Friday 11 February 2011

... မြေကြီးကို ကျေးဇူးဆပ်ချင်သူ ...

 
     သစ်ပင်တွေလို
    ကိုယ့် အသီးကိုယ်ပြန်မစားကြေး
    မြစ်တွေလို....
    ကိုယ့် ရေ    ကိုယ် ပြန်မသောက်ကြေး...
    ပန်းပွင့်တွေလို.....
    ကိုယ့် ရနံ ..ကိုယ်မရူ ရှိုက်ကြေး...
    သင့် နှလုံးသား မှာ....ထားရှိဘူးသလား...
    ပေးပါလို့....တောင်းသောသူ
   ဘယ်ဘဝ မျိုးမှာ မှ မဖြစ်လိုပါလို့...
   ပြင်းထန်စွာ ချမှတ်ဘူးလား....
   အချင်းချင်း ကိုက် လို့ အနိုင်ရမှ...
   ငါ ဘုရင်...ကွ....လို့ ...မြည်တွန်ခြင်းဟာ..
  သူရဲကောင်း  မှ မဟုတ်တာ။
  တံတားဆို...တံတား....
  မြှား...ဆို..မြှား..
  မှန်ကြည့် သလို ပေါ်လာသမျှ အရာအားလုံး..
  ပေးမယ်....
  မြေကြီးပေါ်က အရာတွေ
 ကောင်းစားစေဖို့ပေါ့.....

                      ဏီရဲ

 ( ပေးပို့ သူ ညီငယ် ဏီရဲ အားကျေးဇူးအထူးပါ )

No comments:

Post a Comment