သတင်းစကား ။ ။
စာဖတ်သူများသို့ လေးစားစွာသတင်းစကားပါးအပ်ပါသည်။
ကျနော် နှစ်နှစ်ကျော်မျှကြာအောင် ကြိုးကြားအားထုတ်မှုဖြင့် ရေးသားခဲ့သော မင်းဒင် ရဲ့ သက်ခိုင် ဇာတ်လမ်းကို ပုံနှိပ်စာအုပ်အဖြစ် လာမည့် ဒီဇင်ဘာလဆန်းတွင် ထုတ်ဝေတော့ မည်ဖြစ်ပါသည်။အဆိုပါ စာအုပ်၌ www.mindin.info တွင်ဖော်ပြထားပြီးဖြစ်သည့် အခန်း ပေါင်း (၈၈)ခန်းအပါအဝင် ၊ဇာတ်သိမ်းခန်းအတွဲ(၄)အဖြစ် ကျန်ဆယ့်သုံးခန်းကိုပါ ထည့် သွင်းဖော်ပြထားပါသည်။
မင်းဒင်ရဲ့သက်ခိုင်ကို အစမှအဆုံးတိုင် ဘလော့တွင်ဖော်ပြပေးပါမည်ဟူသော ကတိစကား ကိုလည်း မပျက်စေရပဲ တင်နေကျအတိုင်း ဆက်လက်တင်ပြပေးသွားမည်ဖြစ်ကြောင်းကို လည်း စကားလက်ဆောင်ပါးလိုပါသည်။
ပုံနှိပ်စာအုပ်မှာယူလိုသူများအနေဖြင့် mindin3000@gmail.com သို့ဆက်သွယ်နိုင်ပါ ကြောင်း နှင့်အောက်ဖော်ပြပါ ဖြန့်ချိရေးကိုယ်စားလှယ်များထံဆက်သွယ်ဝယ်ယူနိုင်ကြ ပါသည်။စာအုပ်ထွက်မည့်ရက်နှင့်ဈေးနှုန်းကို ထပ်မံကြေငြာပါမည်။
ဖြန့်ချိရေး ။ ။
ဂျစ်တူး(မုံရွာ) စကာင်္ပူ( ဖုန်း )+၆၅၉၃၈၃၃၄၂၉ jittoo.momywa@gmail.com
ကိုဝင်းမြင့် စကာင်္ပူ (ဖုန်း ) +၆၅၉၇၉၄၇၂၀၆ kolay.aoab@gmail.com
ကိုရဲ စကာင်္ပူ (ဖုန်း ) +၆၅၉၁၀၇၅၅၅၄ ytaung@gmail.com
………………………….
ဤနေရာတွင် အလျဉ်းသင့်သည်ဖြစ်၍ မင်းဒင်ရဲ့သက်ခိုင်အပေါ် စာဖတ်သူတချို့၏ သဘောထားမှတ်ချက်အချို့ကို အောက်တွင်ဖော်ပြအပ်ပါသည်။
ချမ်းသာကိုယ်စိတ်မြဲပါစေ ။
လေးစားမှုများဖြင့်
မင်းဒင်
…………………………………………
မင်းဒင်ရဲ့သက်ခိုင်ကို ဤသို့ရှုမြင်ကြသည်။
ကိုသက်ခိုင် အကြောင်းဖတ်ရတာ ခေတ်ကြီးကို ဒေါင်လိုက်ရော အလျားလိုက်ပါ ပြန်မြင် နေရသလိုပါပဲဗျာ။ကျွန်တော်တို့ တယောက်စကားတယောက်နား နဲ့ပဲ ပြီးခဲ့ရတဲ့ အချိန် တွေနည်းမှ မနည်းတော့တာ။အခုလို ဖော်ထုတ်ရေးသားမှပဲ အများ သိခွင့်ရတော့ တာပဲ ဗျာ...ဒီ ဇာတ်လမ်းက လူတစ်ယောက်အကြောင်းပါ။ဒါပေမဲ့ တပြိုင်နက်တည်း ခေတ်ကြီး အကြောင်းလဲဖြစ်နေတယ် ဗျာ။သစ်တစ်ပင်တော့ သစ်တစ်ပင်ပါပဲ...ဒါပေမဲ့ တချိန်တည်း မှာပဲ တောအုပ်ကြီးကိုလည်း မြင်နေရပါတယ် ။ကျွန်တော်တို့ စာပေမှာ ကွက်လပ်ဖြစ်နေတဲ့ နေရာတွေ လိုက်ဖြည့်ပေးတဲ့အတွက် ကျေးဇူးပါ ။
(ညိုထက်ညို ၊smsy.mmwordpress.com)
…………………………..
မင်းဒင်၏ အိတ်သွန်ဖာမှောက် အရေးအသား..မြန်မာပြည်စာပေစီစစ်ရေးစားပွဲပေါ်ရောက် ပါကတအုပ်လုံး မီးရှို့ခံရမည့်စာအုပ်။
(နှင်းခါးမိုး)
အမြဲ စောင့်ဖတ်နေမိတယ်။ အကြောင်းအရာရော၊ အရေးအသားတင်ပြပုံပါ ကောင်း လွန်းလို့ တစ်ပိုင်းဖတ်ပြီးတိုင်း နောက်တစ်ပိုင်းမျှော်မိတယ်။ မြန်မာပြည်မှာ စီးပွားရေး အကြီးအကျယ်လုပ်ကြတာတွေ၊ မထူးဆန်းစွာ ပျက်စီးခြင်း ငါးပါး ဆိုက် သွားတာတွေ ၊ ဖတ်ရပြီး ကျနော်တော့ powerful actors တွေနဲ့ powerless တွေ play နေကြတာလို့ပဲ စိတ်ပျက်လက်ပျက်မြင်မိတယ်။
……………………………………
ဘလော်ဂါ အများစုသည် လူငယ်များဖြစ်သည်။ ရှုပ်ထွေးလှသော မြန်မာ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အခြေအနေများကို သိသလိုလို မသိသလိုလို ဖြတ်သန်းလာရသော လူငယ်များအဖို့ မြန်မာပြည်၏ ခေတ်၊ စနစ်သည် အထူးအားထုတ် လေ့လာမှု မရှိလျှင် လုံးစေ့ ပတ်စေ့ နားလည်ရန် ခက်နိုင်မည်။ မှတ်တမ်းမှတ်ရာ၊ ပြောကြဆိုကြသည်မှာ ကလည်း ပြန့်ကျဲ၍ နေသည်။ ထိုထို ပြန့်ကျဲပြီး နားလည်ရခက်နေသည့် သော့ချက်ကို မင်းဒင်ရဲ့ သက်ခိုင်က ဖွင့်ပေးလိုက်သလို ရှိသည်။ ထို့ကြောင့် “လှုပ်” သည်ဟု ကျနော် အကဲခတ်သည်။
ခင်မင်သော ဘလော်ဂါများ၏ မင်းဒင် ဘလော့ဂ်နှင့် ပတ်သက်၍ အများဆုံး အမေးခံရ သော မေးခွန်းမှာ “မင်းဒင်နဲ့ သက်ခိုင်က အတူတူပဲလား” ဟူ၍ ဖြစ်သည်။ တဖန်ကျနော် ကလည်း ကိုမင်းဒင်ကို ဒီလို အမေးခံရသည်ဟု ပြန်ပြောပြဖြစ်သော်လည်း အဖြေကို မ တောင်းခဲ့၊ တောင်းရန်လည်း စိတ်မကူး။ မင်းဒင်နှင့်သက်ခိုင်သည်တယောက်တည်းဖြစ်စေ၊
နှစ်ယောက် ဖြစ်စေ ၊ဤအချက်သည် အဓိကမကျလှ။ ဝါးတားတားစာမျက်နှာဖြစ်နေ သည့် အနီးကပ်သမိုင်း (ခေတ်ပြိုင် သမိုင်း) ကို သိချင်သည်က ကျနော်၏ အာသာ။ အပျက် ပျက်ခေတ်ကြီး၊ အလွဲလွဲ စနစ်ကြီး ၏ အမြစ်ကို တူးဆွကြည့်ချင်သော ဆန္ဒကို မင်းဒင်ရဲ့ သက်ခိုင်က ဖြည့်ဆည်းပေး သည်။ သေချာသည်က မင်းဒင်ရဲ့ သက်ခိုင်သည် အသက်ရှူ နေသော ဝတ္ထု၊ သို့မဟုတ် အတွင်းသားကို လှစ်ပြသည့် ခေတ်ပြိုင်သမိုင်းပျို ဖြစ်သည်။ ဒါကိုပဲ ကျေနပ်လှပြီ။
သင်ကာ။ ။ www.mmfreethinker.wordpress.com
…………………………………………….
မင်းဒင်ရေးတာနဲ့ ပတ်သက်ပြီး လူပြိန်းကြိုက်တွေလို့ ကိုယ်ခဏခဏ ပြောဆိုဖူးတယ်။
ကိုယ်က ခေတ်တစ်ခု ကို အသုံးချပြီးလုံးစေ့ ပတ်စေ့ ပုံပြောသလို ရေးသွားတာမျိုးကို သဘောမကျဘူး။ဒါ မင်းဒင် ရဲ့ သက်ခိုင်ကိုမှ မဟုတ်ပါဘူး။ သိန်းဖေမြင်ရေးတဲ့ အရှေ့က နေ၀န်းထွက်သည့် ပမာတို့ ဘာ တို့လည်း သဘောမကျပြန်ဘူး။ ဒါပေမဲ့ တခါတလေ ခေတ်အကြောင်း သက်သက် ပုံရိပ်ထင်ပြချင်တဲ့ စာတွေကျတော့ ခေတ်အကြောင်းပဲ တွေ့ရတော့မှာပေါ့။ အနုပညာဆိုတာ တစ်ယောက်နဲ့ တစ်ယောက် ခံယူချက်ချင်းတော့ မတူနိုင်ပါဘူး။
ခိုင်စိုးလင်း

……………………………….
hi u min din,
ur writing style is so nice n creative. don’t stop it. really I told u that u r burmese George Owel. keep in mind u min din, DON’T STOP UR WRITING. U R SO CREATIVE. i’l spread ur blog whom r interestd in.
Stay Away

………………………………………
Hi My respected writer Ko Min Din,
In the recent days, I happened to find out your blog "www.mindin.info" and I tasted "Thet Khine (87), ..Mg Wait"
and then, I was extremely excited to read your writing. And I downloaded all "ThetKhineOfMinDin" 1, 2, 3 and I read them all.
within the two consecutive days without doing noting about my job. I like it, I love it, I enjoy it, I feel it, so so much.
Honor to you, Ko Min Din. Let me say something about my reading status, I'm no longer a fan of Min Thein Kha. I was it when I was only at the ages of teen.
Now, I'm 40. I've read From "Gone With The Wind", "Peace and War","City of Joy", "Beyond Love", 'Catcher in the Rye","Stranger/Outsier", "PawThut", "A-Yine", "Toot-Pe" to "Digital Fortress", "The Lost symbol" and even the fucking 2008-Burma-Constitotion.
So, please kindly let me say about your writing. "ThetKhine Of MinDin" would be one of the greatest writing ever in modern Burmese literature history .
I see the economy, ecology, politics, culture, religion, social relations, philosophy, history, drama, action, romance, love, justice, injustice, coward, bravery, etc,
etc, etc and all the different levels of various kinds of people of our great golden land, Burma. I was shocked, amazed, crashed, pleased, happy, sorry, frightened,
active, hopeless, optimistic, pessimistic, etc, etc, etc. Please Please please carry on, please be confident, let us continue to read ThetKhine.
But, sadly I'd say, the pigs would not know the purity of pearl and the buffalo won't feel the sweet music of harp. Please do not care about them. There are a lot people hoping your coming series.

(Anonymous)
………………………
hello ko mindinn,
your novel is very,very intresting and very good one.please more quickly.
when you finish this please made all pdf file.
your novel is very,very intresting and very good one.please more quickly.
when you finish this please made all pdf file.
go on ko mindinn
hta2
……………………………………..
ကျနော်မထင်မှတ်ဘဲ ကိုမင်းဒင်ရဲ့ သက်ခိုင်ဇတ်လမ်းကို အွန်လိုင်းမြန်မာ့ ဖေါ်ရမ်တစ်ခုက ညွန်းလို့ အမှုမဲ့ အမှတ်မဲ့ ဖတ်လိုက်မိပါတယ်။ ဘဝ တစ်ဆစ်ချိုးပြောင်းပြီး ပတ်ဝန်းကျင် နေရာဒေသတွေကွာခဲ့လို့ မြန်မာ့ ရသစာပေတွေကို မခံစား နိုင်ခဲ့တာကြာပါပြီ။ ကျနော် ၈၈၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ပြီး ထိုင်းမြန်မာ နယ်စပ်မှာ ၈ နှစ်ကြာနေခဲ့ပြီးပြည် ပကို ပညာသင်ချင် လို့ ထွက်လာခဲ့သူ တစ်ဦးဖြစ်ပါတယ်။
ဦးသက်ခိုင် ဇတ်လမ်းကို စဖတ်စက အမှုမဲ့ အမှတ်မဲ့ သမန်ကာသျှံကာပါဘဲ။ နောက်သိ လာရတာ ဇာတ်လမ်းအရဇာတ်ကောင်တစ်ခုကို အခြေခံထားပေမဲ့ ကျနော်တို့ သိခွင့်မရ တဲ့ လက်ရှိပြည်တွင်းမှာ ဘာတွေ ဖြစ်ပျက်နေတယ်၊လောဘသားကောင်တွေ တစ်ယောက် နဲ့ တစ်ယောက် ဘယ်လို ခုတ်ထစ်လှီးကြ၊ဂွင်တွေဘယ်လိုဖန်တီးကြ၊ ပြည်သူတွေကို ဘယ် လို ခေါင်းပုံဖြတ်ကြ၊ ဘယ်သူတွေဘယ်သူကိုပင်းပြီး ဘယ်လိုပေါင်းစားကြဆိုတာ မျက်စိထဲ မှာ မျက်ဝါးထင်ထင်ပေါ်လာတာပါဘဲ။ ပြီး ဖြတ်သန်းလာခဲ့တဲ့ ခေတ် အဆက်ဆက်နဲ့ လူ တွေရဲ့ အကြောင်းတွေကိုပါတပါတည်း သိခွင့်ရပါတယ်။

Methalone
………………………………
မင်းဒင်ရဲ့သက်ခိုင်ကိုအတွဲ(၃)ထိ တထိုင်ထဲဖတ်လိုက်မိတဲ့အထိ ဆွဲဆောင်မှု ကောင်းလှ ပါတယ်...နောက်ဆက်တွဲလေးလည်း မျှော်နေမိတယ်။
tharthar1111@yahoo.co.jp
……………………………..
U Min Din,
You showed us the real life of MM.
You showed us the truth of Buddhism.
You showed us black business of MM .......
I am waiting your "coming Thet Khaing's episodes".
Please continue Ko Thet Khaing's episodes to support Burmese literature, for youths motivating, to understand what is permanent and what is not (the core of Buddhism)......
I wish you to have a good health ..
Hoping to meet you if I have a change to visit Phu Khat .

Phone Pyae November 2, 2010 10:59 PM
……………………………….
Dear UMD,
Well done. The present writing is much better.It's like Swe Hlaing Oo.Please continue writing Thet Khaing as he was and is.
Sincerely,
Maung Maung Nyo
Well done. The present writing is much better.It's like Swe Hlaing Oo.Please continue writing Thet Khaing as he was and is.
Sincerely,
Maung Maung Nyo
……………………………
နှစ်နဲ့ချီပြီး စောင့်ဖတ်ပြီးတဲ့နောက်မှာတော့ကျနော် ဘာကြောင့် သက်ခိုင် ဇာတ်လမ်းတွဲ တွေကို သဘောကျသလဲဆိုတာ စေ့ငုမိတော့....။
လူလတ်တန်းစားတွေ မသိမမြင်နိင်တဲ့ လှမ်းကြည့်ခွင့်မရတဲ့ အလွှာတစ်ခုကို သူ အရိုးရှင်း ဆုံးချပြထားတယ်။ လက်လှမ်းမမှီခဲ့တဲ့ လူမိုက်လောက အကြောင်းကလည်း သုတရသကို တပြိုင်နက်တည်း ပေးခဲ့တယ်။
ပြည်သူတွေပြန်ပြောခွင့်မရသေးတဲ့လူတစ်စုရဲ့ လုပ်ရပ်တွေကိုအတွင်းကျကျသိလာရတော့ ငုံ့လျှိုးနေခဲ့တဲ့ မခံချင်စိတ်တွေက ဒင်းတို့လည်းဘာမှမဟုတ်ပါဘူးဆိုတဲ့အားရမှုကို ဖြစ်ပေါ် စေခဲ့တယ်။ စီးပွားရေးလောကရဲ့ လောကဓံအနိမ့်အမြင့်တွေ လာဘ်ပေးလာဘ်ယူမှုတွေကို သက်ရှိထင်ရှားရှိသေးတဲ့ ရာထူးကြီးသူတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သက်ခိုင် အကြောင်းက အပျော်ဖတ်ဇာတ်လမ်းတစ်ခု မဟုတ်တော့ဘူး။ ဒါဟာ ကျနော်တို့ မသိခဲ့တဲ့ သမိုင်းတစ်ခုပါပဲ။ တကယ်တော့ သက်ခိုင်ဆိုတာ လူတစ်ယောက်ရဲ့ အထ္ထုပ္ပတ္တိထက်ပို တယ်။
ခင်မင်သောအားဖြင့်
(မြစ်ကျိုးအင်း)

အသေးစိတ် ၀တ္ထုရှည်ကြီး ရေးခဲ့တဲ့ အားထုတ်မှုကို ချီးကျုး လေးစားပါတယ်။ အရေး အသားနဲ့ တင်ပြပုံတွေက မင်းသိင်္ခဆန်ပါလားလို့ ထင်မိခဲ့တယ်။ အပြင်မှာ တကယ်ရှိတဲ့ ဇာတ်ကောင်တွေကို ထည့်ထားတာ၊ ဖြစ်စဉ်တွေကို အကွက်စေ့စေ့ ပြောပြထားတာ၊ ဇာတ်လိုက်ဟာ ဒီလောက်နှံ့စပ်ပေါက်ရောက်ပြီး ရှိရှိသမျှနာမည်ကြီး တွေနဲ့ အသိအကျွမ်း ဖြစ်ဆက်စပ်ပတ်သက်နေတာတွေက တအံ့တသြ စိတ်ဝင်စားစရာ ဖြစ်စေတယ်။ဘယ်လိုပဲ ဖြစ်ဖြစ် ဒါမျိုးတွေ ဖတ်ရတာ လူတွေကြိုက်ကြမှာပါ။
ပန်ဒိုရာ
( ကိုမင်းဒင် မှ ပေးပို့ ပါသည် )
…………………………………………
လုပ်ပါဦးဗျာ ကျနော်အရမ်းဖတ်ချင်နေတာ ဂျာနယ်မှာ အပိုင်းလိုက်ပဲ ဖတ်နေရတယ်။ ဘယ်မှာရှာဖတ်ရမလဲ။
ReplyDelete