Tuesday, 7 December 2010
...အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်စု နှင့် တွေ့ ဆုံရန် မြန်မာနိုင်ငံ သို့ ထွက်ခွာ...
အရှေ့ အာရှ နှင့် ပိစိဖိတ် ဒေသဆိုင်ရာ ဒု လက်ထောက်
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph
Y Yun မြန်မာ ပြည် ခရီးစဉ် ဉ် လွန်ခဲ့သည့် လ နိုဝင်ဘာ
၁၃ ရက်နေ့ က နေ အိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်
မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ
မည်ဟုသတင်းရရှိသည်။
ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း သည် အမေရိကန် နှင့် အရှေ့ တောင်
အာရှ နိုင်ငံများ နှင့် အဆီယံ ဆက်ဆံ ရေး အတွက် လည်း
တာဝန် ယူထာသူဖြစ်သည်။
သူ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ 
ချုပ် အပါအ၀င် အခြား နိုင်ငံရေး ပါတီ များ အပြင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ နှင့် ပါ တွေ့ ဆုံမည် ဟု သတင်းရရှိသည်။
ဂျိုးဆက်(ဖ)ယွန်း သည် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး နောက် ပထမ ဦးဆုံး
လာရောက် တွေ့ ဆုံသည့် အမေရိကန် အစိုးရ နိုင်ငံခြားရေး ၀န်ကြီးဌာန မှ အရာရှိ တစ်
ဦး ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် သည် နေအိမ် အကျယ်ချုပ် ကာလ အတွင်း အမေရိကန် လက်ထောက်
နိုင်ငံခြားရေး ၀န်ကြီး ကတ်ကမ်ဘဲလ် နှင့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလ တွင် တစ်ကြိမ် ယခု နှစ်
မေလ တွင် တစ်ကြိမ် တွေ့ ဆုံခဲ့သည်။
ဂျိုးဆက်(ဖ) ယွန်း သည် အင်္ဂါနေ့ တွင် မြန်မာ နိုင်ငံ သို့ ရောက်ရှိ မည် ဖြစ်ကြောင်း
Freedom News Group မှ သတင်းရရှိသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment