Saturday 4 December 2010

...ဦးတေဇ ဘဏ်သစ် အွန်လိုင်း ၀န်ဆောင်မှု စတင်စီစဉ် ...

စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (Asia Green Development Bank)သည် အစိုးရ၏ ရတနာပုံ ၀က်ဘ်ပေါ်တယ်နှင့် ပူးပေါင်းကာ အွန်လိုင်း ဖုန်းဘီလ် ၀န်ဆောင်မှုကို စတင် လုပ်ဆောင်ရန် စီစဉ်နေသည်။

b02
နေပြည်တော်ရှိ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(Asia Green Development Bank) ဘဏ်ခွဲ(ဓာတ်ပုံ - မြန်မာတိုင်းမ်)

ထို့အပြင် ကျပ် ၅ သိန်းတန် CDMA ဖုန်း လျှောက်ထားရာတွင် အွန်လိုင်းမှ လျှောက်ထားကာ ဖုန်းကျငွေကို အဆိုပါ ဘဏ်သို့ တိုက်ရိုက် ငွေလွှဲနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမှုလည်း စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ်များသည် လာမည့် ၂၀၁၁ ခုနှစ်တွင်  မြန်မာပြည်၏ အဓိက စီးပွားရေးလုပ်ငန်းများအား အာဏာပိုင်နှင့် နီးစပ် သည့် စီးပွားရေးလုပ်ငန်းရှင်များသာ လက်ဝါးကြီးအုပ်ချုပ်ကိုင်သွားမည့်.......


 
အလားအလာတခုဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး အသိုင်းအ၀ိုင်းတွင် ပြောဆိုနေကြသည်။
“အွန်လိုင်းပေါ်ကနေ ၅ သိန်းတန် ဖုန်း လျှောက်။ ငွေကို ဦးတေဇရဲ့ဘဏ်မှာသွင်း။ ဖွင့်ထားတဲ့ ဘဏ်သစ်လည်း အလုပ်ဖြစ် မယ်၊ သူ့ကုမ္ပဏီက ထုတ်တဲ့ ၅ သိန်းတန် တယ်လီဖုန်းတွေကိုလည်း လွယ်လွယ်ကူကူ ပိုရောင်းလို့ရမယ့်နည်း လည်းဖြစ် တယ်။ လုပ်ငန်းရှင်ကတော့ သူ့အတွက် အကျိုးအမြတ်ဘယ်လောက်ရမလဲရယ် ၊ ကိုယ့်ဈေးကွက်ကို ချဲ့ပြီး သုံးစွဲ သူကို ဘယ်လိုချုပ်ကိုင်မလဲ စဉ်းစားမှာပဲ။ သုံးစွဲသူတွေဘက်က ကိုယ့်ကုမ္ပဏီက ထုတ်တဲ့ပစ္စည်း ဒါမှ မဟုတ် ၀န်ဆောင်မှုကို အသုံးမပြု မနေရဖြစ်အောင် လုပ်ပြီးရင် ကြိုက်သလို ချုပ်ကိုင်လို့ ရပြီလေ”ဟု စီးပွားရေး စာရေးဆရာတဦးက ပြောသည်။

၎င်းက ဆက်လက်၍“ပြည်သူတွေ ဘက်ကကြည့်ရင် ပုဂ္ဂလိကနဲ့ တိုက်ရိုက်လုပ်ရတော့ မြန်မယ်၊ ကောင်းမယ် ဒီအကျိုးကျေး ဇူးတွေရှိတာပေါ့။ တဖက်မှာ အာဏာပိုင်နဲ့ နီးစပ်တဲ့လူတွေ ပိုစီးပွားရေး ဖြစ်ထွန်းလာမှာပေါ့။ တကယ် လွတ်လွတ်လပ်လပ်နဲ့ သာ လုပ်ပိုင်ခွင့်တွေ ပေးမယ်ဆိုရင် ဖွံ့ဖြိုးတဲ့ စီးပွားရေးစနစ်တခုကို ဖော်ဆောင်နိုင်မယ်လို့ မှန်းရတာပေါ့”ဟု ပြောသည်။

ဦးတေဇ သည် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်သစ် အပြင် ကျပ် ၅ သိန်းတန် CDMA တယ်လီဖုန်း ဟန်းဆက်များ ထုတ်လုပ် ရောင်းချနေပြီး တခါသုံး ဖုန်းကတ်များကို လည်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိ ထားသူ ဖြစ်သည်။

ဦးတေဇပိုင် ထူး ကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်သော E – Lite ကုမ္ပဏီသည်လည်း ဖိုက်ဘာဆက်ကြောင်းဖြင့် အင်တာနက်၊ ရုပ်မြင်သံကြားလိုင်း၊ တယ်လီဖုန်းလိုင်း ၃ မျိုး အသုံးပြုနိုင်သော Fiber to the Curb၊ Fiber to the Home၊ Fiber to the Building (FTTx) ကို မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခွင့် ရရှိခဲ့သည်။

ပြည်တွင်း IT လေ့လာနေသူ တဦးကမူ လက်ရှိ မြန်မာနိုင်ငံ၏ အင်တာနက် သုံးစွဲရမှုသည် ကန့်သတ် ထိန်းချုပ်ခြင်းများ ရှိနေ သောကြောင့် အင်တာနက် အသုံးပြု ဆောင်ရွက်မည့် စီးပွားရေး လုပ်ငန်းများတွင် အောင်မြင်မှု ထက်ဝက်ခန့်မျှပင် ရရှိရန် မလွယ်ကူကြောင်း ပြောသည်။

ယခုတပတ်ထုတ် 7 Day ဂျာနယ်တွင် ရန်ကုန်မြို့တွင်းရှိ အင်တာနက်ဆိုင်များတွင် CCTV ကင်မရာ တပ်ဆင် ရန်နှင့် သုံးစွဲသူ များအား စောင့်ကြည့်နိုင်မည့် ၀န်ထမ်း ၄ ဦးခန့်ထားရန် မြို့နယ်အလိုက် အာဏာပိုင်များက အစည်းအဝေးခေါ်၍ အသိပေး ထားကြောင်း ပါရှိသည်။

အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်နှင့် နီးစပ်သူ မန္တလေးမြို့နေ စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း“ပုဂ္ဂလိကဆိုပြီး အာဏာပိုင်နဲ့ နီးတဲ့ လူတွေကို ချပေးရုံနဲ့တော့ စီးပွားရေးလုပ်ငန်းတွေ အကုန်လုံး တိုးတက်လာမယ်လို့တော့ ပြောလို့မရဘူး။ ဦးတေဇ ဘဏ် ကနေ ATM ကတ်တွေနဲ့ ထုတ်လို့ရဖို့ စီစဉ်နေတာတွေ ရှိတယ်။ စက်တွေမှာထားတာရောက်နေပြီ ခွင့်ပြုချက်မရသေးလို့ စောင့် နေတာ။ ဒီလိုမျိုးတွေရှိတော့ တဖက်မှာလည်း တိုးတက်လာမယ့် စီးပွားရေး ပုံရိပ်တွေကို မြင်လာရတာလည်း ရှိတယ်”ဟု ပြော သည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ်မှ(အငြိမ်းစား) ပါမောက္ခ တဦးက ယခုကဲ့သို့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအား လုပ်ကိုင် ခွင့်ပေးပြီးနောက်တွင် ကျင့်ဝတ်နှင့်ညီသည့် လုပ်ငန်းလုပ်ကိုင်မှု ၊ လုပ်ပိုင်ခွင့်ပေးအပ်မှု တူညီမျှတစွာ ရရှိရန်၊ အရင်းအနှီး ဖြည့်ဆည်းပေး နိုင်ရန်၊ ပွင့်လင်းမြင်သာသည့် အခွင့်အလမ်းများ ဖြစ် စေရန်၊ စားသုံးသူ အကျိုးစီးပွားဖြစ်ထွန်းစေသည့် ပြိုင်ဆိုင်မှုများ ပြုလုပ်နိုင်မှသာ ပုဂ္ဂလိက လုပ်ပိုင်ခွင့်ပေးခြင်းသည် အကျိုးဖြစ်ထွန်းသည်ဟု ပြောနိုင်ကြောင်း ဆိုသည်။

ဦးတေဇ သည် ခရီးသွားလုပ်ငန်း လုပ်ကိုင်သည့် Sun Far Travels & Tours Co., Ltd ကုမ္ပဏီနှင့် ပူးပေါင်းပြီး ပြည်တွင်း ပျံသန်း ပြေးဆွဲမည့် Asia Wing ဟု အမည်ပေးထားသော လေကြောင်းလိုင်းအသစ် တခု ဖွင့်ရန်လည်း စီစဉ်နေကြောင်း သိရ သည်။

အမေရိကန်အစိုးရက ၂၀၀၇ ခုနှစ် အောက်တိုဘာလ မှ စတင်ပြီး စစ်အစိုးရ အဖွဲ့ဝင်များ၏ မိသားစုဝင်များ၊ ၎င်းတို့နှင့် နီးစပ် သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများအား အဓိကထားသည့် ဒဏ်ခတ် ပိတ်ဆို့မှု ခံထားရသူများတွင် ဦးတေဇ သည် တဦး အပါ အ၀င်ဖြစ်သည်။

( IRRAWADDY NEWS )

No comments:

Post a Comment