Monday 22 March 2010

...ဆန္ဒပြသူများ နယူးဒေလီ မြန်မာသံရုံးကို တိုက်ခိုက်...

မတ်လ ၁၉ ရက်နေ့က အိန္ဒိယနိုင်ငံ (India) နယူးဒေလီမြို့ (New Delhi) မှာရှိတဲ့ မြန်မာသံရုံးကို မြန်မာ့အရေး လှုပ်ရှားဆောင်ရွက်သူတွေက ဆန္ဒပြရင်း သံရုံးဝန်းတံခါးနဲ့ နံရံတွေကို ဆေးသုတ်ပြီး ဖျက်ဆီးခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ မတရားတဲ့ ရွေးကောက်ပွဲ ဥပဒေကို ရုတ်သိမ်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။ မြန်မာသံရုံးကို တိုက်ခိုက်ခဲ့တဲ့အတွက် ဆန္ဒပြသူ လူငယ် (၇၀) နီးပါးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ထိမ်းသိမ်းခဲ့ပါတယ်။ (V.O.A NEWS)

No comments:

Post a Comment