Friday 26 August 2011

...လူ့အခွင့်အရေး စိန်ခေါ်မှုတွေ မြန်မာနိုင်ငံ ရင်ဆိုင်နေရဆဲ၊ ကင်တားနား သုံးသပ်...

မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
မစ္စတာ ကင်တားနား ရန်ကုန်လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။ သြဂုတ် ၂၅၊ ၂၀၁၁။
မြန်မာနိုင်ငံမှာ နိုင်ငံရေး တိုးတက်မှု တချို့ကို မြင်တွေ့ရသလို သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ကျေနပ် အားရတယ် ဆိုပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေကတော့ စိုးရိမ်စရာ အဆင့်နဲ့အတူ ဆက်လုပ်စရာတွေ ရှိနေသေးတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) က ပြောပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ သီးခြား.............

...ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင်...


ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထည့်သွင်း သတ်မှတ်လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ နာမည်ကျော် Forbes မဂ္ဂဇင်းကြီးက နှစ်စဉ်ထုတ်ပြန်တဲ့ စာရင်းထဲမှာ အခုလို ဖော်ပြထားတာပါ။................................

...မြန်မာ့လူ့အခွင့်အရေး အဖွဲ့အစည်း ပေါင်းစုံနဲ့ ကင်တားနား ဆွေးနွေး...


မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) ဟာ ရန်ကုန်ကနေ ပြန်မထွက်ခွာခင် ဒီကနေ့ မနက်ပိုင်းမှာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့ တချို့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ပါ တွေ့ဆုံပြီး လူ့အခွင့်အရေး အခြေအနေတွေနဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ဆွေးနွေး မေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။.........................................

...မစ္စတာ ကင်တားနား မြန်မာနိုင်ငံ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ ဒေါ်စုနဲ့ ဆွေးနွေး...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံစဉ်။ သြဂုတ် ၂၄၊ ၂၀၁၁။
မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr Tomas Ojea Quintana) ဟာ ဒီနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ.............

Tuesday 23 August 2011

...၂၀၀၈ ဖွဲ့စည်းပုံ လက်ခံရေး သမ္မတ ဦးသိန်းစိန် စည်းရုံး...

သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
သမ္မတ ဦးသိန်းစိန် ပြည်ထောင်စုလွှတ်တော်တွင် အဖွင့်မိန့်ခွန်း ပြောကြားနေစဉ်။ သြဂုတ် ၂၂၊ ၂၀၁၁။
သမ္မတ ဦးသိန်းစိန်က ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံတဲ့ အဖွဲ့အစည်းတွေ လက်ခံလာအောင် ကြိုးစားနေပါတယ်လို့ ပြောဆိုလိုက်ပါတယ်။ အရင်က ပြောဆိုဆွေးနွေးတာတွေ မလုပ်ခဲ့ဘူးတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ ဆောင်ရွက်နေသလို သမ္မတအဖြစ် တာဝန်ယူခဲ့စဉ်က ပေးခဲ့တဲ့ ကတိနဲ့အညီ ပြည်သူ့ဆန္ဒအရ သန့်ရှင်းတဲ့ အစိုးရဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်နေပါတယ်လို့လည်း ဒီနေ့ စတင်ကျင်းပတဲ့ ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောဆိုသွားခဲ့တာပါ။ .........................

Monday 22 August 2011

...ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မြန်မာ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံ...

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ဟာ ဒီကနေ့မနက် ရန်ကုန်ကိုရောက်ပြီး ညနေပိုင်းမှာတော့ မြန်မာအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲရေး..........................

...ဒေါ်စု သမ္မတဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံ...

           
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တို့ ဒီကနေ့ တွေ့ဆုံတာဟာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းရဲ့ ခြေလှမ်းအစဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ NLD ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပါတယ်။ နေပြည်တော်မှာကျင်းပတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်ဖို့ နေပြည်တော်ရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မွန်းလွဲပိုင်းကပဲ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ .....................................................

Thursday 18 August 2011

...ဌာနေပြန်ရေး နိုင်ငံရေး လွတ်လပ်ခွင့် လိုအပ်ဟု ပြည်ပရောက် အတိုက်အခံများ တုံ့ပြန်...

၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို မြန်မာနိုင်ငံကို ပြန်လာခွင့် ပြုလိုက်ပြီလို့ ဒီကနေ့ နေ့လယ်ပိုင်း နေပြည်တော်မှာလုပ်တဲ့ အစည်းအဝေး တခုမှာ သမ္မတ ဦးသိန်းစိန်က ကြေညာသွားပါတယ်။ ပြည်ပရောက် အတိုက်အခံ လှုပ်ရှားသူတွေကတော့ မြန်မာပြည် ပြန်ဖို့ဆိုရင် လွတ်လပ်တဲ့ နိုင်ငံရေး အခင်းအကျင်းနဲ့......................

...ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ဌာနေ ပြန်လာခွင့်ပြု...

ဒီကနေ့ နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ လူမှုရေး အသင်းအဖွဲ့ ခေါင်းဆောင်တွေ တွေ့ဆုံပွဲမှာ ဦးသိန်းစိန်က ၁၉၈၈ ခုနှစ်နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား အားလုံးကို  တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နေရပ်ရင်း ပြန်လာပြီး အတူပူးပေါင်း လုပ်ဆောင်ကြဖို့....................

Tuesday 16 August 2011

...ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ဂျပန်ဗီဇာ ထုတ်ပေး...

ထိုင်းနိုင်ငံက အလိုရှိနေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ဂျပန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာ ပေးလိုက်တယ်လို့ ဂျပန် တာဝန်ရှိသူတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။..............   

Monday 15 August 2011

...နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၄) ...

     နိုင်ငံအရေး ခရီးကြမ်း ဘယ်လဲ ဘာလဲ.... (၄)     ဆောင်းပါးရှင် (ဒေါက်တာလှိုင်မြင့်)
                       နောက်တခုက အခုနိုင်ငံတကာမှာ လှုပ်ရှားနေတဲ့ နိုင်ငံတကာစစ်ခုံရုံးတင်ရေးကိစ္စ။

ဒါဟာ သက်သေခိုင်လုံရင် သန်းရွှေ ကိုကြိုးကွင်းစွပ်လို့ရတဲ့ကိစ္စ။ အော်နေရုံနဲ့ မရနိုင်ဘူး။ ဦးတင်ဦး ဒေါ်စုတို့က အစိုးရနဲ့ ညှိနိုင်းရပါမယ်။ ခပ်မာမာကို ရပ်တည်ရပါမယ်။ ညှိနိုင်းရမှာက ဒီပဲယင်းမှာ အဓိကတာဝန်ခံ သန်းဟန် ကအခုဆို နေပြည်တော်မှာ ပါဝါတော်တော်ကြီးနေတဲ့ ဗိုလ်ချုပ်။ ဒီပဲယင်းအပြီး ချက်ချင်းနေ့ချင်းညချင်း ဗိုလ်မှုးချုပ် အဆင့်တိုးပေးတယ်။ မကြာဘူး ဗိုလ်ချုပ်အဆင့် တိုးပေးပြီး သူရဲ့ အဓိကတာဝန်က နေပြည်တော် ကုလားထိုင်ကို လှုပ်လာသူကို သုတ်သင် အပြတ်ရှင်းဖို့တာဝန်။ ဒီအဖွဲ့ ကို ယခင်က ဗိုလ်ချုပ်မြင့်ဆွေက ဦးစီးတယ်။ အခုဗိုလ်ချုပ်မြင့်ဆွေတို့ တဖွဲ့လုံးကို ဖမ်းထားတယ် (သတင်း မထုတ်သေးဘူး)။.........................................

...ဒေါ်စု ပဲခူးခရီးစဉ် ချောမွေ့အောင်မြင်...

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖွင့်လှစ်ပေးနေစဉ်။
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အောင်ဆန်းဂျာမွန်း စာကြည့်တိုက်အား ဖွင့်လှစ်ပေးနေစဉ်။ သြဂုတ် ၁၄၊ ၂၀၁၁။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်က လွတ်မြောက်လာခဲ့ပြီးနောက် ပထမဆုံး နိုင်ငံရေး ခရီးစဉ်အဖြစ် ပဲခူးမြို့နဲ့ သနပ်ပင်မြို့တွေကို ဒီနေ့ သွားရောက်ခဲ့ရာမှာ အာဏာပိုင်တွေနဲ့ ကြိုတင် ညှိနှိုင်းထားခဲ့တဲ့ ခရီးစဉ်မို့ အားလုံး အဆင်ပြေခဲ့တယ်လို့ NLD ပါတီက ပြောပါတယ်။ မြန်မာနိုင်ငံကို.....................

Sunday 14 August 2011

...နိုင်ငံခြားငွေလဲ လက်မှတ်များ ပြန်ရုပ်သိမ်းမည်...

ဒီကနေ့ နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာပြည်မှာ နိုင်ငံခြားငွေ ဒေါ်လာနေရာမှာ အစားထိုးပြီး တရားဝင်သုံးစွဲခွင့်ပြုထားတဲ့ Foreign Exchange Certificate (FEC) ကို မကြာခင်မှာ ရုပ်သိမ်းတော့မယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလို ရုပ်သိမ်းတဲ့အခါမှာ နစ်နာမှု မရှိရအောင် အစိုးရက FEC ကို ပြန်လည်ဝယ်ယူမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒီအပေါ်နဲ့ပတ်သက်ပြီး မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင် တချို့ကတော့ ဒါဟာ ဖြစ်သင့်တဲ့ကိစ္စတခုပဲလို့ တုံ့ပြန်ခဲ့ကြပါတယ်။ .................................

...အပြုသဘော ပူးပေါင်းဆောင်ရွက်ရန် ဒေါ်စုနဲ့အစိုးရ သဘောတူ...


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအလုပ်သမားနဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးဌာန ၀န်ကြီး ဦးအောင်ကြည်တို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာတွင် ဆွေးနွေးမှုအပြီး သတင်းထောက်များနှင့် တွေ့ဆုံနေစဉ် (သြဂုတ်လ ၁၂၊ ၂၀၁၁)
မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွေရဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ အစိုးရဧည့်ဂေဟာမှာ ဒီကနေ့တွေ့ဆုံခဲ့ပါတယ်။ နှစ်ဖက် ပဋိပက္ခဖြစ်နိုင်ခြေတွေကို ရှောင်ရှားပြီးတော့ ဒီမိုကရေစီရေးအတွက် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမယ့်အပြင် တွေ့ဆုံ ဆွေးနွေးမှုတွေလည်း ဆက်လုပ်သွားမယ်လို့ တွေ့ဆုံအပြီးမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။.....................

...ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ကြန့်ကြာရတာ အစိုးရကြောင့်ဟု KIO ဝေဖန်...


မြန်မာအစိုးရနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIO အဖွဲ့တို့ကြား အစိုးရဘက်က နိုင်ငံရေးဆိုင်ရာ သဘောထားတွေအပေါ် တိကျတဲ့အဖြေမရသေးတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကြန့်ကြာ နေရတာဖြစ်တယ်လို့ KIO ဘက်ကပြောပါတယ်။ တချိန်တည်းမှာ ကချင်ကျေးရွာတွေကို အစိုးရတပ်ဘက်က အဓမ္မရွှေ့ပြောင်း ခိုင်းတာတွေလည်း ဖြစ်နေတယ်လို့ပြောပါတယ်။ ဒီအခြေအနေ အပြည်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။......................................                            

Thursday 11 August 2011

...ပထမဦးဆုံး တရုတ် လေယာဉ်တင်သင်္ဘော စမ်းသပ်မောင်းနှင်...


တရုတ်နိုင်ငံရဲ့ ပထမဦးဆုံး လေယာဉ်တင် သင်္ဘောဟာ ပင်လယ်ပြင်ကို စမ်းသပ်ခုတ်မောင်းဖို့ ဒါလျှန်းဆိပ်ကမ်းကနေ ဒီကနေ့ပဲ ထွက်ခွာခဲ့ပါတယ်။..........................

Wednesday 10 August 2011

...ဗြိတိန်ဆူပူမှု တခြားမြို့တွေ ပျံ့နှံ့...

လန်ဒန်မြို့မှာ ဖြစ်ပျက်နေတဲ့ အဓိကရုဏ်းတွေဟာ ဒီနေ့နဲ့ပါဆို ၃ ရက် ကြာလာခဲ့ပါပြီ။ ကားတစီးထဲမှာ သေနတ်နဲ့ အပစ်ခံခဲ့ရသူ တဦးလည်း ဒဏ်ရာကြောင့် သေဆုံးသွားခဲ့လို့ ဒါဟာ ဖြစ်ပွားနေတဲ့ အဓိကရုဏ်းအတွင်း ပထမဆုံး လူသေဆုံးမှု ဖြစ်ပါတယ်။
အကြမ်းဖက် အဓိကရုဏ်းတွေဟာ လန်ဒန်မြို့ တခုတည်းတင် မကတော့ပဲ ဗြိတိန်နိုင်ငံက တခြားမြို့တွေမှာပါ ကူးဆက် ဖြစ်ပွားနေပါပြီ။

...လန်ဒန် အဓိကရုဏ်းကြောင့် ၀န်ကြီးချုပ် နားရက်က ပြန်လာရ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) ဟာ အီတလီမှာ သွားရောက်ပြီး အနားယူနေတာကို ဖြတ်တောက်ပြီး နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ဖြစ်ပွားနေတဲ့ ဆူပူ အုံကြွမှုတွေကို ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ လန်ဒန်မြို့တော်ကို အလောတကြီး ပြန်လာခဲ့ရပါတယ်။

Tuesday 9 August 2011

....ဂျပန် (နာဂိုယာ) ၏ (၂၃)နှစ်မြောက် (၈၈၈၈) အထိမ်းအမှတ် လှုပ်ရှားမှု့ ...


ဂျပန်နိုင်ငံ(နာဂိုယာ) မြို့ ရှိ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများမှ(၂၃)နှစ်မြောက်(၈၈၈၈)အထိမ်းအမှတ်အဖြစ် လက်ရှိမြန်မာ့
နိုင်ငံရေးအခြေအနေအားဂျပန်လူမျိုးများသိရှိအောင်နှင့်ဂျပန်(အစိုးရ)သို့  တောင်းဆိုမှု့ များကို အောင်မြင်စွာပြုလုပ်ခဲ့ ကြပါသည်..


Tuesday 2 August 2011

...ကိုထူးထူးဟန်ရဲ့ စစ်ရာဇ၀တ်မှု...

၁၉၈၈ မှာ ကျူးလွန်ခဲ့တဲ့ သူ့ရဲ့ စစ်ရာဇ၀တ်မှုတွေ အတွက် ICC မှာ ထွက်ဆိုလိုကြောင်း ပြောပါတယ်။
သြစတြေးလျနိုင်ငံမှာ နိုင်ငံရေးအရ ခိုလှုံနေထိုင်ခွင့် ရရှိခဲ့တဲ့ ကိုထူးထူးဟန် ဆိုသူက သူကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေအတွက် နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးမှာ ၀န်ခံ...........................

...ကိုထူးထူးဟန်နဲ့ RFA ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက် (၁)...
B0721kms by KSOE

...ကိုထူးထူးဟန်နဲ့ RFA ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းချက် (၂)...
B0721kms2 by KSOE