Wednesday 10 November 2010

...စစ်ပြေးဒုက္ခသည်များ၏ နောက်ဆုံးအခြေအနေ...




၁- မြ၀တီကို နအဖ သိမ်းလိုက်ပါပြီ။
၂- စစ်ပြေးဒုက္ခသည်များ ဆက်လက် ထွက်လာနေဆဲဖြစ်ပါတယ်။
 ၃ - ထိုင်းက လက်မခံတော့ဘူး ၊ အခြေအနေအေးဆေးသွားပြီလို့ ပြောတဲ့အတွက်ယာယီစခန်းမှာ ဒုက္ခသည်များ ပြန်လည်ထွက်ခွာ လာပါတယ်။
၎- သောင်း ရင်းမြစ်ကမ်း စပ်ရောက်တော့ နအဖ တပ်များ က မလာနဲ့ ဦး ဆိုပြီးပြောသည့်အတွက် ဒုက္ခသည်များ ပြန်လည် ထွက်ပြေးလာရပြန်ပါတယ်။
၅- စုစုပေါင်း ၃ သောင်းကျော်မယ်ဟုခန့် မှန်းရတယ်။  အန်ဂျီအိုများ သိပ်မရှိပါ။ ရိက္ခာ မလောက်ပါ ။ ထမင်း မစားရသူများ ပင်ရှိပါတယ်။

 ၆- အများစုမှာ မိန်းမ၊ သက်ကြီးရွယ်အိုနဲ့  ဗုစုခရု ကလေး လေးများဖြစ်ပါတယ်။ တချို့ မိခင်များ နို့ မထွက်တော့ပါ။   ကလေးများ အလွန်ဒုက္ခရောက်နေပါတယ် ။
 ၇- ဒုက္ခသည်များ ကို ကျနော် မကြာခန မြင်ဘူးပါတယ်။ ဒီလောက် သောက ဝေတဲ့ ဒုက္ခသည်များကို မမြင်ဘူးပါ။
လှေပေါ်ကဒုက္ခသည်များမှာ နအဖမှမောင်းထုတ်လို့ ပြန်ထွက်ပြေးလာရသူများဖြစ်ကြပါသည်။
ကားပေါ်က ဒုက္ခသည်များကတော့ထိုင်းစစ်တပ်ကမောင်းထုတ်လို့ထွက်ပြေးလာရသူများဖြစ်ပါသည်။
သတင်းဌာနများ အသေးစိတ်သိလိုပါက  - ၀၈၄-၄၅၉- ၁၁၈၆ ။
(We Fight We Win)မှတဆင့်မျှဝေပါသည်..။

No comments:

Post a Comment