Tuesday 28 December 2010

...တောင် နှင့် မြောက် ကိုရီးယား စစ်ဖြစ်လုနီးနီး အခြေအနေဖြစ်နေ...


တောင်ကိုးရီယား နိုင်ငံ က နယ်စပ် တစ်လျှောက် မှာ တိုက်လေယာဉ် တွေ ၊ စစ်သင်္ဘောတွေ ၊ ဒုံးလက်နက် တွေ ပါတဲ့....


စစ်ရေး လေ့ကျင့်မှု တွေ ပြုလုပ်တာ ကို မြောက် ကို ရီးယား က စစ်ဖြစ်ဖို့ အတွက် ရန်စ နေ တာ လို့ စွပ်ဆွဲ ခဲ့ပြီး တကယ်
လို့ စစ်ဖြစ်ခဲ့ရင် မြောက် ကိုးရီးယားက ညူကလီယား က လက်နက် သုံးပြီး မွန်မြတ် တဲ့ စစ်ပွဲ ကို ဆင်နွှဲ သွားမယ်
လို့ ဆိုပါတယ်။


တောင် ကိုရီးယား နိုင်ငံဟာ ၁၉၅၃ ခုနှစ် စစ်ပြေငြိမ်းရေး စာချုပ် ချုပ် ဆိုပြီးနောက် က စလို့  အကြီးမားဆုံး စစ်ရေးလေ့ ကျင့်မှု တွေ ကို ဒီသီတင်း ပတ် အတွင်း မှ လုပ်ဆောင်ခဲ့ တာ ဖြစ်ပါတယ်။
အခုလိုတောင် ကိုရီးယား ရဲ့ စစ်ရေး လေ့ကျင့်ရမှု ဟာ ပြီး ခဲ့တဲ့ လ အတွင်း တောင် ကိုရီး ယား ပိုင်း ကျွန်း
တစ်ခု ကို မြောက် ကိုရီးယား က စတင် ရန် စ ကျူးကျော် ခဲ့တာ ကြောင့် လို့ ဆိုပါတယ်။

တောင် ကိုရီးယား ရဲ့ စစ်ရေးလေ့ကျင့်မှု့ ဟာ နှစ်နိုင်ငံ နယ်စပ် တစ်လျှောက် မှာ ဖြစ်ပြီး ကျဉ်ဆန် အစစ်
တွေ ကို သုံးပြီး လေ့ကျင့်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့ တဲ့ သီတင်း ပတ် အတွင်းက အမေရိကန် အစိုးရ က ပြုံးယမ်း
ကို တရားဝင် စေလွှတ်လိုက် တဲ့ နယူးမက္ကဆီ ကိုပြည်နယ် အုပ်
ချုပ်ရေး မှု ဘီလ်ရစ်ချဒ် ဆန် ကတော့ စစ်ပွဲ က ဖြစ်လုနီး နေပြီ
လို့ CNN သတင်းဌာန ကိုပြောပါတယ်။
မြောက် ကိုရီးယား ရဲ့ စစ်လက် နက် ပစ္စည်း တစ်ချို့ ဟာ ခောတ်မမှီတော့ ပေမယ့် အမြဲ
တမ်း စစ်အင်အား ခုနှစ်သိန်း ကျော်ရှိပါတယ်။
( FNG NEWS )

No comments:

Post a Comment