Thursday 15 April 2010

...ဗုံးပေါက်ကွဲမှုသတင်းနှင့်ဓါက်ပုံများ...

Thursday, April 15, 2010
Bomb blasts infront of X2O Mandap, Kantawgyi

ကန်တော်ကြီး X2O မဏ္ဍာပ်မှာ ဗုံး နှစ်လုံး (သို့) သုံးလုံး ပေါက်တယ်။ မဏ္ဍာပ်မှာ ပေါက်တာ မဟုတ်ဘဲ အောက်ကနေ ပေါက်ကွဲတာ ဖြစ်တယ်။ ပထမတော့ လူတွေက DJ လုပ်တယ်ထင်ပြီး သိပ်ပြီး သတိမထားလိုက် ကြပေမဲ့ နောက်အလုံးတွေမှာ လူတွေအားလုံး ထွက်ပြေးကြတယ်။ X2O မဏ္ဍာပ်ဟာ လူစည်ကားတဲ့ မဏ္ဍာပ်တစ်ခုလည်း ဖြစ်ပါတယ်။ လူတွေ ဝရုန်းသုံးကား ထွက်ပြေးကြတော့ ထိခိုက်လဲပြိုလူပိပြီး ထိခိုက် ဒဏ်ရာရတဲ့ သူတွေလည်း မနည်းဘူး။ ပေါက်ကွဲတဲ့ အနီးအနားက လူ ၄-၅ ဦးလောက် သေဆုံး တယ်လို့ သိရတယ်။ (နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပါတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်တယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပါတယ်)

အခင်းဖြစ်ပွားရာ နေရာက ကျွန်တှောတို့နဲ့ မလှမ်းမကမ်းမှာပဲ ဖြစ်ပာတယ်။ စစချင်း လူတွေ ထွက်ပြေးချိန်မှာ သေနတ်နဲ့ ပစ်သလိုလို၊ ထရန်စမှောမာ ပောက်ကွဲသလိုလို မရေမရာ သတင်းတွေ ဖြစ်လာပေမယ့် ခဏအကြာမှာတော့ ရဲတွေ၊ လုံခြုံရေးတွေ၊ မီးသတ်ကားတွေ၊ သူနာပြုယာဉ်တွေ ရောက်လို့ လာပာတယ်။ အဲဒီ မဏ္ဍာပ်က လူတွေအားလုံးကို ဆင်းခိုင်းလိုက်ပြီး ပတ်ပတ်လည်ကို လုံခြုံရေး ယူလိုက်ကြပာတယ်။ အနီးအနားက Black Culture, Black Jack, 16.9, စတဲ့ မဏ္ဍာပ်တွေလည်း ပိတ်လိုက်ကြရတယ်။ သူနာပြုကားပေါ်မှာ အမျိုးသမီးငယ် ရှစ်ဦးခန့် ပါသွားတာကို မြင်လိုက်ရတယ်။ မဏ္ဍာပ်ဘေးနားက ဈေးသည်များနဲ့ မဏ္ဍာပ်က ရေကစားသူများကို မေးမြန်းချက်အရ ဗုံးကွဲတယ်လို့ အတည်ပြုချက် ရယူလိုက်နိုင်ပါတယ်။
Click to play this Smilebox slideshow:


ဘယ်သူဖောက်ဖောက် ပြည်သူလူထုကို ဒီလို အကြမ်းဖက်နည်းနဲ့ ဒုက္ခပေးတဲ့ လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချပါတယ်။ သင်္ကြန်ဆိုတာ လူတိုင်း စိတ်မွန်းကြပ်မှုတွေကနေ ထွက်ပေါက် တစ်ခုအနေနဲ့ ပျော်ကြ ရွှင်ကြတဲ့ ပွဲပါ။ အပြစ်မဲ့ လူတွေနဲ့၊ ရန်ကုန်ကို ဦးတည်ပြီး တိုက်ခိုက်နေတာကတော့ လွန်စွာမှကို အကြည်းတန် လွန်းပါတယ်။
Update News
ရိုက်တာ သတင်းဌာနက လူ ၂၄ဦးထက်မနဲ သေဆုံးတယ်လို့ ဆိုပါတယ်။ ကျွန်တှောတို့ မျက်မြင်အရ အဲဒီလောက် မရှိပာဘူး။ [Reuter]
(နောက်ဆုံးရ ခိုင်မာတဲ့ သတင်းရပ်ကွက်က လူ ၃၀ ခန့် သေတယ်လို့ ဆိုပါတယ်။ ဖြစ်ပွားချိန်မှာ သေတာ ဆယ်ဦး လောက် ဖြစ်တယ်။ အနီးအနားမှာ ရှိနေတယ့် အရာရှိကြီး တစ်ဦးလည်း ဗုံးထိမှန်တယ်လို့ သိရပါတယ်)

(ကိုညီလင်းဆက်မှတဆင့်မျှဝေပါတယ်)

No comments:

Post a Comment