Friday 14 January 2011

...ၾသစေၾတးလ် ရေကြီး၊ ၁၅ ဦးသေ အများအပြား ပျောက်ဆုံး...

အကြီးအကျယ် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တဲ့ သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစ်လန်းဒ် (Queensland) ပြည်နယ်က ဒီသီတင်းပတ်ထဲ ရေကြီးမှုမှာ သေဆုံးသူ ၁၅ ယောက် ရှိသွားပြီး ပျောက်ဆုံးနေသူ ၅၀-၆၀ လောက် ရှိနေပါတယ်။


အဖေဖြစ်သူရဲ့ နေအိမ်ထဲကို သွားကြည့်နေတဲ့ အသက် ၂၄ နှစ်အရွယ် လူရွယ်တယောက် ရေစီးထဲမှာ မျောပါသွားတယ်လို့ ကွင်းစ်လန်းဒ်ပြည်နယ် ဝန်ကြီးချုပ် အန်နာ ဘလိုက်ရှ် (Anna Bligh) က ပြောပါတယ်။
ပြည်နယ်မြို့တော်ဖြစ်တဲ့ ဘရစ်စ်ဘိန်းမြို့မှာလည်း ဘရစ်စ်ဘိန်းမြစ်ရေ လျှံတက်ခဲ့တဲ့အတွက် မြို့ထဲမှာ ရေကြီးနေပါတယ်။

ရပ်ကွက်တချို့ ရေတွေဖုံးလွှမ်းသွားတဲ့အတွက် အိမ်ခြေ ၁၂,၀၀၀ လောက် ရေအောက်ရောက်ခဲ့ပါတယ်။ အိမ် ၁၀၀,၀၀၀ လောက်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်နေပါတယ်။

ရေကြီးမှု အခြေအနေနဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ဘရစ်စ်ဘိန်းမြို့ရဲ့ အခြေအနေဟာ စစ်ဖြစ်နေတဲ့ နေရာလို ဖြစ်နေတယ်၊ ကွင်းစ်လန်းဒ်ပြည်နယ်ရဲ့ ၄ ပုံ ၃ ပုံ အခြေအနေကလည်း စစ်ပွဲပြီးကာလ အခြေအနေလို ဖြစ်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် ဘလိုက်ရှ်က မျက်ရည်လည်ရွဲနဲ့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ကွင်းစ်လန်းဒ် ပြည်နယ်သားတွေဟာ စိတ်ဓာတ်ကြံ့ခိုင်ကြသူတွေ ဖြစ်ကြလို့ ပြန်လည် ထူထောင်လာကြမှာပါလို့လည်း သူက ပြောခဲ့ပါတယ်။
( VOA NEWS )

No comments:

Post a Comment