကိုယ်မျက်စိလည်စေတာ မဖြစ်သင့်တော့ပါဘူး။

ဒီနေရာမှာ ဗိုလ်နေဝင်းလက်ထက် ၁၉၈ဝ ခုနှစ်တုန်းက ဗိုလ်နေဝင်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ခေါ်ခဲ့တဲ့အဖြစ်အပျက်ကို ပြန်ထောက်ပြချင်ပါတယ်။ အဲဒီတုန်းက ဗိုလ်နေဝင်းဟာ တရုတ်ကပြောလွန်းတာနဲ့ တရုတ်ကျေနပ်အောင် ငြိမ်းချမ်းရေး ဆွေးနွေတယ်ဆိုတာက တိတ်တဆိတ်လုပ်ခဲ့ပါတယ်။ တဖက်မှာလည်း တရုတ်ကိုတော့ အသိပေးထားပါတယ်။ ဒါပေမယ့် အဲဒီ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာကို နေ့ဝက်ပဲ ဆွေးနွေးပြီးတော့ ဘာမှအကြောင်းမပြဘဲ အကုန်ဖျက်ပစ်ခဲ့ပါတယ်။ အခုလည်းပဲ နအဖဟာ အိမ်ဖြူတော်က ကျေနပ်အောင်၊ ပြကောင်းအောင်လောက် လုပ်လာနိုင်သေးတယ်ဆိုတာ တွက်ထားသင့်ပါတယ်။

ဒီနေ့အခါမှာ အမေရိကန်ကလည်း နအဖကိုဆွဲလို၊ နအဖကလည်းအမေရိကန်နဲ့ နီးစပ်လို၊ နှစ်ဖက်စလုံးဟာ အဲဒီဦးတည်ချက် ဆီကို တက်လှမ်းနေကြတာဆိုတယ်ဆိုတာ တကမ္ဘာလုံးအသိပါ။ အားလုံး ကိုယ့်စဉ်းစားချက်နဲ့ ကိုယ်ချည်းဖြစ်ပါတယ်။ ဒါပေမယ့် သူတို့နှစ်ဖက်စလုံးက ဗမာပြည် ပြည်သူတွေရဲ့ အကျိုးစီးပွားအပေါ်ကနေ တယောက်ကိုတယောက် လက်ကမ်းနေကြတာ မဟုတ်ပါဘူး။ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ်ချည့်ပါ။ ဒါကိုအပြစ်ပြောနေဖို့ မဟုတ်ပါဘူး။ အရေးကြီးတာ ကိုယ်ကသူတို့နောက်ကို မျောမပါဖို့ဘဲဖြစ်ပါတယ်။ ကိုယ့်လမ်းကိုယ်လျှောက်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အရေးတော်ပုံရဲ့ ကံကြမ္မာကို ဘယ်နိုင်ငံကြီးတွေရဲ့ နိုင်ငံခြားရေး ပေါ်လစီတွေနဲ့ တွဲချည်မထားဖို့ဘဲ လိုပါတယ်။

နောက်တချက်က ဒီလိုအချိန်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုကိုဖြစ်မလာနိုင်တဲ့ မျှော်လင့်ချက်တွေ မပေးသင့်ပါဘူး။ ကယ်တင်ရှင် မျှော်ခိုင်းတာလည်း မလုပ်သင့်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုကယ်တင်ဖို့ ယက်တောရောက်လာတယ် ဆိုတာထက် ပိုဆိုးကုန်နိုင်ပါတယ်။ ဗမာပြည်သားတွေနဲ့ ဒီမိုကရေစီအရေးတော်ပုံတပ်သားတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ်မှတပါး တခြား ဘယ်သူ့ကိုမှ အားမကိုးဖို့ပိုင်းဖြတ်ပြီး ကိုယ့်အားကိုယ်ကိုး စိတ်ဓာတ်ခိုင်မြဲစေဖို့လိုပါတယ်။ နအဖတကယ်ကြောက်တာဟာ ပြည်သူ့အင်အား ဖြစ်တယ်ဆိုတဲ့အချက်ကို မျက်ခြည်ပြတ်ခံလို့မဖြစ်ပါဘူး။

တကယ်က နအဖအမြင်မှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ သူတို့ရဲ့အာဏာကို လက်လွှတ်ရေးဖြစ်နေပါတယ်။ သူတို့ အမြင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်စေ၊ တခြားလူတွေကိုဖြစ်စေ လွတ်လွတ်လပ်လပ်လှုပ်ရှားခွင့်ပေးလိုက်ရင် သူတို့ရဲ့ အာဏာကို ခြိမ်းခြောက်လိမ့်မယ်လို့ တွက်ပါတယ်။ ဒီတော့ ငယ်ငယ်တုန်းကပြောသလို မုန့်သာ တဖဲ့စီဝေစားရင်စားမယ်၊ တိုင်းပြည်အာဏာကိုတော့ ဝေမစားဘူးဆိုတာဟာ ဒီဗိုလ်ချုပ်တွေရဲ့ အသည်းထဲကမူဝါဒပါ။

Type rest of the post here

..ဂျင်မ် ၀က်ဘ် နှင့်ပတ်သက်ပြီးဒေါ်စုနှင့်တွေ့ ခဲ့သောဦးညဏ်ဝင်းပြောသမျှ..




Type rest of the post here

Thursday, 13 August 2009

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို စိန်ခေါ်နေသူများ-(၆)



BURMA TODAY မှမျှဝေပါသည်..။

Type rest of the post here

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို စိန်ခေါ်နေသူများ-(၅)




BURMA TODAY မှမျှဝေပါသည်..။

Type rest of the post here

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို စိန်ခေါ်နေသူများ-(၄)




BURMA TODAY မှမျှဝေပါသည်..။

Type rest of the post here

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို စိန်ခေါ်နေသူများ-(၃)


BURMA TODAY မှမျှဝေပါသည်..။

Type rest of the post here

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို စိန်ခေါ်နေသူများ-(၂)


BURMA TODAY မှမျှဝေပါသည်..။


Type rest of the post here

ကုလသမဂ္ဂမှာ မြန်မာစစ်အစိုးရကို စိန်ခေါ်နေသူများ-(၁)




BURMA TODAY မှမျှဝေပါသည်..။

Type rest of the post here

Saturday, 1 August 2009

ဗမာ့စောင်း...(၁၁)..ဇတ်သိမ်းပိုင်း...



Type rest of the post here

ဗမာ့စောင်း...(၁၀)



Type rest of the post here

ဗမာ့စောင်း...(၀၉)



Type rest of the post here

ဗမာ့စောင်း...(၀၈)



Type rest of the post here

ဗမာ့စောင်း...(၀၇)



Type rest of the post here

ဗမာ့စောင်း...(၀၆)



Type rest of the post here

ဗမာ့စောင်း...(၀၅)



Type rest of the post here

ဗမာ့စောင်း...(၀၄)



Type rest of the post here

ဗမာ့စောင်း...(၀၃)



Type rest of the post here

ဗမာ့စောင်း...(၀၂)



Type rest of the post here

ဗမာ့စောင်း...(ဒါရိုက်တာ-အိုင်ဝိုဂျီးမား)


ဗမာ့စောင်း(၀၁)...


ဒီဇတ်ကားဟာဂျပန်မြန်မာချစ်ကြည်ရေးဇာတ်ကား ဆိုရင်မှန်ပါတယ်။ စစ်အတွင်းက မြန်မာပြည်နဲ့ ဂျပန်စစ်သားတွေ အကြောင်း . အထူးသဖြင့် ဂီတကိုမြတ်နိုးလွန်းတဲ့ ဂျပန်တပ်စုလေးတစ်စုအကြောင်းဇာတ်အိမ်ဖွဲ့ထားတာပါ.
မြန်မာ့စောင်း (Biruma No Tategoto) ဇာတ်ကားပါ။ ဒီရုပ် ရှင် က..ဒုတိယ ကမ္ဘာစစ် အပြီး..စစ်ဆန့်ကျင်ရေး လှုပ်ရှား မူ တွေ ..အုံးအုံးကြွက် ကြွက် ဖြစ် နေတဲ့ အချိန် မှာ.. နံမယ်ကြီး ဂျပန် ဒါရိုက်တာ ကြီး အိုင်ချီကာဝါ က ဖန်တီး ခဲ့ပြီင်္း..၁၉၅၄ ခုနှစ် မှာ အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင် ထူးချွန် ဆု ကို ရရှိခဲ့ပါတယ်။
ဇာတ်လမ်း အကျဉ်းက..မကေသွယ်ရဲ့ blog က ကူးယူဖော်ပြတာပါ။
(ဗမာ့ စောင်း) ဇာတ်လမ်းအကျဉ်း...

ဒုတိယ ကမ္ဘာစစ် အတွင်း က..ဗမာ ပြည် မှာ တာဝန် ကျ တဲ့.. ဖျော်ဖြေ ရေး တပ်ခွဲ လေး တခု မှာ..ကြောရိုး တည် ထား တာပါ။ ထုံးစံ အတိုင်း..ဒီတပ် ခွဲက.. ဂျပန် တပ်သား တွေ..စိတ်ဓါတ် မကျ ရ အောင်.. စစ်သီချင်း တွေ အမျိုး မျိုး နဲ့ တာဝန် ယူ ဖျော်ဖြေ ရတယ်။ တပ် မှူးကိုယ် တိုင် က.. ဂျပန် ပြည်မှာ..သံစုံ တီး ၀ိုင်း ခေါင်းဆောင် ကနေ..စစ်ထဲကို ဆင့် ခေါ် ပါ လာ သူ။ အဲဒီ အထဲက.. တပ်သား လေး မစ်ဆူ အီ ဆို တာကလည်း..နဂို ထဲက..ဂီ တ ပါရမီ ထက်သန် သူ ဆိုတော့.. သူတို့ တပ်စခန်း ချ ရာ ကျေး ရွာ သား တွေ နဲ့..ရင်းနှီး ခင် မင် ရင်း..ဗမာ စောင်း ကို ..ခုံခုံ မင် မင် တီးခတ် လာ ခဲ့ တယ်။ ဒီ နေ ရာ မှာ..ဆရာ တင် မိုး ပြော ပြတဲ့.. သူငယ် စဉ်က.. ရွာမှာ..ဂျပန် စစ်သား တွေ နဲ့..ခင်မင်..ပြီး..တယော ထိုး လေ့ ရှိ ကြ တယ် ဆို တာ လေး ကို တောင်..သတိ ရ မိ တော့တယ်။
ဂျပန် တွေ စစ်ရှုံး ပြီး ..ဒုတိယ ကမ္ဘာ စစ် ကြီး ပြီး သွား ခဲ့ ပေမဲ့.. ကျဲ ပြန့် နေတဲ့..အဆက်အသွယ် မရ တဲ့..တပ်စု အတော် များ များ ကတော့..ဒီ သတင်း ကို မသိ ကြ ဘူး ။ ဒီ အထဲ မှာ..မစ်ဆူအီ တို့ ဖျော်ဖြေရေး တပ် ခွဲ လေး လည်း ပါ တာပေါ့။ နောက်တော့..အလွယ် တကူ ပဲ..အင်္ဂလိပ် ( မဟာ မိတ်) တွေ ဆီ လက်နက် ချ ပြီး.. စစ်စခန်း တခု မှာ..သုံ့ပန်း အဖြစ်..ဂျပန် ပြန်ဖို့ စောင့် နေ တဲ့ အချိန်... တောင်ကုန်း ကြီး တခု ပေါ် မှာ တပ် စွဲ ပြီး..ခံ ပစ် နေ တဲ့.. ဂျပန် တပ် စိတ် တခု ကို.. လက်နက် ချ ဖို့..သွား ပြော ဖို့.. တာဝန် ပေး တဲ့ အခါ..မစ်ဆူ အီ ကပဲ..တာဝန် ယူ လိုက် တယ်။

သူ တောင်ကုန်း ကြီး ပေါ် ကို တက် လာ ပြီး..စစ် ရှုံး နေပီ ဖြစ် ကြောင်း..လက်နက်ချ ဖို့ ပြော တဲ့ အခါ.. အပေါ်မှာ ရှိနေ တဲ့..တပ်စု ကြီး က ..လုံး ၀ လက်မ ခံ ပါဘူး။ ခက် တာက..သူ့မှာ..မိနစ် ၃၀ ပဲ အချိန် ရ တယ်။ ဒီဖက် မှာ လည်း..ဘယ်လို မှ ညှိ လို့ မရ။ သူ- ဒီလူ တွေကို အဓိပ္ပါယ် မဲ့ မသေ စေ ချင် ဘူး။ နောက်ဆုံး..အင်္ဂလိပ် တွေ ကို၊ သူ့ကို အချိန် ထပ်ပေး ဖို့..အချက် ပြ တာကို..အထင် လွဲ ပြီး..၀ိုင်းဝန်း ရိုက်နှက် ကြ လို့..သူ လည်း..ဂူ ထဲ မှာ မေ့မျော နေ တုန်း.. အချိန် စေ့လို့..ဒီတောင်ကုန်း ကြီး ကို မိုင်း ခွဲ ဖြို ခွင်း ခံ လိုက် ရ ပါတော့တယ်။ သူ သတိ ရ လာ တော့.. ပျံ့ကျဲ နေ တဲ့ အလောင်း တွေ။ သူ စခန်း ကို ပြန် မသွား တော့ဘူး။ နီးရာ ဘုန်းကြီး ကျောင်း တခု မှာ..သင်္ဃန်း ၀တ် အကူ အညီ တောင်း ပြီး .. သူ လျှောက် သွား ကြည့် တယ်။ နေ ရာ တိုင်း မှာ.. .စစ်ရှုံးခြင်း ..ဆုတ်ခွါ ခြင်းတွေ.. ရောဂါ တွေ .. အလောင်း တွေ.. ပင် လယ် ကမ်းစပ် တွေ မှာ လည်း..လှိုင်း ပုတ် လို့..အပုံ လိုက်..အထပ် လိုက်..ဂျပန် စစ်သား တွေ..အိမ်မပြန် နိုင် ကြ တော့ဘူး။ အဲဒီ အချိန် မှာ..သူ့နှလုံး သား ကို စေ့ ဆော် နေ တာက..ဒီ ခန္ဓာ ကိုယ် တွေ မှာ.. မိသားစု တွေ..ဘ၀ တွေ.. ဂုဏ်သိက္ခာ တွေ ရှိ ခဲ့ တယ်။ ဒီ လူတွေ ကို.. ဂုဏ် သိက္ခာ ရှိ ရှိ မြုပ် နှံ သဂြိုဟ် ပေး ရမယ်... ဗုဒ္ဓ ဘာသာ အရ.. ဘ၀ ကူး ကောင်း အောင်.. သရဏ ဂုံ တင် ပေး ရမယ်.. ဆို တဲ့ အသိ ပဲ။ တကယ် ကို..သူ လုပ် ခဲ့တယ်။ တယောက် တည်း.. ပေါက်တူး တလက် နဲ့..အလောင်း တွေ မြုပ် တယ်။ တနေ ရာ ပြီး တနေ ရာ လိုက်ရှာ တယ်။

အဲဒီ အချိန် မှာ..မစ်ဆူ အီ သေပီ လို့..ထင်ထား ကြ တဲ့...သုံ့ပန်းစခန်း ထဲ က..ဂျပန် တွေ ဆီ ကို... မစ်ဆူ အီ နဲ့တူ တဲ့..ဘုန်းကြီး တယောက် ရဲ့ သတင်း က.. ဒေသခံ..ဈေး သည် တွေ ဆီ က တဆင့် ရောက် လာခဲ့တယ်။ တပ်ရင်း မှူး က.. ကြက် တူ ရွေး လေး တကောင်ကို.. ` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့ သင်ပေး ပြီး.. အဲဒီ ဘုန်း ကြီး ဆီ ကို ရောက် အောင် ..ဈေး သည် တွေ က တဆင့် ပို့လိုက် တယ်။ ဒီ ရုပ်ရှင် ရဲ့..အထွတ် အထိပ်..ရင်ကို ဖမ်းဆုပ် နိုင် တဲ့ အခန်း လေး ကတော့.. မစ်ဆူ အီ က..သူ့ရဲဘော် တွေ ရှိရာ..သုံ့ပန်းစခန်း နား ကို ရောက် လာပီး..မလှမ်းမကမ်း မှာ ရပ် ပြီး..သူတီးနေ ကျ..စောင်း လေး ကို တီး ပြ ရင်း.. သူ- မစ်ဆူအီ ဖြစ်ကြောင်း လာ ပြ တဲ့ အခန်း လေးပါ။ သံဆူး ကြိုး တွေ နောက် က..ရဲဘော် တွေ က.. ပြုံ တိုး ပြီး ကြည့်ကြ။ အော်တဲ့ သူ က..အော် ကြ.. ငိုတဲ့သူ က..ငိုကြ။ ကြက်တူ ရွေး လေး ကလည်း..
` မစ်ဆူအီ..ငါတို့နဲ့အတူ ဂျပန် ပြန်ရ အောင်..´ လို့..ထပ် ကာ ထပ် ကာ အော် လို့။ မစ်ဆူ အီ ကတော့..စကား တခွန်း မှ မပြောပဲ..ကြက်တူ ရွေး လေး ကို ပခုံးပေါ် တင် ပြီး..စောင်း ကိုသာ..တွင် တွင် တီး နေ ခဲ့တယ်။ တကယ်ပဲ..မစ် ဆူ အီ တယောက်..ဂျပန် စစ်သား တွေ ကို..သရဏ ဂုဏ် တင် သဂြို င်္ဟ် ဖို့.. ဗမာ ပြည် မှာ..ကျန် နေ ရစ် ခဲ့ ပါ တော့ တယ်။
http://kthwe.blogspot.com/2008/06/blog-post.html ကျေးဇူးတင်ပါတယ် K.

အာဇာနည် မှ .. မျှဝေပါသည်..
Type rest of the post here

Friday, 31 July 2009

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ထုတ်ပြန်ကြေညာချက်

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ ထုတ်ပြန်ကြေညာချက်



Type rest of the post here

Thursday, 30 July 2009

...၂၀၁၀...



၂၀၁၀ ရွေးကောက်ပွဲ ပျော်ပျော်ရွှင်ရွှင် တို့ဆင်နွှဲ..
(ကာတွန်းဟန်လေး၏လက်ရာ)

Type rest of the post here

...ငါတို့အမေ...

...ငါတို့အမေ...
မျိုးဆက်သစ် လူငယ်များ အစည်းအရုံး
(တေးရေး တေးဆို - AK နှင့် နိုင် KT)
သီချင်း - ကိုရယူရန် (MP3)audio clip
သီချင်းနားဆင်ရန်

မျိုးဆက်သစ် လူငယ်များ အစည်းအရုံး
ပေးပို့ သူ-မင်းမော်စိုး အားကျေးဇူးတင်ရှိပါသည်။

Type rest of the post here

Saturday, 11 July 2009


Type your summary her


Type rest of the post here

Saturday, 4 July 2009

..အဖွင့်သစွာ...


ကျောင်းသားဆိုတာဟာ ပွင့်လင်း ရိုးသားပြီး ဖိနှိပ်မှု၊ မတရားမှုကို မကြိုက်တဲ့ သဘာဝ ရှိပါတယ်။ ခေတ်ပညာ တတ်ဖြစ်ပြီး နိုင်ငံတကာ နဲ့  ယှဉ်ကာ အမြင်ကျယ် အသိဥာဏ် ကြွယ်ဝသူတွေလည်း ဖြစ်ကြပါတယ်။ နယ်ချဲ့  ကိုလိုနီ လက်အောက်က လွတ်မြောက်ဖို့ ကြိုးစားခဲ့တဲ့ မြန်မာနိုင်ငံကို ကယ်တင်ခဲ့တဲ့ "အာဇာနည် သူရဲကောင်း" တွေဟာ ကျောင်းသားတွေက ဖြစ်လာတာ မဟုတ်ပါလား ခင်ဗျား။ ကျောင်းသား သမဂ္ဂနဲ့  ကျောင်းသားတွေ ဟာ လွတ်လပ်ရေး ရရှိမှု ပြဿနာ၊ ပြည်တွင်းစစ် ရပ်စဲရေး ပြဿနာ၊ ဒီမိုကရေစီနဲ့  လူ့ အခွင့်အရေး ပြဿနာ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာ စတာတွေကို အကြိတ်အနယ် ဖြေရှင်းတောင်းဆို ခဲ့ကြပါတယ်။

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ ၊ ဗိုလ်နေ၀င်း အာဏာသိမ်းပြီးတဲ့အခါ စစ်အာဏာရှင် စနစ်ကို ပထမဆုံး ဆန့်  ကျင် ကန့် ကွက် ခဲ့တာ ကျောင်းသားတွေ ဖြစ်ကြပါတယ်။ အာဏာသိမ်းပြီးပြီးချင်း မတ်လ (၃) ရက်နေ့ မှာ (ဗကသ)၊ (တကသ) နဲ့  (ရကသ) တို့  ပူးတွဲပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ကာ စစ်တပ်က အာဏာသိမ်း ခြင်းကို ကန့်  ကွက်လိုက်ကြပါတယ်။ ဖဆပလ၊ ပမညတ စတဲ့ နိုင်ငံရေးပါတီကြီးတွေက စောင့်ကြည့်ဖို့  ဆုံးဖြတ် ထားတဲ့ အချိန်မှာ ကျောင်းသားတွေက ပြတ်ပြတ်သားသား ကန့် ကွက်ခဲ့ကြလို့  ဗိုလ်နေ၀င်းက အာဃာတ တရား ထားခဲ့ပါတယ်။ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးနဲ့  စီမံခန့် ခွဲရေးကို ပညာရေး ၀န်ကြီးဌာနက တိုက်ရိုက် ကိုင်တွယ်ခြင်း မပြုဖို့  တော်လှန်ရေး ကောင်စီက မေလ (၉) ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ တက္ကသိုလ် အက်ဥပဒေ မှာ ပါတဲ့ လုပ်ပိုင်ခွင့်အားလုံးကို တော်လှန်ရေး ကောင်စီက ကျင့်သုံးမှာ ဖြစ်ကြောင်းနဲ့  ကျောင်းသား တွေကို နှိပ်ကွပ်ချုပ်ချယ်တဲ့ ကျောင်းဆောင် စည်းကမ်းချက် (၂၂) ချက်ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။ မေလ (၁၀) ရက်နေ့  တက္ကသိုလ် ကောင်စီဝင်တွေကို ဗိုလ်နေ၀င်းက ဒဂုံရိပ်သာ မှာ ခေါ်ယူတွေ့ ဆုံပြီး မူလတက္ကသိုလ် ကောင်စီကို ဖျက်သိမ်းလိုက်တဲ့ အကြောင်း ပြောဆို ကြေညာခဲ့လို့  ကျောင်းသားထုအတွင်း မကျေနပ်မှု ပိုမို များပြားခဲ့ပါတယ်။

မေလ (၂၇) ရက်နေ့  တက္ကသိုလ် ကောင်စီကို တော်လှန်ရေး ကောင်စီရဲ့  ကြေညာချက်အမိန့်  (၃၀) နဲ့  ထုတ်ပြန်တဲ့ အခါမှာ တက္ကသိုလ် ကျောင်းသားတွေ မပါဝင်ဘဲ စစ်အာဏာရှင် အရာရှိကြီးတွေနဲ့  သာ ဖွဲ့ စည်း ထားလို့  ကျောင်းသားများ ပေါက်ကွဲ ခဲ့ပါတယ်။ မေလ (၃၁) ရက်နေ့  မှာ ကျောင်းသားတွေနဲ့  ပြေလည်မှု ရှိတဲ့ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သာလှကို ရာထူးက ဖယ်ရှားလိုက်ပြီး ဗိုလ်နေ၀င်းရဲ့  ဆရာ သင်္ချာ ပါမောက္ခ ဦးကာ အား အစားထိုး ခန့် အပ်လိုက်ရာမှ အာဏာရှင်အစွယ် ဘီလူး ပေါ်ထွက်လာပါတော့တယ်။ အမှန် မှာ တက္ကသိုလ် အက်ဥပဒေအရ ပါမောက္ခချုပ် ရာထူး လစ်လပ်ရင် ပါမောက္ခတွေထဲက ယှဉ်ပြိုင် အရွေးခံ ခွင့်ရှိပြီး တက္ကသိုလ် ဘွဲ့ ရ အသင်းဝင်တွေ လျှို့ ဝှက် မဲပေးကာ ရွေးကောက်တင်မြောက်ရမှာ ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေ ထုတ်ပြန်တဲ့ ပညာရေး စည်းကမ်းသစ်တွေဟာလည်း လူ့ အခွင့်အရေး ချိုးဖောက်တဲ့ အချက်အလက် တွေ များစွာ ပါရှိလို့  ကျောင်းသားတွေက ထောက်ပြပြီး ကန့် ကွက်မှု ပြုလုပ်လာခဲ့ပါတယ်။ တကသ အဖွဲ့ မှ ပါမောက္ခချုပ် ရုံးကို တရားဝင် စာပေးပို့ ခဲ့ပေမဲ့ ပြန်ကြားမှု တစ်ခု မှ မရခဲ့လို့  အုပ်ချုပ်ရေး အပိုင်း နဲ့  ကျောင်းသားများအကြား တင်းမာ မှု ပြင်းထန်လာခဲ့ပါတယ်။
ပေးပို့ သု(ကိုညို)

Wednesday, 24 June 2009

အာရှ..မိစ္ဆာဝင်ရိုးတန်းနိုင်ငံများ..၏ စိန်ခေါ်အန်တုခြင်း ။


Wednesday, 24 June 2009 အောင်ဇော်။ ။ဧရာဝတီ
ခေတ်သစ် ဒုံးပျံ ဆိုင်ရာ နည်းပညာများ ရရှိရန် နှင့် သမားရိုးကျ လက်နက်များကို အဆင့်မြှင့်ရန် အသည်း အသန် ကြိုးပမ်းနေသည့် မြန်မာအစိုးရ၏ ရည်ရွယ် လုပ်ဆောင်ချက်များမှာ လျှို့ဝှက် ကိစ္စ တခု မဟုတ်တော့ပါ။ သို့သော်လည်း သည်အတိုင်း လွှတ်ထားပါက ဒေသဆိုင်ရာ တည်ငြိမ်မှုကို ခြိမ်းခြောက်လာဖွယ် ရှိနေသည်ဟု သုံးသပ်ရပေလိမ့်မည်။
ဗိုလ်ချုပ်ကြီးရွှေမန်းနှင့် မြောက်ကိုရီးယား ဗိုလ်ချုပ်ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ ပြုံယမ်းရှိ ကာကွယ်ရေး ဝန်ကြီးဌာန ရုံးတွင် နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးနေကြပုံ
သမိုင်းကြောင်းအရ အဓိက ရန်သူ ဖြစ်ခဲ့ရသည့် ထိုင်းနိုင်ငံမှ တပ်မတော် ခေါင်းဆောင်များကလည်း မြန်မာနိုင်ငံတွင် တာတို နှင့် တာလတ်ပစ် ဒုံးပျံများ ပိုင်ဆိုင်လာသည်ကို မြင်လိုဖွယ် မရှိကြပေ။ သို့ဆိုလျှင်တော့ သူတင်း၊ ကိုယ်တင်း ဒေသတွင်း လက်နက် အင်အား ဖြည့်တင်း ပြိုင်ဆိုင်ပွဲများလည်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ထို့အပြင် မြန်မာစစ်ဗိုလ်ချုပ်များက အနောက်နိုင်ငံများကို စိုးရိမ် ကြောက်ရွံ့နေစိတ်ကလည်း နာတာရှည် ရောဂါသဖွယ် ရှိနေရာ၊ ပြီးခဲ့သည့်နှစ်က ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် လေဘေးသင့် ဒုက္ခသည်များကို အကူ အညီများ ပေးပို့နိုင်ရေးအတွက် မြန်မာ့ ရေပိုင်နက်အနီးတွင် နိုင်ငံခြား ရေတပ် စစ်သင်္ဘောများ ဆိုက်ရောက်လာသည်မှ စ၍ ပို၍ အဖြစ်သည်းလာခဲ့သည်။

ထိုအချိန်မှ စ၍ မြန်မာ စစ်ခေါင်းဆောင်များက ပြင်ပ ခြိမ်းခြောက်မှု ရန်ကို ကာကွယ်နိုင်ရေးအတွက် တာလတ်ပစ် ဒုံးပျံများ၊ အဆင့်မြင့် လေကြောင်းရန်ကာကွယ်ရေး လက်နက်များ၊ ရေဒါစနစ်များ ရရှိရန် ကြိုးပမ်းလာခဲ့ကြသည်။

စစ်အစိုးရ၏ နံပါတ် ၃ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည်ပင် မြောက်ကိုရီးယား နိုင်ငံသို့ ၂ဝဝ၈ ခုနှစ်၊ နိုဝင်ဘာလတွင် လျှို့ဝှက် ခရီး သွားရောက်ခဲ့သည်။ အထက်ဖော်ပြပါ ခေတ်ပေါ် လက်နက်များသည် သူ၏ ဝယ်ယူရမည့် ပစ္စည်း စာရင်းတွင် ပါဝင်နေမည်ကတော့ အသေအချာပင်။

တပ်မတော် ကြည်းရေလေ ညှိနှိုင်း ကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးရွှေမန်းက တရုတ်နိုင်ငံမှ တဆင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ကိုရီးယား နိုင်ငံ၊ ပြုံယမ်း မြို့တော် သို့ ၇ ရက်ကြာခရီး သွားရောက်ခဲ့သည်။

အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို ပြုံယမ်းမြို့တော်နှင့် မြိုယမ်းမြို့ရှိ အရေးပါသည့် နေရာများကို လှည့်လည် ပြသခဲ့ပြီး၊ တောင်ကြောများ အတွင်းရှိ ဥမင်များတွင် သိမ်းဆည်းထားသည့် ဂျက်တိုက်လေယာဉ်များ၊ ဒုံးပျံများ၊ တင့်ကားများ၊ အဏုမြူနှင့် ဓာတုလက်နက်များကို ပြသခဲ့ကြသည်။

ဗိုလ်ချုပ်ရွှေမန်းနှင့်အတူ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်လှိုင်၊ ဗိုလ်ချုပ်လှဋ္ဌေးဝင်း၊ ဗိုလ်ချုပ် ခင်အောင်မြင့်၊ ဗိုလ်ချုပ်သိန်းဋ္ဌေး၊ ဗိုလ်ချုပ်မြဝင်း နှင့် အကြီးစား စက်မှုလုပ်ငန်းမှ အခြား အဆင့်မြင့် အရာရှိများ ပါဝင်ကြသည်။ သေချာသည်မှာ ဤကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ပို၍ ခိုင်မာစွာ ဆက်ဆံပြီး မဟာမိတ်ဖွဲ့ရန်ပင် ဖြစ်သည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ဗိုလ်ချုပ်ရွှေမန်းနှင့် မြောက်ကိုရီးယားမှ စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးကြပြီး၊ မြန်မာနှင့် မြောက်ကိုရီးယား အကြား စစ်ရေး အရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် သဘောတူခဲ့ကြသည်။

မြန်မာနိုင်ငံရှိ အရေးပါသော စစ်ရေး အဆောက်အဦး တချို့ ဆောက်လုပ်ရာ၌ မြောက်ကိုရီးယားက ကူညီ ဆောက်လုပ်ခြင်း သို့တည်းမဟုတ် ကြီးကြပ်ပေးခြင်း ပြုမည်ဟူသော သဘောတူညီချက် အရ ဤသို့သော အဆောက် အဦးများတွင် ဒုံးပျံများ၊ လေယာဉ်များ၊ သင်္ဘောများ သိုဝှက်ထားနိုင်ရန် ဥမင်များ၊ လိုဏ်ဂူများလည်း ပါဝင်မည် ဖြစ်သည်။ ထိုမျှမက မြန်မာ့တပ်မတော် အထူး တပ်ဖွဲ့များ အတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများကိုလည်း မြောက်ကိုရီးယားက ကူညီပေးမည် ဖြစ်သည်။ ဤ သင်တန်းများတွင် လေကြောင်းရန် ကာကွယ်ရေး သင်တန်းများနှင့် နှစ်နိုင်ငံ တပ်မတော် အရာရှိများ အကြား ဘာသာ စကား ဖလှယ်မှု သင်တန်းများလည်း ပါဝင်မည် ဖြစ်သည်။

အနာဂတ်တွင် မြန်မာ့တပ်မတော်ကို ဆက်လက် ဦးဆောင်မည့်သူဟု သတင်း ထွက်နေသည့် ဗိုလ်ချုပ်ရွှေမန်းက ၇ ရက်ကြာ ခရီးစဉ်အတွင်း မြိုယမ်းရှိ ရေဒါနှင့် ကြားဖြတ် ပိတ်ဆို့မှုဌာန (radar and jamming units) များ၊ ပြုံယမ်းရှိ လေကြောင်းရန် ကာကွယ်ရေး တပ်များ၊ လေကြောင်းတပ်ဖွဲ့များ၊ ကွန်ပျူတာဖြင့် ထိန်းချုပ် အမိန့်ပေး ဌာနများသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။

ဤကိုယ်စားလှယ်အဖွဲ့က ပြုံးယမ်းမြို့ပြင်ရှိ ဥမင်လိုဏ်ခေါင်း အတွင်းရှိ အဆောက်အဦးများတွင် ထုတ်လုပ်နေသည့် မြေပြင်မှ မြေပြင်ပစ် စကဒ် (SCUD) ဒုံးကျည် စက်ရုံများသို့ သွားရောက်၍ ဒုံးကျည် ထုတ်လုပ်နေမှုများကိုလည်း လေ့လာကြသေးသည်။ ၁၉၈ဝ ပြည့်နှစ်များ နှောင်းပိုင်းမှစ၍ မြောက်ကိုရီးယားက အီရန်၊ ဆီးရီးယားနှင့် အီဂျစ်နိုင်ငံများသို့ စကဒ် ဒုံးကျည်များ၊ ဒုံးကျည် ထုတ်လုပ်သည့် နည်းပညာများကို ပေးပို့ရောင်းချခဲ့သည်ဟု ယူဆရပေသည်။

D အမျိုးအစား စကဒ်ဒုံးကျည် (SCUD-D) က ကီလိုမီတာ ၇ဝဝ အကွာအဝေးသို့ ပစ်ခတ်နိုင်ပြီး၊ E အမျိုးအစား စကဒ်ဒုံး (SCUD-E) က ကီလိုမီတာ ၁၅ဝဝ အထိ ပစ်ခတ်နိုင်သည်။ သို့ဆိုလျှင် ထိုင်းနိုင်ငံ အပါအဝင် မြန်မာနိုင်ငံ၏ အိမ်နီးချင်း နိုင်ငံများကို မြန်မာစစ်အစိုးရက ကောင်းစွာ ခြိမ်းခြောက်ထားနိုင်လိမ့်မည် ဖြစ်သည်။ မြန်မာ-ထိုင်း နယ်စပ်တလျှောက်တွင် ယခုအခါ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်း အနည်းဆုံး ၆ ခု တပ်ဆင် နေရာချထားပြီး ဖြစ်သည် ဟုလည်း ယုံကြည်ရသည်။

ခရီးစဉ်အတွင်း မြန်မာကိုယ်စားလှယ်များက တာတိုပစ် ၁ဝ၇ မမ နှင့် ၂၄ဝ မမ ဒုံး အများအပြားကို တပြိုင်နက် ပစ်လွှတ်နိုင်သည့် ပစ်စင်များ၊ နိုင်ငံရပ်ခြားမှ ကျူးကျော်လာပါက ခုခံနိုင်မည့် အထွေထွေသုံး ဒုံးကာကွယ်ရေး စနစ်များကိုလည်း စိတ်ဝင်တစား လေ့လာမှု ပြုခဲ့ကြသည်ဟု လေ့လာ သုံးသပ်သူများက ဆိုကြသည်။

ထို့အပြင် ၎င်းတို့ အထူး စိတ်ဝင်စားခဲ့ကြသည်မှာ ခြေလျင်တပ်ရင်းများတွင် တွဲဖက်သုံးနိုင်သော တင့်ကားဖျက် လေဆာ ပဲ့ထိန်း နည်းပညာသုံး နောက်ဆုံးပေါ် ဒုံးကျည်များ ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံက မြောက်ကိုရီးယားထံမှ တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များကို ကုန်ဖလှယ်သည့်စနစ်ဖြင့် ဝယ်ယူခဲ့ကြပြီး ဖြစ်သည်ဟုလည်း မြန်မာ့တပ်မတော် ကာကွယ်ရေး ဆိုင်ရာ လေ့လာသုံးသပ်သူများက ဆိုနေကြသည်။

စစ်အစိုးရခေါင်းဆောင်များက D အမျိုးအစား စကဒ် ဒုံးကျည်များ၊ သို့မဟုတ် ၎င်းထက် ပြင်းအား များပြီး ကီလိုမီတာ ၃ဝဝဝ မျှ ပြေးနိုင်သည့် F အမျိုးအစား စကဒ် ဒုံးကျည်(SCUD-F) များ မှာယူထားခြင်း ရှိမရှိကိုမူ အတိအကျ မသိနိုင်ပါ။ အကယ်၍ တိုင်းရင်းသား လက်နက်ကိုင် သူပုန်များကို နှိမ်နင်းရန် ဆိုပါက ဤမျှ အဆင့်မြင့်သည့် လက်နက်များ မလိုအပ်ပါ။ သို့သော်လည်း မြန်မာနိုင်ငံက ဒုံးကျည်များ၊ ရေဒါများ၊ လေကြောင်း ကာကွယ်ရေး အေဝက် AWAC စနစ်များ၊ ဂြိုဟ်တု ဆက်သွယ်ရေး ဟန့်တား နှောင့်ယှက်သည့် စက်များ (GPS communication jammers)၊ ရှာဖွေ ရေး ရေဒါများ ရလိုသည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက ခံစစ်အတွက်ရော၊ ထိုးစစ်အတွက်ပါ ပြင်ဆင်နေသည်မှာ သိသာပါသည်။

သမိုင်းကြောင်းအရ ပြန်ကြည့်လျှင် မြန်မာနိုင်ငံက အနောက်နိုင်ငံများမှ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဆွစ်ဇာလန်၊ ဟော်လန် အပါအဝင် ဥရောပနိုင်ငံ တချို့ ထံမှ လက်နက်ငယ်များ၊ ဂျက်တိုက်လေယာဉ်များ၊ စစ်သင်္ဘောများ ဝယ်ယူ ဖြည့်တင်းခဲ့သည်။ သို့သော်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အုံကြွတောင်းဆိုမှုအပေါ် အကြမ်းဖက် ဖြိုခွဲ နှိမ်နင်းပြီးသည့် အချိန်မှစ၍ မြန်မာနိုင်ငံသည် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှု ခံခဲ့ရပြီး၊ စစ်တပ်ကို ခေတ်မီစေရန် ပြုပြင်ရေးအတွက် လက်နက်၊ ခဲယမ်းများကို တခြား ရနိုင်သည့် နေရာများမှ အငမ်းမရ ရှာဖွေ စုဆောင်းခဲ့သည်။ တရုတ်နိုင်ငံမှ ဂျက်တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများ ဝယ်ယူခဲ့သော်လည်း၊ အရည် အသွေး နိမ့်ခြင်း နှင့် ဝယ်ယူပြီး နောက်ပိုင်း ဝန်ဆောင်မှု ညံ့ဖျင်းခြင်း တို့ကြောင့် အခြား လက်နက်များ ဝယ်ရန် ဈေးကွက်ကိုလည်း ရှာဖွေနေခဲ့သည်။

ယခင်က ရုရှားနိုင်ငံလုပ် "ပီချိုရာ" (Pechora) လေကြောင်းရန် ကာကွယ်ရေးစနစ်မျိုး ဝယ်ယူခဲ့ဖူးပြီး၊ မြေပြင်မှ ဝေဟင်ပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်များလည်း ဝယ်ယူခဲ့သည်။ လေ့လာသူများအဆိုအရ ရုရှားနိုင်ငံက မြန်မာစက်မှု ပညာရှင်များကို နည်းပညာဆိုင်ရာ လေ့ကျင့်ပေးမှုများ၊ ဘာသာစကား သင်တန်းများ ပို့ချခဲ့သည်။

စစ်အစိုးရက ၎င်း၏ စစ်ရေးစွမ်းရည် ပိုမို တိုးတက်လာစေရန် ဆက်လက် ဖြည့်တင်းနေပြီး၊ နိုင်ငံ၏ အဖိုးတန်သည့် နိုင်ငံခြား အရံငွေများကို သုံးပြီး တပ်မတော်ကို ခေတ်မီ တိုးတက်စေရန် ကြံဆောင်နေသည်ဟု ဆိုရမည် ဖြစ်ပေသည်။ ခေတ်ပေါ်လက်နက် အသစ် အဆန်းများကို ပို၍ ဝယ်ယူ ဖြည့်တင်းနေသည်။

ဒု ဗိုလ်ချုပ်မှူးကြီးမောင်အေးက ၂ဝဝ၆ ခုနှစ်၊ ဧပြီလအတွင်း မော်စကိုသို့ သွားခဲ့ရာတွင် သူက ရုရှားနိုင်ငံ၏ ဝန်ကြီးချုပ် မစ်ခေးလ် ဖရက်ကော့ဖ် (Mikhail Fradkov) ကို ရုရှားလုပ် မစ်၂၉ (MiG-29) ဂျက်တိုက်လေယာဉ်များ ပိုမို ဝယ်ယူရန် ဆန္ဒရှိနေကြောင်း ပြောခဲ့သေးသည်။ (ယခင်ဝယ်ယူပြီး မစ် ၂၉ လေယာဉ် ၁၂ စီးအပြင် ထပ်၍ ဝယ်ရန် စိုင်းပြင်းနေခြင်း ဖြစ်သည်။) ထို့အပြင် တပတ်ရစ် အမ်အိုင် ၁၇ (MI-17) ရဟတ်ယာဉ်များလည်း ဝယ်ယူလိုသည်ဟု ပြောခဲ့သေးသည်။

မော်စကို ခရီးစဉ်အတွင်း ဗိုလ်ချုပ်ကြီးမောင်အေးက မြန်မာနိုင်ငံ အလယ်ပိုင်းတွင် တာတိုပစ် ပဲ့ထိန်းဒုံးစနစ်ကို ရုရှားနိုင်ငံ၏ အကူအညီနှင့် တည်ဆောက်လိုသည်ဟု ဆိုခဲ့သည်။

စိတ်ဝင်စားဖွယ်အချက်မှာ တချို့သော လေ့လာသူများ အဆို အရ ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် မြောက်ကိုရီးယားနိုင်ငံ၊ ပြုံယမ်းမြို့တော်ရှိ မြေအောက်ရထားစနစ်ကိုလည်း လေ့လာခဲ့သည်။ သဘောတရားအရ ပြောမည်ဆိုလျှင် မြေအောက်ရထား စနစ်က မြို့ပြဒေသများတွင် ပဋိပက္ခ စစ်ပွဲ ကာလအတွင်း တပ်များကို ထိထိရောက်ရောက် ရွှေ့ပြောင်း နေရာချနိုင်သော စနစ်လည်း ဖြစ်သည်။

၂ဝဝ၂-၂ဝဝ၃ ခုနှစ်ကတည်းကပင် မြန်မာနိုင်ငံက မြေအောက်ဥမင်များ နှင့် ဂူများ စတင်ဖောက်လုပ်ခဲ့ပြီး၊ လေယာဉ်များနှင့် လက်နက်များကို ဖုန်းကွယ် သိမ်းဆည်းထားခဲ့သည်။ ထိုမျှမက ဗဟိုစစ်ရုံး အမိန့်ပေးနှင့် ထိန်းချုပ်ရေးစနစ်များကို ဖုံးကွယ် ထားရန် ရည်ရွယ်ခဲ့ခြင်းလည်း ဖြစ်သည်။

နိုင်ငံရပ်ခြား လေ့လာသူများ၏ အဆိုအရမူ ၂ဝဝ၁-၂ဝဝ၂ ခုနှစ် ကာလများအတွင်းက ထိုင်းနိုင်ငံနှင့် ဖြစ်ပွားခဲ့သည့် နယ်စပ် ပဋိပက္ခများတွင် ရှက်ဖွယ်လိလိ အရေးနိမ့်ခဲ့ရသည့်အပေါ် စစ်အစိုးရက အခဲမကျေ ဖြစ်နေသည်ဟုလည်း ဆိုသည်။ ထိုင်းနိုင်ငံက ဤ တိုက်ပွဲများတွင် အက်ဖ် ၁၆ ဂျက်တိုက်လေယာဉ်များကို နယ်စပ် တလျှောက် အသုံးပြုခဲ့ပြီး၊ မြန်မာ စစ်တပ်များ၏ ရှေ့တန်း တပ်ဖွဲ့များနှင့် ဗဟိုထိန်းချုပ်မှုစနစ် အကြား ဆက်သွယ်ရေးကို ကောင်းစွာ ဟန့်တား နှောင့်ယှက်နိုင်ခဲ့သည်ဟုလည်း ဆိုသည်။

နောက်တကြိမ် ကြုံရလျှင် ပို၍ သာလွန်သောတပ် မဟုတ်လျှင်သော်မှ အင်အားတူ ဆင်နွှဲနိုင်ရန် မြန်မာ စစ်ဗိုလ်ချုပ်များက ကြံစည်ထားကြဟန် ရှိနေသည်။

အောင်ဇော် ရေးသားသည့် Asia’s ‘Axis of Evil’ Flexes Its Muscles ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။ ပေးပို့ သူ(မင်းမော်စိုး)..
Sent at 9:50 PM on Wednesday

Friday, 12 June 2009

BURMA VJ -သတင်းရုပ်ရှင် (၀၉)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၈)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၇)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၆)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၅)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၄)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၃)

BURMA VJ -သတင်းရုပ်ရှင် (၀၂)

...သမိုင်းအမှန်ကိုသိခြင်ယင်ဒါကိုကြည့်...

BURMA VJ- သတင်းရုပ်ရှင် (၀၁)

...သမိုင်းမှန်ကိုသိခြင်ယင်ဒါကိုကြည့်ပါ...

Tuesday, 9 June 2009

Tuesday, 2 June 2009

ပျားအုံခံစားမှု..



ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်
ဘေးရှောင်။

အခုအချိန်
လူတိုင်းအင်းစိန်ထောင်ရှေ့ ရောက်နေတာ
ထမင်းမြိန်အောင်လို့ မဟုတ်ဘူး။

လူတိုင်းအင်းစိန်ထောင်ရှေ့ 
သွားဆုံစုရုံးနေတာ
ပျားအုံတစ်ခုထုံး နှလုံးမူလို့ ပါ။

ပျားဆိုတာ
အုံရမယ်
မအုံရင် ပျားမဟုတ်ဘူး။

ပျားဆိုတာ
စုရမယ်
မစုရင် ပျားမဟုတ်ဘူး။

ခုချိန်ဟာ
လူထု ၀တ်ရည်စုချိန်။

ခုချိန်ဟာ
လူထု ပျားအုံဖွဲ့ ချိန်။

ဒီအချိန်မှာ
အင်းစိန်ထောင်ဟာ ငါတို့ အိမ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အသည်းနှလုံး ပိတ်လှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အလင်းရောင် ချုပ်နှောင်ခံနေရတယ်။

အင်းစိန်ထောင်ထဲမှာ
ငါတို့ အနာဂတ် မြေမြှုပ်ခံရတော့မယ်။

သေရေး ရှင်ရေး
အရေးကြီးနေတဲ့ အချိန်

ဘတ်စတီးအကျဉ်းထောင်ကို
ပြင်သစ်ပြည်သူတွေဝိုင်းတော့ 
ဒါ ကြီးကျယ်တဲ့ သမိုင်းလို့ ပြောတဲ့
မင်းရို့ ပညာတတ်တွေ

အခု
ငါတို့ မြန်မာပြည်သူတွေ
အင်းစိန်ထောင်ရှေ့ ချီတက်တာကို
ဘာကြောင့် သဘောမတူရဲတာလဲ။

ငါတို့ ဟာ
စိတ်ထဲကသေနတ်တွေနဲ့ 
ရန်သူကို ဆက်ပစ်နေရမယ်။

ငါတို့ အပစ်ရပ်လိုက်ရင်
ရန်သူရဲ့ 
အပြတ်ရစ်ခြင်းကို ခံရမယ်။

ဟေ့ကောင်
သွေးကြောင်နေတဲ့ ကောင်

ဘေးရှောင်
ဟိုမှာ စစ်ခွေးကောင်တွေ ဟောင်နေပြီ။ ။

(အောင်ဝေး - မေ ၂၅ ၊ ၂၀၀၉)

Thursday, 21 May 2009

ဆန္နပြပွဲဖိတ်ကြားလွှာ...



(ဂျပန်နိုင်ငံနာဂိုယာမြို့ ရှိမြန်မာ့ဒီမိုကရေစီအင်အားစုများမှဦးစီး၍)
ဒို့ ခေါင်းဆောင်ကိုချက်ခြင်လွှတ်......
စစ်အာဏာရှင်ကိုတော်လှန်ကြ....
စီတန်းလှည့်လည်ဆန္နပွဲ....
(၃၁.မေ.၂၀၀၉) ဂျပန်နိုင်ငံ (နာဂိုယာမြို့ )
SAKAE - ပန်းခြံ -(Chanel One TV station ဘေး)
စုရပ်-နေ့ လည်(၁၂း၀၀)..(မျိုးချစ်မြန်မာများအားကြိုဆိုပါသည်။ ။)
ဆက်သွယ်ရန်။ ။
ကိုအောင်အေးဝင်း(၀၉၀-၅၁၀၆-၆၃၉၃)
ကိုရဲတင် (၀၈၀-၃၆၂၈-၉၉၇၉)
ကိုမျိုးသီဟန် (၀၉၀-၄၁၆၂-၁၉၇၀)..

Saturday, 16 May 2009