Thursday 18 November 2010

...ဂျပန်နိုင်ငံက မြန်မာပြည်နှင့် အပြုသဘောဆက်ဆံရေး ဆက်လက်ကျင့်သုံးမည်ဟု ပြော...

စစ်တပ်အုပ်ချုပ်ရေးရှိနေသေးသော မြန်မာပြည်တွင် ဒီမိုကရေစီတိုးတက်ရေးအတွက် နည်းလမ်းတခုအနေဖြင့် အပြုသဘော ဆက်ဆံရေးမူဝါဒကို ဆက်လက်ကျင့်သုံးဦးမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရက ယမန်နေ့က ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိ မအဲဟာရ                                     ဂျပန်နိုင်ငံခြားရေးဝန်ကြီး စဲအိဂျိမအဲဟာရ (ဓာတ်ပုံ - AFP)

မြန်မာပြည်တွင် ဆိုက်ကလုံးမုန်တိုင်းကြောင့် ပျက်စီးမှုများအား ပြန်လည်ပြင်ဆင်ရန်အတွက် ...


အကူအညီအဖြစ် အမေရိကန် ဒေါ်လာ ၅ သိန်း ကူညီပြီးကြောင်း တိုကျိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဂျပန်အစိုးရအနေဖြင့် နိုဝင်ဘာ ၇ ရက်နေ့က ကျင်းခဲ့ပသော မြန်မာပြည်ရွေးကောက်ပွဲသည် လုံးဝမကောင်းပါဘူးဟု မပြောသော်လည်း တရားမျှတမှုမရှိဘူးလို့တော့ ယုံကြည်ထားပါသည်။
အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် နိုင်ငံနှင့်အဝှမ်း ပြုလုပ်ခဲ့သော ၂၀၁၀ ရွေးကောက်ပွဲသည် လက်ရှိ အုပ်စိုးနေသော စစ်အစိုးရ၏ “ဒီမိုကရေစီသို့ လမ်းပြမြေပုံ” မှ အစိတ်အပိုင်းတခုသာဖြစ်သည်။ သို့သော် အနောက်နိုင်ငံများကတော့ စစ်အာဏာရှင်များ အာဏာကို ဆက်လက်ဆုပ်ကိုင်ဖို့အတွက် ဟန်ဆောင်လုပ်ရပ်တခုသာဖြစ်သည်ဟု ဝေဖန်လျှက်ရှိပါသည်။
ယခုပါလီမန်တွင် ၂၅ ရာခိုင်နှုံးသောကိုယ်စားလှယ်တို့သည် ရွေးကောက်ပွဲတွင် ပါဝင်စရာမလိုဘဲ စစ်တပ်မှ အလိုအလျှောက် ရွေးချယ်တင်မြောက်ပြီးသား ဖြစ်နေသည့်အပြင် နေအိမ်အကျယ်ချုပ် ၇ နှစ်ခွဲကျော် ကျခံပြီး မကြာသေးမီ စနေနေ့က လွတ်မြောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ရွေးကောက်ပွဲဝင်ခွင့် မရခဲ့ပေ။
“ကျွန်တော်တို့ရဲ့ ရပ်တည်ချက်သဘောထားနဲ့ ပြောရရင် ကောင်းပါတယ်လို့ မပြောနိုင်ပေမယ့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီကို ရှေ့ရှုပြီး အဆင့်တခုကို လုပ်ပြီးနေပြီလို့ထင်ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ကတော့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေခြင်းအားဖြင့် နောက်ထပ် တဆင့် နှစ်ဆင့်တို့ကို ထပ်လှမ်းနိုင်လိမ့်မယ်ထင်လို့ အခုလို ချဉ်းကပ်သင့်တယ်ထင်ပါတယ်” ဟု ဂျပန် နိုင်ငံခြားရေးဝန်ကြီး မအဲဟာရက ဆက်လက်ပြောကြားပါတယ်။
အနောက်နိုင်ငံ ခေါင်းဆောင်များမှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လွတ်မြောက်မှုအပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုမှုများ ရှိသော်လည်း တရုတ်နိုင်ငံသည် ယနေ့အထိ ရေငုံနှုတ်ပိတ်နေဆဲဖြစ်သည်။
(ရိုးမ-၃ သတင်း)

No comments:

Post a Comment