Wednesday 29 February 2012

...ဥရောပပါလီမန် ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံရောက်...

 ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ အဖွဲ့ဝင်(၁၁)ဦးပါ၊ အာဆီယံနိုင်ငံများနဲ့ဆက်ဆံရေး ဥရောပပါလီမန်ရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ၊ မနက်ဖန် ဗုဒ္ဓဟူးနေ့ ဖေဖေါ်ဝါရီ (၂၉) ရက်မှာ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီးတော့၊ ဒါဟာ ဒေါ်အောင်ဆန်းစု ကြည်အနေနဲ့ ဥရောပပါလီမန်အဖွဲ့ရဲ့တရားဝင်ကိုယ်စားလှယ်အဖွဲ့ကို ပထမဆုံးအကြိမ် လက်ခံတွေ့ဆုံတာလည်း ဖြစ်ပါတယ်။....................

...လွှတ်တော်နှစ်ရပ် ရုတ်တရက် ဆိုင်းငံ့...


ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း တရုတ်နိုင်ငံ ခရီးစဉ်က တနင်္ဂနွေနေ့မှာ ပြန်လည် ရောက်ရှိလာပြီးတဲ့နောက် ဒီကနေ့  တနင်္လာနေ့မှာ ကျင်းပဖို့ရှိနေတဲ့ တတိယအကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေးကို ရုတ်တရက် ဆိုင်းငံ့လိုက်ပါတယ်။ ဥပဒေရေးရာ  ပူးပေါင်းကော်မတီတွေနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ လွှတ်တော် ကိစ္စရပ်တွေ ညှိနှိုင်းနေကြတယ် လို့လည်း လွှတ်တော် အမတ် အသိုင်းအ၀ိုင်းက ပြောဆိုကြပါတယ်။...... ...

...ဒေါ်စု ကိုယ်စားလှယ်လောင်း အတည်ပြုချက် ရပြီ...


ဧပြီလ (၁) ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားလှယ်လောင်းအဖြစ် လက်ခံကြောင်း အတည်ပြုတဲ့ အမည်စာရင်း ဒီကနေ့ ထွက်လာပါပြီ၊.........................

Monday 23 January 2012

...အရေးယူပိတ်ဆို့မှုကိစ္စ အမေရိကန်အမတ်များ ဆွေးနွေး...


ဓာတ်ပုံ ASSOCIATED PRESS
ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း စကားပြောဆိုနေစဉ်။ (ဇန်န၀ါရီလ ၂၂၊ ၂၀၁၂)
မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ တနင်္ဂနွေနေ့မှာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် သဘာပတိ သူရဦးရွှေမန်းတို့နဲ့ တွေ့ဆုံပါတယ်။ ဒီလို တွေ့ဆုံတာမှာ အမေရိကန် အစိုးရက မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ်........

Saturday 21 January 2012

...အီရန်အရေး ဆွေးနွေးဖို့ အမေရိကန်ဗိုလ်ချုပ်ကြီး အစ္စရေးရောက်...

အီရန်နိုင်ငံရဲ့ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်ကို ဘယ်လိုတုံ့ပြန်မယ်ဆိုတာအပေါ် အမေရိကန်စစ်ဘက် ထိပ်တန်း တာဝန်ရှိသူတစ်ဦးနဲ့ အစ္စရေးခေါင်းဆောင်တွေ သောကြာနေ့က တံခါးပိတ်ဆွေးနွေးခဲ့ကြပါတယ်။ အီရန်နိုင်ငံဟာ အဲဒီ နျူကလီးယားအစီအစဉ်ကို အနုမြူဗုံးထုတ်လုပ်ဖို့ အသုံးပြုနေတယ်လို့ နှစ်နိုင်ငံစလုံးက စိုးရိမ်နေတာပါ။

...အစိုးရ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် ABSDF လက်ခံ...

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF က အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကမ်းလှမ်းချက်ကို လက်ခံလိုက်ပြီး တွေ့ဆုံဆွေးနွေးဖို့ အကြောင်းပြန် ထားပါတယ်။.............

Friday 20 January 2012

...ပြည်ပရောက် အတိုက်အခံတွေနဲ့ ဆွေးနွေးဖို့ မြန်မာအစိုးရကမ်းလှမ်း...

၁၉၈၈ ခုနှစ်နောက်ပိုင်း ထွက်လာတဲ့ နယ်စပ်အခြေစိုက် ဒီမိုကရေစီ  အင်အားစုတွေကို နိုင်ငံရေးအရ ဆွေးနွေးဖို့ အစိုးရဘက်က ပထမဆုံးအကြိမ် တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ ဒါဟာ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ဆက်လိုက်လုပ်လာတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က....         

Monday 16 January 2012

...မြန်မာ့ကြားဖြတ်ရွေးကောက်ပွဲ လွတ်လပ် မျှတရေး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း...


မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသား တော်တော်များများကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်သစ်နိုင်ငံက  အကောင်းမြင် ကြိုဆိုလိုက်ပြီး ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ မှာလည်း လွတ်လပ်ပြီး တရားမျှတမှုရှိဖို့ အတွက်လည်း ပြင်သစ်နိုင်ငံက တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံကို ရောက်နေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့မနက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောခဲ့တာဖြစ်သလို မြန်မာအစိုးရရဲ့ ဒီမိုကရေစီပြုပြင်ရေး လုပ်ငန်းတွေပေါ်မှာ မူတည်ပြီး အီးယူ ဥရောပသမဂ္ဂရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို တစ်ဆင့်ချင်းဆီ ............

...ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံရောက်...


ပြီးခဲ့တဲ့ရက်ပိုင်းက နိုင်ငံရေးအကျဉ်းသားတွေ အတော်များများ ပြန်လွှတ်ပေးခဲ့ရာ မြန်မာနိုင်ငံကို ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး အလန်ယူပေး (Alain Juppe) ဇန်န၀ါရီ ၁၄ ရက်နေ့က ရောက်ရှိလာခဲ့ပါတယ်။ ဒါဟာ ပြင်သစ်အစိုးရ အဖွဲ့ဝင်တွေထဲက အဆင့်အမြင့်ဆုံး ၀န်ကြီးတစ်ပါး သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံကို ရောက်ရှိလာခြင်းလည်း ဖြစ်ပါတယ်။

...နော်ဝေးကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံခွင့်ရပြီ...

နော်ဝေး ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ ပိတ်ဆို့ထားတာကို အကန့်အသတ်နဲ့ ပြန်ရုပ်သိမ်းဖို့ နော်ဝေးအစိုးရက ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသား အတော်များများကို မြန်မာအစိုးရက လွှတ်ပေးလိုက်တဲ့အပေါ် နိုင်ငံတကာရဲ့ အပြုသဘောဆောင် တုံ့ပြန်မှုတွေထဲက နောက်ဆုံး တစ်ခုလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ နောက်ထပ်...........        

Saturday 14 January 2012

...မြန်မာနဲ့ အမေရိကန် သံအမတ်ကြီးအဆင့် ဆက်သွယ်တော့မည်...


ဓာတ်ပုံ US State Department
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကို အထူးသတင်းစာ ရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အများအပြားကို လွှတ်ပေးလိုက်တာ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့တာလို အပြောင်းအလဲတွေ ထွက်ပေါ်လာတဲ့အတွက် အမေရိကန် အစိုးရက ဆက်ဆံရေးတွေ တိုးမြှင့်သွားဖို့ ဆုံးဖြတ်လိုက်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) က ကြေညာလိုက်ပါတယ်။ မြန်မာအစိုးရအပေါ် ပြစ်ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက သံအမတ်ကြီးတွေ အပြန်အလှန် ခန့်အပ်တဲ့အထိ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း သောကြာနေ့ နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ပြုလုပ်တဲ့ အထူးသတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

Friday 13 January 2012

...ကြိုးတိုက်၊ အနှစ် ၂၀ နဲ့ ကိုညီညီဦး...


( IRRAWADDY )

...နိုင်ငံတော် ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွှန့်  သတင်းစာရှင်းလင်းပွဲ...

...လွှတ်ပြီ ဟေ့ လွှတ်ပြီ...

ထောင်မှလွတ်မြောက်လာသူများစာရင်း

                                                       







 

၁ ကိုမင်းကိုနိုင်

၂ ဦးခင်ညွှန့် (ထောက်လှမ်းဟောင်း)


၃ ဦးကိုကိုကြီး


၎ ဦးခွန်ထွန်းဦး


၅ ကိုဋ္ဌေးကြွယ်


၆ ဘန်ဒိတ်ထွန်း


၇ မမီးမီး


၈ ဦးဂမ္ဘီရ


၉ မနီလာသိန်း


၁၀ ကိုဥာလင်း


၁၁ မသက်သက်အောင်


၁၂ ကိုဇော်ဇော်မင်း


၁၃ ကိုဂျင်မီ


၁၄ ကိုမျိုးအောင်နိုင်


၁၅ ကိုသန်းတင်


၁၆ ကိုလှမျိုးနောင်


၁၇ ကိုသက်ဇော်


၁၈ အံ့ဖွယ်ကျော်


၁၉ ဒေါက်တာ မင်းထွန်း


၂၀ ကိုဇေယျာ


၂၁ ကိုမြအေး


၂၂ ကိုသန်းတင်


၂၃ ကိုသက်ဇော်


၂၄ ကိုပြုံးချို


၂၅ ကိုဇော်သက်ထွေး


၂၆ မန္ဒနာမင်း


၂၇ ဦးညီပု


၂၈ ဦးစိုးင်းညွှန့်လွင်


၂၉ကိုနေဘုန်းလတ်(နေမျိုးကျော်)


၃၀ မင်းဟန်


၃၁ မဟန်နီဦး


၃၂၊ သန်စင်အောင်


၃၃ ၊ကျော်ကျော်နိုင်


၃၄ နန္ဒစစ်အောင်


၃၅ ၊ပြည့်ဖြိုးအောင်


၃၆ ဦးဘမြင့် ဒေါ်မာမာဦး


၃၇ ကိုကျော်စွာဋ္ဌေး


၃၈ ဒေါက်တာဝင့်သူ၊


၃၉ ကရင် စောနေထူး


၄၀စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်


၄၁ ဦးစိုင်းလှအောင်


၄၂ ကိုကျော်ဝင်း


၄၃ ကိုသီဟသက်ဇင်

၄၄ ဦးထွန်းညို
၄၅၊ ဦးပြည်ကျော်
၄၆ ဒေါက်တာသက်လွင်
၄၇ ကိုသန်းတင်(ခ)ကိုကြီးသန်း၊
၄၈ ကိုပြည့်ဖြိုးလှိုင်၊
၄၉ ကိုအောင်အောင်ကျော်၊
၅၀ ကိုဇေယျာဦး(ဧရာဝတီ)၊
၅၁ ဦးပုရစ်
၅၂ ၊စည်သူမောင်
၅၃ သန့်စင်မျိုး၊
၅၄ အောင်ဇော်ဦး
၅၅ ၊ကျော်ဝင်းဆန်း
၅၆ ၊မောင်မောင်လတ်
၅၇ ၊ဦးပြည်ကျော်
၅၈ ကို၊ကျော်မင်း
၆၀ စည်သူဇေယျ
၆၁ကျော်ကိုကို
၆၂၊ ကိုမောင်ကံ၊
၆၃ ကိုဇော်မင်းဦး
၆၄ ၊ကိုဇော်ဝင်း
၆၅ ကိုအောင်ကျော်ကျော်
၆၆ ကိုသူ၇စိုး
၆၇ မန်းဇော်ထွေး
၆၈ ကြည်စိုး
၆၉ ဇေယျာအောင်၊
၇၀ ကိုမျိုးမင်းသန်း
၇၁ ၊ဦးဝီရသူ
၇၂ ဒေါက်တာ တင်မင်းထွဋ်
၇၃ ရဲမြတ်ဟိန်း
၇၄ မျိုးကျော်ဇင်
၇၅ ကိုအောင်သူ
၇၆ အောင်ကျော်ဦး
၇၇ ကိုဝေလင်း
၇၈ ကိုမြင့်စိုး
၇၉ ကိုရဲမြင့်
၈၀ မျိးမင်းဇော်
၈၁ ကိုသီဟ
၈၂ ကိုညွှန့်အောင်
၈၃ ဦးအုန်းသန်း
၈၄ ကိုကျော်ဇင်လင်း
၈၅ ဒေါ် ၀င်းမြမြ
၈၆ မတင်တင်မြ၈၇ ဦါ်ဘမြင့်
၈၈ ဒေါက်တာဝင်းသူ
၈၉ ဆရာဇော်
၉၀ အောင်အောင်ရှဲ
၉၁ ဂျက်နက်ခိုင်
၉၂ကို ထွန်းထွန်းဦး
၉၃ ကိုထွန်းထွန်းနိုင်

...မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက်...

မြန်မာ့အသံမှ ညနေ ၆ နာရီသတင်း ကြေငြာချက် "အကျဉ်းသားအကျဉ်းသူ ၆၅၁ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်း" ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတသည် နိုင်ငံတော် တည်ငြိမ်ရေးနှင့်ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက် လည်းကောင်း၊အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊နိုင်ငံေ၇းလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့်ရရှိစေရေးအတွက် လည်းကောင်း၊လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဘက်တလမ်းမှအထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင် ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်းရည်ရွယ်ပြီး အကျဉ်းထောင် အသီးသီးမှ ပြစ်ဒဏ်ကျခံလျှက်ရှိသော အကျဉ်းသား၊အကျဉ်းသူ ၆၅၁ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၄၀၁ ပုဒ်မခွဲ ၁ အရ မြန်မာသက္ကရာဇ် ၁၃၇၃ ပြာသိုလဆုတ် ၅ ရက် ခရစ်နှစ် ၂၀၁၂ ဇန်န၀ါရီလ ၁၃ ရက်နေ့ မှ စပြီး လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်းသိရပါသည်။ မှတ်ချက်။ ။ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ( ၄၀၁ ) ဆိုသည်မှာ ကျန်ရှိပြစ်ဒဏ်များကို ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ်သတ်မှတ်ထားခြင်းမျိုးဖြစ်ကြောင်း သိရပါတယ်။ (WFWW)

...နှစ်သစ်နုတ်ခွန်းဆက်...

မိတ်ဆွေများခင်ဗျား......ထူးခြားဆန်းသစ်မှု့ တွေ အံ့ဩဖွယ်ရာတွေ မှင်သက်ပီတိ ဖြစ်မှု့ တွေ ပျော်ရွှင်မှု့ တွေ 
ရင်ခုန်မှု့ တွေ လွှမ်းခြုံ ထားသော ဒီ ၂၀၁၂ ခုနှစ်ကို အားလုံးနှင့် အတူ ချမ်းမြေ့စွာကြိုဆိုပါတယ်....

ကမ္ဘာက မြန်မာ ကို အခြေအနေပေးလာခဲ့ပါပြီ ကျွန်တော်တို့ တွေ အမိ မြန်မာနိုင်ငံတော်သစ် အတွက်
လက်တွဲ ညီညီ စည်းကမ်းရှိရှိ ညီညွတ်စွာနဲ့  ဝိုင်းဝန်းကြိုးစားကြပါစို့ လို့  နှစ်သစ်မှာ နုတ်ခွန်းဆက်သရင်း
တိုက်တွန်းလိုက်ပါတယ်......

အားလုံးကိုလေးစားခြင်းများနှင့်
       ချစ်ခြင်းအားဖြင့်
            KSOE