Saturday 2 October 2010

...ဂျပန်သို့အခြေချခွင့်ရသည့် ထိုင်းနယ်စပ်မှမြန်မာဒုက္ခသည်မိသားစု ၃ စုသာရောက်ရှိ...

ဂျပန်နိုင်ငံသို့လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ (ဓါတ်ပုံ-မျိုးမြင့်ဆွေ)

ဂျပန်အစိုးရနှင့် နိုင်ငံတကာရွှေ့ပြောင်းနေထိုင်ရေးအဖွဲ့ (IOM)တို့၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် တတိယနိုင်ငံ(ဂျပန်)တွင် အခြေချနေထိုင်ခွင့်ရသော ထိုင်း-မြန်မာ နယ်စပ်ဒုက္ခသည်စခန်းမှ မိသားစု ၅ စု (လူဦးရေစုစုပေါင်း ၂၇ ဦး) အနက် အိမ်ထောင်စု ၃ စု (လူဦးရေ ၁၈ ဦးသာ)ဂျပန်နိုင်ငံသို့ ပထမဦးဆုံးအသုတ်အနေဖြင့် ယနေ့နံနက် ၇:၁၀ မိနစ်တွင် JAL လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီ် ဖြစ်ကြောင်း သိရှိရသည်။

ဂျပန်နိုင်ငံသို့လာရောက်အခြေချနေထိုင်ခွင့်ရှိသော ကရင်မိသားစုများ (ဓါတ်ပုံ-မျိုးမြင့်ဆွေ)

မူလအစီအစဉ်အရ မိသားစု ၅ စုစလုံး လာရောက်ဖို့စီစဉ်ထားသော်လည်း၊ မိသားစု ၂ စုမှာ နေထိုင်မကောင်းဖြစ်နေသောကြောင့် တပါတည်းလိုက်ပါလာနိုင်ခြင်းမရှိပဲ ကျန်ရှိခဲ့ခြင်း ဖြစ်ကြောင်း သွားရောက်ကြိုဆိုရေးအဖွဲ့တွင် ပါဝင်သူတစ်ဦးဖြစ်သည့် ကိုမျိုးမြင့်ဆွေ၏ ပြောပြချက်အရသိရှိရသည်။
ဂျပန်သို့လာရောက်အခြေချသည့်သူများမှာ မယ်လဒုက္ခသည်စခန်းမှ ကရင်မိသားစုများဖြစ်ပြီး၊ အဆိုပါ မိသားစုများကို ဂျပန်အစိုးရပိုင်းမှ တာဝန်ရှိသူများကလည်း ကြိုဆိုကြပြီး ကြိုဆိုရေးအဖွဲ့ တာဝန်ခံများ စီစဉ်ထားသည့်နေရာတွင် နေထိုင်ကြမည်ဖြစ်သည်။ အခြေချနေထိုင်ခွင့်ရသည့် ကရင်ဒုက္ခသည် မိသားစုများ၏ စားဝတ်နေရေးအတွက် ဂျပန်အစိုးရမှ (၆လ သာ တာဝန်ယူမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်သွားပါက မိမိအစီအစဉ်ဖြင့်ဂျပန်တွင်ရပ်တည်သွားကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ကရင်ဒုက္ခသည် မိသားဝင်တွေနဲ့ကိုမျိုးမြင့်ဆွေ(အင်္ကျီပန်းရောင်နှင့်အိတ်ကိုင်ထားသူ)

မိုးသောက်ကြယ်မှတဆင့်မျှဝေပါသည်..။

No comments:

Post a Comment