Tuesday 9 November 2010

...နေပြည်တော် အထူးအစည်းအဝေး ၏ ဆုံးဖြတ်ချက်အရ လွှတ်တော် ခေါ်ယူခြင်း နှင့် အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ ရွှေ့ ဆိုင်းမည် ...

Monday, November 8, 2010

November 9, 2010 freedom news group
လွှတ်တော် ကို ခေါ်ချင်လည်း ခေါ်မယ်၊ ခေါ်ချင်မှ လည်း ခေါ်မယ် ၊မခေါ်ချင် လည်း မခေါ်ဘူး ဆို သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နိုဝင်ဘာ ၇ ရက်နေ့ က နေပြည်တော် ပုဗ္ဗသီရိ မဲဆန္ဓ နယ် ၁ တွင် မဲပေး နေစဉ်..။     
(ဓာတ်ပုံ-ရိုက်တာ)

တင်ကျော်ကျော်စိုး  ၊   လက်ရှိ နိုင်ငံတွင်း ပြည်တွင်းစစ် အခြေအနေကြောင့် ရွေးကောက်ပွဲ ရလာဒ် ပေါ်ထွက် လာသော် လည်းလွှတ်တော် ခေါ်ယူခြင်း  နှင့် 

အစိုးရ ဖွဲ့ ခြင်း ကို အကန့် အသတ် မရှိ  
ရွှေ့ ဆိုင်းမည် ဟု နေပြည်တော် သတင်း ရပ်ကွက် က FNG သို့ ပြောသည်။

ရွေးကောက် ပွဲ တွင် လက်ရှိ စစ်အစိုးရက ကျောထောက် နောက်ခံ ပေးသည့် ကြံ့ဖွံ့ ပါတီ အနိုင်ရရှိသော် လည်း နိုင်ငံ အေးချမ်းသာ ယာပြီး ခြေခင်း လက်ခင်း သာသော နေ့ တွင် မှ လွှတ်တော် ခေါ်ယူခြင်း ၊အစိုး ရဖွဲ့ ခြင်း နှင့် အာဏာ လွှဲပြောင်း ခြင်းတို့ ကို ဆောင်ရွက်တော့ မည်ဖြစ်ကြောင်း ယမန် နေ့ ညက နေပြည် တော်တွင် ပြုလုပ် ခဲသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအ၀င် စစ်ခေါင်းဆောင် များ အထူးအရေးပေါ် အစည်း အဝေးက ထိုကဲ့ သို့ ဆုံးဖြတ် လိုက်သည် ဟု သတင်းရရှိသည်။

စစ်ဘေး တိမ်းရှောင် လာသည့် မြ၀တီ မြို့ မှ အသက် ၈၅ နှစ် အရွယ်အမေအိုကြီး တစ်ဦး Photo-Reuters
ထိုအစည်း အဝေး သတင်း နှင့် ပတ်သက်၍ နေပြည်တော် ကာကွယ်ရေး ၀န်ကြီးဌာန မှ အကြီးတန်း အရာရှိ တစ်ဦးက FNG သို့ ပြောရာ “တပ်ချုပ်ကြီးက သူနယ်စပ် ပြဿနာ တွေ ကို အရပ်သား အစိုးရ မပေါ်ပေါက်ခင် အကုန် ရှင်းသွားမယ်တဲ့ ၊ အရပ်သား တွေ အနေနဲ့ ဒါတွေ ဖြေရှင်းပေါ့ ခက်တယ်ပေါ့။ သူဒီကိစ္စတွေ ပြီးမှ လွှတ်တော် ခေါ်တာ လုပ်မယ် ဆိုတော့ ဘယ်လောက်ကြမယ် မပြောတတ်ဘူး။အခု DKBA အတွက် War Plan ပြီးသွားရင် ရှမ်း နဲ့ ကချင် ကြာမယ် ဆိုတော့  နှစ်နှစ် လောက်ဖြစ်မယ်ထင် တယ် ဟု ပြောသည်။


တနင်္ဂနွေ နေ့ ကကျင်းပခဲ့သည့် စစ်အစိုးရ၏ ရွေးကောက် ပွဲ သည် မဲ မသမာ မှု များ၊မဲလိမ်မှုများ ရှိသည် ဟု သိရသည်။ထိုသို့ ဖြစ်ခဲ့သည့် အတွက် ၀င်ရောက် ယှဉ်ပြိုင် သည့် နိုင်ငံရေး ပါတီ များ ကလည်းမကျေ နပ်ကာ ရွေးကောက်ပွဲ ရလာဒ် ကို အသိအမှတ် မပြု ဟု သိရသည်။


၁၉၉၀ ပြည့် နှစ် ရွေးကောက်ပွဲ အနိုင်ရပါတီ တစ်ခု ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ကမူ ထို ရွေးကောက် ပွဲ ကို တရားမျှတ မှု ရှိ မှာ မဟုတ် ဆိုကာ ၀င်ရောက် ယှဉ်ပြိုင် ခြင်း မပြုဘဲ သပိတ် မှောက်ထားပြီး ဖြစ်သည်။
စစ်အစိုးရ က ထိုကဲ့သို့ လွှတ်တော် ခေါ်ယူရန် ရွှေ့ ဆိုင်း လိုက်ခြင်းသည် နိုင်ငံရေး အရ အကျဉ်းအကျပ် ဖြစ်နေသည် အစိုးရိမ် လွန်ခြင် ဖြစ်သည် ဟု မန္တလေး မြို့ မှ နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦး က သုံးသပ်သည်။


စစ်အစိုးရ ကိုယ်တိုင် လည်း လွှတ်တော် သုံးရပ် ကို မည်သည့် နေ့ ရက်တွင် စတင်မည် ဟု အတိအကျ ကြေငြာ ပြောဆို ထားခြင်း မရှိချေ။
ရွေးကောက်ပွဲ ကျင်းပ နေစဉ် အတွင်း DKBA တပ်မှာ ထိုင်း-မြန်မာ နယ်စပ် ကုန် သွယ်ရေးမြို့များဖြစ် သည့် ဘုရားသုံး ဆူ နှင့် မြ၀တီ ကို DKBA တပ်များ ၀င်ရောက်စီးနင်း မှု ကြောင့် ဌာနေ နှစ်သောင်း ကျော် ထိုင်း နိုင်ငံ မဲ ဆောက် မြို့ ထဲ သို့ လာရောက် ခိုလှုံနေရသည် ဟု သတင်းရရှိသည်။


ယနေ့ ၉ ရက်နေ့ နံနက် နောက်ဆုံးရရှိသည့် သတင်းများ အရ မြ၀တီ မြို့ ၏ အစိုးရ အဆောက်အဦ များ မီးရှို့ ခံရကာ မြို့ ၏ ထက်ဝက်ကျောက်ကို ဗိုလ်မှုးချုပ် စောလား ပွယ် တပ်များ က သိမ်းပိုက် ထားပြီး ၊ ဘုရားသုံး ဆူ တွင် မူ DKBA နှင့် KNU အထူးတပ် များ က တစ်မြို့ လုံး နီးပါးသိမ်းပိုက် ထားသည်။

(ကိုရဲရင့်မှမျှဝေပါသည်)

No comments:

Post a Comment