Monday 12 December 2011

...ဂျပန်နိုင်ငံ ငြိမ်းချမ်းရေးစေတီက မြန်မာသံဃာတော်တွေကို ဂျပန်ဂေါပက ဖယ်ရှားခိုင်း...


ဂျပန်နိုင်ငံ ကီတကျူရှုးမြို့က မိုဂျိ ငြိမ်းချမ်းရေးစေတီနဲ့ မြန်မာ သံဃာတော်တွေ သီတင်းသုံး နေထိုင် နေတဲ့ ဘုန်းတော်ကြီးကျောင်းကို ဖျက်သိမ်းတော့မှာ ဖြစ်တဲ့အတွက် သံဃာတော်တွေကို ကျောင်းတော်က ထွက်ခွာဖို့ ဂျပန် ဂေါပကအဖွဲ့က အကြောင်းကြားထားပါတယ်။



သံဃာတော်တွေ အနေနဲ့ ဒီလ ၂၅ ရက်နေ့ အပြီး ထွက်ခွာပေးရမယ်လို့ သိရပါတယ်။ အဲဒီကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ အရှင်ဝိဇ္ဇာနန္ဒက ဒီကိစ္စနဲ့ ပတ်သက်ပြီး RFA ကို မိန့်ကြားရာမှာ… ဘုန်းကြီးကျောင်း အိုဟောင်းနေလို့ ဖျက်သိမ်းမယ်လို့ ဂေါပကအဖွဲ့က ပြောဆိုကြောင်း၊ လက်ရှိ မြန်မာသံဃာ ၂ ပါး သီတင်းသုံးနေပြီး ကျောင်း စတည်ကထဲက သီတင်းသုံးခဲ့တဲ့ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဦီးခေမိန္ဒဟာ သက်တော် ၈၉ နှစ် ရှိပြီး ဆေးရုံတက် ကုသခံနေရကြောင်း မိန့်ကြားခဲ့ပါတယ်။

မိုဂျိ ဘုရားကျောင်းတော်ကို ၁၉၅၇ ခုနှစ်က ဝန်ကြီးချုပ်ဦးနုနဲ့ ဂျပန်ဘုန်းတော်ကြီးတွေ၊ ဂျပန်စစ်ပြန်ကြီးတွေက တည်ထား ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။

အဆောက်အဦတွေ အိုဟောင်းနေလို့ ဖျက်သိမ်းမယ် ဆိုပေမယ့် အဲဒီနေရာမှာ စီးပွားရေးဇုံ တည်ဆောက်ဖို့ ဖြစ်လိမ့်မယ်လို့ ဂျပန်ရောက် မြန်မာတွေက မှန်းဆကြပါတယ်။ မြန်မာသံဃာတော်တွေ ဆက်လက် သီတင်းသုံးနိုင်ရေးအတွက် မြန်မာအသိုင်းအဝိုင်းက ကူညီ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
( RFA NEWS )

No comments:

Post a Comment