Thursday 17 March 2011

...အထီးကျန် ဗိုလ်ချုပ်များ မြန်မာ ကို ကမ္ဘာ နှင့် အဆက် အသွယ် ဖြတ်...


                 ကောင်း ကင် အင်တာနက် မဂ္ဂဇင်းမှ ကာတွန်း
ဟိန်းခိုင်ထွန်း၊              ၊မြန်မာ နိုင်ငံ တွင်း ရှိ ပြည်သူများ နိုင်ငံ တကာ သို့ ဆက် သွယ် မှု ပြု
ရာတွင် အရေး ပါသည့်အင်တာနက် ဆက်သွယ်ရေး ၀န်ဆောင် မှု များ ဖြစ်သော Skype , Gtalk , Pfingo, VZO  စသည့် ၀န်ဆောင် မှု များ သည် မြန်မာ့ ဆက် သွယ်ရေးလုပ်ငန်း၏၀င်ငွေကိုထိခိုက်စေသောကြောင့် ကြီးကြပ် ကွပ် ကဲ ဆောင် ရွက် သွား မည် ဖြစ်ပြီး ဥပဒေ နှင့် အညီ လည်း အရေးယူမည် ဟု သတိပေး ပြောကြားထားသည်။ 



ပြည်တွင်း ရှိ မြန်မာ လူမျိုးများ သည် နိုင်ငံတကာ ရှိ ၎င်း တို့ ၏ မိတ် ဆွေ သားချင်း များ နှင့်
ဆက် သွယ်ရေးတွင် Gtalk , Skype, Pfingo စသည့် ၀န်ဆောင် မှု များ ကို အဓိက ထား သုံး
ကြသည်။
အခမဲ့ အင်တာနက် ဆက်သွယ်ရေး လိုင်းများ ကို ယခု ကဲ့ သို့  ခွင့်ပြုခြင်း မရှိ ခြင်း ကြောင့် အင်
တာနက် ဆိုင်များ ၏ ရပ် တည် ရေး မှာ ပိုမို ခက် ခဲ သွား နိုင် သည် ဟု သုံးသပ် သည်။
နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦးက “လက်ရှိ နိုင်ငံတကာမှာ ဖြစ်နေတဲ့ လူထု အုံကြွ
မှု တွေ ပြည်တွင်း လူငယ် တွေ ရဲ့  လှုပ်ရှား မှု အချို့ တွေ ကို နအဖ စိုးရိမ် နေပုံရတယ် ။သူ
တို့  အင်တာ နက် စနစ် ကို လုံး ၀ ဖြတ်တောက် ပစ်ချင် နေတာ ဟု Freedom News Group
သို့ ပြောသည်။
မြန်မာ နိုင်ငံ တွင် အင်တာနက် ဆက်သွယ်ရေးဝန်ဆောင် မှု ကို ၂၀၀၂ ခုနှစ် မှ စ၍ အများ
ပြည်သူများ သုံး ဆွဲ ရန် ခွင့်ပြု ခဲ့သော်လည်း  အင်တာနက် တပ် ဆင်ခမှ မြင့် မား သော
ကြောင့်  အင်တာနက် သုံးစွဲ သူ အများစု မှာ ဆိုင်ဘာ ကဖေး တွင် သုံးစွဲ ရသည်။
ထင်ရှား သည့် သတင်းစာ ဆရာ ကြီး တစ်ဦးက မူ “မြန်မာ စစ်အစိုးရသည် ပြည်သူ
တို့ ၏ ဒေါသ ကို ဆွပေး နေ သလို  ဖြစ်နေ ပြီး အချိန် မရွေးပေါက် ကွဲ နိုင်သည် ဟု  ဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင် ဆရာကြီး ဦးဝင်းတင် ကမူ မစ္ဇျိမ သတင်းဌာန
Radio Free Asia တို့  နှင့် ဆက်သွယ် ပြောကြား ရာတွင် မြန်မာ နိုင်ငံ ဉ် လူထု အုံကြွမှု
အနှေး နှင့် အမြန် ဖြစ် နိုင်သည် ဟု ပြောကြား ခဲ့သည်။
မြန်မာ စစ်အစိုး ရ သည် အများ ပြည်သူသုံး အင်တာ နက် ဆက်သွယ်ရေး စနစ် ကို နှေး
ကွေးအောင် ပြုလုပ် ထားသော် လည်း ၎င်းတို့ ၏ လေ့ကျင့် ပေး ထား သူများ မှ အင်တာ
နက် ၀ဘ်ဆိုတ်များ ကို တိုက် ခိုက် ခြင်း နိုင်ငံ ရေး လှုပ်ရှား သူများ ကို အပုပ် ချ ပြောဆိုခြင်း
များ ကို တိုး မြှင့်လုပ် ဆောင်လာသည်။

No comments:

Post a Comment