Saturday 4 December 2010

... အမေ့ ၏ ကြီးမားသော မေတ္တာ ...


ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတွေနဲ့ တသားတည်းကျတဲ့ ခေါင်းဆောင်ပါ။ မေတ္တာစေတနာ ထားရှိပုံက အံ့မခမ်းပါ။

သင်သာလျှင်..
သူနေရာတွင်နေပါက AIDS ရောဂါရှိသူကို တိုင်တွယ် ဖက်ထွေး ရဲသော သတ္တိ မေတ္တာ ရှိပါမည် လော ????


ဒီ AIDS ရောဂါဖြစ်လာတယ်ဆို သွေးရင်း အမိအဖ မောင်နှမ လင်သား အပေါင်းအသင်း သူငယ်ချင်းများ က တောင်ရွံ့ ရှာ မထိမတွေ့ရဲတဲ့ အချိန်..စွန့် ပစ်ထားကြတဲ့အချိန် သူမဟာ အယုတ်အလပ်အမြတ်မရွေးရင်ဝယ် သားသို့  လူနာရှင်များဘက်က မားမားမတ်မတ်ရပ်ပြီး..မေတ္တာကြီးမားစွာနဲ အားပေး ကူညီခဲ့ပါတယ်။ တယုတယ ထွေးပွေ့  မေတ္တာပွါးနိုင်တဲ့ မာသာထရီဇာ လို နှလုံးသားနဲ့ လူမျိုးပါ။

တွယ်ရာမဲ့ ဒီရောဂါ ဝေဒနာရှင်များအတွက် ထားရှိတဲ့ အမေ နဲ့ မဖြူဖြူသင်းတို့  စေတနာရှင်အဖွဲ့ သားများကို လည်း ဒီနေရာမှ တလေး တစားနဲ့ ဂုဏ်ပြုပါ တယ်။

အဝေးရောက် မြန်မာ နိုင်ငံသားတွေ လည်း တကျပ် တပြား တစ်ယမ်း နှစ်ယမ်း..တစ်ဒေါ်လာ နှစ်ဒေါ်လာ မည်မျှ ငွေကြေးပင် တတ်နိုင်သည်ဖြစ်စေ မိမိတတ်အားသရွေ့  လဲနေသူများကို ထူမပေးကြပါရန် လှူပေးကြပါရန် အကျိးမျှော်၍ နှိုးဆော်ပါတယ်ခင်ဗျား.

 
အာဇာနည်များ...


( အာဇာနည်မှမျှဝေပါသည်..။ )

No comments:

Post a Comment