Thursday 29 July 2010

...ရူးသွပ်ခြင်းလွှတ်တော်...

ရူးသွပ်ခြင်းလွှတ်တော်

(စောခွန်မင်း)
Friday, July 16, 2010


သုံးလွန်းတင်မှ ကြိုးတဲ့
အားကိုးလောက်မယ့်
ကြိုးတချောင်းဖြစ်တည်ဖို့
ကျစ်ကျစ်ပါအောင်ကျစ်ပြီး
ဟိုး အမြင့်ဆီ ပစ်တင်လိုက်တယ်
တရစ်ပြီး တရစ်ချည်ရင်း
အဖွဲ့လိုက် အသင်းလိုက်
စိတ်ကြိုက်ဆွဲတက်မယ့်လမ်းစ
အနာဂတ်ကို မှန်းဆ
ဒို့
“အောင်ရမည်” “အောင်ရမည်”
လက်တွေ့ကျကျ
မြင်ရပုံက
တစက်မှ မသက်သာ
အပေါ်ကိုတက်လမ်းရှားရင်း
ပရမ်းပတာ စောက်ထိုးမိုးမျှော်ဖြစ်
ခြေနင်းထားတဲ့ ကြိုးကွင်းထဲ
လည်ပင်းရောက်
လျှာ အလျားလိုက်
သွားရည်တများများ
အော်သံ မပီမသကြားလိုက်ရတယ်
“မှောင်ကျပြီ” ဆိုလား။

စောခွန်မင်း

( နေ့ သစ်မှတဆင့်မျှဝေပါသည် )

No comments:

Post a Comment