Thursday 29 September 2011

...သမထဝိပဿနာ နည်းနှစ်ဖြာဖြင့် တရားရှုမှတ်ခြင်းသည် ကိုယ်စိတ်ဒုက္ခ ခံစားရမှု့ များလျော့ပါးစေသည်...

Wake Forest တက္ကသိုလ်မှ သုတေသီတစ်စုသည် သမထနှင့် ၀ိပဿနာ နည်းနှစ်မျိုးဖြင့် တရား ရှုမှတ်၍ မခံရပ်နိုင်သော (သို့) ပြင်းထန်သော ဝေဒနာခံစားရမှု တို့အား လျော့ကျစေမှုကို ဦး နှောက်တွင်း ပုံရိပ်ဖော်စက် စကင် နာသုံးကာ စူးစမ်းလေ့လာခဲ့ကြ သည်။....................


သုတေသီအဖွဲ့သည် ဆိုခဲ့ပါ စမ်းသပ်ချက် မပြုခင် တရားရှု မှတ်ခြင်းမျိုး လုံးဝမပြုလုပ်ဘူးသူ ၁၅ဦးအား စမ်းသပ်ခဲ့ကြခြင်း ဖြစ် သည်။

လေ့လာချက်တွင် ပါဝင်သူ ၁၅ဦးအား တစ်နေ့လျှင် မိနစ်၂၀ မျှ လေးရက်တာ သမထနှင့် ၀ိ ပဿနာတရား ရှုမှတ်ခြင်းများ ပြု လုပ်စေကာ တရားရှုမှတ်နေစဉ် အတွင်း အပူချိန် ၁၂၀ဒီဂရီရှိ အပူဓာတ် ထုတ်လွှတ်ထားခြင်း ဖြင့် ၎င်းင်းတို့၏ သည်းမခံနိုင်သော ဝေဒနာခံစားမှုကို လေ့လာစူးစမ်း ခဲ့ကြသည်။

ဆိုခဲ့ပါ နည်းနှစ်မျိုးဖြင့် တရားရှုမှတ်ခြင်းသည် ပြင်းထန် စွာ ခံစားရသော ဝေဒနာတို့အား ၄၀ရာနှုန်းနှင့် သက်တောင့်သက် သာ မရှိလှသော ဝေဒနာခံစားရမှု အား ၅၇ရာနှုန်း လျော့နည်းစေ ကြောင်း တွေ့ရသည်ဟု လေ့လာ ချက်ကဆိုသည်။

ထို့အပြင်လေ့လာမှုတွင် ပါ ၀င်သူများ တရားရှုမှတ်နေစဉ် ၎င်းင်းတို့၏ ဦးနှောက်အစိတ်အပိုင်း များ မည်သို့ပြောင်းလဲဖြစ်ပေါ် ကာ ဝေဒနာခံစားမှု အတိုင်းအဆ လျော့ကျမှုအား သံလိုက်စက်ကွင်း သုံး ပုံရိပ်ဖော်စက်ဖြင့် လေ့လာခဲ့ရာတွင် ဦးနှောက်အတွင်း မှ အစိတ်အပိုင်းတစ်ခုဖြစ်သောSomato Sensory နေရာမှ တုံ့ ပြန်လှုံ့ဆော်မှုကြောင့် ဖြစ်ကြောင်း ဖော်ပြထားသည်။

တရားရှုမှတ်ခြင်းသည် အမှန်တကယ်ပင် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခံစားရမှုများအား ယုတ် လျော့စေခြင်းကြောင့် ပြင်းထန် သော နာကျင်မှုဝေဒနာ ခံစားရ ခြင်းများ သက်တောင့်သက်သာ မရှိလှသော ဝေဒနာခံစားရခြင်း များကို လျော့နည်းစေကြောင်း ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများ ခံစား ရစဉ် ခံစားရချက် အတိုင်းအဆ အား ဦးနှောက်ဆီသို့ သတင်း ပေးပို့မှုကို တရားရှုမှတ်ခြင်းက လျော့နည်းစေသည်ဟု အကြံပြု လိုကြောင်း သုတေသီအဖွဲ့မှ တွဲ ဖက်စာရေးဆရာFadel Zeidanက ပြောဆိုထားသည်။

စိတ်အာရုံစူးစိုက်အား ကောင်းကောင်းဖြင့် တရားရှုမှတ် ခြင်းသည် နာကျင်ဝေဒနာခံစား ရမှုများ၊ စိတ်သောကများနှင့် အခြားသော ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ကျန်းမာရေးပြဿနာရပ် များ ရှိသည့်သူများအား ပြေငြိမ်း အောင် အထောက်အကူ ပြုနိုင် ကြောင်း သို့ရာတွင် ရက်ပိုင်း အားဖြင့် မဟုတ်ဘဲ ရက်သတ္တ ပတ်များစွာ ကျင့်ကြံအားထုတ်ရ မှာဖြစ်ကြောင်း စသည်ဖြင့် ယခင် သုတေသနများကလည်း တွေ့ရှိ ဖော်ပြခဲ့ကြပြီး ဖြစ်သည်။

ှSource : TMC

No comments:

Post a Comment