Saturday 20 March 2010

...NLD က လူကြီးမင်းများ ခုဘာလုပ်မလည်းတဲ့ဗျား...

NLD က လူကြီးမင်းများ ခုဘာလုပ်မလည်း

မင်းမော်စိုး|ဟိုအရင်တစ်ချိန်ကတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အခိုင်အမာ ရပ်တည်ပြီးတော့ အမျိုးသားညီလာခံကနေသပိတ်မှောက်ပြီး ဦးအောင်ရွှေ ခေါင်းဆောင်ပြီး ထွက်လာခဲ့တာ။ အခုတကယ်လို့ များ ရွေးကောက်ပွဲ ၀င်တော့မယ်ဆိုရင် အမျိုးသားညီလာခံက ထွက်လာတာ ကျွန်တော်တို့မှားပါတယ် ဆိုပြီး တိုင်းပြည်ကို ၀န်ခံတဲ့ကြေငြာချက် သူတို့ထုတ်သင့်တယ်။ နောက်တခါ ရွှေဂုံတိုင်ကြေငြာစာတမ်း၊ ဒါလည်းပဲ အခုသူတို့ ထည့်မစဉ်းစားတော့ဘူး ။ အဲဒီတော့ ပါးစပ်ကပဲ ကြေငြာချက်တွေ ပါးစပ်ကပဲ ပြောနေတယ်။
ဒီအနှစ် ၂၀ အတွင်းမှာ ကြေငြာချက်တွေပဲ ပလူပျံအောင် ထုတ်ခဲ့တယ်။ ကိုယ်ထုတ်ခဲ့တဲ့ ကြေငြာချက်တွေကိုတောင် ကိုယ်က အခိုင်အမာရပ်တည်ဖို့ သူတို့မှာ စိတ်ဓါတ်မရှိဘူး။
ဒီတော့ သူတို့ဟာ မူမရှိတဲ့ နိုင်ငံရေး ပါတီတခု၊ အဲတော့ မူမရှိတဲ့ ပါတီတခုဟာ ရာသီဥတုပြောင်းတိုင်း အရောင်ပြောင်းတဲ့ ပုတ်သင်ညိုလို အမြဲတမ်း သူဟာ အရောင်ပြောင်းပြီး ခေါင်းညိတ်နေမှာပဲ ပြည်သူက ယုံကြည်ပြီး အပြည့်အဝ ဘဝတွေ ကို ပုံအပ်ခဲ့တာ အနှစ် ၂၀ ကျော် ပြည်သူနဲ့ ပါတီ ကေဒါတွေ ထောင်ကျ မွဲပြာပုဆိုး ဖြစ်တာတွေ အဖတ်တင်ယုံသာရှိပါသည်။အချိန်တွေ အများကြီးရခဲ့ပါတယ် လူကြီးမင်းများ လက်ဖက်ရည်ကြမ်းဝိုင်းမှာပဲ နိုင်ငံရေး လေကန်ပြီး ပြည်သူလူထုကို မလေးမစား လုပ်ပြီး မေ့ထားခဲ့ကြတာ အင်မတန်အပြစ်ကြီးပါတယ်။လူကြီးမင်းများရဲ့  သိက္ခာ သမာဓိ၊ပါတီရဲ့  လမ်းစဉ် တွေကို ပြည်သူလူထုက ယုံကြည်ခဲ့ပြီး မဲပေးခဲ့တာကို သတိတရနှင့် လူကြီးမင်းများ ပြည်သူ့ ဆန္ဒကို အကောင်အထည်ဖော်ပေးရမှာပါ။မြေပေါ် ပါတီ အနေနှင့် မရရင် မြေအောက်လှုပ်ရှားမှု ကို မရရအောင် အကောင်အထည်ဖော်ပြီး တော်လှန်ရေးကို ဦးဆောင်ရမှာပါ။ ၈၈ ဟာ လူမှုဘဝတစ်ရပ်လုံး ပြောင်းလည်းဖို့ စခဲ့တဲ့ တော်လှန်ရေးကြီးပါ။၈၈ မှာ သွေးတွေချွေးတွေ ရင်းပြီးမှ ၁၉၉၀ ရွေးကောက်ပွဲ ဆိုတဲ့ ရလဒ်ဖြစ်လာရတာပါ။ဘယ်ပါတီပဲဖြစ်ဖြစ် ရပ်တည်မှု အကျပ်အတည်းတွေရှိမှာပါ ဒါပေမဲ့ မိမိပါတီရဲ့ ရပ်တည်မှု၊ယုံကြည်ချက် တွေကိုတော့ မြဲမြံစွာရပ်တည်သင့် ပါသည်။ပြည်သူလူထု ကိုတော့ ကြေငြာချက်တွေ ထုတ်ပြန်ပြီးမှ လူကြီးမင်းတို့ ဘုတ်တေးဆိုပြီး ခလေးကစား သလို လုပ်နေတာတွေ ရပ်ပြီး တော်လှန်ရေးကို ဦးစီးပြီး အကောင်အထည်ဖော်ပါ လို့ ပြောလိုပါသည်။

မင်းမော်စိုး
( ပေးပို့ သူ ကိုမင်းမော်စိုး အားကျေးဇူးတင်ရှိပါတယ် )

No comments:

Post a Comment