Thursday, 28 July 2011
...အင်တာနက် တိုက်ခိုက်သူထဲ မြန်မာထိပ်ဆုံး...
ကမ္ဘာတ၀န်း အင်တာနက် ဆက်သွယ်မှုအပေါ် တိုက်ခိုက်မှုတွေ မြစ်ဖျားခံလာတဲ့ တိုင်းပြည်တွေထဲမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့အကြောင်း နိုင်ငံတကာ အင်တာနက် လုပ်ငန်းကြီးတခုရဲ့ အစီရင်ခံစာတစောင်က ဖော်ပြလိုက်ပါတယ်။...................................
...ထိုင်းမှာ မြန်မာလူကုန်ကူးသူတွေ ဖမ်းဆီးမိ...
ဇူလိုင်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ဇင်းမယ်မြို့မှာ ရောင်းစားခံရတဲ့ အသက်မပြည့်သေးတဲ့ ကလေးငယ် ၆ ယောက်ကို ထိုင်းရဲတွေက ကယ်ဆယ်ခဲ့ရပါတယ်။ လူကုန်ကူးသူတွေကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။..........................
Tuesday, 26 July 2011
...ဒေါ်စုနဲ့ ၀န်ကြီး ဦးအောင်ကြည် တနာရီကျော်ကြာ ဆွေးနွေး...
ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရ ၀န်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံ ဆွေးနွေးအပြီး သတင်းထုတ်ပြန်ချက် ဖတ်ပြနေစဉ်။ ဇူလိုင်လ ၂၅၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရသစ်ရဲ့ အလုပ်သမား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ဒီနေ့ တနင်္လာနေ့ နေ့လယ်က ရန်ကုန် စိမ်းလဲ့ကန်သာ ဧည့်ရိပ်သာမှာ မိနစ် ၈၀ ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ..............................
Sunday, 24 July 2011
...ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရ၀န်ကြီးတို့ တွေ့ဆုံဖွယ်ရှိ...
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမားဝန်ကြီး ဦးအောင်ကြည်နဲ့ တနင်္လာနေ့ကျရင် အစိုးရဧည့်ဂေဟာမှာ တွေ့ဆုံဖို့ရှိတယ်လို့ မြန်မာနိုင်ငံကလာတဲ့ သတင်းတွေက ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဘက်ကတော့ ဒီတွေ့ဆုံမယ့်အစီအစဉ်ကို မသိသေးဘူးလို့ သတင်းတွေထဲမှာ ဆိုပါတယ်။ ဦးအောင်ကြည်ဟာ အရင်စစ်အစိုးရလက်ထက်တုန်းက စစ်ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ဆက်ဆံရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။.......................
Saturday, 23 July 2011
...ဒေါ်စုနဲ့တွေ့ဆုံဆွေးနွေးဖို့ မြန်မာအစိုးရကို ၀န်ကြီးကလင်တန် တိုက်တွန်း...
မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲက နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးဖို့နဲ့ မြန်မာနိုင်ငံရေး မှာလည်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ဆောင်ရွက်ဖို့ တောင်း ဆိုကြောင်းနဲ့ နျူကလီးယား မပြန့်ပွားရေးကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ နျူကလီးယား ပြဿနာအတွက် စိုးရိမ်ပူပန်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီကလင်တန်....................
...နော်ဝေ အကြမ်းဖက်မှု၂ခု ဆက်တိုက်ဖြစ်ပွား...
ပုံမှန်အားဖြင့် အေးဆေးငြိမ်သက်တဲ့ နော်ဒစ်ပင်လယ်ဒေသ နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ဇူလိုင်လ ၂၂ ရက်နေ့က ပေါက်ကွဲခဲ့တဲ့ ဗုံးနှစ်လုံးကြောင့် လူ ၇ ဦး သေဆုံးသွားပြီး သေနတ်သမားတဦးရဲ့ ပစ်ခတ်မှုနဲ့ လည်း နော်ဝေ အနောက်ဘက် ကမ်းရိုးတန်း အော်စလိုမြို့တော် မြောက်ဘက် ကျွန်းကလေးတကျွန်းပေါ်မှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားခဲ့ပါတယ်။ ဒဏ်ရာရသူတွေ အများအပြား ရှိခဲ့ပြီးတော့ သေဆုံးသူ အရေအတွက် ထပ်ပြီး တိုးလာနိုင်တယ်လို့ နော်ဝေအရာရှိတွေက ပြောကြပါတယ်။.......................
...နျူကလီးယား နည်းပညာသစ် တရုတ်ဖော်ထုတ်...
တရုတ်နိုင်ငံက စမ်းသပ် နျူထရွန် ဓာတ်ပေါင်းဖိုတခုကို ပထမဆုံးအကြိမ် စမ်းကြည့်ပြီးတော့ နျူကလီးယား နည်းပညာမှာ ရှေ့တိုး လုပ်ဆောင်နိုင်ပြီလို့ ပြောလိုက်ပါတယ်။...................................
Friday, 22 July 2011
...အကျဉ်းကျ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ၅ ဦး မြန်မာအစိုးရ ပြန်လွှတ်ပေး...
မြန်မာနိုင်ငံက အကျဉ်းထောင်တွေတွင်း နှစ်ရှည် အကျဉ်းချခံထားရတဲ့ အရင် စစ်ထောက်လှမ်းရေး အကြီးတန်း အရာရှိ ၅ ဦးကို ပြန်လွှတ်ပေးလိုက်တာဟာ အခု မြန်မာအစိုးရ စစ်တပ်နဲ့ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပြဿနာမှာ နောက်ကွယ်ကနေ အသုံးချဖို့ ဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ အကြောင်းကတော့ အခုလွှတ်ပေးလိုက်တဲ့ အထဲမှာ အရင်.............
Tuesday, 19 July 2011
...အမျိုးသမီး ကမ္ဘာ့ဖလား ဂျပန်အသင်း ဗိုလ်စွဲ...
အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲသွားသည့် ဂျပန်အသင်း အောင်ပွဲခံနေစဉ်။ ဇူလိုင် ၁၇၊ ၂၀၁၁။
ဒီနှစ် ၂၀၁၁ ခုနှစ်အတွက် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ဂျပန်နိုင်ငံက အမေရိကန်ကို အနိုင်ကန်ပြီး ဗိုလ်စွဲသွားပါတယ်။ တဘက် ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် ပယ်နယ်တီဂိုးသွင်းပြီး ဂျပန်နိုင်ငံက ချန်ပီယံဆု ဆွတ်ခူးသွားတာပါ။
...ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနား တက်ရောက်မည်...
ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့မှာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ၉ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် အာဇာနည်ဗိမာန်ကို ၂ ကြိမ် သွားရောက် ဂါဝရပြုဖို့ ရှိပါတယ်။ မြန်မာအာဏာပိုင်တွေဘက်က အာဇာနည်နေ့ တက်ရောက်ဖို့ တရားဝင် ဖိတ်ကြားခဲ့တာပါ။ အာဇာနည်ခေါင်းဆောင် မိသားစုဝင်တွေနဲ့ နိုင်ငံရေး ပါတီဝင်တွေသာ မကဘဲ ၀ါရင့် နိုင်ငံရေးသမားကြီးတွေလည်း အာဇာနည်နေ့ အထိမ်းအမှတ် အလေးပြုဖို့ ရှိနေပါတယ်။
Monday, 18 July 2011
Sunday, 17 July 2011
...ဂျပန်အမဲသား ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည်သင့်...
ဂျပန်နိုင်ငံက အမဲသားတွေမှာ ရေဒီယို ဓာတ်သတ္တိကြွမှုတွေ ရှိနေလို့ ဂျပန်နိုင်ငံတ၀န်းမှာ အမဲသား မစားရဲဘဲ ဖြစ်နေကြပါတယ်။.................................
...Eleven Media Group ၏(၁၁)နှစ်ပြည့် အခမ်းအနား၌ EMG ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်၏ ပြောကြားချက်...
Eleven Media Group ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင် မှ ကျေးဇူးတင် စကားနှင့် ရှေ့ဆက်မည့် မူဝါဒ လမ်းစဉ်များအား ရှင်းလင်းပြောကြားစဉ်...။
Eleven Media Group ၏(၁၁)နှစ်ပြည့် အခမ်းအနား၌ EMG ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်၏ ပြောကြားချက် (အသံဖိုင်)
Ceo-speech.mp3 (audio mpeg Object) by KSOE
( Eleven Media News )
Eleven Media Group ၏(၁၁)နှစ်ပြည့် အခမ်းအနား၌ EMG ၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်၏ ပြောကြားချက် (အသံဖိုင်)
Ceo-speech.mp3 (audio mpeg Object) by KSOE
( Eleven Media News )
...ဧရာဝတီကိုကယ်တင်ကြ...( Save Irrawaddy )
ဧရာဝတီ
ဧရာဝတီမြစ်ဝှမ်းဟာ ကချင်ပြည်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းတို့ကို လွှမ်းခြုံနေပြီး မြန်မာနိုင်ငံတခုလုံးရဲ့ ၆၁% ကျယ်ဝန်းပါတယ်။ ဧရာဝတီတိုင်းက ကရင်၊ ဗမာ၊ မွန် နဲ့ ရခိုင် ၈ သန်းနီးပါး၊ ရန်ကုန်တိုင်းက လူမျိုးစုံ ၆ သန်း၊ ပဲခူးတိုင်းအနောက်ခြမ်းက ကရင်၊ ဗမာ နဲ့ မြေပြန့်ချင်း ၂.၅ သန်း၊ မကွေးတိုင်းက ဗမာ နဲ့ မြေပြန့်ချင်း ၄ သန်း၊ မန္တလေးတိုင်းက ဗမာ နဲ့ ရှမ်း ၅ သန်း၊ စစ်ကိုင်းတိုင်းက ဗမာ နဲ့ ရှမ်းနီ ၄ သန်း၊ ကချင်ပြည်က ကချင်နဲ့ ရှမ်းနီ ၁ သန်းနီးပါး၊ စုစုပေါင်း သန်း ၃၀ ကျော်ဟာ ဧရာဝတီကို မှီခိုနေရပါ တယ်။ ဒါဟာ တနိုင်ငံလုံးလူဦးရေ ၅၇ သန်း (၂၀၀၈ ခု ခန့်မှန်းချက်) ရဲ့ ၅၄ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးအနေနဲ့ဆိုရင် တနိုင်ငံလုံးရဲ့အထွက် ၇၀% အထိ အဓိကကျနိုင်ပါတယ်။
Sunday, 10 July 2011
...Atlantis လွန်းပျံယာဉ် နောက်ဆုံးခရီးစဉ် စတင်...
နှစ်ပေါင်းသုံးဆယ်အတွင်း အာကာသထဲမှာ (၁၃၅) ကြိမ်မြောက် နောက်ဆုံးအခေါက်အဖြစ် နိုင်ငံတကာ အာကာ သစခန်းကို ပျံသန်းသွားတဲ့ အမေရိကန် အာကာသလွန်းပျံယာဉ် အတ္တလန္တစ္စ (Atlantis) ဟာ မနေ့က ဇူလိုင်လ ၈ ရက်နေ့မှာ ကမ္ဘာပတ်လမ်းကြောင်းထဲကို ၀င်ရောက်သွားခဲ့ပါတယ်။................
...အစိုးရဆန့်ကျင်ရေးဆန္ဒပြသူ ထောင်ကျော် မလေးရှားအာဏာပိုင်များ ဖမ်းဆီး...
မလေးရှားနိုင်ငံမြို့တော် ကွာလာလမ်ပူမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပြီး လူ ၁,၄၀၀ ကျော်ကို ဒီကနေ့ ဖမ်းဆီးခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ အဖမ်းခံရသူတွေထဲက အများစုကို နာရီပိုင်းအတွင်း ပြန်လွှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ ထောင်နဲ့ချီတဲ့ မလေးရှားနိုင်ငံသားတွေ ကွာလာလမ်ပူမှာ ဒီကနေ့ စုရုံးဆန္ဒပြခဲ့ကြတာဖြစ်ပြီး ရဲတွေက ဆန္ဒပြသူတွေကို နံပတ်တုတ်တွေနဲ့ရိုက်၊ မီးသတ်ပိုက်တွေနဲ့ပက်၊ မျက်ရည်ယိုဗုံးတွေကို သုံးပြီး လူစုခွဲခဲ့ကြပါတယ်။ ဆန္ဒပြသူတွေကလည်း နောက်မဆုတ်ဘဲ တင်းခံခဲ့ကြတာပါ။.........................
Tuesday, 5 July 2011
...ဒေါ်စု ပုဂံဘုရားဖူး ခရီးထွက်...

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုဂံဟိုတယ်သို့ ရောက်ရှိလာရာ ကြိုဆိုသူများနှင့် တွေ့ရစဉ်။ ဇူလိုင် ၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ် နယ်ခရီးစဉ် အဖြစ်နဲ့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ပုဂံ၊ ညောင်ဦးကို သွားရောက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်ခရီးစဉ်တွေအတွင်း အသက်အန္တရာယ် ရှိမှာကို ကမ္ဘာ့ခေါင်းဆောင်တွေက..................
...မြန်မာသံရုံး အကြီးတန်း သံတမန် အမေရိကန်မှာ နိုင်ငံရေးခိုလှုံ...

ဓာတ်ပုံ ဗွီအိုအေ (မြန်မာဌာန)
အမေရိကန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည့် မြန်မာသံရုံး အကြီးတန်သံတမန် ဦးကျော်ဝင်း။
...မြန်မာသံမှူးကြီး နိုင်ငံရေး ခိုလှုံမှုအပေါ် သံတမန်ဟောင်းအချို့ အမြင်...
မြန်မာအစိုးရသစ်ရဲ့ သက်တမ်း ရက်ပေါင်း ၁၀၀ မပြည့်သေးခင်မှာပဲ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြီးတန်း အရာရှိကြီး တဦးဟာ မိသားစုနဲ့တကွ အမေရိကန် ပြည်ထောင်စုမှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။ ၀ါရှင်တန်ဒီစီ မြန်မာသံရုံးက သံမှူးကြီး ဦးကျော်ဝင်းဟာ သူ ဘာကြောင့် အခုလို နိုင်ငံရေးခိုလှုံခွင့် တောင်းခံရတယ် ဆိုတာကို..................
Subscribe to:
Posts (Atom)