Saturday 13 November 2010

...ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ...

အမေစု မကြာသေးမှီမိနစ်ပိုင်းလေးကပဲနေအိမ်အကြယ်ချူပ်ကနေလွတ်မြောက်ပြီဖြစ်ပါတယ်
ဒေါ်အောင်ဆန်းစုကြည်လွတ်ပြီ ( ဧရာဝတီ သတင်း )..။

ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီ


ဒေါ်အောင်ဆန်းစုကြည်ကို အမှန်တကယ်လွှတ်လိုက်ပါပြီ ယခု နိုင်ငံခြားသံတမန်တွေ ၀င်ရောက်တွေ့ဆုံနေပြီး။ သတင်းထောက်တွေကိုတော့ ၀င်ခွင့်မပေးသေးပါ။ မကြာခင် လူထုရှေ့မှောက် ထွက်လာပါတော့မယ်။
အခုအင်းစိန်ဈေးမှာ စည်ပင်ဝန်ထမ်းတွေက ဆိုင်တွေကို အတင်းပိတ်ခိုင်းနေပါတယ်  အကြောင်းကတော့ ဈေးထဲမှာ ဗုံးရှိနေလို့ဝင်ရှာချင်လို့ပြောပါတယ်။ အကြံအစည် ကတော့ ဘာရယ်မသိပါဘူး။ လုံထိမ်းရဲကားတွေကလည်း အကုန်ပတ်နေပါတယ်ဆိုတဲ့ သတင်းရရှိပြီ အန်တီကတော့ ရုံးချုပ်ကို ၄ နာရီမှာ ရောက်လာမယ်လို့ခန့်မှန်းနေကြပါတယ်။
''အားလုံး သတိတရားလက်မလွတ်ပါစေနဲ့တဖက်က မင်္ဂလာယူချင်လို့ အန်တီစုကို လွှတ်ပေးပေမဲ့ တခြားတဖက်မှာ အကြမ်းဖက်မှုတွေပြင်ဆင်နေတာတွေ့ရပါတယ်'' လို့ PAC ကိုနယ်မြေခံတဦးက ပြောပြခဲ့ပြီး ၄င်းကပဲ တာမွေဗျိုင်းရေအိုးစဉ်နားမှာ ရာဇ၀တ်အကျဉ်းသား ၂၀၀ ကျော်ကို အရပ်ဝတ်တွေနဲ့စုထားတယ် ဆိုတဲ့ အကြောင်းနဲ့  အုပ်စုမကွဲပါစေနဲ့ ဆိုတာကို သတင်းစကားပါးသွားပါတယ်။
(we fight we win )

No comments:

Post a Comment