Wednesday 10 November 2010



ညနေ(၄ နာရီ ) မြ၀တီမြို့သို့ စစ်ပြေးဒုက္ခသည်များ ပြန်သွားရာ နအဖ စစ်တပ်မှာ ပြန်လည် မောင်းထုတ်နေကြောင်း သိရသည်။ မြ၀တီမြို့တွင်းမှ ဒီကေဘီအေ တပ်များ တဖြည်းဖြည်း ဆုတ်ခွာသွားကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၄၅ မိနစ်)
ဒီမွန်းလွဲပိုင်း ၃း၃၀နာရီလောက်မှာ နအဖ အမှတ်(၁၂) စစ်ကွပ်ကဲရေးဌာနချုပ် နည်းဗျူဟာ(၃)က တပ်ရင်းသုံးရင်းဟာ အခုဆိုရင် ဖားချောင်းနဲ့ မြ၀တီမြို့ကြားမှာ ရောက်ရှိနေပြီလို့ သိရတယ်။ အဲဒီတပ်ရင်းတွေက ခလရ(၂၃၀)၊ ခမရ(၃၅၅)နဲ့ ခမရ(၅၄၇)တို့ဖြစ်တယ်။ (ကိုးကား - kicupdatenews)

နေ့လည်(၃ နာရီ ၄၁ မိနစ်)
ဘုရားသုံးဆူတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ နအဖ စစ်တပ်က ရွာသစ်ဘက်တွင်နေရာယူပြီး ဒီကေဘီကေ တောင်ဝိုင်းဘက်တွင်နေရာယူထားကြကာ တဖက်နှင့်တဖက် ပစ်ခတ်နေကြကြောင်း သိရှိရသည်။

နေ့လည်(၃ နာရီ ၃၆)
ဘုရားသုံးဆူတွင် နေ့လည်ပိုင်းက စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီး ထိုင်းဘက်ကမ်းကို ကျပြီး အရပ်သား ၅ ယောက်နဲ့ ကရင်ဘုန်းကြီး ၂ ပါး ဒဏ်ရာရသွားတယ်သိရှိရသည်။

နေ့လည်(၂ နာရီ )
နအဖ စစ်တပ်များနဲ့ ဗိုလ်ချုစ်သူ ဦးဆောင်တဲ့ နယ်ခြားစောင့်တပ်များ မြ၀တီကို ပြန်သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

နေ့လည်(၁ နာရီ ၅၀ မိနစ် )
မဲဆောက်မြို့ တပ်မဟာ ဘုန်းကြီးကျောင်းအတွင်းရှိ စစ်ပြေးဒုက္ခသည်များ ဘုန်းကြီးက ပြန်လို့ရပြီဖြစ်ကြောင်း ကြေညာနေတယ်လို့ သိရပါတယ်။ သို့ပေမယ် မြ၀တီမြို့တွင်းက လူများမဟုတ်ပဲ မြ၀တီရွာနီးစပ်ချုပ်မှ နယ်ခြားစောင့်အုပ်ချုပ်ကျေးရွာတွေမှာ နေထိုင်သူတွေကိုပဲ ပြန်ခွင့်ပေးတာလို့ သိရှိပါတယ်။ မြ၀တီ မြို့တွင်းအခြေအနေ သေချာ မသိသေးလို့ မြို့တွင်းက လူတွေကို မပြန်ခိုင်းဘူးလို့လည်း သိရပါတယ်။

နေ့လည်(၁ နာရီ ၄၅ မိနစ် )
ဘုရားသုံးဆူတွင် ဒီကေဘီအေနှင့် ကေအန်ယူပူးတွဲပြီး ယမန်နေ့ တိုက်ပွဲဖြစ်ရာမှာ ပြန့်ကျဲနေသော နအဖ စစ်သားများနှင့် ချောင်းဆုံနေရာတွင် စစ်ပွဲဖြစ်နေကြောင်း သိရှိရသည်။

နေ့လည်(၁ နာရီ ၁၅ မိနစ် )
မြ၀တီမြို့မှာ ဖြစ်ပေါ်နေတဲ့ ဒီကေဘီအေနဲ့ နအဖ စစ်တပ် တိုက်ပွဲအခြေအနေကို ထိုင်း တီဗွီ ချယ်နယ် ၃ က နေ့လည် ၁၂ နာရီ ၅၀ မှာ ထုတ်လွှင့်ပြသ သွားတာပါ။

No comments:

Post a Comment