Wednesday 30 March 2011

(၂၈.၃.၂၀၁၁)နေ့  ဂျပန် ညူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအခြေအနေ..

အကျပ်အတည်းတွေ့နေတဲ့ညူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံကနေ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့ပမာဏဟာ အအေးပေးစနစ်အတွင်းရှိတဲ့ ပုံမှန်ပျံ့နှံ့မှု ပမာဏ ထက် အဆပေါင်း ၁၀ သန်းများပြားနေတယ်လို့ မတ်လ ၂၇ ရက်နေ့မှာ TEPCO ၀န်ထမ်းတဦးက မှတ်တမ်းတင်ခဲ့တာကို အများက သိရှိခဲ့ပြီးတဲ့နောက် အဲဒီကိန်းဂဏန်းဟာ မဟုတ်ဘူးလို့ TEPCO အရာရှိ တွေက နောက်ပိုင်းမှာ ရှင်းလင်းပြောကြားခဲ့ပါတယ်။ 
 
ဒီလောက် သေရေးရှင်ရေးဖြစ်လုမတတ်အခြေအနေမှာ မှားယွင်းတယ်ဆိုတာဟာ နားလည်မှုပေးဖို့ရာနဲ့ ခွင့်လွှတ်ဖို့ရာခက်ခဲလှပါတယ်။ ဒီဟာ မှတ်တမ်းကောက်ယူမှုမှာ ပြန်လှန်စစ်ဆေးမှုမရှိဘူးဆိုတာကို ဖော်ပြ နေသလို TEPCO ရဲ့ အကျပ်အတည်းအခက်အခဲကို ကိုင်တွယ်မှု အင်မတန်ပေါ့လျော့တယ်ဆိုတာကို လည်း ဖော်ပြနေပါတယ်။
အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို က အခြေအနေတွေကို ပိုဆိုးမလာအောင်ထိန်းသိမ်းဖို့ကြိုးစား နေပေမဲ့လည်း အခက်အခဲအကျပ်အတည်းတွေရှိနေတယ်လို့ပြောပါတယ်။ သတင်းအချက်အလက်တွေ ကို တိကျမှန်ကန်စွာနဲ့မထုတ်တဲ့ TEPCO ကို ယုကိအိုအဲဒါ့နိုက ပြစ်တင်ဝေဖန်လိုက်ပါတယ်။
တနင်္ဂနွေနေ့ညပိုင်းမှာ ညူကလီယားဘေးကင်းရေးဆိုင်ရာအေဂျင်စီရဲ့အရာရှိတဦးဖြစ်တဲ့ မီနိုးရု အိုဂိုတာ က ဓာတ်ပေါင်းဖိုတွေရဲ့ရေထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်တွေ တန်ချိန် ရာနဲ့ချီရှိနေတယ်လို့ပြောပါ တယ်။

ကျော်ကျော်စိုး
၁း၁၅ နာရီ
မတ်လ ၂၈ ရက် ၂၀၁၁ ခုနှစ်
( မေလ်း မှတဆင့်ရရှိပါသည် )

No comments:

Post a Comment