Saturday 4 December 2010

...ဒေါ်စုအတွက် နယူးဇီလန် အပြည့်အဝ အကူအညီပေးမည်...

အောင်မြင်၊           ၊ မြန်မာပြည်ဒီမိုကရေစီဖေါ်ဆောင်နိုင်ဖို့အတွက် ဦးဆောင်ဆောင်ရွက်
နေသော ဒီမိုကရေစီသူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် လိုအပ်သည်များကို ကူညီပူပေါင်း
ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း နယူးဇီလန် လေဘာပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ပြော
ရေးဆိုခွင့်ရှိသူ မာရမ်စတိက ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။




အသက် ၆၅နှစ်ရှိပြီဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်
အကျယ်ချုပ်ဖြင့် မကြာသေးခင်လွတ်မြောက်လာပြီး စစ်အစိုးရဟာ သူတို့ချုပ်ကိုင်နိုင်
မယ့် အစိုးရဖြစ်ဖို့အတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ဒေါ်စုမပါဝင်နိုင်အောင်ပြင်ဆင်
ဆောင်ရွက်ခဲ့ပါတယ်။ စစ်ဗိုလ်ချုပ်တွေအရပ်ဝတ်လဲပြီး ဝင်ပြိုင်ခဲ့တဲ့ စစ်အစိုးရရဲ့ပါတီဟာ ၉၀ရခိုင်နှုန်းကျော်အနိုင်ရရှိခဲ့ပါတယ်။


မစ္စစတိဟာကြာသပတေးညက မိနစ် ၂၀ကျော်ကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ
အရေးအတွက် တယ်လီဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံအနေနဲ့ ဒီမိုကရေစီ
အရေးကို ငြိမ်းချမ်းစွာဖေါ်ဆောင်နိုင်ရေးအတွက် ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံများများ ( အာစီယမ် ) နဲ့နယူးဇီလန်နိုင်ငံဆက်ဆံရေးဟာငြိမ်းချမ်းစွာနဲ့ မြန်မာနိုင်ငံဒီမိုကရေစီပြောင်းလဲရေးဟာ အဓိကအရေးပါတယ်လို့ ဒေါ်စုကပြောကြောင်း မစ္စတိ
ကပြောဆိုပါတယ်။


နယူးဇီလန်အစိုးရဟာ မြန်မာ့ဒီမိုကရေစီအရေးအတွက် မြန်နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ သံတမန
နည်းများဖြင့် လိုအပ်သည့် အခြေအနေများကို ဘက်ပေါင်းစုံက ကြိုးစားလုပ်ဆောင်သွားမှာ
ဖြစ်ကြောင်း မစ္စစတိကပြောဆိုခဲ့ပါတယ်။


ကျွနုပ်တို့အနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့နဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ပြီး အခြား နိုင်ငံများနဲ့လည်း ဆက်ဆံလုပ်ဆောင်ခြင်းဟာ ဒေါ်စုအတွက် မြန်မာဒီမိုကရေစီအရေးကို ငြိမ်းချမ်းစွာနဲ့ ကူးပြောင်းအောင်မြင်မယ်လို့မျော်လင့်ပါတယ်လို့ပြောခဲ့ပါတယ်။

နယူးဇီလန် အစိုးရက နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ရဲ့ တိုက်တွန်းချက်အရ
မြန်မာနိုင်ငံကို လက်ရှိ ကုလသမဂ္ဂနှင့် နိုင်ငံအများစု ခေါ်ဆိုနေသလို Myanmar ဟု မခေါ်ဘဲ၊
အရင် နာမည်ဟောင်း Burmကိုသာ ဆက်လက် သုံးနှုန်းသွားမည်ဖြစ်ကြောင်း ကြေငြာခဲ့ပါသေးတယ်။


၁၉၈၉ ခုနှစ်တွင် စစ်အစိုးရက Burma မှ Myanmar အဖြစ် တရားဝင်ပြောင်လဲထားခြင်းကို ကုလသမဂ္ဂ တရုတ်နှင့် အာစီယံနိုင်ငံတို့က စတင်အသိအမှတ်ပြုခဲ့ကြပြီး၊ မကြာမီက အမေရိကန်နှင့် အနောက်နိုင်ငံအချို့ကပါလိုက်လံသုံးနှုန်းလာခဲ့ကြသော်လည်းဩစတြေးလျ၊ပြင်သစ်၊ဗြိတိန်တို့က တော့ အစိုးရအတိုက်အခံအများစု သုံးနှုန်းသလို Burma ဟုသာ ဆက်လက် သုံးစွဲလိုသည်ဟု ပြောဆိုခဲ့ပါတယ်။

Myanmar ဟူသော အမည်ကို ကုလသမဂ္ဂအပါအ၀င် နိုင်ငံအများစုက စတင်သုံးစွဲလာကြသော်
လည်း နယူးဇီလန် အစိုးရအနေဖြင့် လက်ရှိစစ်အစိုးရရဲ့ တရားဝင်မှုကို အသိအမှတ်မပြုနိုင်လို့၊
Myanmar အမည်ကို ငြင်းဆိုသွားမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီ
အတိုက်အခံတွေရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုများကိုအပြည့်အဝထောက်ခံကူညီပေးမှာ
ဖြစ်ကြောင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။ 


( FNG NEWS )

No comments:

Post a Comment