Wednesday 8 December 2010

“၂၀၁၀ ရွေးကောက်ပွဲနှင့် န.အ.ဖ ၏ဈာပန”

ဗုဒ္ဓ၏အဆုံးအမတရားတော်အရ သတ္တဝါမှန်လျှင် “ဇာတိ”နှင့်စ၍မွေးဖွားပြီး နောက် “မရဏ”ဆိုသော သေခြင်းတရားနှင့် အဆုံးသတ်ကြစမြဲပင်။ 



လောကနိယာမ အရလည်း “အစ” ပြီးလျှင် “အဆုံး”ဟူသည်ရှိစမြဲပင်ဖြစ်ပါမြန်မာပြည်သည် ၁၉၄၈ခုနှစ်တွင် အင်္ဂလိပ်အစိုးရထံမှ လွတ်လပ်ရေးရခဲ့ သည်။ ဦးနု၏ “ပထစ”အစိုးရသည် ပြည်တွင်းစစ်နှင့် ဆူပူမှုများကြောင့် ၁၉၅၈တွင် ဗိုလ်ချုပ်နေဝင်း ထံသို့ နိုင်ငံတော်အာဏာကို ခေတ္တလွှဲပြောင်းပေးခဲ့သည်။ တနည်းဆို သော် အရပ်သားအစိုးရမှ စစ်တပ်သို့ နိုင်ငံတော်အာဏာကို ခေတ္တထိမ်းသိမ်းရန် အပ်နှံ့ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ထိုကာလက ဗိုလ်ချုပ်နေဝင်း၏ အစိုးရအဖွဲ့ကို “အိမ်စောင့်အစိုးရ”ဟူ၍ပင် ခေါ်ဝေါ်ခဲ့ကြသည်။


      ထိုအကျိုးဆက်ကား ဦးနေဝင်းသည် ၁၉၆၂ ခုတွင် စစ်တပ်မှ အာဏာ သိမ်းယူ ခဲ့ခြင်းဖြစ်ပေသည်။ ဦးနေဝင်းက အာဏာသိမ်း စစ်ကောင်စီက “တော်လှန်ရေးကောင် စီ” ဟုခေါ်တွင်စေခဲ့သည်။ ဦးနေဝင်း၏ အာဏာသိမ်း စစ်ကောင်စီသည် (၁၂)နှစ် တာမျှ တိုင်းပြည်အာဏာကို သိမ်းယူခဲ့ပြီး နောက် “၁၉၇၄”တွင် မ.ဆ.လ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုရေးဆွဲ၍ တိုင်းပြည်ကို တရားဝင် အုပ်ချုပ်ခဲ့သည်။
      “၁၉၇၄” မှနောက်ထပ် (၁၄)နှစ်အကြာ “၁၉၈၈”တွင် မြန်မာပြည်သည် ပညာရေး၊စီးပွားရေး၊ဖွံ့ဖြိုးရေးစသည်တို့ အဖတ်ဖတ်မှ ကျဆင်းလာပြီး တိုင်း ပြည် မတည်မငြိမ် ဖြစ်လာခဲ့သည်။ နောက်ဆုံး“၁၉၈၈”တွင် တတိုင်းပြည် လုံး“တပါတီ အာဏာရှင်စနစ်” ကို ဆန့်ကျင်တွန်းလှန်ခဲ့ကြသည်။
      စစ်တပ်မှ အာဏာသိမ်းယူသော မကောင်းသော နိုင်ငံရေးအစဉ်အလာကို မျိုးစေ့ချပေးခဲ့သူ ဦးနေဝင်းမှာလည်း ဇာတ်သိမ်းမလှပခဲ့ပေ။ ဦးနေဝင်း၏ ဈာပန သည် သာမန်ပြည်သူတဦး၏ “ဈာပန”လောက် မစည်ကား မလှပခဲ့ပေ။ ဦးနေဝင်း၏ မျိုးဆက် သား၊သမီး၊မြေးတို့မှာလည်း ဘဝဇာတ်သိမ်းမလှခဲ့ကြပေ။ ဗုဒ္ဓတရားတော် အရ“မကောင်းမှု အကုသိုလ်ကံ ပြုလုပ်သူသည်၊ ထိုမကောင်းသော အကုသိုလ်ကံ မိမိထံ ပြန်လာသည်ကို ခံယူကြရပေသည်”။
      န.အ.ဖ စစ်အစိုးရသည် တတိုင်းပြည်လုံးအုံကြွခဲ့သော ၁၉၈၈ စက်တင်ဘာလ (၁၈)ရက်နေ့တွင် နိုင်ငံအာဏာကို သိမ်းယူခဲ့ပြန်ပါသည်။ အာဏာသိမ်းပြီးနောက် စစ်အစိုးရက “ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ဆီသို့” ဟူ၍ ကြွေးကြော်ခဲ့သည်။ နိုင်ငံ၏ စီးပွားရေးကိုလည်း ပွင့်လင်းလွတ်လပ်သော “ဈေးကွက်စီးပွားရေး” သို့ပြောင်းလဲမည်ဟု ထုတ်ဖော်ခဲ့သည်။ တိုင်းပြည်၏ နိုင်ငံရေးကိုလည်း “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်”နှင့် ထူထောင်မည်ဟု အသံကောင်းဟစ်ခဲ့ပြန်ပါသည်။
      ညောင်နှစ်ပင် “အမျိုးသားညီလာခံ”ကိုလည်း ၁၉၉၂ မှ ၂၀၀၈ထိ (၁၆)နှစ် ကြာမျှ ပြတ်တောင်းပြတ်တောင်း ကျင်းပစေခဲ့သည်။ ပြည်သူလူထု ဆန္ဒမပါဘဲ ၂၀၀၈တွင် ပြည်သူထောက်ခံမှု ရာနှုန်းပြည့်နီးပါးရှိသည်ဟု လိမ်ညာ၍ တဖတ်သက် ရေးဆွဲထားသော “ဖွဲ့စည်းပုံအခြေခံဥပဒေ” ကို အတည်ပြုခဲ့ပြန်ပါသည်။ ယခုလာ မည့် “၂၀၁၀”တွင်လည်း ရွေးကောက်ပွဲလုပ်ပေးဦးမည်ဟု ကုလသမဂ္ဂ ၌ ကမ္ဘာသိ လိမ်ညာနေပြန်ပါသည်။
      အထက်ပါ အခြေအနေများသည် ပြည်သူလူထုဆန္ဒမပါဘဲ နိုင်ငံတကာယုံ ကြည်မှုရရန် အတင်းလုပ်ယူနေခြင်းပင်ဖြစ်ပါသည်။ ဦးသန်းရွှေ သည် ဦးနေဝင်း ကဲ့သို့ နိုင်ငံအာဏာကို ထိမ်းချုပ်ရန်ကြိုးစားနေခြင်းပင်ဖြစ်ပါသည်။ ဦးနေဝင်း အာဏာရူးခဲ့ပုံများကို နမူနာယူ၍ ဦးသန်းရွှေက စိတ်ကြိုက်အစိုးရတရပ်ဖြစ်လာစေရန် ပြင်ဆင်နေခြင်းပင်ဖြစ်ပါသည်။
      ထို့ကြောင့်လာမည့် ၂၀၁၀ ရွေးကောက်ပွဲသည် န.အ.ဖ စစ်အစိုးရ ကိုယ်စား တိုင်းပြည်ကို ဆက်လက်အုပ်ချုပ်မည့် အရပ်ဝတ်လဲ ဗိုလ်ချုပ်များ၊ စစ်တပ်လိုလားသူ တသီးပုဂ္ဂလများ၊စစ်တပ်နှင့် ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားအဖွဲ့များနှင့် ဖွဲ့စည်းမည့် အရပ်သား အစိုးရဖွဲ့စည်းရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။
                           တနည်းဆိုသော် ဗိုလ်သန်းရွှေသည်  အာဏာကုလားထိုင်ပေါ် ရောက်လာပြီး အာဏာဆက်လက်ယူရန်ပင်ဖြစ်ပါသည်။ "ဗိုလ်ချုပ်ကြီး နေဝင်း” မှ နိုင်ငံတော်အာဏာ ကို “သမ္မတကြီး ဦးနေဝင်း” သို့လွှဲပြောင်း သကဲ့သို့ ပုံစံတူ လုပ်ယူနေခြင်းဖြစ် ပါသည်။
      အဆုံးသတ် နိဂုံးကမ္မမှာ န.အ.ဖ စစ်အာဏာရှင်ကို နဖူးစည်း ပြောင်းလဲတပ် ရန် “၂၀၁၀” ရွေးကောက်ပွဲကို ကျင်းပရခြင်းဖြစ်ပါသည်။


အကယ်၍သာ ထိုရွေး ကောက်ပွဲအရ အရပ်သားအစိုးရဖွဲ့နိုင်ခဲ့လျှင် နိုင်ငံအာဏာသည် ဦးသန်းရွှေ စိတ်ကြိုက် အရပ်ဝတ်လဲ ဗိုလ်ချုပ်များ လက်ဝယ်ရောက်ရှိလာပေမည်။ ထိုအချိန် သည်ကား န.အ.ဖ စစ်အာဏာရှင်၏ ဇာတ်သိမ်းချိန် တနည်းဆိုရသော် “န.အ.ဖ ၏ ဈာပန”ပင်ဖြစ်ပါတော့သည်။
      ထိုသို့ န.အ.ဖ စစ်အာဏာရှင်၏ ဇာတ်သိမ်းပိုင်း ဈာပနကို ၂၀၁၀ ရွေးကောက် ပွဲအပြီးတွင် တွေ့မြင်ကြရပေတော့မည်။ ထိုနည်းတူ ဦးသန်းရွှေနှင့်အတူ အာဏာရူး ဗိုလ်ချုပ်များ၏ ဇာတ်သိမ်းပိုင်းကိုလည်း နောင်လာမည့် သုံး. လေး နှစ်အတွင်းတွေ့ မြင်ကြရပေဦးမည်။ အဘယ်ကြောင့်ဆိုသော် ဗိုလ်သန်းရွှေနှင့် အာဏာရူးဗိုလ်ချုပ် များအားလုံး အသက်အရွယ် အရ “ဇရာ”ပိုင်းသို့ ရောက်ရှိနေကြပြီ ဖြစ်ပေသည်။ ထိုသူ တို့အတွက် “မရဏ”ဟူသော သေခြင်းတရားသည်လည်း မကြာမှီကာလတွင် ဆိုက် ရောက်လာမည်မှာ မြေကြီး လက်ခတ်မလွဲပင် ဖြစ်ပါတော့သည်။ ဤနေရာတွင် ဆရာမင်းသိင်္ခ၏ စကားအရ သတ္တဝါ အားလုံး “သဗ္ဗေ္ဗသတ္တာ ကံမသက္ကာ”ဟူ၍ ရေးသားဖေါ်ပြလိုပေသည်။


ပုဂ္ဂိုလ်တဦးတယောက်၏ သမိုင်းသည် တိုင်းပြည်၏ သမိုင်းမဖြစ်သင့်ပါ။ သို့သော် အာဏာရှင်များ၏ တဖတ်သက် အတ္တမာန ကြောင့် ထိုပုဂ္ဂိုလ်၏ အဆုံးအဖြတ်ကြောင့် တိုင်းပြည်နှင့် ပြည်သူများ ဒုက္ခခံစားနေရသည်မှာ အာဏာရှင်နိုင်ငံတိုင်း၌ တွေ့မြင်ရမည်ဖြစ်ပါသည်။ အာဏာရှင်၏ ယုတ်မာဆိုးဝါး သော ဆုံးဖြတ်ချက်သည် တိုင်းပြည်နှင့်ပြည်သူလူထု အပေါ်တိုက်ရိုက် ကျရောက် နေပေသည်။ ထိုကြောင့် လွတ်လပ်မှုနှင့်လူ့အခွင့်အရေး လိုလားသူအားလုံး အာဏာ ရှင်စနစ်ကို တော်လှန်ကြရသည်မှာ ဓမ္မတာ ဖြစ်ပါတော့သည်။
သက်ထူးဇင်(အော်လီဆွန်း)
( THURIYA NEWS ) 

No comments:

Post a Comment