Monday 30 August 2010

...ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ အဖွဲ့  ပေါင်းစုံ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲ...

ဂျပန်နိုင်ငံရှိမြန်မာ့ဒီမိုကရေစီအဖွဲ့ပေါင်းစုံ၏ဒုတိယအကြိမ်မြောက်
ညှိနှိုင်းအစည်းဝေးပွဲကိုယနေ့(၂၀၁၀ခု၊သြဂုတ်လ၊၂၉ရက်)၌Tokyoမြို့ရှိ
Takadanobaba,RecycleCenterတွင်ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင်အောက်ပါအချက်များကိုဆွေးနွေးဆုံးဖြတ်အတည်ပြု
ခဲ့ကြပါသည်။
“၂ဝ၁ဝ ရွေးကောက်ပွဲကို ဆန့်ကျင်ရေး” ဟူသော တိကျသည့်ရည်ရွယ်ချက်ကို အဆိုပါ ရွေးကောက်ပွဲ ပြီးသည့်အချိန်ထိ အချိန်အကန့်အသတ်ဖြင့် အကောင်အထည်ဖော် လှုပ်ရှားရန်အတွက် “၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)”၊ အင်္ဂလိပ်ဘာသာဖြင့် 2010 Election Boycott Committee (Japan) ကို အောက်ပါအဖွဲ့အစည်းများဖြင့် စတင် ဖွဲ့စည်းလိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ NLD-LA (JB)
မြန်မာ့ဒီမိုကရေစီ အဖွဲ့ ချုပ်၊ LDB
Burma Democratic Action Group BDA
Democratic Federation of Burma DFB
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ နိုင်ငံခြားရေးရာ ကော်မတီ ABFSU
လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ၊ ဂျပန်ဌာနခွဲ DPNS
မြန်မာနိုင်ငံသားဒုက္ခသည်များကူညီစောင့်ရှောက်ရေးအသင်း BRSA
Save Burma
Peaceful Burma
ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း AUN
မြန်မာနိုင်ငံသား အလုပ်သမားသမဂ္ဂ အဖွဲ့ချူပ် (ဂျပန်ပြည်) FWUBC
SCI
အလင်းအိမ်(မဂ္ဂဇင်း)
နောက်ထပ်ပူးပေါင်းပါဝင်လာမည့် အဖွဲ့များကိုလည်း လက်ခံမည် ဖြစ်ကြောင်းသိရပါသည်။

လမ်းပြကြယ်မှတဆင့်မျှဝေပါသည်..။

No comments:

Post a Comment