Thursday 4 November 2010

တ ကယ့်  ကို တန် ဘိုး တက် နေ တာ က ဗမာငွေ ..ဗမာငွေ တိုင်း တော့ မဟုတ် ပါဘူး ..

Wednesday, November 3, 2010

အခုရက်ပိုင်း အင်တာနက် က သုံးရတာ အခြေအနေ အတော်ဆိုး နေပ ဗျာ၊ဂူဂယ် ပုံလေးမြင်ရရင် ကံကောင်းလှပေါ့၊ ဒီဂူဂယ် ပုံကနေ ရှေ့ ဆက်သွားဘို့ က တော့ဆယ်ရေး တရေး ၊ ကိုးရေး တရာပါ၊ ကျူးပစ်ကြီးထဲ ရောက်ဘို့တော်တော် စောင့်ပြီး မှ ရောက်ရတာပါ ၊ ဒါတောင် ပိုစ် တင်ရင်ဖြောင့်ဖြောင့်တန်းတန်း တက် မှ တက် နိုင် ပ မလား ၊ မသိရသေးပါ ခင်ဗျာ။

အခုရက်ပိုင်းလေး မှာ ရွေးကောက်ပွဲ အတွက် လူတွေ လှုပ်လှုပ် ရွရွ အတော်ဖြစ်လာပါတယ်။မဲထည့် မဲ့ လူတွေ ၊ ပြည်သူ တွေ လှုပ်ရှားကြတာ တော့ မဟုတ် ရ ပါ ဗျာ၊မဲ ထည့်စေချင်တဲ့ လူတွေ က ကားတွေ ၊ လော်စပီကာတွေ နဲ့ မဲထည့်ကြဘို့သိသိသာသာ လှုံ့ဆော်လာသလို ၊ မဲ မထည့်ရေး ဆော်သြောသူ တွေ က လဲမမောနိုင် မပမ်းနိုင် တီရှပ်တွေ ဝတ် ၊ စာရွက်တွေ လိုက်ဝေ ၊ အလုပ်တွေ ရှုပ် နေကြပေါ့ဗျာ။

တကယ် မဲပေး ရ မဲ့ သူတွေ က တော့ ၊ မဲ ထည့် ဘို့ လာပြော နေတာ ကို လဲစိတ် မဝင်စား ၊ မဲ မ ထည့် ဘို့ ဝေ ထား တဲ့ စာရွက် တွေ ကို လဲ ၊ လာ ဝေ ရင်တော့ယူထား လိုက် ပါတယ် ၊ ကျန်တာတော့အထူးအထွေ ၊ စိတ် ထဲ ဘယ်လိုမှ မနေ ကြပါဘူး

ခု ရက်ပိုင်း ၊ ရေကြီးတာ လမ်း ပျက်တာ နဲ့ ဆန် တို့ ကြက်သွန်နီ တို့ ဈေးတွေ တက်လာတာ တဲ့ အကြောင်းတွေ ကို ဘဲ သက်ပျင်း တွေ ချ ကြရင်၊ ဘယ်လို များ လုပ် ရ ပစိတ် ထဲ ဗျား များ နေကြ ပေါ့ ဗျာ ၊ မနေ့ က ည က ဘဲ ၊ ဘင်္ဂလား ပင်လယ် ထဲမုန်တိုင်း လေး တခု ၊ လာ ပြန်ပြီ နောက် တလုံး ကြေငြာထား ပါ တယ်။ဒီ မုန်တိုင်း ဘယ် ဘက် တိုး လာ ဦး မှာ လဲ ၊ ကြို ပြီး စိတ် ပူ ရ ပေါ့ ဗျာ။

ဒီ တခါတော့ ထူးခြား တယ် ဗျာ ၊ နယ် မြို့ တွေ မှာ ၊ မဲ မပေးရေး စာရွက် တွေ ကိုပလူပြန်အောင် မဲ မပေးရေး တီရှပ်တွေ ဝတ်ပြီး စာပေစီစစ်ရေး က တရား ဝင်ခွင့်ပြုချက်ရပြီးသား စာစောင်တွေ လို ကျကျ နန ဝေနေကြပေါ့ ဗျာ။

နီးစပ်ရာ ရပ်ကွက် ထဲက လူတွေ ကို နဲ နဲ ပါးပါး တီးခေါက်ကြည့်တော့ဘာ ကို မဲပေး ရ မယ် ဆိုတာ တောင် ဇဝေ ဇဝါ ပါ။ အခု ကြံခိုင်ရေး နဲ့အရင် မဆလ နဲ့ ဘာ ကွာ လဲ ဆိုတာ ရေရေ ရာရာ မသိကြဘူးဗျ။အရင် ခမောက် နဲ့ အခု ခမောက် ဘာ ကွာ လဲ ဆိုတော့ လဲ ၊ ခမောက် ၃ မျိုးလား၂ မျိုး လား ၊ မရေ မရာ ပါ။ အခု အာအက်အေ တို့ ၊ ဘီဘီစီ တို့ ပုံ မှန် နားထောင် နေ ကြတဲ့ လူ တွေ က လဲ ၊ ကြံ့ ခိုင် ရေး ကို မဲ မထည့် ဘို့ အကြောင်း အပ်ကြောင်း ထပ်နေ့စဉ် ကြားနေ ရ တော့ ၊ ကိုယ် နား လည် သမျှ နဲ့ ကြံ ခိုင် ရေး ဆိုတာ ကိုမဲ မထည့် ဘို့ တော့၊ ပြောနေ ကြ ပါ တယ်။

အင်း ၊ နေရာ အများဆုံး ပြိုင် နေ ကြတာ က လဲ ၊ ကြံခိုင်ရေး နဲ့ စပါးနှံ ဆိုတော့နိုင်ငံခြား ရေဒီယို တွေ က ဟို ပြော ဒီ ပြော ၊ လက် ကမ်း ကြော် ငြာ တွေ က လဲကြံ့ ခိုင် ရေး ကို မဲ မထည့် ဘို့ ၊ တွင် တွင် ကြေ ငြာ ပေး နေ တော့၊စာရင်းချုပ် လိုက် ရင် ၊ ကြံ့ ခိုင် ရေး ကို ၊ ဝိုင်း ပြီး အမြင် ကပ် တာ နဲ့ ဘဲစပါးနှံတောင် အနိုင် ရ သွား နိုင် တဲ့ သဘော ရှိ နေ ပါတယ်။ဘာ အသံ မထွက် ဘဲ ၊ အသာလေး ငြိမ် နေ ရင်း ၊ ကံ ကောင်း လို့ က တော့စပါးနှံ ဟာ ဖားလောင်း က နေ ၊ ငါး ဘ ဝ ကို ပြောင်း သွား နိုင် ပ ဗျာ။

အခု ရက် ပိုင်း ၊ စီး ပွားရေး သမားတွေ က ငြီး လိုက် တာ ဝီ ခေါ် သဗျာ၊ဟို ဟာ ကိုင် လဲ မကိုက် ၊ ဒီ အကွက် သေ ချာ တယ် ဆို ပြီး ရိုက် လိုက် တော့ လဲ ကွဲငွေ မာ ဈေး က လဲ ၊ အဆင်း ဘက် ယိမ်း သွားတာ ၊ တော် တော် နဲ့ နလံ ထူ မဲ့ သဘောမရှိ သေး ဘူး ခင် ဗျ ၊ ခု တခေါက် ငွေ မာဈေး ဆင်း သွားတာက ၊ ပြည် တွင်းကစီးပွားရေးအခြေအနေကြောင့်ထက်၊ဒေါ်လာနဲ့နိုင်ငံတကာငွေဈေးကွက် မှာသူ့ အကြောင်း နဲ့ သူ ၊ ဒေါ်လာ ကိုယ် တိုင် က အား မ ရှိ တော့ တဲ့ အကြောင်း ကအဓိက ပို ကျ ပါ တယ် ။ သွင်း ကုန် သွင်းထား တဲ့ ၊ အီ လက် ထရောနစ် လိုင်းကွန်ပျူတာ လိုင်း ၊ တယ် လီ ဖုန်း ဟန်းဆက် လိုင်း က လူ တွေ လဲငွေဈေး လေး ကျ တုံး ၊ အရောင်း အဝယ် သွက် ချင် လို့ ၊ ငွေ ပေါ်လေးဈေး လျော့ ရောင်း တာ တောင် ၊ ရောင်း အား က ၊ တ ဝက် မ က ကျ သွား ပါ တယ်။

တ ကယ့်  ကို တန် ဘိုး တက် နေ တာ က ဗမာငွေ ပါ။ဗမာငွေ တိုင်း တော့ မဟုတ် ပါဘူး ၊ ငါးဆယ် တန် ၊ တရာ တန် ၊ နှစ် ရာတန်
ဗမာငွေ ၊ အကြွေ အစုတ် အပြတ် ၊ မဲ မဲ တူး တူး၊ ညစ်ညစ် ပတ် ပတ် လေး တွေ ပါ ၊အခု တော့ ဒီ ငွေ အကြွေ အစုတ် တွေ ၊ အတော် တန် ဘိုး တက် ပါ တယ်။

အခု လဘက် ရေ ဆိုင် ၊ ကုန် စုံ ဆိုင် တွေ မှာ ငွေ အကြွေ အမ်း တဲ့ စနစ် တိုးတက်လာ ပါ တယ် ၊ ဟို ၊ ထီ ဆိုင် တွေ မှာ ထီ လက် မှတ် ထည့် ရောင်း တဲ့ပလပ်စတစ် အိတ်လေး တွေ ကို ထိပ် မှာ မီး နဲ့ ပိတ်ထား ပါ တယ်။အထဲ မှာ ဘာ ပါ သလဲ ဆို တော့ ၊ ဘယ် လို မှ ၊ မ မှတ် မိ နိုင် အောင်စုတ်ပြတ် မဲတူး နေ တဲ့ ပိုက် ဆံ ၊ အ စုတ် လေး တွေ ထည့်ထား ပါ တယ်။

ဘာ တန် တွေ ၊ ဘယ် လောက် စုတ် ပြတ် နေတာ တွေ ထည့် ထား သလဲထုတ်ပြီး ရေ ကြည့် လို့ မရ ပါဘူး ၊ ပလပ်စတစ် အိတ် အကြည်လေး အပေါ် မှာမတ်ကာပင်၊ မှင် ကောင်း ကောင်း နဲ့ ၁ဝဝ လို့ ရေးထားရင် ၊ အဲ ဒါ ၁ဝဝ ပါ ဘဲ၊၂ဝဝ လို့ ရေးထားရင် အဲ ဒါ က ၂ဝဝ ပါ ဘဲ ၊ နောက် ဆုံး ပေါ် ခေတ်မီ ပိုက်ဆံ ပါ။

အဲဒီ အထုပ် လေးတွေ အမ်းလိုက် ရင် ၊ ဝယ် သူ က လဲ ကြည်ကြည် ဖြူဖြူ ယူ လိုက်ပါတယ် ၊ ကိုယ် ဝယ်ချင် လို့ ဆိုင် မှာ ထည့် သုံး လိုက် ရင် လဲ ၊ ဘယ် ဆိုင် က မှမ ငြင်း ပါဘူး ၊ သူ့ နည်း သူ့ ဟန် နဲ့ က၊ အဆင်ပြေ နေကြ ပေါ့ ဗျာ။

တချို့ လဘက်ရည် ဆိုင် တွေ က တော့ ဆိုင် တံဆိပ် ရိုက်ထားပြီး ၊ ခု န လို၁ဝဝ ၊ ၂ဝဝ ရေးထေား တဲ့ တုံကင်လေး တွေ ပြန်ပေး ပါ တယ်။ဒီ ဆိုင် မှာ လဘက် ရေ ဘိုး ရှင်း ရင် ၊ ထည့် ရှင်း လို့ လက် ခံ ပါ တယ်။ဆိုင် အတွက် လဲ တွက်သား ကိုက် ပါ တယ် ၊ ဖောက် သည် က ဒီ နေ့ ဒီ ဆိုင် မှာလ ဘက်ရေ သောက် ခဲ့ ပြီး ၊ အိတ် ထဲ ပါ လာ တဲ့ ၊ ၂ဝဝ တန် တုံကင် ၊ သံယောဇဉ် ညိနေ တာ နဲ့ ၊ နောက် နေ့ မှာ လဲ ၊ ဒီ ဆိုင် ကို ဘဲ ပြန် လာ သောက် ရ တော့ တာပါ။လ ဘက် ရည် ဆိုင် က ထ ပြန် လာ တော့ လဲ ၊ တုံ ကင် နောက် အသစ် တခု အိတ် ထဲပြန် ပါလာ တော့ ၊ နောက် ရက် မှာ လဲ ၊ ဒီ ဆိုင် ကို ဘဲ သံ သရာ ပြန် လည် ရ မှာပါ။

မနေ့ က ည က ကြေငြာထား တဲ့ ၊ ဘင်္ဂလား ပင်လယ် ထဲ ကမုန်တိုင်း လေး ၊ နောက်ထပ် အသစ် တခု ၊ ဘယ် ဘက် တိုး လာ ဦး ဆိုတာ ကို လဲ ၊ကြို ပြီး ကြည့် ပေး ကြ ပါ ခင် ဗျား ။

Aဇော်ကြီး (မြန်မာကျူ့ပစ်ရီပို့တာ)

( ကိုရဲရင့်မှမျှဝေပါသည် )

No comments:

Post a Comment