Wednesday 24 November 2010

...ဒေါ်အောင်ဆန်းစုကြည် သား ဖြစ်သူ နှင့် ပြန်လည် ဆုံတွေ့ ...



လက်မောင်းတွင် ရေးထိုးထားသည့် NLD အလံ ဆေးမှင်ကြောင်အား မိခင်ဖြစ်သူကို ပြသစဉ် (AP Photo/Khin Maung Win)



သားဖြစ်သူ အလာ ကို မိခင်က ပန်းစည်း ကိုင်ပြီး စောင့်မျှော်
ဓာတ်ပုံများ -အေပီ သတင်းဌာန
အောင်မြင်
၊           ၊မြန်မာ့ဒီမိုကရေမိခင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ကျခံနေရက လွတ်ရက်စေ့ပြီး၁၀ရက်အကြာမှာတော့ သားဖြစ်သူကိုထိန်လင်းနှင့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ယနေ့မနက်....

 

၈နာရီ၊ ၄၅မိနစ်မှာသားငယ်ဖြစ်သူကို ရန်ကုန်လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တာကို မြင်တွေ့ခဲ့ရကြောင်း အေအက်ပီသတင်းထောက်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

အခုလို မိသားစုပြန်ပြီးတွေ့ရတာ ကျမတော်တော်ကိုဝမ်းသာရပါတယ် လို့ AFP သတင်းထောက်ကို
ဒေါ်အောင်ဆန်းကြည်ကပြော ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ် ကိုထိန်လင်း ဟာ
ယမန်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက် သံရုံး ကနေ ပြည်ဝင်ခွင့် ဗီဇာရလို့  ရန်ကုန် မြို့ ကို ဒီနေ့ မနက်
အစော ပိုင်း မှာ ထိုင်းလေကြောင်း လိုင်း နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။
ကိုထိန်လင်း သည် ယနေ့ မနက် ပိုင်းတွင် မိခင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံနေပြီ
ဖြစ်သည် ဟု NLD လူငယ် အဖွဲ့ ဝင် တစ်ဦးက Freedom News Group သို့ ပြောသည်။ကိုထိန်လင်း
သည် မြန်မာ နိုင်ငံတွင် သီတင်း နှစ်ပတ်ကြာနေထိုင် မည် ဟု သတင်းရရှိသည်။
ဒီနေ့မနက် ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ဝမ်းသာကြည်နှုးဖွယ်မြင်ကွင်းတခု ကိုယ်တိုင်ကြုံတွေ့မြင်ခဲ့သူ တဦးက FNG ကို သူမရဲ့ ခံစားမှုကို အခုလိုပြောပြလာပါတယ်။
ကျမက လေဆိပ်ကိုဧည်သည်သွားကြိုသွားတာပါ၊ ဧည်သည်က PG 701 နဲ့ဘန်ကောက်လာမှာလေ။ လေဆိပ်ကိုဒီနေ့ နည်းနည်းစောထွက်ခဲ့တယ်။ လေဆိပ်ရောက်တော့ တော်တော်ကိုထူးခြားနေတယ်။ ယူနီဖောင်းဝတ်၊အရပ်ဝပ်လုံခြုံရေးတွေနဲ့ကင်မရာကိုယ်စီကိုင်ထားတဲ့သတင်းထောက်တွေတွေ့
ရတယ်။ ကျမ လေဆိပ်ထဲအရောက်မှာတော့ လူတွေတော်တော်များနေပြီ။ သိပ်မကြာခင် အန်တီရောက်လာတယ်။ အန်တီသား လဝကကောင်တာကိုအဖြတ်မှတော့မီးတွေတ၀င်းဝင်းနဲ့ပေါ့
ကျမက နောက်မှာဆိုတော့ အန်တီမျက်နှာကိုအပြည့်မရဘူး။ ကျွန်မမြင်ရသလောက်တော့ မိခင်တယောက်က အကျဉ်းကျခံနေရပြီး သားတွေနဲ့မတွေ့ရ၊ ခင်ပွန်းသည်ဆုံးတာတောင် သွားခွင့်မရ
အခု လို ၁၀နှစ်ကျော်မှ သားငယ်ကို ပြန်တွေ့ရတဲ့မြင်ကွင်းဟာ ကျမရင်ထဲမှာလှိုက်ပြီးခံစားရလို့ မျက်ရည်တောင်ကျမိပါတယ်။ အန်တီဟာ နိုင်ငံခေါင်းဆောင်တယောက်ပီသတယ်လို့ ကျမယုံကြည်တယ်။ သားကိုတည်တည်ငြိမ်ငြိမ်နဲ့ ကြိုတဲ့မြင်ကွင်းလေးကို ဘယ်တော့မှမေ့မှာမဟုတ် တော့ပါဘူး။ ကျမကဧည့်လမ်းညွှန်ဆိုတော့ ခရီးထွက်ရတယ် သားလေး၂ယောက်နဲ့ ၁၀ရက် ၁၅ရက် လောက်ခရီးသွားနေရာက အိမ်ပြန်ရောက်ရင် သားတွေကိုအရင်ဆုံးတွေ့ချင်တယ်။ အန်တီရဲ့ မြန်မာပြည်သူတွေအတွက် စွန်ကလွတ်အနစ်နာခံမှုကို ကြုံတွေ့လိုက်ရာတာပါ။ မိခင်တယောက်ရဲ့ခံစားမှုကို ကျမနားလည်တယ်။ အခုကျမပျော်တယ် အန်တီလိုခေါင်းဆောင်မှုကြောင့် ပြောင်းလည်းမှုကြုံရတော့မယ်လို့ယုံကြည်ပါတယ်လို့ကိုယ်တွေ့မြင်တွေ့ခဲ့ရသူတဦးကပြောပြပါတယ်။








( FREEDOM NEWSGROUPS )

No comments:

Post a Comment