Monday 23 August 2010

.မြန်မာအရေးနှင့်ပတ်သက်၍ဂျပန်နိုင်ငံခြားရေးဝန်ကြီးပြော ကြား.

ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(နိုင်ငံခြားသတင်းမှ)
ဂျပန်နိုင်ငံ TBS NEWS ၏ ထုတ်လွှင့်မှု(ပြည်တွင်းသတင်းမှ)

ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်ခြင်းမရှိသော နအဖကကျင်းပမည့် နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်းကို ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ OKADA KATSUYAက၂၀၁၀ခုနှစ်၊သြဂုတ်လ၊(၂၀)ရက်-သောကြာနေ့တွင် ပြောကြားလိုက်ပါသည်။
ထို့အပြင် ဂျပန်နိုင်ငံအနေဖြင့် နအဖကပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပါတ်သက်၍......
ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသော ရွေးကောက်ပွဲအား ဂျပန်နိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကလည်း စစ်မှန်၍တရားမျှတမှုရှိသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုလိမ့်မယ်မဟုတ်ကြောင်းကို မြန်မာအရေးနှင့်ပါတ်သက်၍ ဂျပန်နိုင်ငံရှိ နအဖစစ်အခွန်ရုံးသို့ တိုက်ရိုက်စာပို့အကြောင်းကြားခဲ့ကြောင်းကိုလည်းဝန်ကြီးက ပြောကြားခဲ့ပါသည်.

ဤအချက်ကိုထောက်ရှူ့ခြင်းဖြင့် ဂျပန်နိုင်ငံတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေသော မြန်မာလူမျိုးတို့၏
ဒီမိုကရေစီအရေးလှုပ်ရှားမှုများ၊နေ့စဉ်နေ့တိုင်း လိုလိုတောင်းဆိုဆန္ဒပြမှုများကို ဂျပန်အစိုးရအနေဖြင့် အသိအမှတ်ပြုကြောင်းထင်ရှားပါသည်။သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအနေဖြင့် ယခုကဲ့သို့ ဆက်လက်၍ စည်းလုံးညီညွတ်စွာဖြင့် ပြည်တွင်းပြည်ပ ချိတ်ဆက်၍ နအဖ၏ နိုဝင်ဘာ(၇)ရက်နေ့ ရွေးကောက်ပွဲအား နည်းမျိုးစုံဖြင့်ဆန့်ကျင်တိုက်ဖျက်ကြပါစို့....လို့ တိုက်တွန်းရေးသားလိုက်ရပါသည်။
လေးစားစွာဖြင့်

အေးနန္ဒာအောင်
http://www.lanpyakye.org
http://www.lanpyakye.com

No comments:

Post a Comment