Saturday 4 December 2010

...အာရှအားကစားပွဲ မှ နိုင်ငံ့သားကောင်းများ...

Gold medal winners from left, Phyu Phyu Than, May Zin Phyoe and Kyu Kyu Thin, celebrate after winning the women's sepak takraw doubles final at the 16th Asian Games in Guangzhou, China, Nov. 27, 2010.


၂၀၁၀ အာရှ အားကစားပွဲ အမျိုးသမီး ၂ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာအမျိုးသမီးများက.........


အိမ်ရှင် တရုတ်အမျိုးသမီးအသင်း ကို နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ယူသွားခဲ့ပါတယ်။ နည်းပညာ ကျွမ်းကျင်မှု ရှိပြီး ပေါင်တံရှည် တရုတ်အမျိုးသမီး အသင်း ရဲ့ တိုက်စစ် တွေကြောင့် တရုတ်အသင်း အနိုင်ရလိမ့်မယ်လို့ ပြိုင်ပွဲမစခင်မှာ ခန့်မှန်းမှုတွေရှိခဲ့ပေမဲ့ နောက်ဆုံးမှာတော့ မြန်မာအမျိုးသမီးများရဲ့ မလျော့သောဇွဲ နဲ့ အောင်ပွဲခံနိုင်မယ်လို့ ယုံကြည် မှုတွေကို တရုတ်အမျိုးသမီးများ အရှုံးပေးခဲ့ရပါတယ်။


မြန်မာ နအဖ စစ်ခေါင်းဆောင်တွေဟာ တရုတ်ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေကို ကိုးကွယ်၊ တပည့်ခံ၊ မြန်မာပြည်ကို တရုတ်ကျွန်ပြုခံခဲ့ကြပေမဲ့ မြန်မာအမျိုးသမီးတွေ ကတော့  ရဲရဲဝံ့ဝံ့ တရုတ်ပြည်သူတွေရဲ့ ရှေ့မှောက်မှာ တရုတ်အမျိုးသမီးတွေကို ယှဉ်ပြိုင်အနိုင်ယူပြသခဲ့ပါပြီ။ မဖြူဖြူသန်း၊ မေဇင်ဖြိုး၊ ကြူကြူသင်း မြန်မာတိုက်စစ်မှူးသူရဲကောင်းတွေကို ကျနော်တို့ က အထူးဂုဏ်ယူပါကြောင်း မှတ်တမ်းတင်ပါတယ်။


မြန်မာနိုင်ငံသားမှန်ရင် မြန်မာနိုင်ငံအတွက် ကျရာနေရာကနေ တာဝန်ကျေပွန်ဆောင်နဲ့ နိုင်ငံအတွက် အကျိုးပြုနိုင်တဲ့ နိုင်ငံ့သားကောင်းများ ဖြစ်ပါစေ။


မြန်မာသည် မြန်မာအတွက်ပဲဖြစ်ရမည်။
( WFWW NEWS ) 

No comments:

Post a Comment