Monday 31 January 2011

...အပြင်မထွက်ရအမိန့်ကို အံတုပြီး အီဂျစ်ဆန္ဒပြမှုတွေ ဆက်ဖြစ်ပွား...


အီဂျစ်နိုင်ငံမှာ ညမထွက်ရနဲ့ လူစုလူဝေးမလုပ်ရ ကာဖျူးအမိန့်ကို ဖီဆန်ပြီး ထောင်သောင်းချီတဲ့ လူထုကြီးက သမ္မတ ဟိုစနီမူဘာရက် နှုတ်ထွက်ပေးရေး ၅ ရက်မြောက် ဆက်လက်တောင်းဆို ဆန္ဒပြနေကြပါတယ်။

...ဂျပန်ဘောလုံးအသင်း (၄) ကြိမ်မြောက် အာရှဖလားဗိုလ်စွဲ...


အာရှဖလားဘောလုံး နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန်အသင်းက သြစတြေးလျအသင်းကို အချိန်ပိုကစားပြီး အနိုင်ရရှိသွားပါတယ်။ ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ ခါလီဖာအားကစားရုံမှာ ကျင်းပတဲ့ အာရှဖလားဘောလုံး နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန် Blue Samurai အသင်းနဲ့ သြစတြေးလျအသင်းတို့ အချိန်ပိုကစားကြစဉ် ဂျပန်အသင်းရဲ့ တိုက်စစ်မှူး တန်ဒါနာရိ လီ က အနိုင်ဂိုး သွင်းပေးခဲ့တာဖြစ်ပါတယ်။............

Saturday 29 January 2011

...နိုဘဲလ်ဆုရှင် ဦးဆောင် တဲ့ အီဂျစ် အထွေထွေ သပိတ်...

ကိုင်ရို ၊ အလက်န္ဒြီးယား ၊ဆူအက်(ဇ) တွင် မြို့ လုံးကျွန် စတင် ချီတက် လမ်းလျှောက်
အီဂျစ် အထွေထွေ သပိတ် ဂါဒီယန်း သတင်းစာ မှ တိုက်ရိုက် တင်ဆက်မှု
အသက် ၈၃ နှစ် ထိ နိုင်ငံ ကို နိုင်ငံ ကို နှစ်ပေါင်း ၃၀ ကျော်ကြာ အုပ်ချုပ်
လာသည့် မူဘာရက် ကို
ကန် သမ္မတ ဂျိုးဘီဒင် က အာဏာရှင် မဟုတ် ဟု ပြောကြား

အကျယ် ကို PBS မှာ ရှု

လူဦးရေ အများ ဆုံး ပင်လယ်ကွေ့ အာရပ်နိုင်ငံ အီဂျစ် ၏ ဆန္ဒပြမှု ကို နိုဘဲလ် ငြိမ်းချမ်းရေး
ဆုရှင် မိုဟာမက် အယ်(လ) ဘရာဒီ နှင့် အတိုက်အခံ ပါတီ ကြီးများ က ပြည်သူကို ဦးဆောင်

ဆူးအက်(ဇ) ရဲ မင်းကြီး ကို ဆန္ဒပြ သူ များ ကို ကိုယ်တုံး လုံး ချွတ်ပြီး တူးမြောင်းတလျှောက်
ပြေးခိုင်း
ဆူးအက်(ဇ) ရဲစခန်း ကို မီးတင်ရှို့ ပြီး ဖမ်းဆီးထား သူ များ ကို ဆန္ဒပြ သူ များက ကယ်တင်

ဆူးအက်ဇ် ရထား ဘူတာရုံကြီး ကို မီးတင်ရှို့ 

အီဂျစ် အစိုးရက အတိုက်အခံ အဖွဲ့ ဖြစ်သည့် Brother Hood of Muslim မှခေါင်းဆောင် များ ကို
ဖမ်းဆီး၊ အင်တာနက် ဆယ်သွယ်ရေး နှင့် တယ်လီဖုန်း မက်ဆေ့ခ်ျ များ ကို ဖြတ်တောက်



ကင်းဝန်မင်းကြီး ဦးကောင်း ပြင်သစ် သို့ သွားစဉ် က အရမ်းလှပ လွန်း ၍ "မိုးနတ်ကျွန်ယုံ " ဟူသည့် ကဗျာ ကို ပင် ရေးဖွဲ့ ခဲ့ရသည့် အီဂျစ် နိုင်ငံဆူအဇ် မြို့ တွင် ယနေ့ မနက် ရဲတပ်ဖွဲ့ ဝင်များ အရူးမီးဝိုင်း ဖြစ်နေပုံ

အာရပ် ပင်လယ်ကွေ့ နိုင်ငံ တစ်ခု ဖြစ်သည့် ယီမင် ပြည်သူများ ကလည်း အုံကြွတွန်းလှန် ကြရာ အထွေထွေ သပိတ် ကို မကြာခင် ဆင့် ခေါ် နိုင်ရန် ကြေငြာ မည် ဟု ဆာနာ တက္ကသိုလ် ပါမေက္ခ က အယ်အာရေးဗီးယား သတင်း ဌာန သို့ ပြောကြားခဲ့သည်
အသက် ၈၂ နှစ် အရွယ်ရှိ မူဘာရက် အား နိုင်ငံတ၀ှမ်း တွင် စတင် ဆန့် ကျင် အုံကြွ
မြို့ တော် ကိုင်ရို နှင့် ဆူအက်ဇ် တွင် ပြည်သူများ က မူဘာရက် နှုတ်ထွက်ရေး စတင်ဆန္ဒပြနေ
ဆွစ်ဇာလန် နိုင်ငံ ဒါဗိုစ် ကမ္ဘာ့ စီးပွားရေး ဖိုရမ် တွင် အီဂျစ် အရေးမှာ ဦးစားပေး ဆွေး နွေးစရာ ဖြစ်
နေသည်။
အီဂျစ် ပြည်သူများ ငြိမ်ငြိမ် သက်သက် ဆန္ဒပြ ကြရန် အမေရိကန် သမ္မတကြီး ဦး အိုဘားမား က အီဂျစ်
ပြည်သူများ အထွေထွေ သပိတ် ဆင်နွှဲ ရန် နာရီပိုင်း အလို တွင် ၀ါရှင်တန် မှ ပြောကြားလိုက်သည်။
အာဏာရှင် မူဘာရက် က ဆန္ဒပြသူများ သည် ဘင်လာဒင် သွေးထိုးပေးမှု ဟု စွပ်ဆွဲ ထားသောကြောင့်
အမေရိကန် ဝေခွဲမရ ဖြစ်နေ သည်။သို့ နှင့် တိုင် တော်လှန် ရေး သည် မူဘာရက် အစိုးရ ကို စတင်ယိမ်းယိုင်
နေ ပြီ ဖြစ်သည်။
အယ်လအာရေး ဗီးယား သတင်းဌာန မှ တိုက်ရိုက် ထုတ်လွှင့်မှု ကိုဤနေရာမှ ကြည့်ပါ
အမေရိကန် က ယခု ကဲ့ သို့ လက်ရှောင်နေ သောတော်လှန် ရေးများ သည် အရမ်းအောင်မြင် သည်။
ဥပမာ – ဖိလစ်ပိုင် (မားကို စ်) နှင့် ကီရ်ဂျက်စတန် နှင့် တူနီရှား

အီဂျစ် ပြည်သူများ ဘက် မှ ပူးပေါင်းရပ်တည် ၍ ဆန္ဒပြမှု ကို ဦးဆောင်မည် ကမ္ဘာ့ ပထမဦး ဆုံး တော်လှန်ရေး ခေါင်းဆောင် နိုဘဲလ် ဆုရှင် မိုဟာမက် အယ်ဘာရာဒေး   ဓာတ်ပုံ- ရိုက်တာ သတင်းဌာန 
( FNG NEWS )

Monday 24 January 2011

...လှေစီးပြေး ရိုဟင်ဂျာ ဒုက္ခသည် ၉၀ ကျော် ထိုင်းမှာ အဖမ်းခံထားရ...


ထိုင်းတောင်ပိုင်း ကမ်းခြေကို သင်္ဘောပျက်ပြီး ရောက်လာတဲ့ ရိုဟင်ဂျာ ၉၁ ယောက်ကို ဒီရက်ပိုင်းအတွင်း နေရပ်ပြန်ပို့မယ်လို့ ထိုင်းရဲက ဒီနေ့ တနင်္လာနေ့မှာ ပြောလိုက်ပါတယ်။

...ထိုင်းအစိုးရ ဆန့်ကျင်ရေး အနီဝတ် ဆန္ဒပြသူ သောင်းချီ စုဝေး...

ဘန်ကောက်မြို့လယ်တွင် စုဝေး ဆန္ဒပြနေကြသည့် ရှပ်နီဝတ် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ။
ဓာတ်ပုံ ASSOCIATED PRESS
ဘန်ကောက်မြို့လယ်တွင် စုဝေး ဆန္ဒပြနေကြသည့် ရှပ်နီဝတ် အစိုးရ ဆန့်ကျင် ဆန္ဒပြသူများ။ ဇန်န၀ါရီ ၂၃၊ ၂၀၁၀။

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်တုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြတဲ့ ရှပ်နီဝတ် အတိုက်အခံတွေကို စစ်တပ်က ချေမှုန်းခဲ့တဲ့ နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် တနင်္ဂနွေနေ့က ဘန်ကောက်မြို့လယ်မှာ ထောင်နဲ့ချီတဲ့ ရှပ်နီဝတ်တွေ စုဝေးခဲ့ကြပါတယ်။

...မဲဆောက် ရောက် မြန်မာ များ ကို ထိုင်းက တင်းကျပ်...


မဲဆောက် မြို့ တွင် တွေ့ ရသည့် မြန်မာ သံဃာတော် တစ်ပါး


Updated မြန်မာ နိုင်ငံဘက်ကမ်းမှ နေ ထိုင်း နိုင်ငံ မဲဆောက် မြို့ တွင် လာရောက် အလှု
ခံသည့် သံဃာတော်များ နှင့် သီလရှင် များ ကို ထိုင်း အာဏာပိုင် များ က ဖမ်းဆီးပြီး မြန်မာ

နိုင်ငံသို့ ပြန်လည် ပို့ ဆောင် မှု များ ကို ပြုလုပ် ခဲသည်။ယမန် နေ့ ကလည်း ထိုင်း စစ်တပ် ပါဝင်သည့်

ထိုင်းအာဏာ ပိုင်များ အဖွဲ့ က မဲဆောက် မြို့ ရှိ မြန်မာ အတိုက်အခံ ရုံးခန်း များ ကို ၀င်ရောက်

ရှာဖွေသည် ဟု သတင်းရရှိသည်။
ထိုင်း နိုင်ငံ မဲဆောက် မြို့ တွင် မြန်မာ နိုင်ငံရေး နှင့် လူမှု ရေး အဖွဲ့ အစည်းများ ၏ ရုံးများ
၁၀၀ ကျော်ရှိပြီး ထိုင်း အာဏာပိုင် များ က ထို ရုံးများ ကို စာရင်း ကောက် ယူမှု ပြူမည်

ဟု သိရသည်။

...မြန်မာဓါတ်ပုံသတင်းထောက် တဦးကို ထိုင်းကဖမ်းဆီး...

ဇန်န၀ါရီလ ၂၂၊ ၂၀၁၁။ နယ်စပ်ဖြတ်ကျော် သတင်းယူခဲ့တဲ့ မြန်မာတဦးပါအ၀င် ဓါတ်ပုံသတင်းထောက်နှစ်ဦးကို ထိုင်းက ဖမ်းဆီးခဲ့ပါတယ်။

ဇန်န၀ါရီ ၂၂၊ ၂၀၁၁။ ထိုင်းမြန်မာနယ်စပ်မှာ မြန်မာတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအြ ကား တိုက်ပွဲတွေကို သတင်းယူပြီး၊ မြန်မာနိုင်ငံဖက်ကနေ ထိုင်းနိုင်ငံထဲ ၀င်ရောက်လာတဲ့ ဓါတ်ပုံသတင်းထောက်နှစ်ဦးကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

Thursday 20 January 2011

...တရုတ်-အမေရိကန် ခေါင်းဆောင်နှစ်ဦး လူ့အခွင့်အရေး ဆွေးနွေး...

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနှင့် တရုတ်သမ္မတ ဟူကျင်တောင်းတို့ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနှင့် တရုတ်သမ္မတ ဟူကျင်တောင်းတို့ အိမ်ဖြူတော်တွင် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ ဇန်န၀ါရီ ၁၉၊ ၂၀၁၁။  ( ဓါက်ပုံ Ap )

အမေရိကန်ပြည်ထောင်စုကို ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေတဲ့ တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) နဲ့ အမေရိကန်သမ္မတ အိုဘားမား (Obama) တို့ နှစ်ဦးဟာ မနေ့ မနက်ပိုင်းက အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ကြပြီး ကုန်သွယ်ရေးကိစ္စနဲ့ နှစ်နိုင်ငံအကြား အငြင်းပွားဖွယ် ဖြစ်နေတဲ့ ငွေကြေးဆိုင်ရာ ကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။..........

...ဒေါ်စုနဲ့အတူ မြန်မာ့အရေး ဆောင်ရွက်ဖို့ ၀န်ကြီး ကလင်တန် ကတိပြု...

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းဆက်ပြီး မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်း အားထုတ်နေမှုကို အမေရိကန်နိုင်ငံက ထောက်ခံ အားပေးတဲ့အကြောင်း ထပ်လောင်း ပြောဆိုလိုက်ပါတယ်..။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ အချိန်ကစလို့ ဒီ တယ်လီဖုန်း ဆက်သွယ်မှုဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးကြား ပထမဆုံး တိုက်ရိုက် စကားပြောဆို ဆက်သွယ်မှု ဖြစ်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က ဒီဇင်ဘာလ အစောပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စာရေးသား ပေးပို့ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တယ်လီဖုန်း ဆက်သွယ်မှုကို နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က Twitter လူမှုဆက်သွယ်ရေး အင်တာနက် စာမျက်နှာပေါ်မှာ သတင်းထောက်တွေကို ပထမဆုံး ထုတ်ဖော် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

...ကုန်းဘောင်မင်းဆက် မင်းသား ရွှေဘိုမင်းတဲ့ဟေ့...

ကုန်းဘောင်မင်းဆက် မင်းသား ရွှေဘိုမင်း


View More Free Videos Online at Veoh.com
( အာဇာနည်မှတဆင့်မျှဝေပါသည် )

...မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်းများ ( ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း )...

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း အပိုင်း (1)            
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း အပိုင်း (2)
           
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း အပိုင်း (3)
           
မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း အပိုင်း (4)            
http://www.demowaiyan.co.cc/2011/01/blog-post_3207.html

...တရုတ်သမ္မတ အမေရိကန် ရောက်ရှိ...

တရုတ်သမ္မတ ဟူကျင်တောင်း အမေရိကန်ပြည်ထောင်စု၊ အန်ဒရူးလေဆိပ်သို့ ရောက်ရှိလာစဉ်။
ဓာတ်ပုံ AP Photo/Evan Vucci
တရုတ်သမ္မတ ဟူကျင်တောင်း အမေရိကန်ပြည်ထောင်စု၊ အန်ဒရူးလေဆိပ်သို့ ရောက်ရှိလာစဉ်။ ဇန်န၀ါရီ ၁၈၊ ၂၀၁၁။

တရုတ်သမ္မတ ဟူကျင်တောင်း (Hu Jintao) ရဲ့ အမေရိကန် ပြည်ထောင်စု တရားဝင် ချစ်ကြည်ရေး ခရီးစဉ် စတင်လိုက်ပြီး ၀ါရှင်တန်မြို့တော်ကို ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ 

Friday 14 January 2011

...အဆိုးရွားဆုံး အာဏာရှင် အစိုးရတွေထဲမှာ မြန်မာနိုင်ငံ စာရင်းဝင်...

အမေရိကန်နိုင်ငံက နိုင်ငံရေးနဲ့ နိုင်ငံသားဆိုင်ရာ လွတ်လပ်မှုတွေကို စောင့်ကြည့် အကဲခတ်နေတဲ့ အဖွဲ့က ကမ္ဘာတခုလုံးရဲ့ လွတ်လပ်မှုဟာ မနှစ်က ဆုတ်ယုတ်လာခဲ့တယ်လို့...................

...သြစတြေးလျ ရေကြီး၊ ၁၅ ဦးသေ အများအပြား ပျောက်ဆုံး...

အကြီးအကျယ် ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့တဲ့ သြစတြေးလျနိုင်ငံ မြောက်ပိုင်း ကွင်းစ်လန်းဒ် (Queensland) ပြည်နယ်က ဒီသီတင်းပတ်ထဲ ရေကြီးမှုမှာ သေဆုံးသူ ၁၅ ယောက် ရှိသွားပြီး ပျောက်ဆုံးနေသူ ၅၀-၆၀ လောက် ရှိနေပါတယ်။

Thursday 13 January 2011

...ကားခ တိုးမြှင့်မှုကြောင့် ကလေးမြို့ တက္ကသိုလ်ကျောင်းသားတွေ ဆန္ဒပြ...

ကျောင်းကားခ တိုးမြှင့်မှုကို လက်မခံနိုင်၍ ကလေးမြို့ တက္ကသိုလ် ကျောင်းသားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေကြစဉ်။
ကျောင်းကားခ တိုးမြှင့်မှုကို လက်မခံနိုင်၍ ကလေးမြို့ တက္ကသိုလ် ကျောင်းသားများ ငြိမ်းချမ်းစွာ ချီတက် ဆန္ဒပြနေကြစဉ်။ ဇန်န၀ါရီ ၁၂၊ ၂၀၁၁။

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင်းက ကလေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်(ကလေး) နဲ့ ကွန်ပျူတာ တက္ကသိုလ်တွေက ကျောင်းသား ကျောင်းသူ ၁,၀၀၀ ကျော်ဟာ ကျောင်းကားခ တိုးမြှင့်ကောက်ခံတာကို လက်မခံနိုင်လို့ တောင်းဆို ဆန္ဒပြမှု တခုကို ပြုလုပ်ခဲ့ပါတယ်။ မနက် ၇ နာရီကျော်ကနေ နေ့လယ် ၂ နာရီကျော်ထိ ဆန္ဒပြခဲ့ပြီး တောင်းဆိုချက်တွေကို နောက်ဆုံးမှာ အာဏာပိုင်တွေက .......

Wednesday 12 January 2011

...ခေတ်မီ တိုက်လေယာဉ်သစ်တွေ တရုတ်နိုင်ငံ ထုတ်လုပ်...

            Chinese J - 20     US F-22 Sukhoi     T - 50 Stealth Fighters
ဘေဂျင်းမြို့တော်ကို ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ် (Robert Gates) က တရုတ်ရဲ့ စစ်ရေးစွမ်းရည် အလျှင်အမြန် ခေတ်မီတိုးတက်ရေး အစီအစဉ်ကို ပိုပြီး ထင်သာမြင်သာ.....

...လွှတ်တော်ကျင်းပရေး ဥပဒေစာအုပ်တွေ ထုတ်ဝေ...

 မြန်မာနိုင်ငံမှာ ဒီလကုန်ကျရင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကို ခေါ်ယူတော့မှာမို့ လွှတ်တော် ခေါ်ယူရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ စာအုပ် ၁၇ မျိုးကို စစ်အစိုးရက ပုံနှိပ်ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။ ဒီဥပဒေတွေဟာ အရင် ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းခဲ့တဲ့ လွှတ်တော်ခေါ်ယူရေး ဥပဒေတွေနဲ့ မတူဘူးလို့ ဥပဒေ ပညာရှင်တွေက သုံးသပ်ပါတယ်။ 

Tuesday 11 January 2011

...လွှတ်တော်သစ် ခေါ်ပေမဲ့ အာဏာဖွဲ့စည်းမှုပုံစံ မပြောင်း...

 မြန်မာနိုင်ငံမှာ နှစ်၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လွှတ်တော်ခေါ်ယူ ကျင်းပမှာမို့ ၂၀၁၁ အတွင်းမှာ လွှတ်တော်အသစ်၊ အစိုးရသစ်တွေ ပေါ်ပေါက်လာတော့မှာပါ။ မလွှဲမရှောင်သာတဲ့ အပြောင်းအလဲအချို့ ရှိလာမှာ ဖြစ်ပေမဲ့ သိပ်တော့ မျှော်လင့်လို့ မရသေးဘူးလို့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေး အကဲခတ်တွေက သုံးသပ်ပါတယ်။ အစိုးရသစ်၊ လွှတ်တော်သစ်ကနေ မြန်မာ့နိုင်ငံရေးအတွက်..........

...အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် အာဖဂန်မှာ ကျဆုံး...

ဓာတ်ပုံ ဗွီအိုအေ(မြန်မာဌာန) 
အာဖဂန်နစ္စတန်တွင် ကျဆုံးသွားသည့် အမေရိကန် မရိမ်း ဒု-တပ်ကြပ် ဖြိုးသူထိုက် ခေါ် ဆမ်။
အဖ ဦးလှရွှေ၊ အမိ ဒေါ်စန်းစန်းမြင့်တို့ရဲ့ သား ၂ ဦးအနက် သားငယ် ဆမ် ခေါ် မောင်ဖြိုးသူထိုက်ဟာ ၂၀၁၁ ခု နှစ်သစ်ကူးဖြစ်တဲ့ ဇန်န၀ါရီလ ၁ ရက်နေ့မှာ အာဖဂန်နစ္စတန်မှာ.......

Monday 10 January 2011

...စစ်မှုမထမ်းမနေရ ဥပဒေ မြန်မာစစ်အစိုးရ ပြဋ္ဌာန်း...


အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာ ဖြစ်ပေမဲ့ လွှတ်တော် မခေါ်ခင်မှာ စစ်အစိုးရက ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာက ဥပဒေနဲ့ မညီဘူးလို့ သုံးသပ်တာတွေ ရှိပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

Thursday 6 January 2011

...ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်မည်ဟု ဦးခင်ရွှေ ပြော ...

ချင်းမိုင် (မဇ္ဈိမ) ။       ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း ပထမဆုံး ပြည်သူ့လွှတ်တော်ကို ယခုလလယ်တွင် ခေါ်ယူရန်ရှိသည်ဟု အမတ်နေရာ အများဆုံးရသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ခန့်မှန်းပြောဆိုသည်။

Tuesday 4 January 2011

...NLD Independence Day 2011 ...

...၆၃ နှစ်မြောက် မြန်မာ့ လွတ်လပ်ရေးနေ့ ...

၆၃ နှစ်ပြည့် မြန်မာ့ လွတ်လပ်ရေး နေ့ အခါသမယ တွင် မဟာဗန္ဓုလ ပန်းခြံတွင်း ရှိ လွတ်လပ်ရေး ကျောက်တိုင် နှင့် မြို့ တော်ခန်းမ ကို တွေ့ ရစဉ်
     ၆၃ နှစ်ပြည့် မြန်မာ့ လွတ်လပ်ရေး နေ့ အခါသမယ တွင် မဟာဗန္ဓုလ   ပန်းခြံတွင်း ရှိ လွတ်လပ်ရေး ကျောက်တိုင် နှင့် မြို့ တော်ခန်းမ ကို တွေ့ ရစဉ်