Monday 29 November 2010
....နောက် ထပ်လည်း leak အုံးမည် ၊ စောင့်မျှော် အားပေးကြပါ....
သီရီထက် ။        ။ အုပ်စု တွင်း အာဏာလွန် ဆွဲ မှု တွေ လို မျိုး ကြုံတွေ နေရတဲ့ နအဖ အစိုးရ ဟာ
သူတို့ ရဲ့ သတင်း အချက်........
...အမေရိကန် သံတမန်ရေး လျှို့ဝှက်မှတ်တမ်းတွေ WikiLeaks ဖွင့်ချ...
အမေရိကန်နိုင်ငံရဲ့ သံခင်းတမန်ခင်း ကြေးနန်းစာတွေကို နိုင်ငံတကာ သတင်းစာ တော်တော်များများကို ၀ီကီ လိခ် (WikiLeaks) အင်တာနက် ၀က်ဘ်ဆိုက်က.........
...ရွေးကောက်ပွဲလွန်ကာလ တွေ့ဆုံဆွေးနွေးရေး ကုလ အကြံပေး တိုက်တွန်း...
ကုလ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် ကြေညာချက် ထုတ်ပြန်နေစဉ်။
ဓာတ်ပုံ AP ကုလ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယား မြန်မာနိုင်ငံမှ မထွက်ခွာမီ ရန်ကုန်လေဆိပ်တွင် ကြေညာချက် ထုတ်ပြန်နေစဉ်။ နိုဝင်ဘာ ၂၈၊ ၂၀၁၀။
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့..........
Sunday 28 November 2010
...ဗိုလ်ချုပ်ကြီးခင်ညွန့် ဗွီဒီယိုနဲ့ ပတ်သက်ပြီး ဗိုလ်မှူးအောင်လင်းထွဋ် အား ဆက်သွယ်မေးမြန်းချက်...
Maj. Aung Lynn Htut Interview about Khin Nyunt Video Clip by yeyintnge
ဗိုလ်မှူးအောင်လင်းထွဋ်ဟာ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် အဆင့်မြင့်သံတမန်တဦးအဖြစ် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးခင်ညွန့်ကို မြန်မာစစ်အစိုးရက ဖမ်းဆီးပြီးနောက်ပိုင်း အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံရေး ခိုလှုံခဲ့သူ ဖြစ်ပါတယ်။
(Burma Today Net)
...ဒေါ်စုနဲ့ ကုလအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် တွေ့ဆုံ...
ဓာတ်ပုံ ASSOCIATED PRESS   မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်စားလှယ် ဗီဂျေးနမ်ဘီးယားကို ကြိုဆို တွေ့ဆုံခဲ့ကြစဉ် (နိုဝင်ဘာလ ၂၇၊ ၂၀၁၀)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားဟာ မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီး စတင်ရောက်ရှိပြီး ဒီကနေ့ မွန်းလွဲပိုင်းမှာတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်.....
...Leaked General Khin Nyunt Video Clip ....
( BURMA TODAY NEWS )
Saturday 27 November 2010
...မြန်မာနိုင်ငံအတွက်လူ့ အခွင့်အရေးချိုးဖောက်မှု့ ကုလဆုံးဖြတ်ချက်...
01 Hnin                                                                
( ကိုရဲရင့် မှ မျှဝေပါသည် )
...နယူးယောက်တိုင်းမ်စ် သတင်း ဒေါ်အောင်ဆန်းစုကြည်ငြင်း...
နယူးယောက်တိုင်းမ်စ် သတင်း ဒေါ်အောင်ဆန်းစုကြည်ငြင်း
စစ်ခေါင်းဆောင်များအား နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးတွင် တရားစွဲဆိုရေး ဆောင်ရွက်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဟု နယူးယောက်တိုင်းမ်စ် သတင်းတွင် ရေးသား ထားသည်မှာ မှားယွင်းကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။
Thursday 25 November 2010
...ဒေါ်စု နှင့် မျိုးဆက်သစ် သားငယ် ကိုထိန်လင်း ရွှေတိဂုံ ဘုရား ဖူး မျှော် ကြည်ညို...
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာစဉ်။
ဓာတ်ပုံ ASSOCIATED PRESS 
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း ရွှေတိဂုံစေတီတော်သို့ ရောက်ရှိလာစဉ်။ နိုဝင်ဘာ ၂၄၊ ၂၀၁၀။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက သားငယ် ကိုထိန်လင်းနဲ့အတူ ရွှေတိဂုံဘုရားကို သွားဖူးခဲ့ပါတယ်။ အဲဒီကနေတဆင့် ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အကိုဖြစ်သူ ဦးအောင်သန်း ကွယ်လွန်တဲ့ ၁၉ နှစ်မြောက် နှစ်ပတ်လည် ဆွမ်းကျွေးကို သားငယ်နဲ့အတူ သွားရောက်ခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Wednesday 24 November 2010
...North Korea Fires Rockets at South Korean Island...
LIVE  ၁၂း၀၀ Dozens of North Korean artillery shells landed on a South Korean border island in the West Sea Tuesday, damaging 60-70 homes, reports said.  South Korean troops fired back, the defense ministry said.
Updated  1430:  :တောင်ကိုးရီးယား ပူးတွဲ တပ်မများ အသင့်ပြင်ထားပြီး နိုင်ငံ ၏ အချို့ နေရာများ ကို အရေးပေါ်
အခြေအနေ သတ်မှတ်သုံး ဦးသေ အရပ်သား ၂ ဦး နှင့် စစ်သား ၁၃ ဦးဒဏ်ရာရ/
တောင်ကိုးရီးယား လေတပ် မှ မြောက်ကိုရီးယား စစ်ရေး ပစ်မှတ် တို့ ကို တိုက်ခိုက်ရန် အသင့်ဖြစ်နေ(အရေးပေါ် အစည်းအဝေး)
                     မြောက်ကိုးရီးယား မှ ရန်စ ကျူးကျော်မှု
ဒါဇင် နှင့် ချီသော မြောက် ကိုရီးယား ဒုံး လက်နက် များ တောင်ကိုရီးယား အနောက် မြောက်ပိုင်း ပင်လယ်ဝါ.....
...Burma democracy leader reunited with son ...
...ဒေါ်အောင်ဆန်းစုကြည် သား ဖြစ်သူ နှင့် ပြန်လည် ဆုံတွေ့ ...
လက်မောင်းတွင် ရေးထိုးထားသည့် NLD အလံ ဆေးမှင်ကြောင်အား မိခင်ဖြစ်သူကို ပြသစဉ် (AP Photo/Khin Maung Win)
သားဖြစ်သူ အလာ ကို မိခင်က ပန်းစည်း ကိုင်ပြီး စောင့်မျှော်
ဓာတ်ပုံများ -အေပီ သတင်းဌာန
အောင်မြင်
၊           ၊မြန်မာ့ဒီမိုကရေမိခင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ကျခံနေရက လွတ်ရက်စေ့ပြီး၁၀ရက်အကြာမှာတော့ သားဖြစ်သူကိုထိန်လင်းနှင့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ယနေ့မနက်....
Monday 22 November 2010
...လူငယ်ဒီမိုကရေစီကွန်ယက် တည်ဆောက်ရန် ဒေါ်စုညွှန်ကြား...
       လူငယ်ခေါင်းဆောင်များနှင့်အစည်းအဝေးပြုလုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန် ဗဟန်းမြို့ နယ်ရှိ့ 
                             အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးသို့ ရောက်ရှိလာစဉ်..။
လူငယ်ဒီမိုကရေစီကွန်ယက်တခု တည်ဆောက်သွားရန် NLD လူငယ်များအား အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညွှန်ကြားလိုက်ကြောင်း မကွေးတိုင်း မြို့သစ်မြို့နယ် လူငယ်တာဝန်ခံက ဆိုသည်။
...ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင် ဧကရီဆု ပေးမည် ...
             နိုဝင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့တွင် ဝါရင့် နိုင်ငံရေးသမားကြီးများအား ဂါရဝပြုပွဲသို့               ရောက်ရှိလာသော ဒေါ်အောင်ဆန်းစုကြည်ကို ဆီးကြို ပန်းစည်းပေးနေသော ကလေးငယ်တဦး။                                     (ဓာတ်ပုံ - Getty Images)
...ဒုတိယပင်လုံညီလာခံကျင်းပရေး ဒေါ်စု ဦးဆောင်မည်...
ဓာတ်ပုံ ASSOCIATED PRESS  သက်ကြီးနိုင်ငံရေးသမားများ ပူဇော်ပွဲတွင် ၀ါရင့်နိုင်ငံရေးသမားတဦးကို ဒေါ်အောင်ဆန်းစုကြည် လက်ဆောင်ပေးနေပုံ (နိုဝင်ဘာလ ၂၀၊၂၀၁၀)
 ဒီမိုကရေစီရေးနဲ့ လူမျိုးတိုင်း တန်းတူညီမျှရေးကို အခြေခံမယ့် ဖယ်ဒရယ်ပြည်ထောင်စု.....
...ဒေါ်စုသားငယ် ပြည်ဝင်ခွင့်ဗီဇာ ရပြီ...
နိုဝင်ဘာလ ၁၃ ရက်နေ့က နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့တဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့အတွက် သားငယ် ကင်မ် အဲရစ်စ် (Kim Aris) ခေါ် ကိုထိန်လင်းကို မြန်မာအာဏာပိုင်တွေက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။
အသက် ၃၃ နှစ်အရွယ် သားငယ် ကိုထိန်လင်းဟာ မိခင်ဖြစ်သူနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ထိုင်းနိုင်ငံက မြန်မာသံရုံးမှာ ကြိုးပမ်းနေတာ ၂ ပတ်ကျော်ကြာပြီ ဖြစ်ပါတယ်။ အခု လေယာဉ်ပျံလက်မှတ် ရရချင်း လာရောက်မှာဖြစ်ကြောင်း၊ ၇ နှစ်ဆက်တိုက် ....
Friday 19 November 2010
...ဒေါ်အောင်ဆန်းစုကြည် ANN နှင့် အင်တာဗျူး (၁၉.၁၁.၂၀၁၀)...
DASSK Interview With ANN[1]                                                                   
...စာဖတ်သူများသို့ လေးစားစွာသတင်းစကားပါးအပ်ပါသည်။...
သတင်းစကား ။ ။
စာဖတ်သူများသို့ လေးစားစွာသတင်းစကားပါးအပ်ပါသည်။
ကျနော် နှစ်နှစ်ကျော်မျှကြာအောင် ကြိုးကြားအားထုတ်မှုဖြင့် ရေးသားခဲ့သော မင်းဒင် ရဲ့ သက်ခိုင် ဇာတ်လမ်းကို ပုံနှိပ်စာအုပ်အဖြစ် လာမည့် ဒီဇင်ဘာလဆန်းတွင် ထုတ်ဝေတော့ မည်ဖြစ်ပါသည်။အဆိုပါ စာအုပ်၌ www.mindin.info တွင်ဖော်ပြထားပြီးဖြစ်သည့် အခန်း ပေါင်း (၈၈)ခန်းအပါအဝင် ၊ဇာတ်သိမ်းခန်းအတွဲ()အဖြစ် ကျန်ဆယ့်သုံးခန်းကိုပါ ထည့် သွင်းဖော်ပြထားပါသည်။
မင်းဒင်ရဲ့သက်ခိုင်ကို အစမှအဆုံးတိုင် ဘလော့တွင်ဖော်ပြပေးပါမည်ဟူသော ကတိစကား ကိုလည်း မပျက်စေရပဲ တင်နေကျအတိုင်း ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းကို လည်း စကားလက်ဆောင်ပါးလိုပါသည်။
ပုံနှိပ်စာအုပ်မှာယူလိုသူများအနေဖြင့် mindin3000@gmail.com သို့ဆက်သွယ်နိုင်ပါ ကြောင်း နှင့်အောက်ဖော်ပြပါ ဖြန့်ချိရေးကိုယ်စားလှယ်များထံဆက်သွယ်ဝယ်ယူနိုင်ကြ ပါသည်။စာအုပ်ထွက်မည့်ရက်နှင့်ဈေးနှုန်းကို ထပ်မံကြေငြာပါမည်။
ဖြန့်ချိရေး ။ ။
ဂျစ်တူး(မုံရွာ) စကာင်္ပူ( ဖုန်း )+၆၅၉၃၈၃၃၄၂၉ jittoo.momywa@gmail.com
ကိုဝင်းမြင့် စကာင်္ပူ (ဖုန်း ) +၆၅၉၇၉၄၇၂၀၆ kolay.aoab@gmail.com
ကိုရဲ စကာင်္ပူ (ဖုန်း ) +၆၅၉၁၀၇၅၅၅၄ ytaung@gmail.com
ကိုအောင်ကျော်စိုးထွန်း၊စကာင်္ပူ (ဖုန်း) +၆၅၈၂၈၆၁၉၄၀ akst007@gmail.com
………………………….
ဤနေရာတွင် အလျဉ်းသင့်သည်ဖြစ်၍ မင်းဒင်ရဲ့သက်ခိုင်အပေါ် စာဖတ်သူတချို့၏ သဘောထားမှတ်ချက်အချို့ကို အောက်တွင်ဖော်ပြအပ်ပါသည်။
ချမ်းသာကိုယ်စိတ်မြဲပါစေ ။
လေးစားမှုများဖြင့်
မင်းဒင်
…………………………………………
မင်းဒင်ရဲ့သက်ခိုင်ကို ဤသို့ရှုမြင်ကြသည်။
...မြန်မာ့အရေး လုံခြုံရေးကောင်စီမှာ ဒီကနေ့ ဆွေးနွေးမည်...
မြန်မာ့အရေးနဲ့ပတ်သက်ပြီးတော့ မကြာခင် နာရီပိုင်းအတွင်း အမေရိကန်စံတော်ချိန် ကြာသပတေးနေ့ မွန်းလွဲပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တံခါးပိတ် ဆွေးနွေးကြဖို့ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံး ပြောခွင့်ရသူက ဗွီအိုအေ ကို ပြောခဲ့ပါတယ်။ လက်ရှိ
...ဒေါ်စုနဲ့ မစ္စတာဘန်ကီမွန်း တယ်လီဖုန်း ပြောဆို...
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) တို့ဟာ ဒီနေ့ ညနေပိုင်းက တယ်လီဖုန်းကတဆင့် တိုက်ရိုက် စကားပြော ဆွေးနွေးခဲ့ပါတယ်။
၁၅ မိနစ်လောက် ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောပြခဲ့ပါတယ်။
...ဗွီအိုအေ ၏ တီဗီမဂ္ဂဇင်းအစီအစဉ်...
...အမေရိကန်စစ်ဘက် အင်တာနက် တရုတ် ယာယီထိန်းချုပ်ခဲ့...
အမေရိကန်အစိုးရနဲ့ စစ်တပ်တို့ရဲ့ ဒီနှစ်အတွင်း အင်တာနက် ဆက်သွယ်မှုတွေကြားက အချက်အလက် အများအပြားကို တရုတ် ဆက်သွယ်ရေး ကုမ္ပဏီက ယာယီ ထိန်းချုပ်ခဲ့တယ်လို့ အမေရိကန် ကွန်ဂရက် အကြံပေး ဆွေးနွေးပွဲတရပ်က ပြောပါတယ်။
Thursday 18 November 2010
...THAI နာမည်ကျော်အဆိုတော် CARABAO မှ ဒေါ်အောင်ဆန်းစုကြည်အားဂုဏ်ပြုသောတေး...
Honour to Aung San Suu Kyi
...Aung San Suu Kyi's interview with BBC, Nov 15, 10...
...ဒေါ်စုလွတ်မြောက်မှု နေပြည်တော် ၀န်ထမ်းများ အားတက်...
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက် ပြည်သူတွေရဲ့ အခက်အခဲတွေကို ကူညီ ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြတဲ့အထဲမှာ နေပြည်တော်က အစိုးရ၀န်ထမ်းတွေလည်း ပါဝင်ပါတယ်။ သူတို့ရဲ့ မပြေလည်တဲ့ လက်ရှိဘ၀တွေ အပေါ် မကျေမနပ် ဖြစ်နေတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့အတွက် သူတို့ဘ၀တွေ အပြောင်းအလဲ ဖြစ်လာတော့မယ်ဆိုတော့ မျှော်လင့်ချက်တွေ ရှိလာကြတယ်လို့ နေပြည်တော် ဒေသခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
...ဂျပန်နိုင်ငံက မြန်မာပြည်နှင့် အပြုသဘောဆက်ဆံရေး ဆက်လက်ကျင့်သုံးမည်ဟု ပြော...
စစ်တပ်အုပ်ချုပ်ရေးရှိနေသေးသော မြန်မာပြည်တွင် ဒီမိုကရေစီတိုးတက်ရေးအတွက် နည်းလမ်းတခုအနေဖြင့် အပြုသဘော ဆက်ဆံရေးမူဝါဒကို ဆက်လက်ကျင့်သုံးဦးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရက ယမန်နေ့က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရ                                     ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိမအဲဟာရ (ဓာတ်ပုံ - AFP)
မြန်မာပြည်တွင် ဆိုက်ကလုံးမုန်တိုင်းကြောင့် ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ရန်အတွက် ...
Monday 15 November 2010
... JAPAN TBS NEWS ...
スー・チーさん、支持者前に演説
...ပြည်သူ သို့  မေတ္တာ...
(ဓါက်ပုံကို အာဇာနည်မှမျှဝေပါသည်)
Sunday 14 November 2010
...နာဂိုယာ (ဂျပန်) ၏ လှုပ်ရှားမှု့ များ...
ဂျပန်( နာဂိုယာ)မြို့ ရှိ မြန်မာ့ဒီမိုကရေစီ အရေးလှုပ်ရှားသူများမှလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်လာခြင်းကိုကြိုဆို၍ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးနှင့်မြန်မာနိုင်ငံတွင်းလူ့ အခွင့်
အရေးချိုးဖောက်မှု့ များအားဖော်ထုတ်ရေးတို့ ၌ဂျပန်အစိုးရမှပူးပေါင်းပါဝင်ဆောင်ရွက်ပေးရေးတောင်းဆိုမှု့ 
Saign Campaign အား ယနေ့  ၁၄.၁၁.၂၀၁၀ နေ့တွင်ဂျပန်လူမျိုးများကပါပူးပေါင်းပါဝင်၍အောင်မြင်စွာကျင်းပခဲ့ကြပါသည်...။
...Daw Aung San Suu Kyi's News Update ...
( Irrawaddy News )
...ဒေါ်အောင်ဆန်းစုကြည် ၏ လူထုမိန့် ခွန်း (၁၄.၁၁.၂၀၁၀)...
Daw Aung San Suu Kyi's Speech at HQ of NLD by thargyi74
( Irrawaddy News )
...အမေစု မီဒီယာများနဲ့  အမေးအဖြေအသံဖိုင်...
Dassk Press by dawnoway
(အာဇာနည်မှတဆင့်မျှဝေပါသည်)
...ဒေါ်အောင်ဆန်းစုကြည် ၏ လူထုမိန့် ခွန်း (ကောက်နုတ်ချက်)...
12 နာရီ 35 မိနစ် - မြန်မာစံတော်ချိန်     မိန့်ခွန်း ကောက်နုတ်ချက် ...
“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ်
...လွတ်မြောက်လာပြီးပြီးချင်း ပြည်သူများကို နုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည်...
                                          ဓာတ်ပုံ ASSOCIATED PRESS
လွတ်မြောက်လာပြီးပြီးချင်း ပြည်သူများကို နုတ်ဆက်နေသည့် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၁၃၊ ၂၀၁၀)  
Daw Aung San Suu Kyi released from house arrest (Reuters News )
သူမ လွတ်သည့် အချိန် ... (ဧရာဝတီ)
ကန့်သတ်နယ်မြေ (Restricted Area) ဆိုသော အနီရောင် စာလုံးကြီးများက အဖြူရောင် ဆိုင်းဘုတ်ပေါ်တွင် ထင်ထင်ရှားရှား တွေ့မြင်ရနေပြီး သံဆူးကြိုး အတားအဆီး များကလည်း လမ်းမကြီး တခုလုံးကို ဖြတ်ချထားသည်။
opposition-leader-aung-san-suu-kyi-walks-getty-images
လွတ်မြောက်လာပြီးနောက် လာရောက် ထောက်ခံအားပေးသော လူထုကို နှုတ်ဆက်ရန် ခြံဝသို့ လျှောက်လာသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - Getty Images)
Saturday 13 November 2010
...ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ...
( ဓါက်ပုံအား အာဇာနည်မှ မျှဝေပါသည် )
...18 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်...
18 နာရီ 00 မိနစ် - မြန်မာစံတော်ချိန်
 ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင်း ပြန်ဝင်
နှုတ်ဆက်စကား ပြောကြားပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က နေအိမ် အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီ ဖြစ်သည်။
ဦးတင်ဦးနှင့် ဇနီးနှင့် ဦးအုန်းကြိုင်တို့လည်း နေအိမ်တွင်းသို့  လိုက်ပါ ဝင်ရောက်သွားသည်။
မနက်ဖြန် မွန်းတည့် ၁၂ နာရီတွင် ရွှေဂုံတိုင် ရုံးချုပ်သို့ လာရောက် တွေ့ဆုံနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က လူအုပ်စုကြီးကို ထဲ့သွင်း ပြောကြားသွားသည်....။
(Mizzima News )
...ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ...
 17 နာရီ 40 မိနစ် - မြန်မာစံတော်ချိန်
ဒေါ်အောင်ဆန်းစုကြည် လွတ်ပါပြီ ဒေါ်အောင်ဆန်းစုကြည်က နေအိမ်ခြံဝင်းအတွင်းမှနေ၍ အိမ်ပြင်မှ လူအုပ်စုကြီးကို နှုတ်ဆက်စကား ပြောကြားနေပြီ ဖြစ်သည်။
...ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ...
အမေစု မကြာသေးမှီမိနစ်ပိုင်းလေးကပဲနေအိမ်အကြယ်ချူပ်ကနေလွတ်မြောက်ပြီဖြစ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ ( ဧရာဝတီ သတင်း )..။
ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ
ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ်လွှတ်လိုက်ပါပြီ ယခု နိုင်ငံခြားသံတမန်တွေ ၀င်ရောက်တွေ့ဆုံနေပြီး။ သတင်းထောက်တွေကိုတော့ ၀င်ခွင့်မပေးသေးပါ။ မကြာခင် လူထုရှေ့မှောက် ထွက်လာပါတော့မယ်။
အခုအင်းစိန်ဈေးမှာ စည်ပင်ဝန်ထမ်းတွေက ဆိုင်တွေကို အတင်းပိတ်ခိုင်းနေပါတယ်  အကြောင်းကတော့ ဈေးထဲမှာ ဗုံးရှိနေလို့ဝင်ရှာချင်လို့ပြောပါတယ်။ အကြံအစည် ကတော့ ဘာရယ်မသိပါဘူး။ လုံထိမ်းရဲကားတွေကလည်း အကုန်ပတ်နေပါတယ်ဆိုတဲ့ သတင်းရရှိပြီ အန်တီကတော့ ရုံးချုပ်ကို ၄ နာရီမှာ ရောက်လာမယ်လို့ခန့်မှန်းနေကြပါတယ်။
''အားလုံး သတိတရားလက်မလွတ်ပါစေနဲ့တဖက်က မင်္ဂလာယူချင်လို့ အန်တီစုကို လွှတ်ပေးပေမဲ့ တခြားတဖက်မှာ အကြမ်းဖက်မှုတွေပြင်ဆင်နေတာတွေ့ရပါတယ်'' လို့ PAC ကိုနယ်မြေခံတဦးက ပြောပြခဲ့ပြီး ၄င်းကပဲ တာမွေဗျိုင်းရေအိုးစဉ်နားမှာ ရာဇ၀တ်အကျဉ်းသား ၂၀၀ ကျော်ကို အရပ်ဝတ်တွေနဲ့စုထားတယ် ဆိုတဲ့ အကြောင်းနဲ့  အုပ်စုမကွဲပါစေနဲ့ ဆိုတာကို သတင်းစကားပါးသွားပါတယ်။
(we fight we win )
...အမေစု ကိုစောင့်နေကြသောလူထု...
( ဓါက်ပုံများကို အာဇာနည်မှတဆင့်မျှဝေပါသည် )
...ဒေါ်အောင်ဆန်းစုကြည်အိမ်အနီး ထောက်ခံသူများ စောင့်မျှော်...
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ နေအိမ်အကျယ်ချုပ် သက်တမ်းဟာ ဒီကနေ့ စနေနေ့မှာ ပြည့်သွားပါပြီ။ မြန်မာစစ်အစိုးရက သူ့ကို ပြန်လွှတ်ပေးတော့မယ် ဆိုတဲ့သတင်းကလည်း မနေ့ကတည်းက ထွက်နေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့မိနစ်ပိုင်းမှာ ...
...ငါတို့အားလုံးရဲ့အမေ...
 * art/graphic design : ko myoe *  
ငါတို့အားလုံးရဲ့အမေ
ယမ်းမုန်တိုင်းတွေ
ဝေနေချိန်တုန်းကလေ
အမေဟာနောက်မတွန့်ပါ … ရင်ဆိုင်နေ....
မျှားတစင်းရဲ့ အားမာန်တွေ….
ငါတို့အားလုံးရဲ့အမေ…။
...ငါတို့အားလုံးရဲ့အမေ... ( အမေ - ခင်ဝမ်း )
...ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ် ...
 ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
...DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိနှင့် တွေ့ ဆုံမေးမြန်းမှု့ ...
( DKBA မှဖမ်းဆီးထားသည့် နအဖ အရာရှိနှင့်တွေ့ ဆုံမေးမြန်းမှု့  )
...ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကမ္ဘာက တောင်းဆို...
ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ နေအိမ်အကျယ်ချုပ် သက်တမ်းစေ့မယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွှတ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေ စိတ်ဝင်တစား စောင့်ကြည့်နေကြသလို လူ့အခွင့်အရေး အရာရှိတွေနဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်တွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မနေ့က တောင်းဆိုလိုက်ကြပါတယ်။
...ဆုံမှတ်...
     ဆုံမှတ်
အမေ...
နေကောင်းပါရဲ့လား အမေ...
ခြံနံပတ် ၅၄ ကို
အမေ့လက်နဲ့ ကိုယ်တိုင်ဖွင့်မယ့်တနေ့ကို
တက္ကသိုလ်ရိပ်သာက သစ္စာတော်မပျက်
စောင့်နေဆဲပါ အမေ...
...FREE AUNG SAN SUU KYI...
Friday 12 November 2010
...ဒေါ်အောင်ဆန်းစုကြည်အမှု အထူးအယူခံ ပယ်ချခံရ...
ယမန်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ရုံးချုပ်ရှေ့ရှိ ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံ ပိုစတာ ရှေ့တွင် ခို ငှက်များ ပျံ ၀ဲနေကြ သည်ကို တွေ့ရစဉ်။ ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ် ၁၈ လပြည့်ပြီဖြစ် သည်။ ခြွင်းချက်ဖြင့် ပြန်လွှတ်လျှင် ဒေါ်အောင်ဆန်းစုကြည်က လက်မခံဟု NLD ပြောခွင့်ရ ရှေ့နေ ဦးဉာဏ်ဝင်းက ဆိုသည် (ဓာတ်ပုံ - Reuters)
          ...... မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံပြစ်ဒဏ် အထူးအယူခံကို နေပြည်တော် တရားရုံးချုပ်က ယနေ့ ပယ်ချလိုက်သည်။
ပြီးခဲ့သည့်လ ၂၉ ရက်နေ့တွင် ကြားနာခဲ့ပြီးနောက် ယနေ့တွင် တရားသူကြီးချုပ် ဦးအောင်တိုး၊ ဒုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် တရားသူကြီး ဦးကျော်ဝင်းတို့၏ ပယ်ချသည့် ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
...ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် NLD ရုံးချုပ်တွင် ပြင်ဆင်ထား ...
suu-photo-2010-11
Aဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာလျှင် ကြိုဆိုရန် ရန်ကုန် NLD ရုံးချုပ်၌ ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များသည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေပြီး နိုင်ငံရေး ဦးဆောင်မှုကို ပြန်လည် ပေးနိုင်ရန်အတွက် ပါတီဌာနချုပ်ရှိ သူ၏ရုံးခန်းကို ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
...ထားဝယ်ဆိပ်ကမ်းဆောက်လုပ်ရေး ထိုင်းနှင့် စာချုပ်ချုပ်...
ချင်းမိုင် (မဇ္ဈိမ) ။       ။ ထိုင်းနိုင်ငံတွင် အကြီးဆုံးမြို့ပြဆောက်လုပ်ရေး ကုမ္ပဏီဖြစ်သော Italian-Thai Development က တနင်္သာရီတိုင်း ထားဝယ်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလျံတန် အကြီးစားစီမံကိန်းတခု တည်ဆောက်ရန် လက်မှတ်ထိုးခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းစာတွင်ရေးသားသည်။
DAWEI-DEVELOPMENT-PROJECT
တနင်္သာရီတိုင်း ထားဝယ်တွင် တည်ဆောက်မည့် ရေနက်ဆိပ်ကမ်းနှင့် စီးပွားရေးလုပ်ငန်းများ သရုပ်ဖော်ပုံ။ စီမံကိန်း တွင် သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ ဓာတ်ငွေ့သန့်စင်စက်ရုံ တို့ပါဝင်မည်ဖြစ် သည်။ စီမံကိန်း၏ ရည်ရွယ်ချက်မှာ အဓိကမြန်မာ့ဓာတ်ငွေ့ဖောက်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးရန်၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးရန်ဖြစ်သည်။ (ဓာတ်ပုံ--ထားဝယ်ဖွံ့ဖြိုးရေးစီမံကိန်းလက်ကမ်းစာစောင်)
မြန်မာ့တောင်ဘက်စွန်း ကမ်းရိုးတန်းတွင် တည်ဆောက်မည့် ထားဝယ်ဖွံ့ဖြိုးရေး စီမံကိန်းတွင်...
Thursday 11 November 2010
...The Lady and the General ...
...Aung San Suu Kyi's son tries to get visa for Myanmar...
...Daw Aung San Suu Kyi's Interview!...
...ကန့်သတ်ချက်နဲ့ လွှတ်ပေးရင် ဒေါ်စု လက်ခံမည်မဟုတ်...
ဒေါ်အောင်ဆန်းစုကြည် ဒီရက်ပိုင်း လွတ်မြောက်တော့မယ် ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့အတွက် လွှတ်မယ်ဆိုရင် ကြိုတင် အကြောင်းကြားပေးဖို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုံခြုံရေးတပ်ဖွဲ့တွေကို မေတ္တာရပ်ခံထားပါတယ်။ ကန့်သတ်ချက်တွေ ထားပြီး ခြွင်းချက်နဲ့ လွှတ်တာမျိုးကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လက်ခံမှာ မဟုတ်ဘူးလို့လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။
...ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အိုဘားမား တောင်းဆို...
မြန်မာနိုင်ငံ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ထပ်ပြောလိုက်ပြီး ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
...စစ်ပြေးဒုက္ခသည်တွေကို UNHCR ၀င်ရောက်ကူညီ...
               ထိုင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံနေရသည့် မြန်မာ စစ်ပြေးဒုက္ခသည်များ။  ( နိုဝင်ဘာ ၉၊ ၂၀၁၀။ )
 မြန်မာအစိုးရ တပ်တွေနဲ့ DKBA တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်တွေကြား ဖြစ်နေတဲ့ တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက တခြား NGO တွေနဲ့ ညှိနှိုင်းပြီး အကူအညီ ပေးနေပါတယ်။ တိုက်ပွဲဖြစ်ခဲ့တဲ့ မြဝတီမြို့ဘက်မှာ ...
Wednesday 10 November 2010
...စစ်ပြေးဒုက္ခသည်များ၏ နောက်ဆုံးအခြေအနေ...
၁- မြ၀တီကို နအဖ သိမ်းလိုက်ပါပြီ။
၂- စစ်ပြေးဒုက္ခသည်များ ဆက်လက် ထွက်လာနေဆဲဖြစ်ပါတယ်။
 ၃ - ထိုင်းက လက်မခံတော့ဘူး ၊ အခြေအနေအေးဆေးသွားပြီလို့ ပြောတဲ့အတွက်ယာယီစခန်းမှာ ဒုက္ခသည်များ ပြန်လည်ထွက်ခွာ လာပါတယ်။
၎- သောင်း ရင်းမြစ်ကမ်း စပ်ရောက်တော့ နအဖ တပ်များ က မလာနဲ့ ဦး ဆိုပြီးပြောသည့်အတွက် ဒုက္ခသည်များ ပြန်လည် ထွက်ပြေးလာရပြန်ပါတယ်။
၅- စုစုပေါင်း ၃ သောင်းကျော်မယ်ဟုခန့် မှန်းရတယ်။  အန်ဂျီအိုများ သိပ်မရှိပါ။ ရိက္ခာ မလောက်ပါ ။ ထမင်း မစားရသူများ ပင်ရှိပါတယ်။
 ၆- အများစုမှာ မိန်းမ၊ သက်ကြီးရွယ်အိုနဲ့  ဗုစုခရု ကလေး လေးများဖြစ်ပါတယ်။ တချို့ မိခင်များ နို့ မထွက်တော့ပါ။   ကလေးများ အလွန်ဒုက္ခရောက်နေပါတယ် ။
 ၇- ဒုက္ခသည်များ ကို ကျနော် မကြာခန မြင်ဘူးပါတယ်။ ဒီလောက် သောက ဝေတဲ့ ဒုက္ခသည်များကို မမြင်ဘူးပါ။
လှေပေါ်ကဒုက္ခသည်များမှာ နအဖမှမောင်းထုတ်လို့ ပြန်ထွက်ပြေးလာရသူများဖြစ်ကြပါသည်။
ကားပေါ်က ဒုက္ခသည်များကတော့ထိုင်းစစ်တပ်ကမောင်းထုတ်လို့ထွက်ပြေးလာရသူများဖြစ်ပါသည်။
သတင်းဌာနများ အသေးစိတ်သိလိုပါက  - ၀၈၄-၄၅၉- ၁၁၈၆ ။
(We Fight We Win)မှတဆင့်မျှဝေပါသည်..။
...မြဝတီမြို့ထဲ ရွေးကောက်ပွဲသတင်း ဝင်ယူတဲ့ APF ဂျပန်သတင်းထောက် ပြန်လွတ်လာ...
နိုဝင်ဘာ ရ ရက်နေ့က မြဝတီမြို့ထဲ ရွေကောက်ပွဲ သ တင်း ဝင်ယူတဲ့ ဂျပန်နိုင်ငံအခြေစို APF သတင်း ထောက် ယာမဂျိ ဟာ ဒီနေ့ ညနေပိုင်းမှာ မဲဆောက် မြို့ အထိ မြန်မာလုံခြုံရေး ဝန်ထမ်းတွေက လိုက်လံ ပို့ဆောင်ကာ ပြန်လွှတ်ပေးလိုက်ပါတယ်။
( နေ့ သစ်မှတဆင့်မျှဝေပါသည် )
...မြဝတီ တိုက်ပွဲအခြေအနေများ...
ဆုံဆည်းရာ ၉ ရက် နိုဝင်ဘာလ ၂၀၁၀
မြန်မာစံတော်ချိန်.....ညနေ ၄ နာရီ ၅၅ မိနစ်
-----------------------------------------------------------------------
ညနေ(၄ နာရီ ၅၅မိနစ်) ဒီကေဘီအေနဲ့ နအဖ တပ်များ ဝေါလေ ဒေသတွင် ဆက်လက် တိုက်ပွဲဖြစ်နေတယ်လို့ သိရှိသည်။ ယခု ဝေါလေမှာ ဖြစ်နေတဲ့ တိုက်ပွဲပြင်းထန်တာ ယခုတိုက်ပွဲကို ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ်နေတဲ့ဒေသဖြစ်လို့ တိုက်ပွဲပြင်းထန်တာလို့ ဆိုပါတယ်။ မဲဆောက်မှ မြ၀တီသို့ ပြန်နေကြသည့် မြန်မာပြည်သားများ.... အခုညနေ ၄ နာရီခွဲလောက်က ပုံပါ... (ဓါတ်ပုံ - REUTERS)
အောက်ကပုံကတော့ မဲဆောက်ဘက်နေ မြ၀တီကို လှေဖြင့် ပြန်ဖို့ စောင့်ဆိုင်းနေတဲ့ သူတွေပါ...
ညနေ(၄ နာရီ ) မြ၀တီမြို့သို့ စစ်ပြေးဒုက္ခသည်များ ပြန်သွားရာ နအဖ စစ်တပ်မှာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြ၀တီမြို့တွင်းမှ ဒီကေဘီအေ တပ်များ တဖြည်းဖြည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။
နေ့လည်(၃ နာရီ ၄၅ မိနစ်)
ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။ (ကိုးကား - kicupdatenews)
နေ့လည်(၃ နာရီ ၄၁ မိနစ်)
ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။
နေ့လည်(၃ နာရီ ၃၆)
ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။
နေ့လည်(၂ နာရီ )
နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
နေ့လည်(၁ နာရီ ၅၀ မိနစ် )
မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီးက ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။
နေ့လည်(၁ နာရီ ၄၅ မိနစ် )
ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။
နေ့လည်(၁ နာရီ ၁၅ မိနစ် )
မြ၀တီမြို့မှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲအခြေအနေကို ထိုင်း တီဗွီ ချယ်နယ် ၃ က နေ့လည် ၁၂ နာရီ ၅၀ မှာ ထုတ်လွှင့်ပြသ သွားတာပါ။
Tuesday 9 November 2010
နံနက်(၁ နာရီ ၉ မိနစ် ) ဘုရားသုံးဆူတိုက်ပွဲ အခြေအနေကို ထိုင်း တီဗွီ က ယနေ့ မြန်မာစံတော်ချိန် ၁၂ နာရိ ပြသသွားတာပါ။
 နံနက်(၁၂ နာရီ ၄၆ မိနစ် ) နအဖနဲ့ ဒီကေဘီအေတပ်များ တဖက်နဲ့ တဖက် ပစ်ခတ်မှုတွေ ရပ်ထားတယ်လို့ သိရှိရပါတယ်။ ဒီကေဘီအေ တပ်တွေကတော့ မြ၀တီမြို့ မေတ္တာလင်းမြိုင်ဘက်မှာ စခန်းထိုင်ထားပြီး ပြန်လည်ထိုးစစ်ဆင်ဖို့ လူအင်အား၊ လက်နက်အင်အား ပြင်ဆင်နေတယ်လို့ နောက်သတင်းရရှိပါတယ်။
နံနက်(၁၂ နာရီ ၃၀ မိနစ် )
အတည်ပြုဖို့ ခက်ခဲ့တဲ့ သတင်းတွေ ရနေလို့ ခဏလေးစောင့်ပေးပါ။ ဖုန်းဆက်သွယ်နေပါသည်။
နံနက်(၁၁ နာရီ ၄၄ မိနစ် )
မြန်မာစံတော်ချိန် နေ့လည် ၁၂ နာရီတွင် မြ၀တီမြို့တွင် တိုက်ပွဲများ ပြင်းထန်နိုင်တယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူတဦးက ပြောဆိုသည်။ ဒီကေဘီအေဘက်မှ ဦးဆောင်သူ ဗိုလ်မှူးစောလားဘွယ် ဆုတ်ခွာဖို့ အမိန့်မပေးမချင်း ဘယ်တော့မှ မြ၀တီမြို့မှ ဆုတ်ခွာမဟုတ်ဘူးလို့ ဒီကေဘီအေ ဘက်မှပြောသည်။
နံနက်(၁၁ နာရီ ၃၃ မိနစ် )
လတ်တလော အတည်မပြုနိုင်သေးသည့် သတင်းများအရ ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့နှင့်နီးသည့် ဝေါလေ ဘက်မှလည်း တိုက်ပွဲတွေဖြစ်ပေါ်နေကြောင်း သိရှိရသည်။ စစ်ရေးသုံးသပ်သူတဦး အပြောအရ တံတားတွေ ကျိုးသွားသည့်အတွက် လတ်တလော စစ်ကူလာလို့မရတဲ့အတွက် ရှေ့တန်းအထိုင်တပ်တွေကို မြ၀တီကို စစ်ကူသွားခိုင်းတော့ ရှေ့တန်းအထိုင်တပ်တွေမှာ စစ်အင်အားနည်းတဲ့ အချိန်မှာ ဒီကေဘီအေ ဘက်မှ နအဖ ရှေ့တန်းအခြေစိုက်စခန်းတွေ ၀င်တိုက်တာ ဖြစ်နိုင်တယ်လို့ပြောဆိုသည်။
နံနက်(၁၁ နာရီ )
မြ၀တီမြို့တွင် မနေ့က ပိတ်မိနေပြီး ထွက်မလာနိုင်ပဲ ယနေ့ မနက်ပိုင်းမှ ရောက်ရှိလာသည့် သစ္စာမဂ္ဂဘုန်းကြီးကျောင်းနှင့် အခြားဘုန်းကြီးကျောင်းများ ဘုန်းကြီးများ စစ်ပြေးဒုက္ခသည်များ ဓါတ်ပုံတွေကို တင်ပေးလိုက်ပါတယ်။ (ဓါတ်ပုံ - REUTERS)
နံနက်(၁၀ နာရီ ၅၀ မိနစ်)
ABSDF (ကျောင်းသားတပ်မတော်)မှ နအဖ စစ်အုပ်စုအား ဒီကေဘီအေ အပါအ၀င် အခြား အဖွဲ့အစည်းများနဲ့ ပူးတွဲတိုက်ပွဲဝင်သွားရန် စုဖွဲ့မှုများ ပြုလုပ်ပြီးစီး၊ တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေကြောင်း ကြေညာချက် ထုတ်ပြန်လိုက်သည်။ ( ABSDF - ထုတ်ပြန်ကြေညာချက်) ကြည့်ရန် ယခု Link ကို နှိပ်ပါ။ တိုက်ရိုက်လင့် http://www.scribd.com/doc/41643779/Statement-on-Attack-Between-DKBA-and-SPDC
နံနက်(၁၀ နာရီ ၃၀ မိနစ်)
ရန်ကုန်မြို့နေ ပြည်သူလူထုက ရွေးကောက်ပွဲ အနိုင်ရ သတင်းထက်၊ မြ၀တီ တိုက်ပွဲသတင်းကို ပိုမိုစိတ်ဝင်စားမှုများနေကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။ ရန်ကုန်တွင်လည်း ကုန်ဈေးနှုန်း ပိုမိုတိုးမြင့်လာကြောင်းလည်း ပြောဆိုသည်။ လူထုအုံကြွမှုတရပ် ဖြစ်ပေါ်လာနိုင်ကြောင်း ၄င်းက သုံးသပ်ပြောဆိုလိုက်သည်။ ရန်ကုန်တွင် လုံခြုံရေး ပိုမိုတင်းကြပ်နေကြောင်းလည်း သိရှိရသည်။
နံနက်(၁၀ နာရီ ၂၀ မိနစ်)
ဘုရားသုံးဆူအခြေစိုက် နအဖ စစ်တပ် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ဝင်းကို ဒီကေဘီအေမှ သိမ်းပိုက်မှု မရရှိသေးပါဘူး။ မနက်ပိုင်းက အပြန်လှန် ပစ်ခတ်နေရာမှ ယခု ပစ်ခတ်မှုများ ရပ်နားထားတယ်လို့ သိရှိရပါတယ်။ နအဖ က ဘုရားသုံးဆူအခြေစိုက် ခမရ ၂၈၃ အခြေစိုက် စစ်တပ်ကို စစ်အင်အားဖြည့်ဖို့ စစ်ကူလွှတ်ထားတယ်လို့ သိရှိရပါတယ်။
နံနက်(၁၀ နာရီ ၃ မိနစ်)
ဘုရားသုံးဆူမြို့တွင် ဒီကေဘီအေ တပ်ရင်း ၉ဝ၆နှင့် ၉ဝ၇ က အချက်အခြာကျရာ နေရာများကို သိမ်းပိုက်ထားရာမှ ယနေ့မနက် ၈ နာရီက ဒီကေဘီအေနဲ့ နအဖ စစ်တပ်များ အပြန်အလှန်ပစ်ခတ်မှုများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
နံနက်(၉ နာရီ ၄၇ မိနစ်)
မြ၀တီမြို့ပေါ်မှာ ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲတွေ ရပ်လိုက်နားလိုက်နဲ့ ဆက်လက်ဖြစ်ပေါ်နေတယ်လို့ AJC သတင်းဌာန ပြောဆိုလိုက်ပါတယ်။ (ကိုးကား - AJC)
နံနက်(၉ နာရီ ၃၅ မိနစ်) မြ၀တီမြို့ပေါ်မှာ ဖြစ်နေသော စစ်ပွဲအတွက် နအဖ စစ်တပ်မှရန်ကုန်၊ ပဲခူးနှင့် နေပြည်တော် မှ လက်နက်ကြီးတင် စစ်ကား ၆၀ ကျော် စစ်တောင်းမြစ် ကို ကျော်ဖြတ်လာနေကြောင်း သိရှိရသည်။
နံနက်(၉ နာရီ )
ဒီကေဘီအေ ဗိုလ်စောလားဘွယ်တို့နဲ့ ပူးပေါင်းရန် ကေအယ်ယူ တပ်မဟာ ၇ နယ်မြေမှ စစ်ကြောင်းတကြောင်း ယမန်နေ့ညက ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
နံနက်(၈ နာရီ ၃၀ မိနစ်)
မနေ့ညက နအဖ တပ်မှ တိုက်ပွဲ အရှိန်အဟုန်မြင့်တင်ဖို့ ကော့ဂရိတ်နှင့် သင်္ကန်းညီနောင်တွေမှာ ပေါ်တာ လိုက်ဆွဲခဲ့တယ်လို့ သိရှိရသည်။
နံနက်(၈ နာရီ ၂၂ မိနစ်)
ABSDF စစ်ကော်မရှင်အတွင်းရေးမှူး ကိုခင်ကျော်မှ မြ၀တီတွင်ဖြစ်ပေါ်နေသော တိုက်ပွဲ အခြေအနေကို ယခုလိုသုံးသပ်ထင်ပြလိုက်ပါတယ်။ (လက်ရှိအခြေအနေမှာ ဗိုလ်မှူးစောလားဘွယ် ဦးစီး DKBA အဖွဲ့က မြ၀တီစစ်ပွဲကိုရက်အတန်ကြာ ထိမ်းထားနိုင်မယ်လို့ သုံးသပ်ရပါတယ်၊ ကနေ့ ကာလ နအဖ က ရွေးကောက်ပွဲလုပ်ပြီး ကမ္ဘာကိုအလှပြနေချိန် မြ၀တီကိုသိမ်းပိုက်ခံလိုက်ရ တာဟာ အရှိုက်အထိုးခံလိုက်ရသလို ဖြစ်နေတယ် နအဖ ကတတန်ပြန်ထိုးစစ် ဆင်တဲ့ နည်းရော ညှိနိုင်းတဲ့နည်းပါ သုံးမှာပါ၊ ပထမနည်းဖြစ်တဲ့ တန်ပြန်ထိုးစစ်ဆင်တဲ့ နည်းသုံးရင်တော့ တိုက်ပွဲကပြီးသေိးမှာမဟုတ်ဘူး။ ယာယီရပ်ဆိုင်းသွားနိုင်ပေမဲ့ ရေရည်မှာ DKBA က တိုက်ပွဲပုံစံပြောင်း ပြီး တိုက်ပွဲဆက်ဝင်သွာယးမယ်ဆိုရင် ပိုပြီးတောင် အင်အားတောင့်တင်း လာနိုင်မယ်၊ ဘ၀တူတွေက လက်ပိုက်ကြည့်နေကြမှာ မဟုတ်ဘူး။ တွေ့ဆုံ ညှိနိုင်းတဲ့နည်းနဲ့ ရန်သူကသုံးရင်တော့ ဗိုလ်မှူးကြီးစောလားဘွယ်တို့က နိုင်ငံရေးအရပါ စကားပြောလိမ့်မယ်လို့ ယူဆရပါတယ်၊)
နံနက်(၈ နာရီ ၁၀ မိနစ်)
ယနေ့နံနက်ပိုင်းတွင် မြ၀တီမှ မဲဆောက်သို့ စစ်ပြေးဒုက္ခ္ခသည်များ ထိုင်းနိုင်ငံ မဲဆောက်မြို့လေယာဉ်ကွင်းရှေ့ ထိုင်းစစ်တပ်ဝန်းအတွင်းတွင်ထားသော စစ်ပြေးဒုက္ခ္ခသည်စခန်းသို့ တဖွဲဖွဲ ထပ်မံရောက်ရှိလာကြောင်း သိရှိရသည်။
နံနက်(၈ နာရီ ၄ မိနစ်)
မြ၀တီမြို့ပေါ်မှာ နအဖ စစ်တပ်မှ မြို့ပေါ်တွင် နောက်ဆုံးကျန်ရှိနေသေးသော ပြည်သူလူထုကို မြ၀တီမြို့အတွင်းမှ ၁ နာရီအတွင်း အပြီးထွက်သွားကြရန် စစ်ကားများဖြင့် လိုက်လံကြေညာကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၄၀ မိနစ်)
ရွေးကောက်ပွဲရလဒ်ကို သိရှိရပြီဖြစ်ပေမယ့် ယမန့်နေ့ ဖြစ်ပွားသော ပြည်တွင်းစစ်ပွဲကြောင့် နအဖမှ လွှတ်တော်ခေါ်ယူခြင်းနဲ့ အစိုးရ အသစ် ဖွဲ့စည်းဖို့ကို အကန့်အသတ်မရှိ ရက်ရွေ့ဆိုင်းလိုက်ကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၃၅ မိနစ်)
ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သောကြောင့် ကလေးကျောင်းသွားကြိုသော ကြံ့ဖွတ် ကိုယ်စားလှယ်လောင်းတဦးလည်း သေဆုံးသွားကြောင်း သိရှိရသည်၊ သေဆုံးသူ ၁၀ ဦးတက်မနည်းရြှိ့ပီး... ဒဏ်ရာရသူ ၃၀ နီးပါးခန့်ရှိကြောင်း သိရှိရသည်။
နံနက်(၇ နာရီ ၃၀ မိနစ် ) မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲကြောင့် ဒေသခံ ပြည်သူလူထု ၁၀ ဦးထက်မနည်းသေဆုံးမှုရှိကြောင်း သိရှိရသည်။
နံနက်(၇ နာရီ )
မနေ့ညက မြ၀တီတွင် ဒီကေဘီအေနှင့်နအဖ တိုက်ပွဲဖြစ်သံများ ရပ်ဆဲသွားပြီး ယနေ့မနက် ၆ နာရီကျော်လောက်တွင် လက်နက်ငယ်သံများ တဖန်ပြန်ကြားလာရကြောင်း သိရှိရသည်။
( ဆုံဆည်းရာမှတဆင့်မျှဝေပါသည် )
...နေပြည်တော် အထူးအစည်းအဝေး ၏ ဆုံးဖြတ်ချက်အရ လွှတ်တော် ခေါ်ယူခြင်း နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည် ...
Monday, November 8, 2010
November 9, 2010 freedom news group
လွှတ်တော် ကို ခေါ်ချင်လည်း ခေါ်မယ်၊ ခေါ်ချင်မှ လည်း ခေါ်မယ် ၊မခေါ်ချင် လည်း မခေါ်ဘူး ဆို သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နိုဝင်ဘာ ၇ ရက်နေ့ က နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဓ နယ် ၁ တွင် မဲပေး နေစဉ်..။     
(ဓာတ်ပုံ-ရိုက်တာ)
တင်ကျော်ကျော်စိုး  ၊   လက်ရှိ နိုင်ငံတွင်း ပြည်တွင်းစစ် အခြေအနေကြောင့် ရွေးကောက်ပွဲ ရလာဒ် ပေါ်ထွက် လာသော် လည်းလွှတ်တော် ခေါ်ယူခြင်း  နှင့် 
အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ  
ရွှေ့ ဆိုင်းမည် ဟု နေပြည်တော် သတင်း ရပ်ကွက် က FNG သို့ ပြောသည်။