၂၀၁၁ နှစ်သစ်ကို ကြိုဆိုသော အားဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် အရှည်ဆုံး ဖြစ်လာသည့် ပင်လယ်ကူး တံတားကြီးကို ၂၀၁၀ ၏ နောက်ဆုံးရက်ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်း Daily Mail သတင်းက ဖော်ပြခဲ့သည်။ ၄င်းကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားကြီးသည်........
၂၆ ဒသမ ၄ မိုင် ရှည်လျားပြီး တရုတ်နိုင်ငံ၏ အရှေ့ပိုင်း ဒေသရှိ ရှန်ဒေါင်းပြည်နယ် ကင်ဒေါ်မြို့နှင့် ဟွမ်ဒေါင်ခရိုင်ကို ယောင်ဂျို့ပင်လယ်အော်အား ဖြတ်ကာ ဆက်သွယ်ပေးထားသော တံတားကြီး ဖြစ်လေသည်။
၂၆ ဒသမ ၄ မိုင် ရှည်လျားပြီး တရုတ်နိုင်ငံ၏ အရှေ့ပိုင်း ဒေသရှိ ရှန်ဒေါင်းပြည်နယ် ကင်ဒေါ်မြို့နှင့် ဟွမ်ဒေါင်ခရိုင်ကို ယောင်ဂျို့ပင်လယ်အော်အား ဖြတ်ကာ ဆက်သွယ်ပေးထားသော တံတားကြီး ဖြစ်လေသည်။
တံတား၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ သန်းရှစ်ထောင်ကျော် ဖြစ်ပြီး အချိန်လေးနှစ်ယူ၍ တည်ဆောက်ခဲ့ရကြောင်း သိရှိရသည်။
ယခု တရုတ်တို့၏ ကင်ဒေါ်ဟိုင်ဝမ်တံတားကြီးသည် လက်ရှိ ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားကြီး ဖြစ်လာခဲ့ပြီး ယခင်က ကမ္ဘာ့အရှည်ဆုံး ပင်လယ်ကူး တံတားဖြစ်သော အမေရိကန်ပြည်ထောင်စု လူဝီစီယားနား ပြည်နယ်ရှိ Lake Pontchartrain Causeway တံတားကြီးထက် သုံးမိုင်ပိုရှည်သည်ဟု သိရသည်။
( MMNEWS )
No comments:
Post a Comment