Thursday 17 March 2011

...ပြင်သစ် နှင့် အာရပ် နိုင်ငံများက လစ်ဗျား ကို ၀င်တိုက်တော့မည်...

France: Arab States Ready to Use Force in Libya
ကဒ်ါဖီ ရဲ့ တပ် တွေ က လစ်ဗျား ဒီမိုကရေစီ လိုလားသူတွေ ရဲ့ နောက်
ဆုံးခံတပ် မြို့ ဖြစ်တဲ့ ဘန်ဂါဇီ မြို့ ကို သိမ်းပိုက် ဖို့ ချီတက် လာချိန်မှာ အာရပ်လိဂ်
နဲ့ ပင်လယ်ကွေ့ ပူးပေါင်းဆောင် ရွက်မှု နိုင်ငံများ အဖွဲ့ က လစ်ဗျား နိုင်ငံ ကို
ဝင်ရောက် တိုက်ခိုက်တော့မှာ ဖြစ်တယ်လို့  ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီးက


သူ့  ရဲ့ အင်တာနက် စာမျက်နှာ မှာဖော်ပြထားပါတယ်။ဆန္ဒပြသူ တွေ ကို လေယာဉ် နဲ့ ဗုံးကြဲပြီး သတ်ပစ်ခဲ့တဲ့ ကဒါဖီ ရဲ့ သား ဆာအိဖ်
အစ္စလာမ် ကတော့ နောက် ၄၈ နာရီ အတွင်းမှာ ဘန်ဂါဇီ မြို့ တွင်း ကို သူအရောက်
လာခဲ့မယ်လို့ ဆိုပါတယ်။
ကဒါဖီကတော့ လက်နက်ချ မယ့် သူပုန်တွေ ကို စကောလားရှစ် ပေးမယ်လို့ 
ကြေငြာထားပါတယ်။ ဘန်ဂါဇီ တစ်မြို့ လုံးကတော့ စစ်ပွဲဆင်နွှဲ ဖို့ အသင့်ပြင်
ထားတယ်လို့  ဝေါလ်စထရိ ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ပြင်သစ် နိုင်ငံခြားရေး ၀န်ကြီး အာလျှန် ရပ်ပီ ကတော့ ဘယ် အာရပ် နိုင်ငံ
တွေက ၀င်တိုက်မှာ လဲ ဆိုတာ ဖော်ပြမထား ပါဘူး။
ပြင်သစ် နိုင်ငံဟာ လစ်ဗျား ကြားဖြတ် အစိုးရ အဖွဲ့ ကို ပထမဦး ဆုံး အသိအမှတ်
ပြုခဲ့တဲ့ အာရပ် နိုင်ငံ ဖြစ်ပါတယ်။
အခုတော့ ဘန်ဂါဇီ မြို့ နဲ့ အနီး ဆုံး မြို့ တစ်ခု ဖြစ်တဲ့ အက်ဒါဘီယာမှာ တိုက်
ပွဲ တွေ ပြင်းထန်နေပါတယ်။
လစ်ဗျား သူပုန် တပ် ဖွဲ့ တွေက သူတို့ ရဲ့ ကာကွယ်ရေး ဦးစီးချုပ် အဖြစ် ယခင်
ပြည်ထဲရေး ၀န်ကြီး ဟောင်း ကို တင်မြှောက်လိုက်ပါတယ်။
မူရင်း သတင်း စာမျက်နှာ ရှိရာ သို့ သွားရန် ဤနေရာတွင် နှိပ်ပါ

No comments:

Post a Comment