Wednesday 30 March 2011

(၂၉.၃.၂၀၁၁)နေ့  ဂျပန် ညူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံအခြေအနေ..

ညူကလီးယားစွမ်းအင်သုံး ဖူကူရှီးမားလျှပ်စစ်ဓာတ်အားပေးစက်ရုံရဲ့ နံပတ် ၂ ဓာတ်ပေါင်းဖိုရှိရာ အဆောက်အဦရဲ့အပြင်ဘက် တာဘိုင်စက်ထားရှိတဲ့ မြေအောက်ခန်းက ရေထဲမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့နေတဲ့ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိနေပြီး အဲဒီလို မြင့်မားနေတာဟာ......
 
ဓာတ်ပေါင်းဖိုတွင်းက လောင်စာတောင့်တွေ တစိတ်တပိုင်း အရည်ပျော်သွားတာကြောင့်ဖြစ်နိုင်တယ်လို့ ဂျပန်အစိုးရရဲ့ ညူကလီယားနဲ့စက်မှုလုပ်ငန်းဆိုင်ရာဘေးကင်းရေးအေဂျင်စီအကြီးအကဲ ဟာရုကိ မာဒါရာမဲ က မတ်လ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

အလားတူပဲ ဓာတ်အားပေးစက်ရုံအနီးက ပင်လယ်ပြင်ထဲမှာ ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေပျံ့နှံ့ နေတဲ့အဆင့်ပမာဏဟာ အင်မတန်မြင့်မားတယ်လို့ TEPCO က ပြောပါတယ်။
ဟာရုကိမာဒါရာမဲ က ဒီအခြေအနေဟာ အင်မတန်စိုးရိမ်စရာကောင်းတယ်လို့ ဆိုပါတယ်။ 

အဲဒီရေတွေ ပြင်ပမရောက်အောင် ကောင်းကောင်းထိန်းသိမ်းနိုင်ဖို့လိုတယ်လို့ ပြောပါတယ်။
ဒီအခြေအနေကြောင့် နောင်မှာဘာတွေဖြစ်ပျက်လာမလဲဆိုတဲ့ စိုးရိမ်စိတ်တွေကို မြင့်တက်လာစေပါတယ်၊
အမြတ်အစွန်းမရှာတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ ညူကလီယားသတင်းအချက်အလက်ဆိုင်ရာ ပြည်သူများ အဖွဲ့ရဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ မိချိအာကိ ဖူရုကာဝါ့ က  အဆိပ်သင့်နေတဲ့ရေတွေ၊ ပျက်စီးနေတဲ့ အအေး ပေးစနစ်၊ အကျပ်အတည်းတွေ့နေတဲ့ဓာတ်အားပေးစက်ရုံရဲ့အခြေအနေတွေကို ကောင်းကောင်းပြန်လည် ကိုင်တွယ်ထိန်းချုပ်နိုင်ဖို့ဆိုတာ တလ လောက်အချိန်ယူရလိမ့်မယ်လို့ တနင်္လာနေ့မှာ ပြောဆိုလိုက်ပါ တယ်။ အဲဒီနောက်မှာတော့ စက်ရုံကို ချာနိုဘိုင်းလိုမျိုး ကွန်ကရစ်နဲ့မံပြီး အပြီးအပိုင်ပိတ်သိမ်းလိုက်ရလိမ့် မယ်လို့ ပြောဆိုလိုက်ပါတယ်။

ကျော်ကျော်စိုး
၆း၄၅ နာရီ
မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ်
( မေလ်း မှတဆင့်ရရှိပါသည် )

No comments:

Post a Comment